Labels

တနှစ်ပြည့်ကို ပြန်စမ်းစစ်ခြင်း

အချိန်တွေကို ပြန်တွေးကြည့်တော့ အချိန်တွေအကုန်မြန်နေသလို ခံစားမိသည်။ ဘာလိုလိုနဲ့ ဒီစင်ကာပူကို ရောက်တာ တနှစ်ကျော်သွားခဲ့ပါပြီ။ ဒီတနှစ်ကျော်ဆိုတော့ ကျနော် အလုပ်လုပ်ခဲ့သည်မှာလဲ တနှစ်ကျော်နေပါပြီ။ ဒါပေမဲ့ ဦးနှောက်ကို အတွေးနယ်ချဲ့ခိုင်းလိုက်တော့ ဒီတနှစ်အတွင်း ဘာဆိုဘာမှ မရခဲ့ပါပေ။ လူသားတယောက်ဖြစ်သည်အလျှောက် မှန်ရာတွေကို လုပ်ခဲ့သည်။ တချို့တွေသည်လဲ မှားခဲ့သည်။ တချို့တွေကို အမှားကို အမှန်ထင်၍ လုပ်ခဲ့တွေသည်လဲ ရှိခဲ့ပေသည်။ အရာအားလုံးသည် မှန်သည်ကြီး မဟုတ်ခဲ့သလို အရာအားလုံးကိုလဲ ကိုယ်ဖြစ်ချင်တလို ဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။ သေချာစဉ်းစားကြည့်တော့ ကောင်းကျိုးဆိုးကျိုးတွေ များစွာကို တွေ့လာရသည်။

ကောင်းကျိုးများ

၁) လူနေမူအဆင့်အတန်း အတော်အတင့်တော့ မြင့်လာသည်။
၂) ပိုက်ဆံပိုရသည်။ (မြန်မာပြည်နဲ့နှိုင်းယှဉ်လျှင်) အိမ်ကို အနဲငယ် ထောက်ပံ့နိုင်ခဲ့သည်။
၃) ကိုယ့်တိုင်းပြည်မှာ ဘာဖြစ်နေသည်ကို ပြည်တွင်းကလူများထက် ပိုသိလာသည်။
၎) လူအချင်းချင်း ပေါင်းသင်းဆက်ဆံမူ (လူအရိပ်အကဲ ခတ်တတ်မူ)အနဲငယ် တိုးတက်လာသည်။

တကယ်၍ ကျနော်တို့မြို့လေးမှာ နေရင် ဒီအခြေအနေဖြစ်လာဖို့ဆိုသည်မှာ အိပ်မက်ပမာ မက်ယူစရာပင်ဖြစ်ပေလိမ့်မည်။ ကိုယ့်မြို့လေးမှာ နေရသမျှ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ရောင်တောင်တောင် ဘ၀ကို ကုန်ဆုံးဖြစ်မည်မှာ သေချာပေမည်။ ဒီလိုပဲ ကိုယ်မြို့လေးက အဆင့်အတန်းမြင့်မားသည်ဟု ခေါ်ဆိုသော ရန်ကုန်မြို့သို့ရောက်သော လူနေမူက အစ ကွာခြားလာခဲ့သည်။ ပညာကို ဦးစားပေးသော အသိုင်းအ၀န်းထဲတွင် မရုန်းမကန်လို့ မရတော့။ ဒီလိုနဲ့ ဘ၀ကို ဖြတ်သန်းခဲ့သည်။ ရန်ကုန်သည် ကျနော့်မြို့လေးနဲ့ တော်တော်ကို ကွာခြားလေပေသည်။ ဒီလိုပဲ စင်ကာပူကို ရောက်တော့ ရန်ကုန်သည် စင်ကာပူနှင့် အတော်ကို ကွာခြားသွားခဲ့လေပြီ။ ဒီလိုပဲ ပေါင်းသင်းဆက်ဆံရတဲ့ အသိုင်းအ၀ိုင်းသည်လဲ ကွာခြားခဲ့လေသည်။ ဒီစင်ကာပူတွင် ရေမလာသည်ဟု၍ မကြုံဖူးသလို မီးပျက်သည်လဲ တခါမှ မရင်ဆိုင်ခဲ့ဘူးပေ။ အရာအားလုံး ပိုက်ဆံရှိသည်ဆိုလျှင် လုပ်ချင်တာ လုပ်လို့ရပါသည်။ တီဗွီ၊ အင်တာနက် အားလုံးနှင့် ပြည့်စုံနေပေသည်။

ကိုယ့်တိုင်းပြည်မှာ လုပ်လျှင် တလလုပ်စာသည် မိသားစုမပြောနဲ့ ကိုယ့်သုံးသည့် အသုံးစရိတ်တောင် မကာမိချင်ပေ။ ဒီစင်ကာပူမှာတော့ဖြင့် ရသည့်လစာသည် ကိုယ်အသုံးစရိတ်သာမက မိသားစုကိုတော့ အနဲအကျဉ်းထောက်ပံ့နိုင်ပေသည်။ ဒါပေမဲ့ သူများလက်အောက်တွင် လုပ်နေသရွှေ့တော့ လူချမ်းသာတယောက် ဖြစ်နိုင်မည်မဟုတ်ကြောင်းကို အလုပ်လုပ်ရင်းနဲ့ တဖြေးဖြေးသိလာရပါသည်။

မှန်သည်၊ မှားသည်ထက် ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေကို ဒီစင်ကာပူရောက်မှ ပိုသိလာပါသည်။ ကိုယ့်မြို့လေးမှာ နေစဉ် ဒါတွေကို နားမလည်ခဲ့ အချိန်တန်လျှင် မိဘကျွေးသော ထမင်းကိုအေးဆေး စားယုံပင်။ ရန်ကုန်ရောက်တော့ အနည်းငယ် လူရည်လည်လာပါသည်။ လူပေါင်းစုံ စာရိတ္တမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံခဲ့ရပါသည်။ ဒါပေမဲ့ ဦးနှောက်အသိမျက်စိကတော့ အပွင့်ကြီး မဟုတ်သေးပေ။ ဒီစင်ကာပူကိုရောက်မှ ကိုယ့်တိုင်းပြည်နဲ့ ဒီတိုင်းပြည်ကြီး ဘယ်လောက် ကွာဟနေလဲ သိခဲ့ရတယ်။ အာရှအတွင်းတည်ရှိနေသော ဒီနှစ်နိုင်ငံတောင် ဒီလောက် ကွာခြားနေခြင်းကို အံ့သြော်မူမဟုတ

5 comments:

တနှစ်ပြည့်ကို ပြန်စမ်းစစ်ခြင်း

အချိန်တွေကို ပြန်တွေးကြည့်တော့ အချိန်တွေအကုန်မြန်နေသလို ခံစားမိသည်။ ဘာလိုလိုနဲ့ ဒီစင်ကာပူကို ရောက်တာ တနှစ်ကျော်သွားခဲ့ပါပြီ။ ဒီတနှစ်ကျော်ဆိုတော့ ကျနော် အလုပ်လုပ်ခဲ့သည်မှာလဲ တနှစ်ကျော်နေပါပြီ။ ဒါပေမဲ့ ဦးနှောက်ကို အတွေးနယ်ချဲ့ခိုင်းလိုက်တော့ ဒီတနှစ်အတွင်း ဘာဆိုဘာမှ မရခဲ့ပါပေ။ လူသားတယောက်ဖြစ်သည်အလျှောက် မှန်ရာတွေကို လုပ်ခဲ့သည်။ တချို့တွေသည်လဲ မှားခဲ့သည်။ တချို့တွေကို အမှားကို အမှန်ထင်၍ လုပ်ခဲ့တွေသည်လဲ ရှိခဲ့ပေသည်။ အရာအားလုံးသည် မှန်သည်ကြီး မဟုတ်ခဲ့သလို အရာအားလုံးကိုလဲ ကိုယ်ဖြစ်ချင်တလို ဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။ သေချာစဉ်းစားကြည့်တော့ ကောင်းကျိုးဆိုးကျိုးတွေ များစွာကို တွေ့လာရသည်။

ကောင်းကျိုးများ

၁) လူနေမူအဆင့်အတန်း အတော်အတင့်တော့ မြင့်လာသည်။
၂) ပိုက်ဆံပိုရသည်။ (မြန်မာပြည်နဲ့နှိုင်းယှဉ်လျှင်) အိမ်ကို အနဲငယ် ထောက်ပံ့နိုင်ခဲ့သည်။
၃) ကိုယ့်တိုင်းပြည်မှာ ဘာဖြစ်နေသည်ကို ပြည်တွင်းကလူများထက် ပိုသိလာသည်။
၎) လူအချင်းချင်း ပေါင်းသင်းဆက်ဆံမူ (လူအရိပ်အကဲ ခတ်တတ်မူ)အနဲငယ် တိုးတက်လာသည်။

၁) လူနေမူအဆင့်အတန်း အတော်အတင့်တော့ မြင့်လာသည်။

တကယ်၍ ကျနော်တို့မြို့လေးမှာ နေရင် ဒီအခြေအနေဖြစ်လာဖို့ဆိုသည်မှာ အိပ်မက်ပမာ မက်ယူစရာပင်ဖြစ်ပေလိမ့်မည်။ ကိုယ့်မြို့လေးမှာ နေရသမျှ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ရောင်တောင်တောင် ဘ၀ကို ကုန်ဆုံးဖြစ်မည်မှာ သေချာပေမည်။ ဒီလိုပဲ ကိုယ်မြို့လေးက အဆင့်အတန်းမြင့်မားသည်ဟု ခေါ်ဆိုသော ရန်ကုန်မြို့သို့ရောက်သော လူနေမူက အစ ကွာခြားလာခဲ့သည်။ ပညာကို ဦးစားပေးသော အသိုင်းအ၀န်းထဲတွင် မရုန်းမကန်လို့ မရတော့။ ဒီလိုနဲ့ ဘ၀ကို ဖြတ်သန်းခဲ့သည်။ ရန်ကုန်သည် ကျနော့်မြို့လေးနဲ့ တော်တော်ကို ကွာခြားလေပေသည်။ ဒီလိုပဲ စင်ကာပူကို ရောက်တော့ ရန်ကုန်သည် စင်ကာပူနှင့် အတော်ကို ကွာခြားသွားခဲ့လေပြီ။ ဒီလိုပဲ ပေါင်းသင်းဆက်ဆံရတဲ့ အသိုင်းအ၀ိုင်းသည်လဲ ကွာခြားခဲ့လေသည်။ ဒီစင်ကာပူတွင် ရေမလာသည်ဟု၍ မကြုံဖူးသလို မီးပျက်သည်လဲ တခါမှ မရင်ဆိုင်ခဲ့ဘူးပေ။ အရာအားလုံး ပိုက်ဆံရှိသည်ဆိုလျှင် လုပ်ချင်တာ လုပ်လို့ရပါသည်။ တီဗွီ၊ အင်တာနက် အားလုံးနှင့် ပြည့်စုံနေပေသည်။

၂) ပိုက်ဆံပိုရသည်။ (မြန်မာပြည်နဲ့နှိုင်းယှဉ်လျှင်) အိမ်ကို အနဲငယ် ထောက်ပံ့နိုင်ခဲ့သည်။

ကိုယ့်တိုင်းပြည်မှာ လုပ်လျှင် တလလုပ်စာသည် မိသားစုမပြောနဲ့ ကိုယ့်သုံးသည့် အသုံးစရိတ်တောင် မကာမိချင်ပေ။ ဒီစင်ကာပူမှာတော့ဖြင့် ရသည့်လစာသည် ကိုယ်အသုံးစရိတ်သာမက မိသားစုကိုတော့ အနဲအကျဉ်းထောက်ပံ့နိုင်ပေသည်။ ဒါပေမဲ့ သူများလက်အောက်တွင် လုပ်နေသရွှေ့တော့ လူချမ်းသာတယောက် ဖြစ်နိုင်မည်မဟုတ်ကြောင်းကို အလုပ်လုပ်ရင်းနဲ့ တဖြေးဖြေးသိလာရပါသည်။

၃) ကိုယ့်တိုင်းပြည်မှာ ဘာဖြစ်နေသည်ကို ပြည်တွင်းကလူများထက် ပိုသိလာသည်။

မှန်သည်၊ မှားသည်ထက် ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေကို ဒီစင်ကာပူရောက်မှ ပိုသိလာပါသည်။ ကိုယ့်မြို့လေးမှာ နေစဉ် ဒါတွေကို နားမလည်ခဲ့ အချိန်တန်လျှင် မိဘကျွေးသော ထမင်းကိုအေးဆေး စားယုံပင်။ ရန်ကုန်ရောက်တော့ အနည်းငယ် လူရည်လည်လာပါသည်။ လူပေါင်းစုံ စာရိတ္တမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံခဲ့ရပါသည်။ ဒါပေမဲ့ ဦးနှောက်အသိမျက်စိကတော့ အပွင့်ကြီး မဟုတ်သေးပေ။ ဒီစင်ကာပူကိုရောက်မှ ကိုယ့်တိုင်းပြည်နဲ့ ဒီတိုင်းပြည်ကြီး ဘယ်လောက် ကွာဟနေလဲ သိခဲ့ရတယ်။ အာရှအတွင်းတည်ရှိနေသော ဒီနှစ်နိုင်ငံတောင် ဒီလောက် ကွာခြားနေခြင်းကို အံ့သြော်မူမဟုတ်တော့လဲ ၀မ်းနည်းမူတွေတော့ ဖြစ်မိပါသည်။ ကျနော်တို့ တိုင်းပြည်ကြီး ဒီအတိုင်းဖြစ်ဖို့ အချိန်အများကြီး ပြန်ယူရပေမည်။

၎) လူအချင်းချင်း ပေါင်းသင်းဆက်ဆံမူ (လူအရိပ်အကဲ ခတ်တတ်မူ)အနဲငယ် တိုးတက်လာသည်။

လောကတွင် ဘယ်အရာမှ တဦးတယောက်ထဲ နေ၍မရပေ။ အပေါင်းအသင်း အသိုင်းအ၀ိုင်းဆိုတာ ရှိနေသင့်ပေသည်။ ဒီကိုရောက်တော့ အရင်ထက်စာလျှင် လူတွေကို ပေါင်းတတ်လာသည်ဟု ခံစားရသည်။ လူတယောက်ရဲ့ အကြိုက်ကို သိလာသည်။ ဘယ်လို ပေါင်းသင်းရမလဲဆိုတာ နားလည်လာသည်။ သူတပါးတိုင်းပြည်မှာ နေရသူတယောက်အဖို့သည် ကိုယ့်တိုင်းပြည်က လူတယောက်နှင့် ခင်မင်မူလေးရမူသည် ရွှေထက်ပင် တန်ဖိုးကြီးမားလှပေသည်။ ထိုအရာကို လက်ခံကျင့်သုံးခဲ့သည်။ ထိုအတွက် သူငယ်ချင်းအပေါင်းအသင်းများလာသည်။ ကျနော်တွင် သူငယ်ချင်းများကြောင့် သူများတွေလို အိမ်လွမ်းနာဟူ၍ မရှိခဲ့။ ဘလော့ဂါ ညီအကိုမောင်နှမများနှင့်လဲ ခင်မင်ခဲ့ရသည်။ အပျော်ဆုံးကတော့ ကျနော်တို့ မြို့လေးမှာ တူတူနေကြတဲ့ သူငယ်ချင်း ညီအကိုမောင်နှမများနဲ့ ခင်မင်ခဲ့ရခြင်းပေသည်။

ဆိုးကျိုးများ

၁) မိသားစု၊ သူငယ်ချင်း၊ တိုင်းပြည်နဲ့ ခွဲခွာနေရသည်။
၂) ပညာတိုးတက်မူ မရှိသလို (စက်ရုပ်တရုပ်လို)ခံစားရပါသည်။

ကျနော် ချစ်ရသော အမေ၊ မိသားစု မောင်နှမများနှင့် ခွဲခွာနေရပါသည်။ တခါတလေ အလုပ်များတွင် ကြုံတွေ့ရသော Stress များကို ခံစားရတိုင်း အမေ့ကို တမ်းတမိတတ်သည်။ ထိုအတူ သူငယ်ချင်းများကို လဲ လွမ်းနေမိသည်။ ဒီတိုင်းပြည်တွင် လက်ဖက်ရည်ဆိုင်ထိုင် စကားပေါနေသော သူငယ်ချင်းများမရှိပေ။ ကျနော်တို့ မြို့လေးက သူငယ်ချင်းများလို ရင်နှီးပွင့်လင်းမူသည်လဲ အလွန်ကို ရှားပါးပေသည်။ အရာအားလုံးသည် ဟန်ဆောင်ဖုံးလွမ်းမူများနှင့်တာ အတိပြည့်နေပါသည်။ ခဏတာ အလည်ပြန်သည်မှာ ထာဝရနေသည်နဲ့ မတူပေ။ အချိန်အများစုကို တယောက်ထဲ ကုန်ဆုံးခဲ့သည်။ တချိန်တိုင်းလိုကို ကိုယ့်မိသားစု မြို့လေးကို လွမ်းနေမိတတ်သည်။

၂) ပညာတိုးတက်မူ မရှိသလို (စက်ရုပ်တရုပ်လို)ခံစားရပါသည်။

မနက်မိုးလင်းလျှင် အလုပ်ကိုသွား လုပ်စရာများလုပ် ညနေအလုပ်သိမ်းလျှင် အိမ်ပြန်နား ဒါသည်ကျနော်အတွက် နေ့စဉ်တာဝန်ပင်ဖြစ်ပေသည်။ တခါတလေ အလုပ်ကို နေမကောင်းချင် ဟန်ဆောင်၍ ခွင့်ယူကား အိပ်တတ်ပါသည်။ ဒါပေမဲ့ သွားစရာ နေရာကတော့ နတ္တိ။ တနေကုန် အလုပ်သွားပြီး နေ့စဉ် လုပ်နေသမျှကို ရိုးအီနေအောင်လုပ်နေရသည် ဟု ခံစားမိသည်။ သိထားသည့် ပညာတွေတောင် လျှော့နဲလာသည်ဟု ခံစားမိပေသည်။ ပညာကို ကြိုးစားသင်ယူဖို့ အချိန်ဖဲ့ယူရပေမည်။ ဒါပေမဲ့ သင်တန်းကြေးတွေက မနဲလှပေ။ အချိန်တခုတော့ ပေးရပေဦးမည်။

ဒါတွေကတော့ ကျနော် အလုပ်လုပ်နေတဲ့ တနှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ပြန်စဉ်းစားကြည့်မိတာပါ။ ကျနော်ရဲ့ သူငယ်ချင်းတယောက်က စင်ကာပူရောက် အတွေ့အကြုံတွေကို တင်ပါလို့ ပြောတာနဲက စဉ်းစားလိုက်တာ ဒါလေးတွေ ထွက်လာလို့ ကောက်ရေးလိုက်တာပါ။

လေးစားလျက် တောင်ပေါ်သား

9 comments:

အချစ်တခုကို ၀င်ရောက်ခံစားကြည့်ခြင်း

ဒီလောကကြီးမှာ သက်ရှိရယ်လို့ဖြစ်လာရင် အချစ်ဆိုတာကို ခံစားဖူးကြမှာပါပဲ။ ကျနော်တို့လို လူသားတွေအတွက်ကတော့ အချစ်ဆိုတာကို အခြား တိရစ္ဆာန် (သက်ရှိ)တွေထက် ပိုပြီး ရူးမိုက်စွာ ခံစားတတ်ကြပါတယ်။ ဒီတော့ အချစ်ဆိုတာဘာလဲဆိုတာဟာ ဘယ်လိုမှ ပြောလို့ ပြည့်စုံနိုင်မှာ မဟုတ်ဘူးလို့ ကျနော်ယုံကြည်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘ၀ပေါ်လျှောက်လှမ်းခဲ့ရတဲ့ အခြေအနေ လောကဒဏ်ကို ကြုံတွေပြီး အချစ်ဆိုတာဟာလဲ အရောင်တွေ အမျိုးမျိုးပြောင်းလဲ သွားကြမှာပါပဲ။ ဒါပေမဲ့ လူသားတိုင်းမှာတော့ အချစ်ဆိုတာ ရှိတတ်စမြဲပါ။ အချစ်မရှိရင် ဘယ်လူသားတိုင်းမှာမှ တယောက်ထဲ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး ကျနော်ဆိုလိုတာက အချစ်ဆိုတာ ရမ္မက်ပါတဲ့ လူတွေ ပြောဆိုနေတဲ့ (၁၅၀၀) အချစ်လဲ ဖြစ်နိုင်သလို ချမ်းမြေ့သာယာတဲ့ (၅၂၈) အားလုံးကို ဆိုလိုချင်တာပါ။

ကြံကြံဖန်ဖန် ငြင်းချင်သူများ၊ ဝေဖန်ချင်သူများကတော့ ပြောပါလိမ့်မယ်။ ဥပမာ ဘာသာတရားလုပ်တဲ့ ပုဂ္ဂိုလ်တွေကတော့ အချစ်ဆိုတာကို မေ့ထားတယ်လို့ ပြောပါလိမ့်မယ်။ ကျနော် အမြင်တော့ ဒါဟာလဲ အချစ်တခုပါပဲ။ ဥပမာ ဦးပဇ္ဖင်းတပါးဆိုပါတော့ သူက တရားအားထုတ်တယ် ဒါဟာလဲ သူဟာဘာသာတရားကို ချစ်မြတ်နိုးလို့ပါ။ ဒီတော့ကား ကျနော် တဦးထဲ အမြင်ဆိုရင်တော့ အချစ်ဆိုတာ အလွန်တရာမှ ဆန်းကြယ်ပါတယ်။ လောကမှာ မြင်နိုင်တာတွေ ရှိသလို အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာတော့ ကြိုပြီးတွက်ချက်လို့ မရပါဘူး။ အချစ်ဟာလဲ ဒီအတိုင်းပါပဲ အနက်တွေအမျိုးမျိုးကွဲနေပေမဲ့ အချစ်ကတော့ လူသားတိုင်းမှာ ရှိတတ်စမြဲပါ။

တခါတလေများတော့ (၁၅၀၀) ဆိုတဲ့ အချစ်ကို သေချာစဉ်းစားဖူးပါတယ်။ ဒီအချစ်ဟာ ရယူလိုခြင်းလား၊ ပေးဆပ်ခြင်းလား အနစ်နာခံချင်လားပေါ့။ ဒါတွေကလဲ အပေါ်က ပြောခဲ့သလို လူတွေရဲ့ ရပ်တည်မူ ခံစားချက်တွေပေါ်မှာသာ မူတည်နေပါလိမ့်မယ်။ တကယ်တမ်း အချစ်ကို စတင်တွေ့မိတဲ့ အချိန် ကျောင်းသားအရွယ်ဆိုရင်တော့ အချစ်ဟာ ရယူလိုချင်းများ ပြည့်နေဖို့များပါတယ်။ အချစ်ကို ပိုင်ဆိုင်ရမှ ကျေနပ်နေတတ်မှာပါ။ အချစ်ကို အရူးအမူး ခံစားတတ်တဲ့ အရွယ်ပေါ့။ ကျနော်လဲ ဒီအချိန်တွေကို လူသားဖြစ်လာတဲ့အလျှောက်တော့ ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသက်အပိုင်းအခြားပေါ်မူတည်ပြီး ဖြစ်တည်နေတဲ့ အချစ်ရဲ့ ခံယူချက်တွေက တော်တော်ကို ပြောင်းလဲနိုင်ပါတယ်။

ဘ၀မှာ ဒီအတိုင်း မိဘလုပ်စာထိုင်စားနေတဲ့ သာမန်လူတွေနဲ့ အလုပ်လုပ်နေတဲ့ လူတွေရဲ့ စိတ်ခံစားချက်ဟာလဲ အတော်ကို ကွဲပြားခြားနားပါတယ်။ ဥပမာ သာမန် ဒေးတက္ကသိုလ်ကျောင်းသားတယောက်ရဲ့ အတွေးအခေါ်နဲ့ အလုပ်လုပ်ပြီး အဝေးသင်တက္ကသိုလ်တက်နေရတဲ့ ကျောင်းသားတယောက်ရဲ့ ဘ၀ရပ်တည်မူ၊ အချစ်ရဲ့ ခံစားမူတွေဟာ မတူညီနိုင်ပါဘူး။ တခါတရံမှာတော့ အချစ်ဟာ သာယာမူတွေ ပေးတတ်ပါတယ်။ ဒါကို ကြုံတွေ့ခံစားရတဲ့ လူတယောက်ဟာ အချစ်ဟာ ပျော်ရွှင်မူတွေပေးတယ်ပေါ့။ တခါတလေ အချစ်ဟာ စိတ်ညစ်မူတွေကို ပေးတာနဲ့ ကြုံတွေ့ခံစားရတဲ့ လူတယောက်အတွက်တော့ အချစ်ဟာ စိတ်ညစ်စရာတွေ အတိပေါ့။ အဓိကကတော့ ခံစားချက်လေးတွေ ကွာခြားနေတာပါပဲ လို့ ကျနော်မြင်မိပါတယ်။

တကယ်တမ်း အချစ်ဆိုတာထက် သံယောဇဉ်လေးများ ဒီလောကကြီးမှာ ပိုရှိရင် ကောင်းပါလိမ့်မယ်။ အချစ်ဆိုတာက စိတ်ခံစားမူပျော်ရွှင်နေရင် ပျော်စရာကောင်းပေမဲ့ စိတ်ညစ်စရာတွေ ကြုံတွေ့လာရင် အချစ်ဟာ အရာရာပျောက်ဆုံးနေတဲ့ လူတယောက်လို မျှော်လင့်ချက်တွေ ပျက်သုန်းစေပါတယ်။သံယောဇဉ်ဆိုတဲ့ နှောင်ကြိုးလေးက အရမ်းကို ခိုင်မာလှပါတယ်။ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ချစ်သူသမီးရည်းစားတွေပဲ ဖြစ်ဖြစ် သံယောဇဉ်တွေတာ ရှိရင် အလွယ်တကူ ပြတ်တောက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီတော့ သံယောဇဉ်နဲ့ တည်ဆောက်တဲ့ အရာလေးတွေဟာ

10 comments:

အချစ်တခုကို ၀င်ရောက်ခံစားကြည့်ခြင်း

ဒီလောကကြီးမှာ သက်ရှိရယ်လို့ဖြစ်လာရင် အချစ်ဆိုတာကို ခံစားဖူးကြမှာပါပဲ။ ကျနော်တို့လို လူသားတွေအတွက်ကတော့ အချစ်ဆိုတာကို အခြား တိရစ္ဆာန် (သက်ရှိ)တွေထက် ပိုပြီး ရူးမိုက်စွာ ခံစားတတ်ကြပါတယ်။ ဒီတော့ အချစ်ဆိုတာဘာလဲဆိုတာဟာ ဘယ်လိုမှ ပြောလို့ ပြည့်စုံနိုင်မှာ မဟုတ်ဘူးလို့ ကျနော်ယုံကြည်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘ၀ပေါ်လျှောက်လှမ်းခဲ့ရတဲ့ အခြေအနေ လောကဒဏ်ကို ကြုံတွေပြီး အချစ်ဆိုတာဟာလဲ အရောင်တွေ အမျိုးမျိုးပြောင်းလဲ သွားကြမှာပါပဲ။ ဒါပေမဲ့ လူသားတိုင်းမှာတော့ အချစ်ဆိုတာ ရှိတတ်စမြဲပါ။ အချစ်မရှိရင် ဘယ်လူသားတိုင်းမှာမှ တယောက်ထဲ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး ကျနော်ဆိုလိုတာက အချစ်ဆိုတာ ရမ္မက်ပါတဲ့ လူတွေ ပြောဆိုနေတဲ့ (၁၅၀၀) အချစ်လဲ ဖြစ်နိုင်သလို ချမ်းမြေ့သာယာတဲ့ (၅၂၈) အားလုံးကို ဆိုလိုချင်တာပါ။

ကြံကြံဖန်ဖန် ငြင်းချင်သူများ၊ ဝေဖန်ချင်သူများကတော့ ပြောပါလိမ့်မယ်။ ဥပမာ ဘာသာတရားလုပ်တဲ့ ပုဂ္ဂိုလ်တွေကတော့ အချစ်ဆိုတာကို မေ့ထားတယ်လို့ ပြောပါလိမ့်မယ်။ ကျနော် အမြင်တော့ ဒါဟာလဲ အချစ်တခုပါပဲ။ ဥပမာ ဦးပဇ္ဖင်းတပါးဆိုပါတော့ သူက တရားအားထုတ်တယ် ဒါဟာလဲ သူဟာဘာသာတရားကို ချစ်မြတ်နိုးလို့ပါ။ ဒီတော့ကား ကျနော် တဦးထဲ အမြင်ဆိုရင်တော့ အချစ်ဆိုတာ အလွန်တရာမှ ဆန်းကြယ်ပါတယ်။ လောကမှာ မြင်နိုင်တာတွေ ရှိသလို အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာတော့ ကြိုပြီးတွက်ချက်လို့ မရပါဘူး။ အချစ်ဟာလဲ ဒီအတိုင်းပါပဲ အနက်တွေအမျိုးမျိုးကွဲနေပေမဲ့ အချစ်ကတော့ လူသားတိုင်းမှာ ရှိတတ်စမြဲပါ။

တခါတလေများတော့ (၁၅၀၀) ဆိုတဲ့ အချစ်ကို သေချာစဉ်းစားဖူးပါတယ်။ ဒီအချစ်ဟာ ရယူလိုခြင်းလား၊ ပေးဆပ်ခြင်းလား အနစ်နာခံချင်လားပေါ့။ ဒါတွေကလဲ အပေါ်က ပြောခဲ့သလို လူတွေရဲ့ ရပ်တည်မူ ခံစားချက်တွေပေါ်မှာသာ မူတည်နေပါလိမ့်မယ်။ တကယ်တမ်း အချစ်ကို စတင်တွေ့မိတဲ့ အချိန် ကျောင်းသားအရွယ်ဆိုရင်တော့ အချစ်ဟာ ရယူလိုချင်းများ ပြည့်နေဖို့များပါတယ်။ အချစ်ကို ပိုင်ဆိုင်ရမှ ကျေနပ်နေတတ်မှာပါ။ အချစ်ကို အရူးအမူး ခံစားတတ်တဲ့ အရွယ်ပေါ့။ ကျနော်လဲ ဒီအချိန်တွေကို လူသားဖြစ်လာတဲ့အလျှောက်တော့ ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသက်အပိုင်းအခြားပေါ်မူတည်ပြီး ဖြစ်တည်နေတဲ့ အချစ်ရဲ့ ခံယူချက်တွေက တော်တော်ကို ပြောင်းလဲနိုင်ပါတယ်။

ဘ၀မှာ ဒီအတိုင်း မိဘလုပ်စာထိုင်စားနေတဲ့ သာမန်လူတွေနဲ့ အလုပ်လုပ်နေတဲ့ လူတွေရဲ့ စိတ်ခံစားချက်ဟာလဲ အတော်ကို ကွဲပြားခြားနားပါတယ်။ ဥပမာ သာမန် ဒေးတက္ကသိုလ်ကျောင်းသားတယောက်ရဲ့ အတွေးအခေါ်နဲ့ အလုပ်လုပ်ပြီး အဝေးသင်တက္ကသိုလ်တက်နေရတဲ့ ကျောင်းသားတယောက်ရဲ့ ဘ၀ရပ်တည်မူ၊ အချစ်ရဲ့ ခံစားမူတွေဟာ မတူညီနိုင်ပါဘူး။ တခါတရံမှာတော့ အချစ်ဟာ သာယာမူတွေ ပေးတတ်ပါတယ်။ ဒါကို ကြုံတွေ့ခံစားရတဲ့ လူတယောက်ဟာ အချစ်ဟာ ပျော်ရွှင်မူတွေပေးတယ်ပေါ့။ တခါတလေ အချစ်ဟာ စိတ်ညစ်မူတွေကို ပေးတာနဲ့ ကြုံတွေ့ခံစားရတဲ့ လူတယောက်အတွက်တော့ အချစ်ဟာ စိတ်ညစ်စရာတွေ အတိပေါ့။ အဓိကကတော့ ခံစားချက်လေးတွေ ကွာခြားနေတာပါပဲ လို့ ကျနော်မြင်မိပါတယ်။

တကယ်တမ်း အချစ်ဆိုတာထက် သံယောဇဉ်လေးများ ဒီလောကကြီးမှာ ပိုရှိရင် ကောင်းပါလိမ့်မယ်။ အချစ်ဆိုတာက စိတ်ခံစားမူပျော်ရွှင်နေရင် ပျော်စရာကောင်းပေမဲ့ စိတ်ညစ်စရာတွေ ကြုံတွေ့လာရင် အချစ်ဟာ အရာရာပျောက်ဆုံးနေတဲ့ လူတယောက်လို မျှော်လင့်ချက်တွေ ပျက်သုန်းစေပါတယ်။သံယောဇဉ်ဆိုတဲ့ နှောင်ကြိုးလေးက အရမ်းကို ခိုင်မာလှပါတယ်။ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ချစ်သူသမီးရည်းစားတွေပဲ ဖြစ်ဖြစ် သံယောဇဉ်တွေတာ ရှိရင် အလွယ်တကူ ပြတ်တောက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီတော့ သံယောဇဉ်နဲ့ တည်ဆောက်တဲ့ အရာလေးတွေဟာ ပိုပြီးတော့ ခိုင်မြဲမယ်လို့ ထင်မြင်မိပါတယ်။

ဒါကတော့ ကျနော်ကို Tag ထားတဲ့ လေလွင့်နေသူ ရဲ့ အချစ်ကို ဘယ်လိုနားလည်သလဲ ဆိုတဲ့ Tag ပိုစ့်လေးပါ။ ကျနော်လဲ ဒီတခါတော့ပြန် Tag ပါဦးမယ်။

၁)အချစ်ကို ရှာမတွေ့သေးတဲ့ ဦးရှင်ကြီး (ရေးပြီးပါပြီ)
၂)အမြဲရန်ဖြစ်နေတဲ့ ဦးနော် ၊ တီငယ် (၂ ယောက်လုံးနော်)(ရေးပြီးပါပြီ) ကလေးလေးက တော့ ငယ်သေးလို့ ခွင့်လွတ်လိုက်မယ်၊
၃)ကျနော်ရဲ့ အကိုတော် ပုလုကွေး
၎)ပြီးတော့ အကိုတော် ကိုBee
၅)ကိုဖြိုး (ရေးပြီးပါပြီ) ရပြီ ဒီလောက်နဲ့ နားဦးမယ် တော်ကြာ ထောင်းခံနေရမယ် အဟား

လေးစားလျက် တောင်ပေါ်သား

12 comments:

အခုတော့ ဟာသ တချိန်တုန်းက ဒုက္ခ Tag

ကိုBee က Tag ထားတာလဲ ကြာနေပါပြီ။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူးဗျာ.. ခုတလော စိတ်ကလဲ ရှုပ်နေလို့ ကိုယ့်ဘလော့ပေါ်ကို မတက်ဖြစ်တော့တာကြာပြီ ပိုစ့်တွေလဲ ဦးနှောက်ထဲကနေ အပြင်ကို တော်ယုံမရောက်နိုင်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ဘလော့စွဲလမ်းတဲ့ ရောဂါက မလွယ်ပါဘူးဗျာ လူမသိ သူမသိသွားလည် ရတာလဲ ကောင်းပါတယ်။ တခါတလေ စိတ်ညစ်နေရင် ဘာမှ မဖြေရှင်းတတ်တဲ့ ဒီဦးနှောက်ကိုပဲ အပြစ်တင်သင့်တယ် ထင်တာပါပဲ။ ခုတော့ Tag ပို့လေး ရေးလိုက်ဦးမယ်ဗျာ မဟုတ်ရင် Tag ကြွေးတွေများပြီး သေသွားရင် ဒုက္ခ။ လေလွင့်နေတဲ့သူတယောက် ကလဲ Tag ထားသေးတယ်ဗျ။ ခုတော့ ကိုBee Tag ထားတာ အရင် ရေးလိုက်ဦးမယ်ဗျာ.. ခေါင်းစဉ်ကလဲ ခက်သားဗျာ သေချာစဉ်းစားရတယ် ငယ်ငယ်က ကျနော်ဘာဗရုတ်ဒုက္ခလုပ်ပြီး ခုပြန်တွေးရင် ရီရသလဲလို့ပေါ့။ ဒါပေမဲ့ အဲ့လို ရီရတာက ရေးထားပြီးသားကြီးလေ အလုပ်သွားရင် ပုဆိုးပြောင်းပြန် မှားဝတ်သွားတာမျိုးပေါ့။ ( ယောပုဆိုးမှာမှာတဲ့ အကွက်လေးတွေ အထက်အောက်မှားဝတ်တာပါ)။ ခုသေချာပြန်စဉ်းစားတော့ ကျောင်းတုန်းက အဖြစ်လေးကို သတိရမိပါတယ်…..

ကျနော်တို့ကျောင်းက နယ်ကကျောင်းတွေဆိုတော့ ရန်ကုန်လိုမြို့ ဟိတ်ဟန်တွေ သိပ်မရှိဘူးပေါ့။ အားလုံးက ရှိတာလေးတွေ ၀တ်ပြီး ကျောင်းတက်ကြပါတယ်။ ကျောင်းကိစ္စဆိုလဲ အားလုံး ၀ိုင်းဝန်းပြီး တက်ညီလက်ညီ ပါဝင်ကြတာများပါတယ်။ ကျနော်တို့ (၉)တန်းကျောင်းသားဘ၀တုန်းက အဖြစ်အပျက်လေးပါ။ ကျနော်တို့ကျောင်းမှာ (၉)တန်းအခန်းက များပါတယ်။ အားလုံးပေါင်း (၇) ခန်းလောက် ရှိတာ။ ပြီးတော့ အခန်းတခုချင်းစီကို စိုက်ခင်းလေးတခုစီ ပေးထားပါတယ်။ ကျောင်းသား၊ကျောင်းသူတွေက အဲ့ဒီစိုက်ခင်းလေးကို ပန်းပင်တွေ ရာသီပေါ် အသီးအနှံတွေ စိုက်ကြရပါတယ်။ တပတ်မှာတချိန်တော့ စိုက်ပျိုးရေး အချိန်ဆိုပြီး သတ်မှတ်ပြီး ထားပေးထားပါတယ်။ ဒီတော့ ကျနော်တို့သူငယ်ချင်းတွေလဲ စိုက်ပျိုးရေးချိန်ရောက်ပြီးဆို အရမ်းပျော်တာပေါ့။ စာမသင်ရပဲ ပေါင်းပင် မြက်ပင်လေးနဲနဲလောက် နုတ်ပြီး ဘောလုံးသွားကန်နေကြပေါ့။ အများဆုံး စိုက်ကြတာကတော့ ကြက်သွန်မြိတ်ပင်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ခရမ်းသီးပင်၊ ငရုတ်ပင် စသည်ဖြင့် အမြန်လဲ ပေါက်လွယ်တဲ့ အပင်တွေ စိုက်တာများပါတယ်။ စိုက်လို့ အောင်မြင်ရင် အဲ့ဒါတွေ ခူးပြီး တခန်းဝင်တခန်းထွက် လိုက်ရောင်းရပါတယ်။ ဆရာမတွေကလဲ ၀ယ်ပြီး အားပေးကြပါတယ်။

အခုမှ ဇာတ်လမ်းကစမှာဗျ… တနေ့ ဆရာမတွေ အစည်းအဝေးထိုင်ပြီး စိုက်ပျိုးရေးကွက်လေးတွေကို လှပအောင် လုပ်ဖို့ ကျနော်တို့ ကျောင်းသားတွေကိုပြောပါတယ်။ ဒီမှာကျနော်တို့ ကျောင်းသားတွေတော်တော်များများက သဘောတူကြပါတယ်။ ဒီတော့ ခြံစည်းရိုးခတ်မယ်ဆို ၀ါးတွေလိုလာပါတယ်။ ၀ါးက ၀ယ်ရင်ရပေမဲ့ ပိုက်ဆံမကုန်ချင်တာရယ် ပြီးတော့ ကျောင်းသားဖြစ်တဲ့အလျှောက် သူငယ်ချင်းတွေနဲ့ ကဲချင်တာရယ်ပေါင်းပြီး ကျနော်တို့ ၀ါးကိုယ်တိုင် ခုတ်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ ကျနော်တို့ ရှမ်းပြည်နယ်မှာ ၀ါးတွေက တော်တော်ပေါပါတယ်။ မြို့လေးရဲ့ အနောက်ဖက်မှာ ၀ါးတောတွေ ရှိပါတယ်။ တောင်ကုန်းတွေကြားမှာ ပေါက်နေတာတွေပေါ့။ဒီလိုနဲ့ သူငယ်ချင်းတသိုက် ၀ါးခုတ်ဖို့ တိုင်ပင်ပြီး အနောက်တောထဲကို ထွက်လာပါတယ်။

အဲဒီအနောက်တောင်ကုန်းတွေမှာ များသောအားဖြင့် လယ်ယာလုပ်ကိုင်တဲ့လူတွေရဲ့ မြေကွက်တွေရှိပါတယ်။ များသောအားဖြင့် သူတို့က စပါးမစိုက်ပါဘူး။ သစ်တော်သီးတွေ စိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုပါတယ်။ အဲ့အနောက်တောရဲ့ အပေါ်မှာတော့တောင်ကြီးမြို့ရဲ့ နာမည်ကြီး စေတီတခုဖြစ်တဲ့ အရိုးဂူဘုရားဆိုတာလဲ ရှိပါတယ်။ အဲမှာ မျှော်စင်လေးတွေ ဆောက်ထားပေးပါတယ
်။ မျှော်စင်လေးပေါ်က တက်ပြီး ကြည့်လိုက်ရင် တောင်ကြီးမြို့ရဲ့ အလွန်တရာ လှပတဲ့ ရှုခင်းတွေကို မြင်ရပါတယ်။ ညနေ နေ၀င်ဆည်းဆာရဲ့ အလှကို တောင်တန်းတွေနဲ့ ပေါင်းစပ်ထားတာ အလွန်တရာမှ ကြည့်ရတာ လှပပါတယ်။ အဲ စကားပြန်စပ်ဦးမှ အဲဒီအနောက်တောကြီးက လျှိုလိုမျိုးပါ။ ကုန်းဆင်းမတ်မတ်ကြီးကို ဆင်းသွားမှ ကျနော်တို့ လိုချင်တဲ့ ၀ါးပင်တွေ ရှိပါတယ်။ အဲ့ဒီတော့ ကျနော်တို့သူငယ်ချင်းတသိုက်လဲ ၀ါးခုတ်ဖို့ဝါးတောရှိရာကို ဆင်းသွားပါတယ်။ ပြီးတော့ ၀ါးတွေခုတ်ပေါ့ ပြီးရင် သူငယ်ချင်းတွေထဲက လက်ဆော့တဲ့ကောင်တွေက သစ်တော်သီးတွေ ခူးပြီး စားလို့စားပေါ့ ပျော်နေကြတာပါပဲ။

အဲဒီအချိန်မှာ ဘယ်ဆီကလဲ မသိတဲ့အသံကျယ်ကြီးနဲ့ ကျနော်တို့ဆီကို လာနေသံကြားရပါတယ်။ ပါးစပ်ကလဲ အမေနှမတွေပါတဲ့ စကားလုံးသံတွေနဲ့ဆဲပြီးတော့ကို လာနေတာပါ။ အကြောင်းကတော့ သစ်တော်သီးခိုးစားလို့ပါခင်ဗျာ။ တောင်းစားရင် ရသားနဲ့ ကျနော်တို့တတွေလဲ ကျောင်းသားတွေဆိုပြီး လုပ်ချင်တာလုပ်တာလေ ဒီတော့ သစ်တောသီးခြံပိုင်ရှင် ဦးလေးက ဓားတချောင်းကိုင်ပြီး လိုက်တာဗျ။ ပါးစပ်ကလဲ “ဒီေ-ွးမသားတွေ သူများခြံကအသီးကို ဒီလိုခိုးစားရသလား တွေ့လို့ကတော့ သေအောင်ကို ဓါးနဲ့ ခုတ်သတ်မယ်တဲ့“ ဗျာ ကျနော်တို့သူငယ်ချင်းတွေလဲ ၀ါးခုတ်နေတဲ့အချိန်ဆိုတော့ ဓါးတွေကိုပစ်ချပြီး ထွက်ပြေးရပါတော့တယ်။ ဒါပေမဲ့လမ်းက မကျွမ်းတော့ ဘယ်လိုပြေးရမှန်းမသိဘူးဗျ။ ကျနော်နဲ့ သူငယ်ချင်းတယောက်(ပူးတူးဆိုတဲ့ သူငယ်ချင်းထင်တယ်) တောထဲက ရေချောင်းလေးထဲမှာ တိတ်တိတ်လေး ၀င်ပုန်းနေရတာပေါ့။ ကံကောင်းတာက ရေချောင်းဘေးမှာ ပေါက်နေတဲ့ အပင်တွေက ချောင်းလေးကို ပိတ်ဖုံးနေတော့ သိပ်ပြီး မမြင်ရဘူးဗျ။ အဲဒီအချိန်မှာ အကြောက်ဆုံးပဲဗျာ။ ဘယ်လိုမှ မခံစားဘူးတဲ့ ကြောက်လန့်မူတွေကို ခံစားနေရတယ်။ ပြီးတော့ အဲ့ဒီဦးလေးက ကျနော်တို့ရဲ့ ရှေ့လေးမှာ ကျနော်တို့ကို ရှာနေတာဗျ။ ပါးစပ်ကလဲ ဓါးကြိမ်း ကြိမ်းနေလေရဲ့။ ဒီလိုနဲ့ (၁)နာရီလောက်ထိ ငုတ်တုတ်လေး ချောင်းရေလေးထဲမှာ အသံပိတ်နေရတာဗျာ.. ခြေထောက်တွေကအေး အဲ့ဒီဦးလေးကလဲ ဇွဲကောင်းကောင်းနဲ့ ရှာနေတာဗျာ။

(၁)နာရီကျော်ကြာတော့ အသံတွေတိတ်သွားတော့ အသာလေး ထွက်လာလိုက်တာ ဟိုဘက် ခြုံထဲက ကျနော်သူငယ်ချင်း (၂)ယောက်ပါ ထွက်လာပါတယ်။ ဒီကောင်နေလဲ တော်တယ်ဗျ ကျနော်တို့ သူတို့ ရှိတာတောင်မသိရဘူး။ ကျနော်တို့ လျှိုပေါ်ကပြန်တက်မယ်လုပ်တော့ တကောင်က စကားစတယ်။ ခုတ်ထားတဲ့ဝါးတွေ ဘယ်လိုလုပ်မလဲတဲ့ ဟုတ်သားပဲ ကျနော်တို့ အမောခံ ခုတ်ထားတာတော့ အလကားအဖြစ်မခံနိုင်ဘူး။ ဒီတော့ မရရအောင် သယ်မယ်ဆုံးဖြတ်ပြီး လူ(၄)ယောက် ၀ါးလုံးအရှည် ၂လုံးကို ထမ်းပြီး အမြန်ပြေးလာရတာမောလိုက်တာဗျာ။ အပေါ်ရောက်တော့ အရိုးဂူဘုရားကျောင်းထဲ ရေလေးဝင်သောက်တော့ တခြားသူငယ်ချင်းတသိုက်က အေးဆေး ရယ်လို့မောလို့ မင်းတို့က ဘယ်လိုလုပ် ဒီရောက်နေတာလဲဆိုတော့ ငါတို့ကိုလိုက်တာ ဘုရားကျောင်းအောက်ခြေတဲ့တဲ့ကနေ တောင်ပေါ်ပြေးတက်လာတာတဲ့ ဆရာသများတွေက ကျနော်တို့မှာသာ ကိုယ်အောက်ပိုင်းရေစိမ်ရင်း ဘုရားတနေရတဲ့ အဖြစ်။ဘာလိုပြောပြော ကျနော်တို့ နောက်ဆုံးတော့ ကျနော်တို့လိုချင်တဲ့ အရာ(၀ါးလုံး)တော့ ရအောင် ယူလာနိုင်ခဲ့ပါတယ်။

စာကြွင်း။ ။ ကိုBee က Tag ထားတာဘယ်လို ဆိုလိုတာလဲတော့ သေချာမသိဘူး။ ကျနော်ကတော့ ရေးချင်တာတွေ ရေးချလိုက်ပြီဗျာ…ခုချိန်ထိ ဒီအကြောင်းလေး ပြန်စဉ်းစားရင် သူငယ်ချင်းတွေကို သတိရပြီး ပြုံးနေမိပါသေးတယ်။

လေးစားလျက် တောင်ပေါ်သား

7 comments:

အခုတော့ ဟာသ တချိန်တုန်းက ဒုက္ခ Tag

ကိုBee က Tag ထားတာလဲ ကြာနေပါပြီ။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူးဗျာ.. ခုတလော စိတ်ကလဲ ရှုပ်နေလို့ ကိုယ့်ဘလော့ပေါ်ကို မတက်ဖြစ်တော့တာကြာပြီ ပိုစ့်တွေလဲ ဦးနှောက်ထဲကနေ အပြင်ကို တော်ယုံမရောက်နိုင်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ ဘလော့စွဲလမ်းတဲ့ ရောဂါက မလွယ်ပါဘူးဗျာ လူမသိ သူမသိသွားလည် ရတာလဲ ကောင်းပါတယ်။ တခါတလေ စိတ်ညစ်နေရင် ဘာမှ မဖြေရှင်းတတ်တဲ့ ဒီဦးနှောက်ကိုပဲ အပြစ်တင်သင့်တယ် ထင်တာပါပဲ။ ခုတော့ Tag ပို့လေး ရေးလိုက်ဦးမယ်ဗျာ မဟုတ်ရင် Tag ကြွေးတွေများပြီး သေသွားရင် ဒုက္ခ။ လေလွင့်နေတဲ့သူတယောက် ကလဲ Tag ထားသေးတယ်ဗျ။ ခုတော့ ကိုBee Tag ထားတာ အရင် ရေးလိုက်ဦးမယ်ဗျာ.. ခေါင်းစဉ်ကလဲ ခက်သားဗျာ သေချာစဉ်းစားရတယ် ငယ်ငယ်က ကျနော်ဘာဗရုတ်ဒုက္ခလုပ်ပြီး ခုပြန်တွေးရင် ရီရသလဲလို့ပေါ့။ ဒါပေမဲ့ အဲ့လို ရီရတာက ရေးထားပြီးသားကြီးလေ အလုပ်သွားရင် ပုဆိုးပြောင်းပြန် မှားဝတ်သွားတာမျိုးပေါ့။ ( ယောပုဆိုးမှာမှာတဲ့ အကွက်လေးတွေ အထက်အောက်မှားဝတ်တာပါ)။ ခုသေချာပြန်စဉ်းစားတော့ ကျောင်းတုန်းက အဖြစ်လေးကို သတိရမိပါတယ်…..

ကျနော်တို့ကျောင်းက နယ်ကကျောင်းတွေဆိုတော့ ရန်ကုန်လိုမြို့ ဟိတ်ဟန်တွေ သိပ်မရှိဘူးပေါ့။ အားလုံးက ရှိတာလေးတွေ ၀တ်ပြီး ကျောင်းတက်ကြပါတယ်။ ကျောင်းကိစ္စဆိုလဲ အားလုံး ၀ိုင်းဝန်းပြီး တက်ညီလက်ညီ ပါဝင်ကြတာများပါတယ်။ ကျနော်တို့ (၉)တန်းကျောင်းသားဘ၀တုန်းက အဖြစ်အပျက်လေးပါ။ ကျနော်တို့ကျောင်းမှာ (၉)တန်းအခန်းက များပါတယ်။ အားလုံးပေါင်း (၇) ခန်းလောက် ရှိတာ။ ပြီးတော့ အခန်းတခုချင်းစီကို စိုက်ခင်းလေးတခုစီ ပေးထားပါတယ်။ ကျောင်းသား၊ကျောင်းသူတွေက အဲ့ဒီစိုက်ခင်းလေးကို ပန်းပင်တွေ ရာသီပေါ် အသီးအနှံတွေ စိုက်ကြရပါတယ်။ တပတ်မှာတချိန်တော့ စိုက်ပျိုးရေး အချိန်ဆိုပြီး သတ်မှတ်ပြီး ထားပေးထားပါတယ်။ ဒီတော့ ကျနော်တို့သူငယ်ချင်းတွေလဲ စိုက်ပျိုးရေးချိန်ရောက်ပြီးဆို အရမ်းပျော်တာပေါ့။ စာမသင်ရပဲ ပေါင်းပင် မြက်ပင်လေးနဲနဲလောက် နုတ်ပြီး ဘောလုံးသွားကန်နေကြပေါ့။ အများဆုံး စိုက်ကြတာကတော့ ကြက်သွန်မြိတ်ပင်၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ခရမ်းသီးပင်၊ ငရုတ်ပင် စသည်ဖြင့် အမြန်လဲ ပေါက်လွယ်တဲ့ အပင်တွေ စိုက်တာများပါတယ်။ စိုက်လို့ အောင်မြင်ရင် အဲ့ဒါတွေ ခူးပြီး တခန်းဝင်တခန်းထွက် လိုက်ရောင်းရပါတယ်။ ဆရာမတွေကလဲ ၀ယ်ပြီး အားပေးကြပါတယ်။

အခုမှ ဇာတ်လမ်းကစမှာဗျ… တနေ့ ဆရာမတွေ အစည်းအဝေးထိုင်ပြီး စိုက်ပျိုးရေးကွက်လေးတွေကို လှပအောင် လုပ်ဖို့ ကျနော်တို့ ကျောင်းသားတွေကိုပြောပါတယ်။ ဒီမှာကျနော်တို့ ကျောင်းသားတွေတော်တော်များများက သဘောတူကြပါတယ်။ ဒီတော့ ခြံစည်းရိုးခတ်မယ်ဆို ၀ါးတွေလိုလာပါတယ်။ ၀ါးက ၀ယ်ရင်ရပေမဲ့ ပိုက်ဆံမကုန်ချင်တာရယ် ပြီးတော့ ကျောင်းသားဖြစ်တဲ့အလျှောက် သူငယ်ချင်းတွေနဲ့ ကဲချင်တာရယ်ပေါင်းပြီး ကျနော်တို့ ၀ါးကိုယ်တိုင် ခုတ်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ ကျနော်တို့ ရှမ်းပြည်နယ်မှာ ၀ါးတွေက တော်တော်ပေါပါတယ်။ မြို့လေးရဲ့ အနောက်ဖက်မှာ ၀ါးတောတွေ ရှိပါတယ်။ တောင်ကုန်းတွေကြားမှာ ပေါက်နေတာတွေပေါ့။ဒီလိုနဲ့ သူငယ်ချင်းတသိုက် ၀ါးခုတ်ဖို့ တိုင်ပင်ပြီး အနောက်တောထဲကို ထွက်လာပါတယ်။

အဲဒီအနောက်တောင်ကုန်းတွေမှာ များသောအားဖြင့် လယ်ယာလုပ်ကိုင်တဲ့လူတွေရဲ့ မြေကွက်တွေရှိပါတယ်။ များသောအားဖြင့် သူတို့က စပါးမစိုက်ပါဘူး။ သစ်တော်သီးတွေ စိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုပါတယ်။ အဲ့အနောက်တောရဲ့ အပေါ်မှာတော့တောင်ကြီးမြို့ရဲ့ နာမည်ကြီး စေတီတခုဖြစ်တဲ့ အရိုးဂူဘုရားဆိုတာလဲ ရှိပါတယ်။ အဲမှာ မျှော်စင်လေးတွေ ဆောက်ထားပေးပါတယ်။ မျှော်စင်လေးပေါ်က တက်ပြီး ကြည့်လိုက်ရင် တောင်ကြီးမြို့ရဲ့ အလွန်တရာ လှပတဲ့ ရှုခင်းတွေကို မြင်ရပါတယ်။ ညနေ နေ၀င်ဆည်းဆာရဲ့ အလှကို တောင်တန်းတွေနဲ့ ပေါင်းစပ်ထားတာ အလွန်တရာမှ ကြည့်ရတာ လှပပါတယ်။ အဲ စကားပြန်စပ်ဦးမှ အဲဒီအနောက်တောကြီးက လျှိုလိုမျိုးပါ။ ကုန်းဆင်းမတ်မတ်ကြီးကို ဆင်းသွားမှ ကျနော်တို့ လိုချင်တဲ့ ၀ါးပင်တွေ ရှိပါတယ်။ အဲ့ဒီတော့ ကျနော်တို့သူငယ်ချင်းတသိုက်လဲ ၀ါးခုတ်ဖို့ဝါးတောရှိရာကို ဆင်းသွားပါတယ်။ ပြီးတော့ ၀ါးတွေခုတ်ပေါ့ ပြီးရင် သူငယ်ချင်းတွေထဲက လက်ဆော့တဲ့ကောင်တွေက သစ်တော်သီးတွေ ခူးပြီး စားလို့စားပေါ့ ပျော်နေကြတာပါပဲ။

အဲဒီအချိန်မှာ ဘယ်ဆီကလဲ မသိတဲ့အသံကျယ်ကြီးနဲ့ ကျနော်တို့ဆီကို လာနေသံကြားရပါတယ်။ ပါးစပ်ကလဲ အမေနှမတွေပါတဲ့ စကားလုံးသံတွေနဲ့ဆဲပြီးတော့ကို လာနေတာပါ။ အကြောင်းကတော့ သစ်တော်သီးခိုးစားလို့ပါခင်ဗျာ။ တောင်းစားရင် ရသားနဲ့ ကျနော်တို့တတွေလဲ ကျောင်းသားတွေဆိုပြီး လုပ်ချင်တာလုပ်တာလေ ဒီတော့ သစ်တောသီးခြံပိုင်ရှင် ဦးလေးက ဓားတချောင်းကိုင်ပြီး လိုက်တာဗျ။ ပါးစပ်ကလဲ “ဒီေ-ွးမသားတွေ သူများခြံကအသီးကို ဒီလိုခိုးစားရသလား တွေ့လို့ကတော့ သေအောင်ကို ဓါးနဲ့ ခုတ်သတ်မယ်တဲ့“ ဗျာ ကျနော်တို့သူငယ်ချင်းတွေလဲ ၀ါးခုတ်နေတဲ့အချိန်ဆိုတော့ ဓါးတွေကိုပစ်ချပြီး ထွက်ပြေးရပါတော့တယ်။ ဒါပေမဲ့လမ်းက မကျွမ်းတော့ ဘယ်လိုပြေးရမှန်းမသိဘူးဗျ။ ကျနော်နဲ့ သူငယ်ချင်းတယောက်(ပူးတူးဆိုတဲ့ သူငယ်ချင်းထင်တယ်) တောထဲက ရေချောင်းလေးထဲမှာ တိတ်တိတ်လေး ၀င်ပုန်းနေရတာပေါ့။ ကံကောင်းတာက ရေချောင်းဘေးမှာ ပေါက်နေတဲ့ အပင်တွေက ချောင်းလေးကို ပိတ်ဖုံးနေတော့ သိပ်ပြီး မမြင်ရဘူးဗျ။ အဲဒီအချိန်မှာ အကြောက်ဆုံးပဲဗျာ။ ဘယ်လိုမှ မခံစားဘူးတဲ့ ကြောက်လန့်မူတွေကို ခံစားနေရတယ်။ ပြီးတော့ အဲ့ဒီဦးလေးက ကျနော်တို့ရဲ့ ရှေ့လေးမှာ ကျနော်တို့ကို ရှာနေတာဗျ။ ပါးစပ်ကလဲ ဓါးကြိမ်း ကြိမ်းနေလေရဲ့။ ဒီလိုနဲ့ (၁)နာရီလောက်ထိ ငုတ်တုတ်လေး ချောင်းရေလေးထဲမှာ အသံပိတ်နေရတာဗျာ.. ခြေထောက်တွေကအေး အဲ့ဒီဦးလေးကလဲ ဇွဲကောင်းကောင်းနဲ့ ရှာနေတာဗျာ။

(၁)နာရီကျော်ကြာတော့ အသံတွေတိတ်သွားတော့ အသာလေး ထွက်လာလိုက်တာ ဟိုဘက် ခြုံထဲက ကျနော်သူငယ်ချင်း (၂)ယောက်ပါ ထွက်လာပါတယ်။ ဒီကောင်နေလဲ တော်တယ်ဗျ ကျနော်တို့ သူတို့ ရှိတာတောင်မသိရဘူး။ ကျနော်တို့ လျှိုပေါ်ကပြန်တက်မယ်လုပ်တော့ တကောင်က စကားစတယ်။ ခုတ်ထားတဲ့ဝါးတွေ ဘယ်လိုလုပ်မလဲတဲ့ ဟုတ်သားပဲ ကျနော်တို့ အမောခံ ခုတ်ထားတာတော့ အလကားအဖြစ်မခံနိုင်ဘူး။ ဒီတော့ မရရအောင် သယ်မယ်ဆုံးဖြတ်ပြီး လူ(၄)ယောက် ၀ါးလုံးအရှည် ၂လုံးကို ထမ်းပြီး အမြန်ပြေးလာရတာမောလိုက်တာဗျာ။ အပေါ်ရောက်တော့ အရိုးဂူဘုရားကျောင်းထဲ ရေလေးဝင်သောက်တော့ တခြားသူငယ်ချင်းတသိုက်က အေးဆေး ရယ်လို့မောလို့ မင်းတို့က ဘယ်လိုလုပ် ဒီရောက်နေတာလဲဆိုတော့ ငါတို့ကိုလိုက်တာ ဘုရားကျောင်းအောက်ခြေတဲ့တဲ့ကနေ တောင်ပေါ်ပြေးတက်လာတာတဲ့ ဆရာသများတွေက ကျနော်တို့မှာသာ ကိုယ်အောက်ပိုင်းရေစိမ်ရင်း ဘုရားတနေရတဲ့ အဖြစ်။ဘာလိုပြောပြော ကျနော်တို့ နောက်ဆုံးတော့ ကျနော်တို့လိုချင်တဲ့ အရာ(၀ါးလုံး)တော့ ရအောင် ယူလာနိုင်ခဲ့ပါတယ်။

စာကြွင်း။ ။ ကိုBee က Tag ထားတာဘယ်လို ဆိုလိုတာလဲတော့ သေချာမသိဘူး။ ကျနော်ကတော့ ရေးချင်တာတွေ ရေးချလိုက်ပြီဗျာ…ခုချိန်ထိ ဒီအကြောင်းလေး ပြန်စဉ်းစားရင် သူငယ်ချင်းတွေကို သတိရပြီး ပြုံးနေမိပါသေးတယ်။

လေးစားလျက် တောင်ပေါ်သား

8 comments:

ခေါင်းမရှိတဲ့ ကျနော်

မနက်ခင်း အိပ်ရာထတော့ အလန့်တကြား ကိုယ့်ခေါင်းကို ပြန်စမ်းမိသည်။ အဲသွားပြီ ငါ့ခေါင်းဘယ်ရောက်နေပါလိမ့်… မနေ့ညကတော့ ငါ့ခေါင်းရှိပါသေးတယ်။ မှန်ရှေ့သွားရပ်ကြည့်တော့လဲ သေချာပြီ ငါ့ ဦးခေါင်းပျောက်နေပြီ ဘယ်နားရောက်နေပါလိမ့်… ခေါင်းမရှိတဲ့ ကိုယ်။ ပုံမှန်အတိုင်း ခေါင်းပါနေတုန်းကတော့ အမူမဲ့အမှတ်မဲ့ သတိမထားမိခဲ့ မျက်နှာရဲ့ ကောင်းကျိုးတွေကို။ ခု ခေါင်းမရှိတော့မှ သတိထားမိသည်။ ဘယ်မှာလဲ ငါ့ မျက်လုံး၊ စက္ခုမျက်လုံး မရှိပဲနဲ့တော့ အရာအားလုံးကို မြင်နိုင်မယ်မထင်။ ခေါင်းမရှိတဲ့ကောင်ဟာ တိရစ္ဆာန်နဲ့တူတယ်တဲ့ လူများတွေ ပြောနေကြတယ်။ ငါတော့ ကိုယ့်ဟာကိုယ် တိရစ္ဆာန် အဖြစ်မခံနိုင် ဦးခေါင်းရှာပုံတော် ဖွင့်ရပေဦးမည်။ အ၀တ်အစားလဲပြီး အိမ်ပြင်ထွက်ဖို့ ပြင်သည်။ မနက်စာလုပ်နေသော အမေ့၏ အသံကိုကြားမိသည်။ ဟဲ့သား မနက်စောစော ဘယ်သွားမလို့တုန်းအမေ့ကိုမကြည့်ပဲ ကျနော့်ခေါင်းပျောက်နေလို့ ခေါင်းသွားရှာဦးမယ် အမေ ဟု အော်ကာ ထွက်လာမိသည်။

သောက်နေကျ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးကို ရောက်တော့ ဆိုင်ရှင်ကို လှမ်းမေးလိုက်တယ်။ ကျနော့် ဦးခေါင်းပျောက်နေလို့ဗျာ တွေ့မိသေးသလား.. ဆိုင်ရှင်က ကျနော့်ကို ပြောသည်။ မင်းရူးများနေသလား မင်းခေါင်းက မင်းနားမှာ ရှိတယ်လေတဲ့ ကျနော်မယုံပါ ကျနော် အသိမှာ ကျနော့်ခေါင်းတခုလုံး ပျောက်နေတယ်လို့ထင်နေမိသည်။ ဆိုက်ကားဆရာ တယောက် ဖြတ်လာတော့ မေးမိပြန်သည်။ ကျနော် ဦးခေါင်းပျောက်နေလို့ တွေ့မိလားဗျာ….. နင်းနေသော ခြေနင်းကို ခဏရပ်ပြီး ဆိုက်ကားဆရာ ကျနော်ကို သနားစဖွယ် အကြည့်နဲ့ ပြန်ပြောသည်။ မင်းခေါင်းက မင်းကိုယ်ပေါ်မှာလေး ညီရ တဲ့ ဒါလဲ ကျနော်မယုံချင် ကျနော်သိနေတယ် ကျနော်ခေါင်းမရှိဘူး…. ဒါကို ကျနော်ပဲ သိတယ် ဘာလို့သူတို့ မမြင်ရတာလဲ…….

စိတ်ညစ်ညစ်နဲ့ လမ်းဘေးကွမ်းယာဆိုင်နားမှာ ထိုင်နေသော ကျနော် သူငယ်ချင်းတဖွဲ့ကို တွေ့ပြန်သည်။ မေးကြည့်ဦးမှ မင်းတို့ငါ့ခေါင်းကို တွေ့မိသလားကွာ… သူငယ်ချင်းတွေ အားလုံး ကျနော်ကို ၀ိုင်းကြည့်ပြီး ဟားတိုက်ရယ်မောနေတယ်။ တယောက်က လှမ်းပြောသည် မင်းခေါင်းက လမ်းလျှောက်ပြီး ထွက်သွားနေမှာပေါ့တဲ့ ဟုတ်မလားလို့ ကျနော်စဉ်းစားမိပြန်သည်။ မဖြစ်နိုင် ကျနော့်ခေါင်းက လမ်းလျှောက်ထွက်ရအောင် ခြေထောက် လက်တွေက မရှိတာသေချာသည်။ ခုကြည့် ကျနော်မှာ ခြေထောက်လက်တွေ ရှိနေသေးတာပဲ။ ဒါတော့ မဖြစ်နိုင်။

နောက်တယောက်က ပြောပြန်သည်။ မင်းခေါင်းလို ၀ိုင်းဝိုင်းတခုကို ခုနက ဖရဲသီးတွေရောင်းတဲ့ တွန်းလှည်းပေါ်မှာတွေ့လိုက်တယ်တဲ့ အင်း စဉ်းစားမိပြန်သည် ဒီတခါ ဖြစ်နိုင်သည်။ ဖရဲသီးသည်နောက် ပြေးလိုက်သွားမိပြန်သည်။ ကျနော်ခေါင်းကို ဖရဲသီးတွေကြားလိုက်ရှာမိသည်။ မတွေ့ ကျနော့်ခေါင်းက ဖရဲသီးများဖြစ်သွားပါလား.. ဒါဆို သွားပြီး ဖရဲသီးကို ခေါင်းလုပ်ရင် ဘယ်ဟာက မျက်စိ ဘယ်ဟာက နှာခေါင်း၊ ပါးစပ် လုပ်ရမလဲ တခုလုံးက မျက်နှာပြင်က အတူတူ သေချာတယ် ဒါဆို ဖရဲသီးများသည် ကျနော် ခေါင်းမဟုတ်ပြန်ပေ………..

ဒါဆို ဒါဆို သေချာစဉ်းစားသည်။ ဟုတ်ပြီ မြို့ထဲက တနေရာမှာများ ပြုတ်ကျန်ခဲ့သလား.. မြို့ထဲသွားဖို့ လိုင်းကားတိုးစီးဖို့ စောင့်နေတုန်း စပါယ်ရာ တယောက်ရဲ့ အော်သံ ကြားရသည်။ “လာထား လာထား ချောင်တယ် ခေါင်းတလုံး ကိုယ်တခုမှ ၅၀ ကျပ်“တဲ့ အင်း စပါယ

ဒါဆို ဒါဆို သေချာစဉ်းစားသည်။ ဟုတ်ပြီ မြို့ထဲက တနေရာမှာများ ပြုတ်ကျန်ခဲ့သလား.. မြို့ထဲသွားဖို့ လိုင်းကားတိုးစီးဖို့ စောင့်နေတုန်း စပါယ်ရာ တယောက်ရဲ့ အော်သံ ကြားရသည်။ “လာထား လာထား ချောင်တယ် ခေါင်းတလုံး ကိုယ်တခုမှ ၅၀ ကျပ်“တဲ့ အင်း စပါယ်ရာကို လှမ်းပြောမိသည်။ ကျနော်မှာ ခေါင်းမပါဘူး ၂၅ ကျပ်ရမလားလို့ စပါယ်ရာက ပေါတောတော လူတယောက်လို့ ကျနော်ကိုပြန်ကြည့်ပြီး ဟေ့လူ ခင်ဗျားလူလည်လုပ်မနေနဲ့ ပိုက်ဆံ ၅၀ မပါရင် အလကားတောင်းစီးသွား ရူးပေါပေါနဲ့တဲ့ အမှန်တကယ် ကျနော်က ခေါင်းမရှိလို့ ၂၅ ကျပ်ပြောတာကို သူက တမျိုးထင်နေသည်။ ဒီလိုနဲ့ ကျနော် မြို့ထဲ ရောက်လာခဲ့သည်။ သွားဖူးသောနေရာတွေ သွားနေကြနေရာတွေ ဆိုင်တွေ လိုက်ရှာသည် မတွေ့ ကျနော်ခေါင်းကို လုံးဝ မတွေ့ ကျနော် ပြန်စဉ်းစားသည် ကျနော်မှာ ခေါင်းမရှိတာလား ပျောက်နေတာလား စဉ်းစားလို့လဲမရပေ………….

စိတ်ညစ်ညစ်နဲ့ ခေါင်းရှာပုံတော် ဖွင့်တာ နေ့လည်တောင် ရောက်နေပြီ။ ဗိုက်ကလဲ တကွီကွီနဲ့ မြည်နေသည်။ လာရာလှမ်းအတိုင်း ပြန်လာခဲ့တယ်။ အိမ်အပြန် လမ်းတလျှောက်လုံး ကျနော်စဉ်းစားသည်။ ငါ့မှာ ခေါင်းမပါတာလား မရှိတာလား စဉ်းစားလို့အဖြေမရခဲ့ပေ…. ဒီလိုနဲ့ အိမ်ရှေ့ရောက် တံခါးဖွင့်ဝင်တော့ အိမ်နောက်ဖေး မီးဖိုချောင်မှ အမေ့အသံကိုကြားလိုက်ရသည်။ ကျနော်ဘာမှ စဉ်းစားမနေတော့ အလွန်ပျော်သွားပြီး ထခုန်မိသည်။ အမေ့အော်သံက “ဟဲ့သား မင်းအပြင်သွားတာ ဦးထုပ်လဲ မယူသွားဘူး နေက အရမ်းပူနေတာတဲ့ မင်းမေ့သွားတာလားတဲ့“ သေချာပြီ ကျနော်မှာ ဦးခေါင်းရှိသေးတယ် ဦးထုပ်သည် ဦးခေါင်းပေါ်မှာ ဆောင်းရမှန်းကျနော်သိတယ်။ ကျနော် ဘာမှ မစဉ်းစားတော့ပဲ အမေချက်သည့ ငါးဟင်းနဲ့ ထမင်းကို မြိန်ရေယှက်ရေ စားနေမိတော့သည်။ နောက်တခါ ကျနော့်မှာ ဦးခေါင်းမရှိဘူးဟု ကျနော်ဘယ်တော့မှ မစဉ်းစားတော့ပါ။ ကျနော်မှာ ခေါင်းရှိကြောင်းကျနော်သိသွားပြီ။ တိတ်တိတ်လေး ဦးနှောက်ကတွေးမိသည် အားလုံးလဲ ကျနော်လို ခေါင်းမရှိတဲ့လူ မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိရင်း……………… လူကြီးများပြောတာကို ကျနော်ပြန်ကြားယောင်နေသည် ခေါင်းမရှိသူသည် အဟိတ်တိရစ္ဆာန်တဲ့............

ဝန်ခံချက်။ ။ကျနော်ဖတ်ဖူးသော စာအုပ်တအုပ်ထဲမှာ ကျောရိုးကို မှီငြမ်းပါကြောင်း……… စာရေးဆရာ၊ခေါင်းစဉ်နာမည် မမှတ်မိသောကြောင့် မဖော်ပြလိုက်နိုင်ပါ။ အဆင်ပြေရင်တော့ ပြန်လည် ရှာဖွေပြီး ဖော်ပြပေးပါ့မယ်။

လေးစားလျက် တောင်ပေါ်သား

14 comments:

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး

ဒီနာမည်လေးကို ဖတ်လိုက်တာနဲ့ လူတွေရဲ့ စိတ်ကို ကြည်နူးနှစ်သက် ကျေနပ်မူလေးတွေ အလိုလိုနေရင်နဲ့ ဖြစ်ပေါ်စေပါတယ်။ ဘယ်လောက် အေးချမ်းတဲ့ နာမည်လေးလဲဗျာ။ လူတွေရဲ့ အတ္တ၊ မာနတွေကို စွန့်လွှတ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်အစဉ်ကို အသိအမှတ်ပြုပြီး ရလာတဲ့ နာမည်လေးတခုပါပဲ။ ဒီကမ္ဘာပေါ်မှာ လူသားတိုင်းဟာ ငါဆိုတဲ့ အတ္တတွေကို ဖျောက်ဖျက်နိုင်မယ်ဆိုရင် ဘယ်လောက် သာယာအေးချမ်းတဲ့ ပျော်ရွှင်ဖွယ်တွေ အတိပြီးတဲ့ ကမ္ဘာကြီးဖြစ်မလဲ ခုတော့…….

မေးလ်တွေကို မစစ်လိုက်နဲ့ စစ်လိုက်တာနဲ့ တွေ့နေရပါတယ် Forward မေးလ်တချို့ပေါ့။ ရိုးသားပွင့်လင်းစွာ နေတတ်တဲ့ လူတွေကို အရောင်အမျိုးမျိုး စွန်းထင်းအောင် မရောက်ရောက်အောင် ပို့နေတဲ့ မေးလ်တချို့ပါ။ ငါမိသားစု ငါကောင်းစားရေးဆိုတဲ့ အသိကို ရှေ့တန်းတင်ပြီးတော့ ရောက်လာနေတဲ့ ဒီမေးလ်တွေကို ဖတ်မိလိုက်တိုင်း ရင်နာမိပါတယ်။ ၀မ်းနဲမိပါတယ်။ကျနော်ဘလော့လေးမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး ပိုစ့် ၃ခုလောက် ရေးဖူးပါတယ်။ အမှန်အတိုင်းဆို ဘာသာရေးအကြောင်းဆိုတာ မပြောတာကောင်းပါတယ်။ ပြောလိုက်ရင် တခုခု လွဲမှားနေရင်လဲ လက်ညှိုးထိုးခံရမှာ မလွဲပါဘူး။ ကိုညီလင်းဆက် တောင်မှ သူရဲ့ ဒီပိုစ့်လေး ကြောင့် အပြောခံရတာ မနဲလှပါဘူး။ ၀မ်းနည်းမိပါတယ်။ လူရယ်လို့ ဖြစ်လာခဲ့ရင် လူတိုင်းလူတိုင်းနီးပါးမှာ ကိုယ်ယုံကြည်ရာ ကိုးကွယ်မူတွေ ရှိစမြဲပါ။ ဘယ်အရာကိုမှ ကောင်းသည်ဆိုးသည် မပြောလိုပါဘူး ကိုယ်ငယ်စဉ်ကတည်းက ကိုးကွယ်ခဲ့တဲ့ ဘာသာတရားကို ပြောလာရင် ဘယ်သူမှတော့ ခံနိုင်ရိုးထုံးစံမရှိပါဘူး…….

တခု သတိပြုစေချင်တာက ကိုယ်ကိုးကွယ်တဲ့ဘာသာတရားကို ပြောရင် မကျေနပ်သလို သူများဘာသာတရားကို ပြောရင်လဲ သတိထားပြောသင့်ပါတယ်။ ဒီတော့ကား လူတွေရဲ့ စိတ်မှာ ဘယ်လောက်ပဲ ခင်မင်ရင်းနှီးနေပါစေ သူတို့ကို သွေးခွဲစေချင်ရင် ပျက်စီးစေချင်ရင် အလွယ်ကူဆုံးနည်းလမ်းကား ဘာသာရေးနဲ့ ပြောဆိုတာပါပဲ။ ကျနော်တို့ ငယ်စဉ်တုန်းက သူငယ်ချင်းတွေ အခန့်မသင့်လို့ ရန်ဖြစ်ရင် ပြောဆိုတာတွေ မှတ်မိပါသေးတယ်။ ငါ့ဘာသာကမှ အမြတ်ဆုံး မင်းဘာသာကတော့ အလကားဘာသာ စသည်ဖြင့် ပြောဆိုပြီး အနိုင်ယူတတ်ကြပါတယ်။

ဒါတွေကို ပြန်စဉ်းစားကြည့်လိုက်ရင် တော်တော်ကို ရယ်စရာ အဖြစ်အပျက်လေးတွေပါ။ ဒီလိုပဲ ယနေ့ ကမ္ဘာပေါ်မှာ ရှိနေတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ အာဏာကို မြဲစေဖို့ သူတို့ဘက်ကို ကျရောက်လာမဲ့ ဘေးတွေကို တဖတ်လှည့်နဲ့ ရှောင်းရှားစေဖို့ ဘာသာတရားကို ခုတုံးလုပ်ပြီး စတေးနေကြတာကို ရင်နာစွာနဲ့ တွေ့နေရပါတယ်။ ဒီလိုဘာသာရေး စကားရေလုပွဲကို အရည်တရွှဲရွှဲနဲ့ ပြောဆိုနေတာတွေကိုလဲ တွေ့နေရပါတယ်။ တကယ်တမ်း သေချာစဉ်းစားကြည့်မယ်ဆိုရင် လူရယ်လို ဖြစ်တည်လာရင် ဘာအရေးကြီးဆုံးလဲ… ဘာသာတရားလား…. ရိုးသားစွာ နေထိုင်မူလား…….

ကျနော်တဦးထဲ အမြင်ကိုပြောရရင် လူရယ်လို့ ဖြစ်တည်လာရင် လူဖြစ်ရကျိုးနပ်အောင် လုပ်ရပါ့မယ်။ လူဖြစ်ရကျိုးနပ်အောင်ဆိုတဲ့ စကားထဲမှာ (၁) ကိုယ့်ကိုးကွယ်တဲ့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းရမယ်။ (၂) သူများဘာသာတရားကို ပါးစပ်က ပြီးစလွယ် မချုံ့ချသင့်ပါဘူး (၃) လူဖြစ်လာရင် လူတယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို ပေးနိုင်ရမယ် (လူကို လူမှန်းသိတတ်ဖို့ ) အရမ်းအရေးကြီးပါတယ်။ ဒီနေ့ တိုးတက်တဲ့ ခေတ်လောကကြီးထဲမှာ အရမ်းကို အောက်တန်းကျတဲ့ စကားလုံးတွေနဲ့ ပြောဆိုနေတဲ့ လူ
တွေလဲ အများကြီးပါ။

ခေတ်ပညာတတ် ဘုန်းကြီး၊ ခရစ်ယာန်ဆရာတော်တွေ၊ အစ္စလာမ် ပညာရှင်တွေ ဘယ်သောမှ ဘာသာရေးနဲ့ ပတ်သတ်ပြီး ရန်ဖြစ်တယ်ဆိုတာ မကြားဘူးပါဘူး။ တကယ်တရားကို တရားလို လိုက်နာနိုင်တဲ့ ငြိမ်းချမ်းတဲ့ လူတွေဟာ ကိုယ့်ယုံကြည်တဲ့ ဘာသာတရားကို ဒီထက် စပွားတိုးတက်အောင်တာ တရားကျင့်ကြံ အားထုတ် ဟောကြားတော်မူတာကို တွေ့ရပါတယ်။ ဘာသာတရားလေးခုလုံးရဲ့ ပညာရှင်တွေ စုစည်းပြီး တယောက်နဲ့ တယောက် ဘာသာရေးအကြောင်းတွေ ဖလှယ်ကြတယ်။ ဆွေးနွေးကြတယ်။ ဒီအချိန်အတွင်းမှာ စိတ်ဓါတ်ပြင်းပြစွာနဲ့ ပြောဆိုဆွေးနွေးကြပေမဲ့ ဆွေးနွေးပွဲ ပြီးရင် ချစ်ခင်ရင်းနှီးစွာ လက်ဆွဲ နှုတ်ဆက်စမြဲပါ။ ဒါဟာအတုယူသင့်တဲ့ အချက်တွေပါ။

ကျနော်တို့ကကော ဘာသာတရားကို ဘယ်လို ကိုင်းရှိုင်းကြပါသလဲ။ ကျနော်တို့ ပုဓုဇဉ် လူသားတွေပါ။ ကျနော်တို့မှာ တနှာဆိုတဲ့ ရမ္မက်တွေ ရှိမယ်။ ရယူလိုတဲ့ အတွေးတွေ ရှိမယ် ဒါတွေကို ကျနော်တို့ အတတ်နိုင်ဆုံး ဖြောက်ဖျက်နိုင်ရင် အကောင်းဆုံးပါပဲ။ ဒီလိုပဲ တဦးတယောက်ကောင်းဖို့ လုပ်နေတဲ့၊ အကျိုးအကြောင်းမညီညွတ်တဲ့ အချက်တွေကို ကျနော်တို့ မျက်စိစုံမှိတ်ပြီး ယုံစရာမလိုပါဘူး ကျနော်တို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် ဦးနှောက်တွေ ရှိပါတယ်။ ဒါတွေနဲ့ သေချာစဉ်းစားသင့်ပါတယ်။ ဖြစ်နိုင်၏ မဖြစ်နိုင်၏ပေါ့ ဒါကိုမဟုတ်ပဲ တွေ့တာနဲ့ ဖတ်ရတာနဲ့ ယုံမိတယ်ဆို ဘယ်လောက် ရှက်ဖို့ကောင်းပါသလဲ တကယ်တရားခံက ဘယ်သူလဲ သေချာစဉ်းစားသင့်ပါတယ်။ ဘာအကြောင်းပြချက်နဲ့ ဒီလိုမဖြစ်နိုင်တာတွေ ကိုလျှောက်ပြီး လုပ်နေရလဲ ဆိုတာ ကျနော်တို့ ဘုရားပေးထားတဲ့ ဦးနှောက်နဲ့ သေချာ စဉ်းစားသင့်ပါတယ်။

ဘာသာတရားတိုင်းမှာ အစွန်းရောက်တဲ့ ဘာသာဝင်တွေ ရှိပါတယ်။ ကတ်သီးကတ်သတ် ငါတို့ဘာသာမှာ မရှိဘူးလို့ မျက်လုံးမှိတ်မငြင်းပါနဲ့။ ဒီလိုအစွန်းရောက်တဲ့ လူတွေကို ကြည့်ပြီး ဘာသာတရားတခုလုံးကို လက်ညှိုးထိုးစရာ မလိုပါဘူး ။ တကယ်တမ်းတော့ ဒီလို အစွန်းရောက်တဲ့ လူတွေအားလုံးဟာ ဘာသာတရားကို အပေါ်မှာ ပြောခဲ့သလို ခုတုံးလုပ်ပြီး သူတို့ရဲ့ ဦးတည်ချက်တွေကို အကောင်းအထည်ဖော်နေတာပါ။ ဒါတွေကို ကျနော်တို့ တတ်နိုင်သမျှ တားဆီးသင့်ပါတယ်။ လက်ပိုက်ကြည့်နေလိုတော့ မရပါဘူး။ ဒီပြဿနာဟာ တချိန်ကြရင် အလွန်ကို ကြီးမားလာနိုင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ဘာသာတရားကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးအတွက်၊ ဘ၀ရပ်တည်မူကောင်းဖို့ အတွက် လုပ်နေတဲ့ လူတွေ အများကြီးပါ။ အကောင်းဆုံးကတော့ ကျနော်တို့ တတ်နိုင်သလောက် ခေါင်းရှိရှိနဲ့ စဉ်းစားသင့်နေပါပြီ။ ကိုယ်တိုင်က တရားခံ ဖြစ်နေပြီလား ဒါမှမဟုတ် တရားခံက ဘယ်သူတုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကျနော်ရဲ့ ခံစားချက်ကိုသာ မှီငြမ်းပါသည်။ ပုံကိုတော့ Google ကယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

6 comments:

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး

ဒီနာမည်လေးကို ဖတ်လိုက်တာနဲ့ လူတွေရဲ့ စိတ်ကို ကြည်နူးနှစ်သက် ကျေနပ်မူလေးတွေ အလိုလိုနေရင်နဲ့ ဖြစ်ပေါ်စေပါတယ်။ ဘယ်လောက် အေးချမ်းတဲ့ နာမည်လေးလဲဗျာ။ လူတွေရဲ့ အတ္တ၊ မာနတွေကို စွန့်လွှတ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်အစဉ်ကို အသိအမှတ်ပြုပြီး ရလာတဲ့ နာမည်လေးတခုပါပဲ။ ဒီကမ္ဘာပေါ်မှာ လူသားတိုင်းဟာ ငါဆိုတဲ့ အတ္တတွေကို ဖျောက်ဖျက်နိုင်မယ်ဆိုရင် ဘယ်လောက် သာယာအေးချမ်းတဲ့ ပျော်ရွှင်ဖွယ်တွေ အတိပြီးတဲ့ ကမ္ဘာကြီးဖြစ်မလဲ ခုတော့…….

မေးလ်တွေကို မစစ်လိုက်နဲ့ စစ်လိုက်တာနဲ့ တွေ့နေရပါတယ် Forward မေးလ်တချို့ပေါ့။ ရိုးသားပွင့်လင်းစွာ နေတတ်တဲ့ လူတွေကို အရောင်အမျိုးမျိုး စွန်းထင်းအောင် မရောက်ရောက်အောင် ပို့နေတဲ့ မေးလ်တချို့ပါ။ ငါမိသားစု ငါကောင်းစားရေးဆိုတဲ့ အသိကို ရှေ့တန်းတင်ပြီးတော့ ရောက်လာနေတဲ့ ဒီမေးလ်တွေကို ဖတ်မိလိုက်တိုင်း ရင်နာမိပါတယ်။ ၀မ်းနဲမိပါတယ်။ကျနော်ဘလော့လေးမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး ပိုစ့် ၃ခုလောက် ရေးဖူးပါတယ်။ အမှန်အတိုင်းဆို ဘာသာရေးအကြောင်းဆိုတာ မပြောတာကောင်းပါတယ်။ ပြောလိုက်ရင် တခုခု လွဲမှားနေရင်လဲ လက်ညှိုးထိုးခံရမှာ မလွဲပါဘူး။ ကိုညီလင်းဆက် တောင်မှ သူရဲ့ ဒီပိုစ့်လေး ကြောင့် အပြောခံရတာ မနဲလှပါဘူး။ ၀မ်းနည်းမိပါတယ်။ လူရယ်လို့ ဖြစ်လာခဲ့ရင် လူတိုင်းလူတိုင်းနီးပါးမှာ ကိုယ်ယုံကြည်ရာ ကိုးကွယ်မူတွေ ရှိစမြဲပါ။ ဘယ်အရာကိုမှ ကောင်းသည်ဆိုးသည် မပြောလိုပါဘူး ကိုယ်ငယ်စဉ်ကတည်းက ကိုးကွယ်ခဲ့တဲ့ ဘာသာတရားကို ပြောလာရင် ဘယ်သူမှတော့ ခံနိုင်ရိုးထုံးစံမရှိပါဘူး…….

တခု သတိပြုစေချင်တာက ကိုယ်ကိုးကွယ်တဲ့ဘာသာတရားကို ပြောရင် မကျေနပ်သလို သူများဘာသာတရားကို ပြောရင်လဲ သတိထားပြောသင့်ပါတယ်။ ဒီတော့ကား လူတွေရဲ့ စိတ်မှာ ဘယ်လောက်ပဲ ခင်မင်ရင်းနှီးနေပါစေ သူတို့ကို သွေးခွဲစေချင်ရင် ပျက်စီးစေချင်ရင် အလွယ်ကူဆုံးနည်းလမ်းကား ဘာသာရေးနဲ့ ပြောဆိုတာပါပဲ။ ကျနော်တို့ ငယ်စဉ်တုန်းက သူငယ်ချင်းတွေ အခန့်မသင့်လို့ ရန်ဖြစ်ရင် ပြောဆိုတာတွေ မှတ်မိပါသေးတယ်။ ငါ့ဘာသာကမှ အမြတ်ဆုံး မင်းဘာသာကတော့ အလကားဘာသာ စသည်ဖြင့် ပြောဆိုပြီး အနိုင်ယူတတ်ကြပါတယ်။

ဒါတွေကို ပြန်စဉ်းစားကြည့်လိုက်ရင် တော်တော်ကို ရယ်စရာ အဖြစ်အပျက်လေးတွေပါ။ ဒီလိုပဲ ယနေ့ ကမ္ဘာပေါ်မှာ ရှိနေတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ အာဏာကို မြဲစေဖို့ သူတို့ဘက်ကို ကျရောက်လာမဲ့ ဘေးတွေကို တဖတ်လှည့်နဲ့ ရှောင်းရှားစေဖို့ ဘာသာတရားကို ခုတုံးလုပ်ပြီး စတေးနေကြတာကို ရင်နာစွာနဲ့ တွေ့နေရပါတယ်။ ဒီလိုဘာသာရေး စကားရေလုပွဲကို အရည်တရွှဲရွှဲနဲ့ ပြောဆိုနေတာတွေကိုလဲ တွေ့နေရပါတယ်။ တကယ်တမ်း သေချာစဉ်းစားကြည့်မယ်ဆိုရင် လူရယ်လို ဖြစ်တည်လာရင် ဘာအရေးကြီးဆုံးလဲ… ဘာသာတရားလား…. ရိုးသားစွာ နေထိုင်မူလား…….

ကျနော်တဦးထဲ အမြင်ကိုပြောရရင် လူရယ်လို့ ဖြစ်တည်လာရင် လူဖြစ်ရကျိုးနပ်အောင် လုပ်ရပါ့မယ်။ လူဖြစ်ရကျိုးနပ်အောင်ဆိုတဲ့ စကားထဲမှာ (၁) ကိုယ့်ကိုးကွယ်တဲ့ ဘာသာတရားကို ရိုသေကိုင်းရှိုင်းရမယ်။ (၂) သူများဘာသာတရားကို ပါးစပ်က ပြီးစလွယ် မချုံ့ချသင့်ပါဘူး (၃) လူဖြစ်လာရင် လူတယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို ပေးနိုင်ရမယ် (လူကို လူမှန်းသိတတ်ဖို့ ) အရမ်းအရေးကြီးပါတယ်။ ဒီနေ့ တိုးတက်တဲ့ ခေတ်လောကကြီးထဲမှာ အရမ်းကို အောက်တန်းကျတဲ့ စကားလုံးတွေနဲ့ ပြောဆိုနေတဲ့ လူတွေလဲ အများကြီးပါ။

ခေတ်ပညာတတ် ဘုန်းကြီး၊ ခရစ်ယာန်ဆရာတော်တွေ၊ အစ္စလာမ် ပညာရှင်တွေ ဘယ်သောမှ ဘာသာရေးနဲ့ ပတ်သတ်ပြီး ရန်ဖြစ်တယ်ဆိုတာ မကြားဘူးပါဘူး။ တကယ်တရားကို တရားလို လိုက်နာနိုင်တဲ့ ငြိမ်းချမ်းတဲ့ လူတွေဟာ ကိုယ့်ယုံကြည်တဲ့ ဘာသာတရားကို ဒီထက် စပွားတိုးတက်အောင်တာ တရားကျင့်ကြံ အားထုတ် ဟောကြားတော်မူတာကို တွေ့ရပါတယ်။ ဘာသာတရားလေးခုလုံးရဲ့ ပညာရှင်တွေ စုစည်းပြီး တယောက်နဲ့ တယောက် ဘာသာရေးအကြောင်းတွေ ဖလှယ်ကြတယ်။ ဆွေးနွေးကြတယ်။ ဒီအချိန်အတွင်းမှာ စိတ်ဓါတ်ပြင်းပြစွာနဲ့ ပြောဆိုဆွေးနွေးကြပေမဲ့ ဆွေးနွေးပွဲ ပြီးရင် ချစ်ခင်ရင်းနှီးစွာ လက်ဆွဲ နှုတ်ဆက်စမြဲပါ။ ဒါဟာအတုယူသင့်တဲ့ အချက်တွေပါ။

ကျနော်တို့ကကော ဘာသာတရားကို ဘယ်လို ကိုင်းရှိုင်းကြပါသလဲ။ ကျနော်တို့ ပုဓုဇဉ် လူသားတွေပါ။ ကျနော်တို့မှာ တနှာဆိုတဲ့ ရမ္မက်တွေ ရှိမယ်။ ရယူလိုတဲ့ အတွေးတွေ ရှိမယ် ဒါတွေကို ကျနော်တို့ အတတ်နိုင်ဆုံး ဖြောက်ဖျက်နိုင်ရင် အကောင်းဆုံးပါပဲ။ ဒီလိုပဲ တဦးတယောက်ကောင်းဖို့ လုပ်နေတဲ့၊ အကျိုးအကြောင်းမညီညွတ်တဲ့ အချက်တွေကို ကျနော်တို့ မျက်စိစုံမှိတ်ပြီး ယုံစရာမလိုပါဘူး ကျနော်တို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် ဦးနှောက်တွေ ရှိပါတယ်။ ဒါတွေနဲ့ သေချာစဉ်းစားသင့်ပါတယ်။ ဖြစ်နိုင်၏ မဖြစ်နိုင်၏ပေါ့ ဒါကိုမဟုတ်ပဲ တွေ့တာနဲ့ ဖတ်ရတာနဲ့ ယုံမိတယ်ဆို ဘယ်လောက် ရှက်ဖို့ကောင်းပါသလဲ တကယ်တရားခံက ဘယ်သူလဲ သေချာစဉ်းစားသင့်ပါတယ်။ ဘာအကြောင်းပြချက်နဲ့ ဒီလိုမဖြစ်နိုင်တာတွေ ကိုလျှောက်ပြီး လုပ်နေရလဲ ဆိုတာ ကျနော်တို့ ဘုရားပေးထားတဲ့ ဦးနှောက်နဲ့ သေချာ စဉ်းစားသင့်ပါတယ်။

ဘာသာတရားတိုင်းမှာ အစွန်းရောက်တဲ့ ဘာသာဝင်တွေ ရှိပါတယ်။ ကတ်သီးကတ်သတ် ငါတို့ဘာသာမှာ မရှိဘူးလို့ မျက်လုံးမှိတ်မငြင်းပါနဲ့။ ဒီလိုအစွန်းရောက်တဲ့ လူတွေကို ကြည့်ပြီး ဘာသာတရားတခုလုံးကို လက်ညှိုးထိုးစရာ မလိုပါဘူး ။ တကယ်တမ်းတော့ ဒီလို အစွန်းရောက်တဲ့ လူတွေအားလုံးဟာ ဘာသာတရားကို အပေါ်မှာ ပြောခဲ့သလို ခုတုံးလုပ်ပြီး သူတို့ရဲ့ ဦးတည်ချက်တွေကို အကောင်းအထည်ဖော်နေတာပါ။ ဒါတွေကို ကျနော်တို့ တတ်နိုင်သမျှ တားဆီးသင့်ပါတယ်။ လက်ပိုက်ကြည့်နေလိုတော့ မရပါဘူး။ ဒီပြဿနာဟာ တချိန်ကြရင် အလွန်ကို ကြီးမားလာနိုင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ဘာသာတရားကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးအတွက်၊ ဘ၀ရပ်တည်မူကောင်းဖို့ အတွက် လုပ်နေတဲ့ လူတွေ အများကြီးပါ။ အကောင်းဆုံးကတော့ ကျနော်တို့ တတ်နိုင်သလောက် ခေါင်းရှိရှိနဲ့ စဉ်းစားသင့်နေပါပြီ။ ကိုယ်တိုင်က တရားခံ ဖြစ်နေပြီလား ဒါမှမဟုတ် တရားခံက ဘယ်သူတုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကျနော်ရဲ့ ခံစားချက်ကိုသာ မှီငြမ်းပါသည်။ ပုံကိုတော့ Google ကယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

8 comments:

ဖေဖော်ဝါရီ ၁၃ ရက်

ဖေဖော်ဝါရီ (၁၃)ရက်က ငါတို့ဖခင်
ဒို့ဗိုလ်ချုပ်ရဲ့ (၉၄နှစ်) မွေးနေ့ဖြစ်လဲ
ဒို့များပြည်သူ စိတ်မကောင်းဖွယ် မေ့နေကြသလား
မေ့ချင်ယောင်များ ဆောင်နေရသလား

ဗယ်လင်တိုင်းဒေးကိုတော့ လူတိုင်းနီးပါး မှတ်မိနေကြ
အချစ်အတွက် အသက်ပေးခဲ့ လူတယောက်ကို
သူတို့အတွေး သူရဲကောင်းဖြစ်ကာ ယုံကြည်မှတ်စွဲ ကိုးကွယ်ခဲ့တာ
(၁၄)ရက်နေ့ပျော်ရွှင်ကြတယ် ယစ်မူးကြတယ်

တို့ဗိုလ်ချုပ်ရဲ့ မွေးနေ့ရက်ကို မေ့နေခဲ့ကြတယ် ရှက်မိပါတယ် ဖခင်။
သတိရတော့ ဘာထူးမှာတုန်း ပြောနေကြတာ
မြန်မာဖြစ်ပြီး ရင်နာမိတယ် ဘာမှမထူး ရင်ထဲမှာထား
အမှတ်ရနေ ဆုတောင်းသင့်တယ် ပူဆွေးသင့်တယ်။

ငါတို့ဖခင် ကျေးဇူးရှင်ကား ပြည်သူတွေနဲ့ တသွေးတသား ရပ်တည်ခဲ့တာ
တိုင်းပြည်အတွက် အစွန့်လွှတ်ခံ စတေးခဲ့တာ
အာဏာရူး လူမိုက်တသိုက် မသမာလုပ်ရပ်တွေကြောင့်
ဆုံးရှုံးခဲ့တဲ့ ဒီအသက်အတွက် နှမျောမိတယ် အိုဖခင်။

အမှန်ကိုင်စွဲ မကြောက်မ၀ံ့ ရှေ့ကိုလှမ်းလို့
မဟုတ်မခံ ရဲဝံ့တဲ့စိတ်တွေက
တချို့စိတ်မှာ မျက်စိဆူးရှ မကြည်ပေမဲ့
ကျနော်တို့နှလုံးသားမှာ ထာဝရ မှတ်မိနေဆဲပါ အိုဖခင်။

လူကိုယ်တိုင် မမ်ီပေမဲ့ အတိတ်ပုံရိပ် သူလုပ်ရပ်တွေ
ဒို့ပြည်သူတွေရဲ့ နှလုံးသားဆီ ထာဝရမမေ့
တိုင်းပြည်ကိုကြည့် အမြဲလွမ်းဆွတ်
ဝမ်းနဲမူနဲ့ သတိရ ခိုလှုံနေဆဲပါ အို…ဖခင်။

တောင်တန်းနဲ့ ပြည်မ မခွဲခြားရလေအောင် ကြိုးစားခဲ့တဲ့
ဒီဖေဖော်ဝါရီ ၁၂ ရက်နေ့ သတ်မှတ်ခဲ့ကြ ပြည်ထောင်စုနေ့
(၆၂) နှစ်ပြည့်ခဲ့လေပြီ ဒုက္ခဆင်းရဲ အခက်ခက်ကို ရဲဝင့်ရင်ဆိုင်
ညီညွတ်အောင်လဲ လုပ်ဆောင်ခဲ့တယ် အိုဖခင်

ခုချိန်မှာများ နောင်လာမျိုးဆက် ဒီရက်တွေကို
ဝံ့ကြွားဂုဏ်ယူပြောလိုက်ရင်ဖြင့် သူတို့တွေက
ဟားတိုက်ရယ်မယ် သူတို့သိတာ
ချစ်သူများနေ့ ဗယ်လင်တိုင်းတဲ့

ဒို့များတာဝန် မကျေပွန်လို့ သူတို့မေ့တာ
အပြစ်ဆိုဖွယ် စိုးစေ့မရှိ တရားခံက ကျွန်ပ်တို့သာ
လွဲမှားယူဆ အမှားမိုက်လို့
ဒို့ညီနောင်ဖွား တို့မျိုးဆက်အတွက် ရှက်မိပါတယ် အိုဖခင်...

ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးပါ။ အားလုံး အမှတ်ရစေဖို့ ရည်ရွယ်ပါတယ်။

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

စာကြွင်း။ ။ ကျနော်ရင်ထဲက ခံစားချက်တခုတာ ဖြစ်ပါတယ်။

Blogger Template by Clairvo