Labels

လောကမှာကြုံတွေ့ရသမျှ လူမူဒုက္ခ

Photobucket

လူဘ၀တစ်ခု ရဖို့ဆိုတာ တော်ယုံတန်ယုံ ကုသိုလ်ကံနဲ့ ဖြစ်မလာနိုင်ပါဘူး.. လူရယ်လို့ ဖြစ်ကာရင် ကိုယ်ရဲ့ဘ၀မှာ လောကကြီးအတွက် ဒါမှမဟုတ် ကိုယ်ရဲ့နိုင်ငံအတွက်ပဲ ဖြစ်ဖြစ် ဘာတွေလုပ်ပေးခဲ့သလဲ.. နောက်ဆုံး ကိုယ်ရဲ့မိသားစုလေး အပေါ်မှာပဲ ဖြစ်ဖြစ် ဘာတွေ လုပ်ပေးခဲ့သလဲ.. တာဝန်ကျေပွန်တဲ့ လူသားတစ်ယောက် ဖြစ်ခဲ့လားဆိုတာကို ပြန်စဉ်းစား စေချင်ပါတယ်.. လူတိုင်းမှာ ငယ်စဉ်ကတည်းက ကိုယ်ပိုင်ခံယူချက်၊ ရည်းမှန်းချက်တွေ ရှိတတ်ပါတယ်.. ဥပမာ ကိုကြီးလာရင် ဘယ်လိုကြီးပွါးအောင်လုပ်မယ်.. ပြီးရင် ကိုယ်ရဲ့ မိဘကို ဘယ်လိုလေး ထားမယ် စသည်ဖြင့်ပေါ့ဗျာ… ဒါပေမဲ့ ဒီလို စိတ်ကူးတွေ၊ မျှော်မှန်းချက်တွေဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ အကြောင်းကြောင်းကြောင့် ပျောက်ပျယ်သွားလေ့ရှိပါတယ်..

ကိုယ်ရဲ့ပင်ကို စိတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် အပေါင်းအသင်းကြောင့်ပဲ ဖြစ်ဖြစ် လူဆိုတာ တခါတလေ မှားတတ်ကြပါတယ်.. ဒီလိုမှားသွားခဲ့ရင်လည်း စိတ်ညစ်စရာတွေ ပြန်တွေးနေစရာမလိုပဲ အတတ်နိုင်ဆုံး ပြင်နိုင်ရပါမယ်.. ဒါပေမဲ့ လူတော်တော်များများဟာ ကိုယ်မှားတဲ့အမှားကို ကိုယ်တိုင်မသိဘူး ဖြစ်နေတတ်ပါတယ်.. လူငယ်တို့သဘာဝ ကိုယ်မှန်မယ်ထင်ရင် သူများတွေက ဘယ်လောက်မှားတယ်ပြောပြော ဇွတ်လုပ်တတ်တဲ့ သဘောရှိတတ်တာဟာ သဘာဝပါပဲ… ကျနော်ဘ၀မှာလည်း အဲဒီလို အမှားမျိုး ကျူးလွန်ခဲ့ဘူး ပါတယ်.. အဲဒီ အမှားလေး တစ်ခုဟာ ဘယ်သူမှ မသိနိုင်ခဲ့ပေမယ့် ကာယကံရှင် ဖြစ်တဲ့ ကျနော်ကတော့ တွေးမိလေတိုင်း စိတ်မကောင်းဖြစ်ရလေ့ရှိပါတယ်..

လူဆိုတာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ စိတ်ကလည်း ရင်ကျက်လာတယ်ဆိုတာ ကျနော် လက်သင့်ခံသလောက်တော့ လက်ခံပါတယ်.. ဒါပေမဲ့ ကျနော်ခံယူတာကတော့ အသက်အရွယ်နဲ့ မဆိုင်ပဲ အဲဒီ လူတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံ ၊ လောကဒါဏ်ရဲ့ လှည့်စားမူတွေ၊ ရင်ဆိုင်ရမူတွေနဲ့ ပိုပြီးဆိုင်တယ်လို့ ထင်ပါတယ်.. ဥပမာဗျာ.. ငယ်စဉ်ကတည်းက ဘ၀အတွက်ရုန်းကန် လှုပ်ရှားခဲ့ရပြီး ကြီးပြင်းလာတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ ဘ၀မှာ လိုလေတယ်မရှိအောင် နေလာရပြီး ကြီးပြင်းလာတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓါတ် ကွာသလိုပါပဲ…အဲ လွယ်လွယ်ပြောရင်တော့ဗျာ.. အလုပ်လုပ်နေတဲ့ လူတစ်ယောက်မှာ ရှိတဲ့ idea နဲ့ အလုပ်မလုပ်ပဲ မိဘလုပ်စားထိုင်စားပြီး အလေလိုက်နေတဲ့ လူတစ်ယောက်မှာ ရှိတဲ့ idea ကွာသလိုပေါ့ဗျာ.. ဒါပေမဲ့ အားလုံးမှာတော့ ပတ်ဝန်းကျင်က ရလာတဲ့ ပညာ သို့မဟုတ် စရိုက် စသည်ဖြင့် တစ်ခုခုတော့ ရလာမှာပါပဲ..

တစ်ကယ်တမ်း ဘ၀မှာ ကိုယ်ရဲ့ခြေထောက်အပေါ် ကိုယ်ရပ်တည်ရတော့မဲ့ အချိန်ရောက်လာရင် အထက်ကပြောခဲ့တဲ့ လူနှစ်ယောက်ရဲ့ ကွခြားမူက တော်တော်ကို သိသာသွားပါတယ်.. နောက်တစ်ခုက ပညာလို့ပြောလိုက်လို့ ကျောင်းပညာရပ်ကို ဆိုလိုတာမဟုတ်ပါဘူး.. တကယ်တမ်း ကျနော်တို့ ဘ၀မှာ တွေ့ရတဲ့ ဒုက္ခတွေကို ရင်ဆိုင်နိုင် ဖို့ တတ်သင့်တဲ့ ပညာရပ်တွေဟာ ကျောင်းစာသင်ခန်း တစ်ခုထဲမှာ မဟုတ်ပါဘူး.. ကျောင်းပြင်ပ က ပညာရပ်တွေပါ တတ်မှ လောကကြီးကို ရင်ဆိုင်နိုင်မှာပါ.. တကယ်တမ်း ကျောင်းပညာရပ်ဆိုတာဟာ ကျနော်တို့ရဲ့ ဘ၀ကို အခြေခိုင်အောင် အစပျိုးေ
ပးလိုက်တဲ့ နေရာတစ်ခုတာ ဖြစ်ပါတယ်..

(၂၅၊၇၊၀၈) ဒီနေ့ ကျနော် အလုပ်က ပြန်လာတော့ လမ်းမှာ ကျောင်းတုန်းက သူငယ်ချင်း တစ်ဦးနဲ့ မမျှော်လင့်ပဲ ဆုံဖြစ်ပါတယ်..သူလည်း နိုင်ငံခြားရောက်နေတယ်ဆိုတာ ကျနော် မသိခဲ့ပါဘူး.. မြင်မြင်ချင်း မမှတ်မိပါဘူး မမှတ်မိဘူးဆိုတာကလည်း သူရဲ့ ရုပ်အသွင်က တော်တော်ကို ပြောင်းလဲသွားတာပါ.. ကျောင်းမှာတုန်းက သူကအမြဲတန်း သန့်သန့်ပြန့်ပြန့်နဲ့ စာမေးပွဲတွေဆိုလည်း အဆင့်ထိပ်နားမှာ ရောက်နေတတ်တဲ့ကောင်ပါ.. သူနဲ့စကားပြောဖြစ်မှ သူအကြောင်းတွေကို အကြောင်းစုံ သိလိုက်ရပါတယ်.. အခု သူလုပ်နေတာက သဘောင်္ကျင်းတစ်ခုမှာတဲ့.. ကျနော် တော်တော်လေး အံ့သြော် မိသလို စိတ်လည်း မကောင်းပါဘူး.. အဓိက ကတော့ ဒီမှာ ရှိတဲ့ Agent နဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ကိုယ်ကောင်းစားဖို့တစ်ခုတည်း ကြည့်တတ်တဲ့ Agent နဲ့ ပေါင်းပြီး လိမ်ဆင်လုပ်လိုက် တာပါပဲ..ဒီလိုပြောလို့ အားလုံး Agent အပြစ်လားဆိုတော့လည်း မဟုတ်ပြန်ဘူးဗျာ.. စဉ်းစားကြည့်လိုက်တော့ အပြင်ဗဟုသုတ မရှိပဲ အယုံလွယ်လိုက်မိတာ ကာယကံရှင်ရဲ့ အပြစ်လည်း ပါတာပေါ့ဗျာ.. ဒီကိုလာဖို့ Agent နဲ့ ချိတ်လိုက်တာ သိန်း (၄၀) လောက် ကုန်သွားတယ်တဲ့.. Agent ပြောတုန်းက စာရင်းကိုင်ဆိုတာတဲ့ ဘာမှ မပင်ပန်းဘူး.. အေးဆေးပဲဆိုလို့ လာခဲ့တာ ရောက်ခါမှ ပြောထားတာနဲ့ လုပ်ရတာ အခြားစီပဲတဲ့ဗျာ… အဲလိုကြားရပြီးကတည်းက ကျနော် စိတ်မကောင်း ဖြစ်သွားပါတယ်.. ကျနော်လည်း သူကို အမှန်အတိုင်းပြောရရင် အကူအညီပေးနိုင်တဲ့ အနေအထားမှာပါပဲ.. ကျနော်ပြောနိုင်တာက သူ့ကို မြန်မာပြည် ပြန်သွားပြီး ပညာရပ်တစ်ခုခုနဲံ ပြန်လာဖို့ပါပဲ.. သူပြန်ပြောလိုက်တဲ့ တစ်ခွန်းတည်းသော စကားကသူ ပတ်ဝန်းကျင်ကို ရင်မဆိုင်ချင်ဘူးတဲ့……

ကျနော် ဒီအကြောင်းအရာကို နဲနဲပြောချင်ပါတယ်.. လူတစ်ယောက်ဟာ သူရဲ့ သမရိုးကျ လုပ်နေရာ သွားနေရာကနေပြီး ဒီလို သူများနိုင်ငံကို ထွက်လာတဲ့ အဓိကရည်ရွယ်ချက်ဟာ ၁၀၀မှာ ၉၃% လောက်ကတော့ သူတို့ရဲ့ ဘ၀၊ မိသားစု ၊နိုင်ငံ ကြီးကို ပြောင်းလဲစေချင်လို့ ပါပဲ.. အဲဒီလို ထွက်လာတဲ့ လူတိုင်းမှာ ကိုယ်စီ ကြုံတွေ့ရတဲ့ သုခ၊ ဒုက္ခတွေ ရှိပါတယ်.. ကျနော်တို့တုန်းကဆိုရင်လည်း နိုင်ငံခြားဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ သေချာမသိပါဘူး.. သူများပြောတာတွေ နားထောင်ပြီး ရောက်လာတာပါ.. တစ်ကယ်ရောက်မှ တစ်ချို့ဟာတွေဟာ မှန်တာရော မှားတာတွေရော အစုံကို တွေ့ကြရပါတယ်.. ဒီကိုရောက်လာတဲ့ လူတစ်ယောက်ဟာ ကိုယ်မျှော်မှန်းသလို အကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ဘူးဆိုရင် ကိုယ်ရဲ့ မွေးရပ်မြေ တိုင်းပြည်ကို ပြန်ဖို့မှ လွဲပြီး ဘာမှ မရှိပါဘူး.. အဲဒီမှာ ဘာစတွေ့ရလဲဆိုတော့ ကျနော်တို့ မြန်မာတွေရဲ့ ရိုးရာမပျက်တဲ့ ထုံးတမ်းစဉ်လာအတိုင်း လိုက်ပြီး စပ်စုတော့ပါပဲ.. ဟဲ့ ဘာလို့ ပြန်လာတာလဲ.. အဆင်မပြေလို့လား.. ဘာလား.. ညာလားနဲ့ လုပ်တော့တာပါပဲ.. ဒီက အဆင်မပြေလို့ ပြန်လာတဲ့ လူက စိတ်ဓာတ်က အစကတည်းက ကျချင်ကျချင် ဖြစ်နေတာ သူတို့လုပ်မှ ပိုဆိုးသွားပါတယ်.. အမေးခံရတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက် အနေခက် ၊ အခံရခက်မယ်ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်.. ဒါဟာ ကျနော် ကိုယ်တိုင် ကြုံတွေ့ ခံစားရဖူးလို့ပါ.. တစ်ကယ်တမ်း ဖြစ်သင့်တာလေးက အခုအဆင်မပြေလည်း နောက် တစ်ခါဆို အဆင်ပြေသွားမှာပါ.. စိတ်ဓာတ်မကျနဲ့ ထပ်ကြိုးစား ဘာညာ စသည်ဖြင့် အားပေးသင့်ပါတယ်.. အခုဟာက အဲဒီလို မဟုတ်ဘူးဗျာ.. ရေနစ်တဲ့လူကို ၀ါးကူထိုးနေသလိုပါပဲ.. ကယ်တင်ရမရောက်ပဲ ဆွဲနစ်နေသလို ဖြစ်နေပါတယ်.. တော်တော်

0 comments:

လောကမှာကြုံတွေ့ရသမျှ လူမူဒုက္ခ

Photobucket

လူဘ၀တစ်ခု ရဖို့ဆိုတာ တော်ယုံတန်ယုံ ကုသိုလ်ကံနဲ့ ဖြစ်မလာနိုင်ပါဘူး.. လူရယ်လို့ ဖြစ်ကာရင် ကိုယ်ရဲ့ဘ၀မှာ လောကကြီးအတွက် ဒါမှမဟုတ် ကိုယ်ရဲ့နိုင်ငံအတွက်ပဲ ဖြစ်ဖြစ် ဘာတွေလုပ်ပေးခဲ့သလဲ.. နောက်ဆုံး ကိုယ်ရဲ့မိသားစုလေး အပေါ်မှာပဲ ဖြစ်ဖြစ် ဘာတွေ လုပ်ပေးခဲ့သလဲ.. တာဝန်ကျေပွန်တဲ့ လူသားတစ်ယောက် ဖြစ်ခဲ့လားဆိုတာကို ပြန်စဉ်းစား စေချင်ပါတယ်.. လူတိုင်းမှာ ငယ်စဉ်ကတည်းက ကိုယ်ပိုင်ခံယူချက်၊ ရည်းမှန်းချက်တွေ ရှိတတ်ပါတယ်.. ဥပမာ ကိုကြီးလာရင် ဘယ်လိုကြီးပွါးအောင်လုပ်မယ်.. ပြီးရင် ကိုယ်ရဲ့ မိဘကို ဘယ်လိုလေး ထားမယ် စသည်ဖြင့်ပေါ့ဗျာ… ဒါပေမဲ့ ဒီလို စိတ်ကူးတွေ၊ မျှော်မှန်းချက်တွေဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ အကြောင်းကြောင်းကြောင့် ပျောက်ပျယ်သွားလေ့ရှိပါတယ်..

ကိုယ်ရဲ့ပင်ကို စိတ်ကြောင့်ပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် အပေါင်းအသင်းကြောင့်ပဲ ဖြစ်ဖြစ် လူဆိုတာ တခါတလေ မှားတတ်ကြပါတယ်.. ဒီလိုမှားသွားခဲ့ရင်လည်း စိတ်ညစ်စရာတွေ ပြန်တွေးနေစရာမလိုပဲ အတတ်နိုင်ဆုံး ပြင်နိုင်ရပါမယ်.. ဒါပေမဲ့ လူတော်တော်များများဟာ ကိုယ်မှားတဲ့အမှားကို ကိုယ်တိုင်မသိဘူး ဖြစ်နေတတ်ပါတယ်.. လူငယ်တို့သဘာဝ ကိုယ်မှန်မယ်ထင်ရင် သူများတွေက ဘယ်လောက်မှားတယ်ပြောပြော ဇွတ်လုပ်တတ်တဲ့ သဘောရှိတတ်တာဟာ သဘာဝပါပဲ… ကျနော်ဘ၀မှာလည်း အဲဒီလို အမှားမျိုး ကျူးလွန်ခဲ့ဘူး ပါတယ်.. အဲဒီ အမှားလေး တစ်ခုဟာ ဘယ်သူမှ မသိနိုင်ခဲ့ပေမယ့် ကာယကံရှင် ဖြစ်တဲ့ ကျနော်ကတော့ တွေးမိလေတိုင်း စိတ်မကောင်းဖြစ်ရလေ့ရှိပါတယ်..

လူဆိုတာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ စိတ်ကလည်း ရင်ကျက်လာတယ်ဆိုတာ ကျနော် လက်သင့်ခံသလောက်တော့ လက်ခံပါတယ်.. ဒါပေမဲ့ ကျနော်ခံယူတာကတော့ အသက်အရွယ်နဲ့ မဆိုင်ပဲ အဲဒီ လူတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံ ၊ လောကဒါဏ်ရဲ့ လှည့်စားမူတွေ၊ ရင်ဆိုင်ရမူတွေနဲ့ ပိုပြီးဆိုင်တယ်လို့ ထင်ပါတယ်.. ဥပမာဗျာ.. ငယ်စဉ်ကတည်းက ဘ၀အတွက်ရုန်းကန် လှုပ်ရှားခဲ့ရပြီး ကြီးပြင်းလာတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ ဘ၀မှာ လိုလေတယ်မရှိအောင် နေလာရပြီး ကြီးပြင်းလာတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓါတ် ကွာသလိုပါပဲ…အဲ လွယ်လွယ်ပြောရင်တော့ဗျာ.. အလုပ်လုပ်နေတဲ့ လူတစ်ယောက်မှာ ရှိတဲ့ idea နဲ့ အလုပ်မလုပ်ပဲ မိဘလုပ်စားထိုင်စားပြီး အလေလိုက်နေတဲ့ လူတစ်ယောက်မှာ ရှိတဲ့ idea ကွာသလိုပေါ့ဗျာ.. ဒါပေမဲ့ အားလုံးမှာတော့ ပတ်ဝန်းကျင်က ရလာတဲ့ ပညာ သို့မဟုတ် စရိုက် စသည်ဖြင့် တစ်ခုခုတော့ ရလာမှာပါပဲ..

တစ်ကယ်တမ်း ဘ၀မှာ ကိုယ်ရဲ့ခြေထောက်အပေါ် ကိုယ်ရပ်တည်ရတော့မဲ့ အချိန်ရောက်လာရင် အထက်ကပြောခဲ့တဲ့ လူနှစ်ယောက်ရဲ့ ကွခြားမူက တော်တော်ကို သိသာသွားပါတယ်.. နောက်တစ်ခုက ပညာလို့ပြောလိုက်လို့ ကျောင်းပညာရပ်ကို ဆိုလိုတာမဟုတ်ပါဘူး.. တကယ်တမ်း ကျနော်တို့ ဘ၀မှာ တွေ့ရတဲ့ ဒုက္ခတွေကို ရင်ဆိုင်နိုင် ဖို့ တတ်သင့်တဲ့ ပညာရပ်တွေဟာ ကျောင်းစာသင်ခန်း တစ်ခုထဲမှာ မဟုတ်ပါဘူး.. ကျောင်းပြင်ပ က ပညာရပ်တွေပါ တတ်မှ လောကကြီးကို ရင်ဆိုင်နိုင်မှာပါ.. တကယ်တမ်း ကျောင်းပညာရပ်ဆိုတာဟာ ကျနော်တို့ရဲ့ ဘ၀ကို အခြေခိုင်အောင် အစပျိုးပေးလိုက်တဲ့ နေရာတစ်ခုတာ ဖြစ်ပါတယ်..

(၂၅၊၇၊၀၈) ဒီနေ့ ကျနော် အလုပ်က ပြန်လာတော့ လမ်းမှာ ကျောင်းတုန်းက သူငယ်ချင်း တစ်ဦးနဲ့ မမျှော်လင့်ပဲ ဆုံဖြစ်ပါတယ်..သူလည်း နိုင်ငံခြားရောက်နေတယ်ဆိုတာ ကျနော် မသိခဲ့ပါဘူး.. မြင်မြင်ချင်း မမှတ်မိပါဘူး မမှတ်မိဘူးဆိုတာကလည်း သူရဲ့ ရုပ်အသွင်က တော်တော်ကို ပြောင်းလဲသွားတာပါ.. ကျောင်းမှာတုန်းက သူကအမြဲတန်း သန့်သန့်ပြန့်ပြန့်နဲ့ စာမေးပွဲတွေဆိုလည်း အဆင့်ထိပ်နားမှာ ရောက်နေတတ်တဲ့ကောင်ပါ.. သူနဲ့စကားပြောဖြစ်မှ သူအကြောင်းတွေကို အကြောင်းစုံ သိလိုက်ရပါတယ်.. အခု သူလုပ်နေတာက သဘောင်္ကျင်းတစ်ခုမှာတဲ့.. ကျနော် တော်တော်လေး အံ့သြော် မိသလို စိတ်လည်း မကောင်းပါဘူး.. အဓိက ကတော့ ဒီမှာ ရှိတဲ့ Agent နဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ကိုယ်ကောင်းစားဖို့တစ်ခုတည်း ကြည့်တတ်တဲ့ Agent နဲ့ ပေါင်းပြီး လိမ်ဆင်လုပ်လိုက် တာပါပဲ..ဒီလိုပြောလို့ အားလုံး Agent အပြစ်လားဆိုတော့လည်း မဟုတ်ပြန်ဘူးဗျာ.. စဉ်းစားကြည့်လိုက်တော့ အပြင်ဗဟုသုတ မရှိပဲ အယုံလွယ်လိုက်မိတာ ကာယကံရှင်ရဲ့ အပြစ်လည်း ပါတာပေါ့ဗျာ.. ဒီကိုလာဖို့ Agent နဲ့ ချိတ်လိုက်တာ သိန်း (၄၀) လောက် ကုန်သွားတယ်တဲ့.. Agent ပြောတုန်းက စာရင်းကိုင်ဆိုတာတဲ့ ဘာမှ မပင်ပန်းဘူး.. အေးဆေးပဲဆိုလို့ လာခဲ့တာ ရောက်ခါမှ ပြောထားတာနဲ့ လုပ်ရတာ အခြားစီပဲတဲ့ဗျာ… အဲလိုကြားရပြီးကတည်းက ကျနော် စိတ်မကောင်း ဖြစ်သွားပါတယ်.. ကျနော်လည်း သူကို အမှန်အတိုင်းပြောရရင် အကူအညီပေးနိုင်တဲ့ အနေအထားမှာပါပဲ.. ကျနော်ပြောနိုင်တာက သူ့ကို မြန်မာပြည် ပြန်သွားပြီး ပညာရပ်တစ်ခုခုနဲံ ပြန်လာဖို့ပါပဲ.. သူပြန်ပြောလိုက်တဲ့ တစ်ခွန်းတည်းသော စကားကသူ ပတ်ဝန်းကျင်ကို ရင်မဆိုင်ချင်ဘူးတဲ့……

ကျနော် ဒီအကြောင်းအရာကို နဲနဲပြောချင်ပါတယ်.. လူတစ်ယောက်ဟာ သူရဲ့ သမရိုးကျ လုပ်နေရာ သွားနေရာကနေပြီး ဒီလို သူများနိုင်ငံကို ထွက်လာတဲ့ အဓိကရည်ရွယ်ချက်ဟာ ၁၀၀မှာ ၉၃% လောက်ကတော့ သူတို့ရဲ့ ဘ၀၊ မိသားစု ၊နိုင်ငံ ကြီးကို ပြောင်းလဲစေချင်လို့ ပါပဲ.. အဲဒီလို ထွက်လာတဲ့ လူတိုင်းမှာ ကိုယ်စီ ကြုံတွေ့ရတဲ့ သုခ၊ ဒုက္ခတွေ ရှိပါတယ်.. ကျနော်တို့တုန်းကဆိုရင်လည်း နိုင်ငံခြားဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ သေချာမသိပါဘူး.. သူများပြောတာတွေ နားထောင်ပြီး ရောက်လာတာပါ.. တစ်ကယ်ရောက်မှ တစ်ချို့ဟာတွေဟာ မှန်တာရော မှားတာတွေရော အစုံကို တွေ့ကြရပါတယ်.. ဒီကိုရောက်လာတဲ့ လူတစ်ယောက်ဟာ ကိုယ်မျှော်မှန်းသလို အကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ဘူးဆိုရင် ကိုယ်ရဲ့ မွေးရပ်မြေ တိုင်းပြည်ကို ပြန်ဖို့မှ လွဲပြီး ဘာမှ မရှိပါဘူး.. အဲဒီမှာ ဘာစတွေ့ရလဲဆိုတော့ ကျနော်တို့ မြန်မာတွေရဲ့ ရိုးရာမပျက်တဲ့ ထုံးတမ်းစဉ်လာအတိုင်း လိုက်ပြီး စပ်စုတော့ပါပဲ.. ဟဲ့ ဘာလို့ ပြန်လာတာလဲ.. အဆင်မပြေလို့လား.. ဘာလား.. ညာလားနဲ့ လုပ်တော့တာပါပဲ.. ဒီက အဆင်မပြေလို့ ပြန်လာတဲ့ လူက စိတ်ဓာတ်က အစကတည်းက ကျချင်ကျချင် ဖြစ်နေတာ သူတို့လုပ်မှ ပိုဆိုးသွားပါတယ်.. အမေးခံရတဲ့ လူတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက် အနေခက် ၊ အခံရခက်မယ်ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်.. ဒါဟာ ကျနော် ကိုယ်တိုင် ကြုံတွေ့ ခံစားရဖူးလို့ပါ.. တစ်ကယ်တမ်း ဖြစ်သင့်တာလေးက အခုအဆင်မပြေလည်း နောက် တစ်ခါဆို အဆင်ပြေသွားမှာပါ.. စိတ်ဓာတ်မကျနဲ့ ထပ်ကြိုးစား ဘာညာ စသည်ဖြင့် အားပေးသင့်ပါတယ်.. အခုဟာက အဲဒီလို မဟုတ်ဘူးဗျာ.. ရေနစ်တဲ့လူကို ၀ါးကူထိုးနေသလိုပါပဲ.. ကယ်တင်ရမရောက်ပဲ ဆွဲနစ်နေသလို ဖြစ်နေပါတယ်.. တော်တော်ကို ဆိုးတဲ့ အခြေအနေပါ… နောက်တစ်ခု သိစေချင်တာက နိုင်ငံခြားလို နေရာမျိုးမှာ လူတကာနဲ့ ရင်ဘောင်တန်းပြီး ကြိုးစားရတာမျိုးပါ.. ကျနော်တို့ နိုင်ငံမှာလို ဟိုယောင် ဒီယောင်နဲ့ လုပ်နေလို့မရပါဘူး… ပြီးတော့ သူများနိုင်ငံတွေက တခြားတိုင်းပြည်ကို ထွက်လာပြီးဆိုရင် သူနဲ့ သက်ဆိုင်တဲ့ ပညာရပ်ကို တကယ်တတ်လို့ ထွက်လာတာများပါတယ်.. ကျနော်တို့လို ဟိုနား နဲနဲ ၊ ဒီနားနဲနဲ တတ်တာ မဟုတ်ပါဘူး.. အဲဒီတော့ အဲလိုလူမျိုးနဲ့ ယှဉ်နိုင်ဖို့ဆိုတာက ကျနော်တို့ များစွာလိုအပ်နေပါတယ်.. အဓိက ကတော့ English Speaking ပေါ့ဗျာ.. ကျနော်လည်း Speaking ရလားဆိုတော့ မရပါဘူး.. J

နောက် တစ်ခုကတော့ ကိုဘာတတ်လဲဆိုတာ ကို ကိုယ်တိုင်သိဖို့ပါပဲ.. အထက်ကပြောခဲ့သလို ဟိုနား နဲနဲ ၊ ဒီနားနဲနဲ ဆိုရင်တော့ ရေရှည်မလွယ်ပါဘူး.. ကျနော်တို့လည်း အခုထိ ကြိုးစားနေရဆဲပါ.. အဲ စင်ကာပူလို နိုင်ငံမျိုးမှာ ဘယ်ပညာရပ်မဆို တကယ်တတ် တကယ်သိရင် အလုပ်က ရှာရတာ လွယ်ပါတယ်.. ဒါမမဟုတ်ရင်တော့ ရတဲ့ အလုပ်က မြဲမှာမဟုတ်ပါဘူး.. ကျနော် အဲလိုပြောလို့ တစ်ကယ်တတ်ရင် ကျွမ်းရင် လာရင် ရမလာဆိုတော့ ရမယ်ဆိုတာ အာမ မခံရဲပြန်ပါဘူး.. အရာရာအားလုံးဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတော်မူပါတယ်. အဲဒီတော့ လာမယ်လို့ ရည်ရွယ်တဲ့ သူတွေ ဘုရားတရားတွေ ကောင်းကောင်းလုပ်ထားကြရင် ပိုအဆင်ပြေမယ်လို့ ထင်မိပါတယ်.. ပညာတွေ ဘယ်လောက်ပဲတော်တော် တတ်တတ် ဘုရားသခင်က မသနားဘူးဆိုရင် အဲဒီ လူဟာ ဘယ်လိုမှ အလုပ်ရနိုင်မှာ မဟုတ်ပါဘူး..

နောက်တစ်ခုကတော့ သူများတိုင်းပြည်မှာ နေရတာဟာ ကိုယ်တိုင်းပြည်မှာ နေရသလို အရာရာ အဆင်မပြေတတ်ပါဘူ.. ဒီမှာ က လူနေမူအဆင့်အတန်းမြင့် သလို ဆက်ဆံရေးမှာ လည်း ကျဲသွားတတ်ပါတယ်.. ကိုယ်တိုင်းပြည်မှာလို ရိုးရာစာတွေကို စားချင်တိုင်း ၀ယ်စားလို့ မရပါဘူး.. ဒီတော့ ဒီကို ရောက်တဲ့ လူတော်တော်များများ က အိမ်ကို လွမ်းနေတတ်ပါတယ်.. ပြောရရင်တော့ အိမ်လွမ်းနာပေါ့ဗျာ.. အဲဒီမှာ အလုပ်ကလဲ မရ စားရသောက်ရတာကလဲ အဆင်မပြေ ဒီတော့ မြန်မာပြည်က လူတွေ စဉ်းစားကြည့်ပါဦး .. သူတစ်ပါးတိုင်းပြည်မှာ အလုပ်လာလုပ် ၊ လာရှာတဲ့ လူတွေရဲ့ ဒုက္ခတွေကို…

အဲဒီတော့ အကြောင်းကြောင်းကြောင့် အဆင်မပြေပဲ ကိုယ်တိုင်းပြည်ကို ပြန်လာတဲ့ ကိုယ်ဆွေမျိုး ၊ သူငယ်ချင်း တွေကို ဖေးမကူညီကြပါဗျာ.. အားပေးကြပါ.. ရေနစ်နေတဲ့ လူကို မကူညီချင်ရင်နေပါ.. ၀ါးလုံးနဲ့တော့ ကူမထိုးကြပါနဲ့၊ သူတို့ရဲ့ စိတ်ဓာတ်တွေ မြင့်တက်လာအောင် ကူညီပေးကြပါ..အဲ ခင်ဗျားတို့ လာမယ်ဆိုရင်လည်း တစ်ချိန်ချိန်မှာ ဒီလို ကြုံတွေ့ကြရမှာပါ့လားဆိုတဲ့ အသိတရားလေး ထားပေးကြပါ.. ကျနော်တို့လဲ ဒီလို ဖြတ်သန်းခဲ့ရတာပါဗျာ.. ဘ၀ဆိုတာ အမြဲတမ်း ပန်းခင်းသော လမ်းမဟုတ်ပါဘူးဗျာ.. အဲ ပန်းခင်းတဲ့ လမ်းဟုတ်တယ်လို့ ပြောတဲ့ လူတွေလည်း သတိပေးပါရစေဗျာ… ပန်းခင်းထားတဲ့ လမ်းပေါ် လျှောက်မယ်ဆိုရင်လည်း ကြည့်လျှောက်ပါလို့ မွှေးကြိုင်နေတဲ့ ပန်းတွေကြားမှာ ဆူးအပြည့်နဲ့ နှင်းဆီလို ပန်းမျိုးတွေလည်း ရှိတတ်ပါတယ်လို့…တစ်ကယ်လို့များ အဲဒီဆူးပန်းတွေကို နင်းမိခဲ့ရင်လည်း နောက်ပြန်မဆုတ်ပဲ ရဲရဲဝင့်ဝင့်နဲ့ ကိုယ်ရွေးတဲ့ လမ်းကို လျှောက်နိုင်ကြပါစေလို့ ဆန္ဒြုပုရင်း……..

စိုးမင်းထိုက် (26/07/08 2:30am)

0 comments:

သားတို့ အိမ်ပြန်ကြရအောင် အမေ

သားတို့ အိမ်ပြန်ကြရအောင် အမေ

“ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။ ဘယ်လိုလုပ်ပေးရမလဲ”

အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်းဆက်စားတယ်။ မိန်းမက သူ့ကို မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး ချက်ချင်း ထွေးထုတ်လိုက်မိတယ်။

“အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား”

“ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့” ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။

သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း...
“အမေ.. အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်”

“သား... အမေကို သား ဘာပြောစရာရှိလဲ? ပြောစရာရှိတာ ပြောနော်သား..စိတ်ထဲ ထည့်မထားနဲ့”

“နောက်လကျရင် သားရာထူးတက်ပြီ အမေ။ သား ဒီထက် ပိုအလုပ်များတော့မယ်။ အမေ့ချွေးမကလည်း အပြင်ထွက် အလုပ်လုပ်ချင်တယ်တဲ့.. ဒါကြောင့်.. ”

သား ဘာကိုဆိုလိုချင်မှန်း အမေသိလိုက်တယ်။

“သားရယ် အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်”

တိုးလျှိုးတောင်းပန်စွာ အမေဆိုတော့ သားစိတ်မကောင်းဖြစ်ပြီး ခဏလောက် နှုတ်ဆိတ်သွားတယ်။

“အမေ.. လူအိုရုံက မကောင်းတာ မဟုတ်ဘူး။ အမေ့ချွေးမ အလုပ်ရရင် အမေ့ကို ပြုစုဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး။ လူအိုရုံမှာ အမေ့ကို ပြုစုမယ့်လူ၊ ချက်ကျွေးမယ့် ၀န်ထမ်းတွေရှိတယ် အမေ။ အိမ်မှာထက်စာရင် ပိုကောင်းတာပေါ့ အမေရယ်”

“ဒါပေမဲ့.. သားရယ်...”

အမေ့စကားကို သူ မကြားချင်ဟန်ဆောင်ပြီး ရေချိုးခန်းဘက် ထွက်လာခဲ့တယ်။ သားအမိနှစ်ယောက် ခေါက်ဆွဲအတူစားပြီး စာကြည့်ခန်းထဲ သူဝင်ခဲ့တယ်။ ပြတင်းပေါက် အပြင်ဖက်ကို ငေးကြည့်ရင်း သူတွေဝေနေမိတယ်။ ငယ်ငယ်ရွယ်ရွယ် မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ကျွေးမွေးခဲ့တဲ့ အမေ၊ သားကို လူရာဝင်အောင် နိုင်ငံခြားအထိ ပညာသင်ခွင့် ပေးခဲ့တဲ့ အမေ.. သားကို ကြီးပြင်းအောင် ကျွေးမွေးအနစ်နာခံခဲ့တာကို အကြောင်းပြပြီး သားဆီက ဘာမှပြန်မမျှော်လင့်ခဲ့တဲ့ အမေကို အိမ်ထောင်ရေး တည်မြဲဖို့ မိန်းမဆန္ဒကြောင့် လူအိုရုံပို့ရတော့မယ်။ သက်ပြင်းလေးလေးတစ်ချက် သူချလိုက်မိတယ်။ သား ရင်ထဲမှာ မချိလိုက်တာ အမေရယ်...

“မင်းရဲ့ လက်ကျန်ဘ၀ကို မင်းအမေက အဖော်ပြုမှာ မဟုတ်ဘူး.. မင်းမိန်းမကပဲ အဖော်ပြုမှာ”

“မင်း အမေ အသက်ကြီးပြီကွာ။ နေလိုရရင် နောက်ထပ် ၄ . ၅ နှစ်ပေါ့။ အဲဒီ နှစ်တိုတိုလေးမှာ အမေကို သေချာပြုစု ဂရုစိုက်ပါကွာ။ မရှိတော့မှ ငါမကျွေးလိုက်ရပါလား? ငါ မမွေးလိုက်ရပါလားလို့ နောင်တမရနဲ့”

ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတစ်ချို့ရဲ့ စကားသံကို ပြန်ကြားယောင်ရင်း သူရှေ့ဆက် မတွေးရဲတော့ဘူး။

အမေ့အတွက် ငွေကုန်ကြေးကျများရင် ဂရုစိုက် ရိုသေရာရောက်တယ်လို့ ထင်မယ်ဆိုလည်း ထင်ကြတော့။ တောင်စွယ်နေကွယ်လုဆဲ ညနေခင်းတစ်ခု မြို့ပြင်မှာ တည်ထားတဲ့ လူအိုရုံဆီ သူတို့ရောက်လာခဲ့တယ်။ လူအိုရုံရဲ့ဧည့်ခန်းကို သူတို့ဖြတ်လျှောက်တော့ ၄၂လက်မ တီဗွီဖန်သားပြင်ပေါ်မှာ ဟာသကား တစ်ကားပြနေတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ပရိသတ်ဆီက ဘာရီသံမှ မကြားရဘူး။

ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့ အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအ

1 comments:

ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့ အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအို တစ်ယောက် ကြမ်းပြင်ပေါ်ကျနေတဲ့ မုန့်ကို ကုန်းကောက်ဖို့ ကြိုးစားနေတယ်။ မြင်ကွင်းတွေကို သားအကြည့် လွဲပြီး နေရောင်ရတဲ့ အခန်းတစ်ခန်းကို အမေ့အတွက် ရွေးလိုက်တယ်။ အခန်းပြတင်းပေါက်က အပြင်ကို လှမ်းကြည့်မိတော့ သစ်ပင်ရိပ်အောက်မှာ လက်တွန်းလှည်းနဲ့ နပ်စ်တစ်ချို့ကို တွေ့လိုက်တယ်။ ပျင်းရိပျင်းတွဲ ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မြင်ကွင်းက မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှတယ်။

“အမေ.. သား .. သွားတော့မယ်”
သူ့နှုတ်ဆက်စကားကို အမေ ခေါင်းညိတ်ပြတယ်။ တုန်ရီနေတဲ့ လက်နဲ့ဝှေ့ယမ်းပြတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး တစ်ခုခုပြောဖို့ ကြိုးစားတယ်။ အမေ.. ဆံပင်တွေတောင် ငွေရောင်သမ်းခဲ့ပါပေါ့လား.. မျက်လုံးထောင့်က အရစ်ကြောင်းတွေတောင် နက်သထက် နက်ဝင်ခဲ့ပါပေါ့လား... အမေ တကယ်အိုခဲ့ပါပေါ့လား....

(၁)
အဲဒီတုန်းက သူ(၆)နှစ်။ ကိစ္စတစ်ခုကြောင့် အမေခရီးထွက်ရမယ်ဆိုလို့ သူ့ကို ဦးလေးအိမ်မှာ ခဏ သွားအပ်ခဲ့တယ်။ ပစ္စည်းတွေယူပြီး အမေသွားဖို့ပြင်တော့ ကြောက်အားလန့်အားနဲ့ အမေ့ အင်္ကျီိကိုဆွဲပြီး သူအော်ငိုတော့တယ်။

“ အမေ.. သားကို ခွဲမသွားပါနဲ့...အမေ သားကို ထားမသွားပါနဲ့”
ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ကို အမေ ထားမသွားရက်ခဲ့ဘူး။ အမေ့လက်ကို ဆွဲပြီး ဦးလေးအိမ်က ထွက်လာတော့ ခြံတံခါးကို သူဆွဲပိတ်ခဲ့လိုက်တယ်။ သူ့ကို ထားခဲ့ဖို့ လာသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီး တစ်သက်လုံး ကပ်ညှိမလာအောင် တံခါးဝဖက်ကို သူယောင်လို့တောင် လဲမကြည့်ခဲ့ဘူး။

(၂)
အိမ်ထဲ ၀င်လိုက်တာနဲ့ မိန်းမနဲ့ ယောက္ခမက အမေ့အခန်းထဲက ပစ္စည်းတွေကို လွင့်ပစ်ဖို့ သိမ်းနေတာနဲ့ သွားတိုးတယ်။ ၂ပေမြင့်တဲ့ ဒိုင်းဆုတစ်ခု.... အထက်တန်းတုန်းက “ကျွန်တော်၏ မိခင်” ဆိုတဲ့ စာစီစာကုံးနဲ့ သူ ပထမဆုရထားတဲ့ ဒိုင်းဆုလေး။ အဘိဓာန် စာအုပ်တစ်အုပ်... အမေ့ချွေးနဲစာနဲ့ ၀ယ်ပေးခဲ့တဲ့ သူ့ရဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။ အကြောပြေ လိမ်းဆေးတစ်ဘူး...အမေ အိပ်ရာမ၀င်ခင် လိမ်းတတ်တဲ့ဆေး... လိမ်းပေးမဲ့သူ မရှိဘဲ အမေ့ကို ဒီဆေးပေးလိုက်တော့လဲ ဘာထူးမှာလဲ...

“တော်ပြီ.. မသိမ်းကြပါနဲ့တော့” သူ အော်လိုက်မိတယ်။
“ဒီလောက်များတဲ့ အမှိုက်တွေ မပစ်ထုတ်ရင် ငါ့ပစ္စည်းတွေ ဘယ်နားသွားထားရမလဲ” ယောက္ခက စူးစူးဝါးဝါး ကြည့်ရင်း ပြန်အော်တယ်။

“ဟုတ်ပါ့.. အဲဒီကုတင်စုတ်ကြီးလည်း ပစ်ထုတ်လိုက်စမ်းပါ။ မနက်ဖြန်ကျမှ အမေ့အတွက် သမီး ကုတင်အသစ်တစ်လုံး ၀ယ်ပေးမယ်နော်”

ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့ ဓာတ်ပုံကို သူတွေ့လိုက်တယ်။ အဲဒီပုံက သူ့ကို အမေ ကစားကွင်း လိုက်ပို့တုန်းက ရိုက်ထားတဲ့ပုံဖြစ်တယ်။
“ဒါတွေဟာ ကျွန်တော့်အမေရဲ့ အမွေတွေ... တစ်ခုမှ မပစ်နိုင်ဘူး”
“ဒါ ဘာအချိုးလဲ.. ဘာလို့ အမေ့ကို ပြန်အော်ရတာလဲ.. အမေ့ကို ချက်ချင်းတောင်းပန်လိုက်”

“မင်းကို ငါ လက်ထပ်ခဲ့တာနဲ့ မင်းအမေကို ချစ်ရမယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို လက်ထပ်ခဲ့ပြီး ငါ့အမေကို မင်း မချစ်ခဲ့ရတာလဲ”

(၃)
မိုးရွာပြီးစမို့ ညက ပိုအေးစက်နေတယ်။ လူသူကင်းရှင်းတဲ့ လမ်းမပေါ်မှာ ကားလေးတစ်စီး မြို့ပြင်က လူအိုရုံဖက် ဦးတည်ပြီး တရိပ်ရိပ်ပြေးနေတယ်။ လူအိုရုံရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး အမေ့အခန်းဖက် သူပြေးသွားလိုက်မိတယ်။ သူ့လက်ထဲမှာ အမေ အမြဲလိမ်းတတ်တဲ့ အကြောပြေဆေးဘူးကို တင်းတင်း ဆုပ်ကိုင်ထားတယ်။

“အမေ.. ဆေးကျန်ခဲ့လို့ သားလာပို့တာ”
အမေ့ကုတင်ရှေ့ သူဒူးထောက်ချလိမ့်မိတယ်။
“မိုးချုပ်နေပြီ သားရယ်.. မနက်ဖြန် အလုပ်ရှိသေးတယ် မဟုတ်လား.. ပြန်ပါသား.. ဆေးကို အမေ့ဘာသာ လိမ်းလို့ရတယ်”

“အမေ.... ” သူ့အသံတွေ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။
“အမေ သားကို ခွင့်လွတ်ပါ အမေ... သားတို့ အိမ်ပြန်ကြရအောင်နော်”
အိုမင်း ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်ကို တင်းတင်းလေး သူဖက်ထားလိမ့်မိတယ်။ သူ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့...

“သားတို့ အိမ်ပြန်ကြရအောင် အမေ”

အိုသွားတဲ့ တစ်နေ့

“ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာ ပေါက်တယ်ဆိုတာကို မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်း ဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ မေ့နေတတ်တယ်”

ဆေးရုံတစ်ရုံရဲ့ အ၀င်ဝမှာ ရေးကပ်ထားတဲ့ ပိုစတာလေးကို မြင်မှာ ကျွန်မအသိစိတ်တွေ နှိုးထလာတယ်။ အခုခတ်က ငယ်ရွယ်တဲ့ အိမ်ထောင်သည်တွေ ကိုယ်တိုင်ဝမ်းနာပြီး မွေးထွက်လာတဲ့ ကလေးတွေကိုပဲ ဂရုစိုက်တတ်ကြတယ်။ ကိုယ့်ကိုလည်း အမေ၀မ်းနာပြီး မွေးထွက်လာခဲ့တယ် ဆိုတာကို မေ့နေတတ်ကြတယ်။

စနေနေ့ မနက် အိပ်ရာပေါ်မှာ ဇိမ်နဲ့နှပ်နေတုန်း ဖုန်းသံကြောင့် ကျွန်မ အိပ်မက်က လန့်နှိုးလာခဲ့တယ်။ အမေဆီက ဖုန်းပါ။ ကလေးတွေခေါ်ပြီး အမေ့အိမ်မှာ နေ့လယ်စာ သွားစားဖို့ ဆက်လိုက်တာဖြစ်တယ်။

“ကလေးတွေကို မက်ဒေါ်နယ်သွားစားဖို့ ပြောထားပြီးပြီ အမေရဲ့”
“အဲဒီပိုက်ဆံကို ချွေသာလိုက်ပါ သမီးရယ်... ကားမောင်းလာရင် ၁၀မိနစ်ထဲပါ”
အမေက မရမက တောင်းဆိုနေတယ်။ ကလေးတွေက အမေချက်တာကို စားချင်မှာ မဟုတ်ဘူး။ ဟမ်ဘာဂါပဲ စားချင်ကြမှာပဲလို့ ကျွန်မ တွေးလိုက်မိတယ်။

အမေကို လာမယ်၊ မလာဘူးလို့ မပြောခင် ကျွန်မ တွေဝေနေတုန်းမှာ အကြီးမနဲ့ အငယ်လေးက ဖုန်းပြောနေတဲ့ ကျွန်မကို လာခါပြလိုက်၊ ခေါင်းခါပြလိုက်နဲ့ အဘွားအိမ်ကို မသွားချင်ကြောင်း လုပ်ပြနေတယ်။ သမီးတွေက ရုံးပိတ်ရက် မိသားစု စုံစုံညီညီနဲ့ အပြင်ထွက်ပြီး အတူစားချင်ပုံရတယ်။

“အမေ့မြေးတွေနဲ့ တိုင်ပင်ပြီး သမီး ဖုန်းပြန်ဆက်လိုက်မယ် အမေ”
“အေးပါ သမီးရယ်”
ဖျော့တော့တော့ အသံနဲ့ အမေဖုန်းချသွားတယ် ဆိုရင်ပဲ ကလေးတွေက တစ်ပြိုင်ထဲ
“အဘွားအိမ် မသွားချင်ဘူး။ မက်ဒေါ်နယ် သွားစားမယ်လို့ ပြောထားပြီသားပဲ” လို့ ၀ိုင်းအော်ကြတယ်။

“အဘွားရဲ့ ရည်ရွယ်ချက်က နေ့လယ်စာ စားဖို့ မဟုတ်ဘူး။ သူ့မြေးတွေဖြစ်တဲ့ သမီးတို့ကို ကြည့်ချင်လို့”
“အရင်အပတ်ကပဲ သမီးတို့ သွားခဲ့ပြီးပြီလေ မေမေ”

ကျွန်မရှင်းပြတာကို သမီးတွေက လက်ခံချင်ပုံ မရခဲ့ဘူး။
“တစ်ချိန်မှာ မေမေလဲ အိုသွားတဲ့အခါ သမီးတို့ကို “သမီးတို့ရေ အိမ်ကို လာခဲ့ပါဦး။ မေမေ ကိတ်မုန့်ဖုတ်ထားတယ်။ မြေးတွေလဲ ခေါ်ခဲ့နော်” လို့ ဖုန်းဆက်ခေါ်ရင် “ကိတ်မုန့်ကို အပြင်မှာ ၀ယ်စားလဲရတာပဲ အမေ.. သမီးတို့ မအားဘူး” လို့ ပြန်ပြောရင် အခု ဘွားဘွား စိတ်မကောင်းဖြစ်သွားသလို မေမေလဲ စိတ်မကောင်းဖြစ်လိမ့်မယ်” လို့ ရှင်းပြတော့ လေးနှစ်သမီးလေးက “သမီး အဲလို မပြောဘူး။ ဟုတ်ကဲ့လို့ ပြောမယ် မေမေ” တဲ့။ နောက်ဆုံး သမီးတွေနဲ့ တိုင်ပင်ပြီး နေ့လယ်စာကို မက်ဒေါ်နယ် စားပြီး ညနေစာကို အမေ့အိမ်မှာ စားဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။

ညနေ အိမ်လာခဲ့မယ်လို့ အမေ့ကို ဖုန်းပြန်ဆက်တော့ အမေက “အေး.. ဒါဆိုရင် အမေ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်” လို့ ၀မ်းသာအားရ ပြန်ပြောတယ်။

ညနေ အမေ့အိမ်ရောက်တော့ အမေက မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ ချက်ပြုပ်နေတယ်။ အမေ့ကိုကူဖို့ ကျွန်မ မီးဖိုထဲဝင်တော့ အမေက ပုခုံးကျောတွေ ကိုက်ကြောင်း ပြောပြတယ်။

“ ဆေးခန်းမသွားဘူးလား အမေ၊ ဆေးမလိမ်းဘူးလား”
“သွားလဲ မထူးပါဘူး သမီးရယ်။ ဆေးလိမ်းလဲ မသက်သာပါဘူး”
အမေ့စကားကို ကြားမှ အမေလိုအပ်နေတာ ဆေးခန်းတွေ၊ လိမ်းဆေးတွေ မဟုတ်ဘဲ ကျွန်မတို့ရဲ့ ဂရုစိုက်မှု၊ ပြုစုမှုဆိုတာကို ကျွန်မ သဘောပေါက်တော့တယ်။

အသန့်အပြန့် ကြိုက်တဲ့ အမေ့ရဲ့ မီးဖိုချောင်က အိုးတွေဟာလဲ ဆီချေးတွေ အထပ်ထပ် ပေနေတာကို ကျွန်မ သတိထားမိလိုက်တယ်။ အိုးတွေကို တိုက်ချွတ်ဆေးနေရင်း “အိုးတွေကို တိုက်ချွတ်ဖို့ အမေအားတွေ မရှိတော့လို့ဖြစ်မယ်” လို့ ကျွန်မ စဉ်းစားလိုက်မိတယ်။

အရင်တုန်းက လက်တစ်ဖက်က ကျွန်မကို ချီပိုးရင်း၊ ကျန်လက်တစ်ဖက်နဲ့ ကြော်လှော်ချက်ပြုတ်ခဲ့တဲ့ အမေ... အိမ်ရှေ့၊ အိမ်နောက်၊ အိမ်ထောင့်တွေပါ မကျန် သပ်ရပ်သန့်ရှင်းအောင် အမြဲရှင်းလင်းတတ်တဲ့ အမေ..... အခုခါမှာတော့ ဇရာထောင်းပြီး လက်တွေလဲ အင်အားချိခဲ့ပါပြီ။ ဒါတောင် သူချစ်တဲ့ သားသမီး မြေးတွေကို ကိုယ်တိုင်ချက်ပြုပ် ကျွေးမွေးချင်နေတုန်းပါပဲ။

ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန် ကန့်သတ်ပြီး အမေ့အိမ်ကို အမြဲပြန်ပြီး အိုးတွေကို တိုက်ဆေးပေးမယ်ဖို့ ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်မိပါတယ်။ နောင်တစ်ချိန် ကျွန်မ အိုသွားတဲ့တစ်နေ့၊ လက်တွေ လှုပ်ရှားဖို့ အားအင် နည်းသွားတဲ့အခါ သားသမီးတွေလည်း အိမ်ကို အမြဲပြန်လာပြီး အိုးတွေ တိုက်ဆေးပေးဖို့ ကျွန်မ မျှော်လင့်မိပါတယ်။

အမေ့လက်

မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။

မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။

ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ “အလှ” “အလုပ်”
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)

1 comments:

(၆၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

Photobucket

တမ်းတမိသော လူတစ်ယောက်
ဒေါက်တာလွဏ်းဆွေ

‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူသည့် အမည်နာမကိုကြားလျှင် ကျနော်ရင်ခုန်သည်။ စိတ်လှုပ်ရှားသည်။ ကျနော့် အဖို့ ဒဏ္ဍာရီပုံပြင်တွေထဲက ခေါင်းဆောင်ကောင်းပီသသည့် မြန်မာသူရဲကောင်းတဦးကို အမှတ်ရနေသလို ခံစားမိသည်။ တခါတရံ သူအမှန်တကယ် သက်ရှိထင်ရှားရှိခဲ့သည်လား မရှိခဲ့ဘူးလားဟု ထင်မိလောက် အောင်ကိုပင် စိတ်ထဲတွင် မပီဝိုးတ၀ါး ဖြစ်နေတတ်သည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို စဉ်းစားကြည့် သည့်အခါ ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် အဆိုပါပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ကျနော့်အနေနှင့် မျက်ဝါးထင်ထင် မမြင်ဖူးမတွေ့ဖူးခဲ့ခြင်းသည် အဓိကအကြောင်းအချက်တခု ဖြစ်မည်ထင်သည်။ ထို့အပြင် လူ့ဘ၀တွင် နေထိုင် အသက်ရှင်သွားခဲ့သည့် အခိုက်အတန့်အတွင်း သူ၏ စွမ်းဆောင်ခဲ့မှုများက အသက်အရွယ်နှင့် မမျှအောင် အဆမတန် ကြီးမားလွန်းခဲ့၍လည်း တကယ့်လူမှ ဟုတ်ပါရဲ့လားဟု ကျနော်ထင်မိခဲ့ခြင်း ဖြစ်မည်ထင်သည်။ ကွယ်လွန်သည့် အချိန်တွင် သူသည် အသက်အရွယ်အားဖြင့် (၃၂)နှစ်စွန်းစွန်းသာ ရှိသေးသည်။ သို့သော် ထိုမျှအသက်အရွယ်နှင့် အလွန်တရာ ကြီးလေးသည့် တာဝန်ဝတ္တရားများကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ၊ ဗမာ့တပ်မတော် စစ်သေနာပတိ၊ အစိုးရနန်းရင်းဝန် စသည့်တာဝန်များကို အံ့အား သင့်စဖွယ် ထမ်းရွက်ခဲ့ပြီးဖြစ်သည်။

ထိုသို့သော ဂုဏ်ပုဒ်များ၊ တာဝန်ယူမှုများနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အသက်ထက်ဆုံး ပေးဆပ်သွားခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်းဆိုသော ပုထုဇဉ်လူသားတဦးအား မမြင်ဖူး မတွေ့ဖူး လိုက်လင့်ကစား သူ၏ ပင် ကိုယ်စရိုက်၊ စိတ်နေစိတ်ထားတို့ကို ကျနော် ချစ်ခင်မိသည်၊ သူ၏ ကိုယ်ကျင့်သီလ၊ ယုံကြည်ချက်ရပ်တည် ချက်၊ သူရသတ္တိနှင့် တိုင်းချစ်ပြည်ချစ်စိတ်တို့ကို ကြည်ညိုလေးစားမိသည်။ သူ၏ ခေါင်းဆောင်ကောင်း ပီသ သည့်၊ နိုင်ငံရေးသမားကောင်း ပီသသည့် အရည်အချင်းများကို အားကျမိသည်။
• • •

လူမှန်းသိတတ်စ အရွယ်မှစ၍ ကျနော် အမှတ်ထင်ထင် ရှိခဲ့သည့် ဓာတ်ပုံနှစ်ပုံ ရှိသည်။ အိမ်ဦးခန်းရှိ ဘုရားစင်၏ ဘေးတဖက်တချက်တွင် အဖေချိတ်ဆွဲထားသော မှန်ဘောင်သွင်းထားသည့် ဓာတ်ပုံနှစ်ပုံ ဖြစ်သည်။ ဘုရားစင်၏ ဘယ်ဖက်၌ ချိတ်ဆွဲထားသည့်ပုံတွင် ခေါင်းပေါင်းအဖြူ ပေါင်းထားသည့် အဖိုးအိုတဦး၏ ကိုယ်တပိုင်းပုံကို တွေ့ရပြီး ညာဖက်၌ ချိတ်ဆွဲထားသည့်ပုံတွင် စစ်ဝတ်စုံ ၀တ်ထားသည့် အမျိုးသားတဦး၏ ကိုယ်တပိုင်းပုံကို တွေ့ရသည်။ သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးအား မည်သူမည်ဝါမှန်း ထိုစဉ်က ကျနော်မသိခဲ့။ ကလေးသဘာဝ အဖေ့အား စပ်စပ်စုစုနှင့် မေးကြည့်သည့်အခါတွင်မှ အဖေက ဘယ်ဖက်က ပုဂ္ဂိုလ်ကို သခင်ကိုယ်တော်မှိုင်း၊ ညာဖက်က ပုဂ္ဂိုလ်ကို ဗိုလ်ချုပ်အောင်ဆန်းဟု ပြောပြခဲ့သည်ကို အမှတ်ရမိသည်။ သို့သော် ကျောင်းနေသည့်အရွယ် မဟုတ်သေးသည့်အတွက် သူတို့၏ နာမည်တွေကိုသာ ကျက်မိနေပြီး မည်သို့သော ပုဂ္ဂိုလ်တွေ ဆိုသည်ကို ကျနော်မသိခဲ့။ အရွယ်ရောက်လာသည့်အခါ သမိုင်းစာမျက်နှာများကို တစတစ ဖတ်ရှုလေ့လာခဲ့ရာမှ တဦးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျု
ိးသားလွတ်မြောက်ရေး စာဆိုကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း ဟူ၍၎င်း၊ တဦးကို ဗမာ့တပ်မတော်၏ ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟူ၍၎င်း လေ့လာသိရှိခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ထဲထဲဝင်ဝင် သိလာရသည့် အချိန်တွင်မူ ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးအား လေးစားကြည်ညိုသည့် စိတ်များက ကျနော့်ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။

ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးအနက်မှ ဗိုလ်ချုပ်အောင်ဆန်း ဟူသည်ကို မူလတန်းဖတ်စာတွင် ရွတ်ဆိုခဲ့ရသော ‘ဖေဖော်ဝါ ရီ(၁၃)မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅ ရှေ့နေဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား မိခင်ဒေါ်စုသား၊ ၁၉၄၇ ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင်တဆယ့်ကိုး’ ဟူသည့် ကဗျာလေးတပုဒ်မှတဆင့် ကျနော်စတင် ရင်းနှီးခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့ ရောက်တိုင်း တောင်ငူမြို့ အားကစားကွင်း (မိုင်ဒါကွင်း)တွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားသို့ ကျောင်းသားအားလုံး တန်းစီချီတက်ပြီး မိုးမိုးဖွဲဖွဲအောက်တွင် အလေးပြုကြရသည်ကို အမှတ်ရနေမိသည်။ ယခုအခါတွင်မူ အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲသံကို မကြားရသည်မှာ ကာလအတန် ကြာညောင်းခဲ့ပြီဖြစ်သည်။ တိုင်းပြည်ကို လက်နက်အားကိုးနှင့် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေသည့် နအဖစစ်အုပ်စု တသက်ဟုပင် ပြောရပေမည်။ ထို့အပြင် ကျောင်းများတွင် ပြဌာန်းထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သည့် သမိုင်းစာမျက်နှာများကိုလည်း နအဖစစ်အုပ်စုက မှေးမှိန်ဖျောက်ဖျက်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့် ဂုဏ်ပြုထုတ်ဝေထားသည့် နိုင်ငံတော် ငွေစက္ကူများတွင်လည်း ခြင်္သေ့ရုပ်ပုံများကို အစားထိုးကာ အသစ် ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းစာမျက်နှာများ၊ တခမ်းတနား ဂုဏ်ပြုမှုများကို စစ်အုပ်စုက အငြိုးတကြီးနှင့် ဖျောက်ဖျက်ပစ်ခဲ့ခြင်းဖြစ်သည်။ အနာဂတ်မျိုးဆက်များ၊ ကျောင်းသားလူငယ်များ အကြားတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မဟုတ်မခံစိတ်ဓာတ်များ ဖြစ်တည်လာပြီး အမှန်တရားအတွက် တော်လှန်တိုက်ပွဲဝင်လိုသည့် သူရဲကောင်းများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် နအဖစစ်အုပ်စုက အကြောက်အလန့်ကြီးစွာ သမိုင်းကွင်းဆက် ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့စစ်အုပ်စုက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူလူထုအကြား ကွင်းဆက ပြတ်အောင် နည်းအမျိုးမျိုးနှင့် ကြိုးပမ်းသော်လည်း ယနေ့တိုင် မြန်မာပြည်သူလူထု၏ ရင်ထဲအသည်းထဲတွင် ‘ဗိုလ်ချုပ်’ ဟူသော အမည်နာမက ကိန်းအောင်မြဲ ကိန်းအောင်လျက်ပင်။ ပြည်သူလူထုက ကိုယ့်နည်းကိုယ်ဟန်နှင့် သမိုင်းအစစ်အမှန်တွေကို တိတ်တဆိတ် လက်ဆင့်ကမ်း သယ်ဆောင်လျက်ပင်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ နိုင်ငံရေး ကြိုးပမ်းချက်၊ ဟောပြောချက်များ၊ အဆိုအမိန့်များက သူကွယ်လွန်ပြီး နှစ်ပေါင်း(၆၀)နီးပါး ကြာသည့်တိုင် သစ်လွင်လတ်ဆတ်နေဆဲ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့ အားထုတ်ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုအတွက် ယနေ့တိုင် လမ်းပြရှေ့ဆောင်နိုင်ဆဲ ဖြစ်သည်။ ထိုသို့သစ်လွင်နေဆဲ၊ လမ်းပြရှေ့ဆောင်နိုင်ဆဲဖြစ်သည်ကို သူ၏ ရေးသားချက်များ၊ အဆိုအမိန့်များ၊ ဟောပြောချက်များ၊ လုပ်ဆောင်ချက်များ၌ အထင်းအရှား တွေ့ရလေသည်။

ဗုဒ္ဓဘာသာနှင့် ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူ

0 comments:

(၆၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

Photobucket

တမ်းတမိသော လူတစ်ယောက်
ဒေါက်တာလွဏ်းဆွေ

‘ဗိုလ်ချုပ်အောင်ဆန်း’ ဟူသည့် အမည်နာမကိုကြားလျှင် ကျနော်ရင်ခုန်သည်။ စိတ်လှုပ်ရှားသည်။ ကျနော့် အဖို့ ဒဏ္ဍာရီပုံပြင်တွေထဲက ခေါင်းဆောင်ကောင်းပီသသည့် မြန်မာသူရဲကောင်းတဦးကို အမှတ်ရနေသလို ခံစားမိသည်။ တခါတရံ သူအမှန်တကယ် သက်ရှိထင်ရှားရှိခဲ့သည်လား မရှိခဲ့ဘူးလားဟု ထင်မိလောက် အောင်ကိုပင် စိတ်ထဲတွင် မပီဝိုးတ၀ါး ဖြစ်နေတတ်သည်။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကို စဉ်းစားကြည့် သည့်အခါ ဗိုလ်ချုပ်အောင်ဆန်းဆိုသည့် အဆိုပါပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကို ကျနော့်အနေနှင့် မျက်ဝါးထင်ထင် မမြင်ဖူးမတွေ့ဖူးခဲ့ခြင်းသည် အဓိကအကြောင်းအချက်တခု ဖြစ်မည်ထင်သည်။ ထို့အပြင် လူ့ဘ၀တွင် နေထိုင် အသက်ရှင်သွားခဲ့သည့် အခိုက်အတန့်အတွင်း သူ၏ စွမ်းဆောင်ခဲ့မှုများက အသက်အရွယ်နှင့် မမျှအောင် အဆမတန် ကြီးမားလွန်းခဲ့၍လည်း တကယ့်လူမှ ဟုတ်ပါရဲ့လားဟု ကျနော်ထင်မိခဲ့ခြင်း ဖြစ်မည်ထင်သည်။ ကွယ်လွန်သည့် အချိန်တွင် သူသည် အသက်အရွယ်အားဖြင့် (၃၂)နှစ်စွန်းစွန်းသာ ရှိသေးသည်။ သို့သော် ထိုမျှအသက်အရွယ်နှင့် အလွန်တရာ ကြီးလေးသည့် တာဝန်ဝတ္တရားများကို ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌ၊ ဗမာ့တပ်မတော် စစ်သေနာပတိ၊ အစိုးရနန်းရင်းဝန် စသည့်တာဝန်များကို အံ့အား သင့်စဖွယ် ထမ်းရွက်ခဲ့ပြီးဖြစ်သည်။

ထိုသို့သော ဂုဏ်ပုဒ်များ၊ တာဝန်ယူမှုများနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အသက်ထက်ဆုံး ပေးဆပ်သွားခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်းဆိုသော ပုထုဇဉ်လူသားတဦးအား မမြင်ဖူး မတွေ့ဖူး လိုက်လင့်ကစား သူ၏ ပင် ကိုယ်စရိုက်၊ စိတ်နေစိတ်ထားတို့ကို ကျနော် ချစ်ခင်မိသည်၊ သူ၏ ကိုယ်ကျင့်သီလ၊ ယုံကြည်ချက်ရပ်တည် ချက်၊ သူရသတ္တိနှင့် တိုင်းချစ်ပြည်ချစ်စိတ်တို့ကို ကြည်ညိုလေးစားမိသည်။ သူ၏ ခေါင်းဆောင်ကောင်း ပီသ သည့်၊ နိုင်ငံရေးသမားကောင်း ပီသသည့် အရည်အချင်းများကို အားကျမိသည်။
• • •

လူမှန်းသိတတ်စ အရွယ်မှစ၍ ကျနော် အမှတ်ထင်ထင် ရှိခဲ့သည့် ဓာတ်ပုံနှစ်ပုံ ရှိသည်။ အိမ်ဦးခန်းရှိ ဘုရားစင်၏ ဘေးတဖက်တချက်တွင် အဖေချိတ်ဆွဲထားသော မှန်ဘောင်သွင်းထားသည့် ဓာတ်ပုံနှစ်ပုံ ဖြစ်သည်။ ဘုရားစင်၏ ဘယ်ဖက်၌ ချိတ်ဆွဲထားသည့်ပုံတွင် ခေါင်းပေါင်းအဖြူ ပေါင်းထားသည့် အဖိုးအိုတဦး၏ ကိုယ်တပိုင်းပုံကို တွေ့ရပြီး ညာဖက်၌ ချိတ်ဆွဲထားသည့်ပုံတွင် စစ်ဝတ်စုံ ၀တ်ထားသည့် အမျိုးသားတဦး၏ ကိုယ်တပိုင်းပုံကို တွေ့ရသည်။ သို့သော် ထိုပုဂ္ဂိုလ်နှစ်ဦးအား မည်သူမည်ဝါမှန်း ထိုစဉ်က ကျနော်မသိခဲ့။ ကလေးသဘာဝ အဖေ့အား စပ်စပ်စုစုနှင့် မေးကြည့်သည့်အခါတွင်မှ အဖေက ဘယ်ဖက်က ပုဂ္ဂိုလ်ကို သခင်ကိုယ်တော်မှိုင်း၊ ညာဖက်က ပုဂ္ဂိုလ်ကို ဗိုလ်ချုပ်အောင်ဆန်းဟု ပြောပြခဲ့သည်ကို အမှတ်ရမိသည်။ သို့သော် ကျောင်းနေသည့်အရွယ် မဟုတ်သေးသည့်အတွက် သူတို့၏ နာမည်တွေကိုသာ ကျက်မိနေပြီး မည်သို့သော ပုဂ္ဂိုလ်တွေ ဆိုသည်ကို ကျနော်မသိခဲ့။ အရွယ်ရောက်လာသည့်အခါ သမိုင်းစာမျက်နှာများကို တစတစ ဖတ်ရှုလေ့လာခဲ့ရာမှ တဦးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စာဆိုကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီး ဒေါက်တာသခင်ကိုယ်တော်မှိုင်း ဟူ၍၎င်း၊ တဦးကို ဗမာ့တပ်မတော်၏ ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟူ၍၎င်း လေ့လာသိရှိခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ထဲထဲဝင်ဝင် သိလာရသည့် အချိန်တွင်မူ ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးအား လေးစားကြည်ညိုသည့် စိတ်များက ကျနော့်ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။

ထိုပုဂ္ဂိုလ်ကြီး နှစ်ဦးအနက်မှ ဗိုလ်ချုပ်အောင်ဆန်း ဟူသည်ကို မူလတန်းဖတ်စာတွင် ရွတ်ဆိုခဲ့ရသော ‘ဖေဖော်ဝါ ရီ(၁၃)မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ ၁၉၁၅ ရှေ့နေဦးဖာသား၊ ဇာတိနတ်မောက် မကွေးခရိုင်၊ သိကြများခုတိုင်၊ ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား မိခင်ဒေါ်စုသား၊ ၁၉၄၇ ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင်တဆယ့်ကိုး’ ဟူသည့် ကဗျာလေးတပုဒ်မှတဆင့် ကျနော်စတင် ရင်းနှီးခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့ ရောက်တိုင်း တောင်ငူမြို့ အားကစားကွင်း (မိုင်ဒါကွင်း)တွင် ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားသို့ ကျောင်းသားအားလုံး တန်းစီချီတက်ပြီး မိုးမိုးဖွဲဖွဲအောက်တွင် အလေးပြုကြရသည်ကို အမှတ်ရနေမိသည်။ ယခုအခါတွင်မူ အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲသံကို မကြားရသည်မှာ ကာလအတန် ကြာညောင်းခဲ့ပြီဖြစ်သည်။ တိုင်းပြည်ကို လက်နက်အားကိုးနှင့် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်နေသည့် နအဖစစ်အုပ်စု တသက်ဟုပင် ပြောရပေမည်။ ထို့အပြင် ကျောင်းများတွင် ပြဌာန်းထားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သည့် သမိုင်းစာမျက်နှာများကိုလည်း နအဖစစ်အုပ်စုက မှေးမှိန်ဖျောက်ဖျက်ပစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းပုံများဖြင့် ဂုဏ်ပြုထုတ်ဝေထားသည့် နိုင်ငံတော် ငွေစက္ကူများတွင်လည်း ခြင်္သေ့ရုပ်ပုံများကို အစားထိုးကာ အသစ် ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းစာမျက်နှာများ၊ တခမ်းတနား ဂုဏ်ပြုမှုများကို စစ်အုပ်စုက အငြိုးတကြီးနှင့် ဖျောက်ဖျက်ပစ်ခဲ့ခြင်းဖြစ်သည်။ အနာဂတ်မျိုးဆက်များ၊ ကျောင်းသားလူငယ်များ အကြားတွင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ မဟုတ်မခံစိတ်ဓာတ်များ ဖြစ်တည်လာပြီး အမှန်တရားအတွက် တော်လှန်တိုက်ပွဲဝင်လိုသည့် သူရဲကောင်းများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် နအဖစစ်အုပ်စုက အကြောက်အလန့်ကြီးစွာ သမိုင်းကွင်းဆက် ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့စစ်အုပ်စုက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်သူလူထုအကြား ကွင်းဆက ပြတ်အောင် နည်းအမျိုးမျိုးနှင့် ကြိုးပမ်းသော်လည်း ယနေ့တိုင် မြန်မာပြည်သူလူထု၏ ရင်ထဲအသည်းထဲတွင် ‘ဗိုလ်ချုပ်’ ဟူသော အမည်နာမက ကိန်းအောင်မြဲ ကိန်းအောင်လျက်ပင်။ ပြည်သူလူထုက ကိုယ့်နည်းကိုယ်ဟန်နှင့် သမိုင်းအစစ်အမှန်တွေကို တိတ်တဆိတ် လက်ဆင့်ကမ်း သယ်ဆောင်လျက်ပင်။ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ နိုင်ငံရေး ကြိုးပမ်းချက်၊ ဟောပြောချက်များ၊ အဆိုအမိန့်များက သူကွယ်လွန်ပြီး နှစ်ပေါင်း(၆၀)နီးပါး ကြာသည့်တိုင် သစ်လွင်လတ်ဆတ်နေဆဲ စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ဖို့ အားထုတ်ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုအတွက် ယနေ့တိုင် လမ်းပြရှေ့ဆောင်နိုင်ဆဲ ဖြစ်သည်။ ထိုသို့သစ်လွင်နေဆဲ၊ လမ်းပြရှေ့ဆောင်နိုင်ဆဲဖြစ်သည်ကို သူ၏ ရေးသားချက်များ၊ အဆိုအမိန့်များ၊ ဟောပြောချက်များ၊ လုပ်ဆောင်ချက်များ၌ အထင်းအရှား တွေ့ရလေသည်။

ဗုဒ္ဓဘာသာနှင့် ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။ အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်၊ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။ ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။ ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။ ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။ ‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာ

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။ ယခုအခါ စစ်အုပ်စု၏ အုပ်ချုပ်မှုအောက်၌ မေးခွန်းပေါက်၊ အလွတ်ကျက်၊ အမှတ်အရောင်းအ၀ယ်လုပ်၊ ခိုးချပညာရေးစနစ်နှင့် အလုံးစုံ ပျက်စီးနေသော ပညာရေးစနစ်ကို ဗိုလ်ချုပ်အောင်ဆန်းသာ မြင်တွေ့လျှင် ရင်ကျိုးဖွယ် အတိပင်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။ ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။ ယနေ့ခေတ်လို ဂလိုဘယ်လိုက်ဇ် ဖြစ်လာမည့် အချိန်ကာလကို ကြိုမြင်၍ ဗိုလ်ချုပ်က ထိုသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်မည်ဟု ထင်မြင်မိရင်း စစ်အာဏာရှင်တို့ ဖျက်ဆီးခဲ့သည့် တိုင်းပြည်အကြောင်း စဉ်းစားကာ ရင်နင့်ရင်နာ ဖြစ်ရလေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။ ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’

‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။

လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။

ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်ထူးအား ကျနော် တမ်းတမိသည်မှာ အဆန်းမဟုတ်ဟု ထင်သည်။ ကျနော်တို့ တိုင်းပြည်အား စစ်အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်ရန် အားထုတ်ကြိုးပမ်းနေရဆဲဖြစ်သည့် ယခုလို အချိန်ကာလမျိုးတွင် သူ့ကိုပို၍ပင် တမ်းတမိသည်။ သူသာ သက်ရှိထင်ရှားရှိနေခဲ့လျှင် … ၊ သူသာ ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့လျှင် … ၊ သူသာ တော်လှန်ရေး နယ်ပယ်ထဲတွင် ရှိနေခဲ့လျှင် … ။ မည်သို့သော ခေါင်းဆောင်မှု ပေးမည်နည်း၊ ပစ္စက္ခ နိုင်ငံရေးအခြေနေတွေ အားလုံးကို မည်သို့ ဝေဖန်သုံးသပ်မည်နည်း၊ စစ်အာဏာရှင်တွေကို ဘယ်နည်းဘယ်ပုံ ရင်ဆိုင်အနိုင်ယူမည်နည်း … စသည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းတည်းဟူသော နိုင်ငံရေးသမား ကောင်းတယောက်၊ စစ်ရေးခေါင်းဆောင်ကောင်း တယောက်ကို တမ်းတကာ အတွေးနယ်ချဲ့ နေမိလေသည်။

မှတ်ချက်။ ။ ကိုလွမ်းဆွေ blog မှ ကူးယူတင်ပြပါသည်…

0 comments:

၁၉ ဇူလိုင်အမှတ်တရ

အောင်ဆန်းပေးတဲ့မြန်မာပြည်

(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
“ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်”
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
““ငါတို့ အားကိုးပါရစေ”” ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
““ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ““ ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
““ငါတို့ စွန

““ငါတို့ စွန့်ပါရစေ”” ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။

““မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။””

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

icy

ကို icy ရဲ့ ကဗျာကို ကူးယူဖော်ပြသည်။

1 comments:

(၆၊၇၊၂၀၀၈) တနင်္ဂနွေနေ့ အလှူလုပ်စဉ်

ကျနော်တို့ (၆၊၇၊၂၀၀၈) တနင်္ဂနွေနေ့မှာ ကျနော်တို့ရဲ့ အစ်ကို တစ်ယောက် အလှူ လုပ်တုန်းက ပျော်စရာပုံလေး တွေတင်ပေးလိုက်ပါတယ်..

Photobucket

Photobucket

အလှူရှင် ကိုယ်တိုင် ၀င်စားနေတယ် ကြည့်ကြပါဦး...

Photobucket

မုန့်တွေ အများကြီး ဘယ်တစ်ခုကို အရင် စားရင် ကောင်းမလဲ စဉ်းစားနေတာဗျ... :)

Photobucket

အကြားအမြင်ဆရာလည်း ရောက်လာပြီး လာစားတာလေဗျာ... ဟဲ ဟဲ

Photobucket

သူလေးကတော့ ကျနော်တို့ရဲ့ ညီမလေးပေါ့ဗျာ..

Photobucket

သူကတော့ ကျနော်တို့ရဲ့ ညီလေး ၀တုတ်ပေါ့...

Photobucket

အသီးတွေတော့ ကုန်ပါပြီးဗျာ...

Photobucket

ဒါကတော့ အလှူပြီးလို့ ကမ်းခြေမှာ အပန်းသွားဖြေတာပေါ့ဗျာ..

Photobucket

Photobucket

Photobucket

လေတံခွန်(စွန်)လေးဗျာ.. ကျနော်တောင် တောင်ကြီးကို သတိရမိတယ်ဗျာ.. စွန်လေးတွေကို လွတ်တဲ့အချိန်လေးကိုပေါ့...

Photobucket

ကမ်းခြေမှာ အပန်းဖြေ ပျော်ရွင်စရာပေါ့ဗျာ...

Photobucket

ကမ်းခြေရဲ့ ညရှုခင်းလေးပေါ့ဗျာ...

Blogger Template by Clairvo