Labels

သမိုင်း

လူလောကမှာ သမိုင်းဆိုတာ မရှိမဖြစ်
သမိုင်းဆိုတာ ရာဇ၀င်ပုံပြင်တွေ မဟုတ်ခဲ့ဘူး
သမိုင်းကို ပြန်ကြည့်လိုက်ရင် အကောင်း အဆိုး ဒွန်တွဲလို့ပေါ့
“လူအ မဖြစ်ချင်ရင် သမိုင်းကိုလေ့လာတဲ့” ဒါက ဆရာသန်းထွန်း စကား
ငါတို့တိုင်းပြည်သမိုင်း ငါကြည့်တတ်သလောက်
ပြန်ငဲ့ကြည့်မိတော့

ငါတို့သမိုင်းမှာ လူကောင်းတွေ ပေါ်ထွန်းခဲ့တယ်
ဦးသန့်လို ကမ္ဘာကလေးစားတဲ့ ကုလသမဂ္ဂတယောက် ပေါ်ပေါက်ခဲ့တယ်
ငါတို့ ဂုဏ်ယူဝံ့ကြွားခဲ့ဖူးတယ်
ကမ္ဘာပေါ်မှာ ဦးသန့်နာမည်နဲ့ လမ်းတွေ ပေါ်ပေါက်ခဲ့ဖူးတယ်
ဒါဟာ ဖျက်မရတဲ့ သမိုင်းပဲ

ရိုးသားပြီး ပြည်သူတွေကိုနားလည်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုး
ငါတို့သမိုင်းမှာ ပေါ်ပေါက်ခဲ့ပြန်တယ်….
ဖြောင့်မတ်တဲ့စိတ်နဲ့ ခေါင်းဆောင်နိုင်ခဲ့တယ်
ငါတို့ရဲ့ မလွတ်လပ်တဲ့နိုင်ငံအတွက် သူ့ဘ၀ကိုပေးဆပ်ခဲ့တယ်
ပြည်သူတွေရဲ့ အသဲနှလုံးကို သူပိုင်စိုးခဲ့တယ်…

မြန်ပြည်သမိုင်းမှာ ကျောင်းသားတွေ စည်းရုံးခဲ့ကြဖူးတယ်
သွေးမတော်သားမစပ် ထမင်းလက်ဆုံ စားခဲ့ကြဖူးတယ်
တယောက်ကိုထိ တယောက်မခံ တွန်းလှန်ခဲ့ကြဖူးတယ်
သွေးရဲရဲနီတဲ့ လမ်းတွေ များခဲ့ဖူးတယ်
ဒါဟာငါတို့သမိုင်း ငါတို့အမွေ

တက္ကသိုလ်ကောင်းတွေ ငါတို့နိုင်ငံမှာ ရှိခဲ့ဖူးတယ်
တချိန်ကပေါ့ အရာရာတိုးတက် ဖွံ့ဖြိုးခဲ့တယ်….
သယာဇာတပေါကြွယ်ဝလို့ မာန်ထောင်ခဲ့ကြဖူးတယ်..
ရန်ကုန်လမ်းတွေ ၊ ဧရာဝတီလမ်းတွေ တိုင်းတပါးက အားကျလို့
အတုခိုး နာမည်တွေပေးခဲ့ဖူးတယ်.

တို့ပြည်သမိုင်းမှာ ဂဠုန်ဦးစောလို အတ္တကြီးသူတွေ ရှိခဲ့ဖူးတယ်
မျိုးချစ်စိတ်မရှိ တကိုယ်ကောင်းဆန်တဲ့ လူတွေရှိခဲ့ဖူးတယ်
ငါတို့သမိုင်းမှာ အကောင်းပြောစရာမရှိလောက်အောင်
ယုတ်မာကောက်ကျစ်တတ်တဲ့ လူတချို့ရှိခဲ့ဖူးတယ်
ရက်စက်တတ်လွန်းတဲ့ နေ၀င်းအစိုးရဆိုတာ ရှိခဲ့ဖူးတယ်
တို့မြေသမိုင်းမှာ
အာဏာရူးတဲ့ လူတချို့ရှိနေခဲ့တယ်…..

ဖေဖော်ဝါရီ (၁၄)ရက် တဲ့လေ
ပျော်ချင်သူတွေ ပျော်နေကြပေမဲ့
ရှေ့တရက် ဖေဖော်ဝါရီ (၁၃)ကိုတော့ မမေ့စေချင်ဘူး

ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

8 comments:

16 comments:

စိတ်ကူးတဲ့ရာ ရေးသည်

အမေနဲ့ ဖုန်းပြောဖြစ်သည်။ အမေလဲ တဦးတည်းသော သားကိုတွေ့ချင်နေပေမည်။ ကိုယ့်တိုင်းပြည်ကို ကိုယ်မပြန်ဖြစ်သည်မှာလဲ ခုဆို ၂ နှစ်ကျော်လာခဲ့ပြီ။ သူများတွေဖြင့် တနှစ်လောက်ဆို တခါပြန် နှစ်ခါပြန်နှင့် ပျော်ရွှင်ဖွယ်ဖြစ်သည်။ ကျနော်လဲ ပြန်ချင်သည် ဒါပေမဲ့ မပြန်ချင်သေးဘူးဟု ဆိုရလျှင်လဲ မှန်ပေသည်။ မပြန်ချင်သည် အကြောင်းအရာများစွာထဲတွင် ကျနော်လှည့်ပတ်နေသည်မှာ အချိန်အတိုင်းအတာတခုထိ ရှိလာခဲ့လေပြီ။ အဝေးရောက်နေသော သား၊သမီးများကိုလဲ မိဘ၊ဆွေမျိုးများက တွေ့ချင်သည်မှာအဆန်းတော့မဟုတ်လှပေ။

လက်ရှိအသက်ကို ကြည့်လိုက်တော့ လူပျိုအရွယ်ဆိုသည်ထက် ဆယ်စုနှစ်တခုကိုကျော်လွန်လာခဲ့ပြန်ပြီ။ ဘာမှ မယ်မယ်ရရအလုပ်အကိုင်မရှိ ဘယ်အရာကိုမှ ဦးဆောင်နိုင်စွမ်းလဲ ကိုယ့်ဟာကိုယ်ရှာမတွေ့သေး ဒီအတိုင်းဆို တသက်လုံး သူများလက်အောက်ခံအဖြစ်ရောက်နေပေဦးမည်။ သေချာစဉ်းစားဦးမှ ဖြစ်ပေမည်။ စလုံးရောက်တော့ လူတိုင်းက ငွေကို စုဆောင်းမိသည်ဟု ထင်မြင်နေပေမည်။ တကယ်တော့ ဒီရောက်တဲ့လူအချင်းချင်းသာ နားလည်တတ်သည်။ ဒီမှာ ဟိုနားကကုန် ဒီနားကကုန်နဲ့ ကုန်ပေါက်တွေချည်းတွေ့နေရသည်။ လကုန်ပြီး အသုံးစရိတ်တွေနုတ်ကြည့်တော့ တခါတရံ - တောင်ပြချင်သလိုလိုး) ဘာဆက်လုပ်မည်နည်း....

တောင်ပေါ်ကိုလွမ်းသည်။ တောင်ကြီးမြို့က တို့ဟူးနွေးလေးကို ကြာကွေးကြော်လေးထည့်ပြီး စားချင်သည်။ အမေချက်သည့် ငါးခေါင်းဟင်းမျိုးစားချင်သည်။ အမေ့ရဲ့လက်ရာ ငရုတ်သီးဆားထောင်းလေးလဲ စားချင်သည်။ ငရုတ်သီးဆားထောင်းလေးထဲတွင် အသားခြောက်ကြော်မွမွလေးထည့်ထောင်းတတ်သော ရန်ကုန်က အဒေါ်ဖြစ်သူရဲ့ လက်ရာလဲ တမ်းတမိပြန်သည်။ မတွေ့ရတာကြာပြီဖြစ်သော ညီ၊ညီမ၀မ်းကွဲလေးတွေ တွေ့ချင်သည်။ အမမှမွေးသော မျောက်သုံးကောင်ကိုလဲ တွေ့ချင်သည်။ ခုတော့ အလုပ်ကို အောက်တိုဘာပြန်မည်ဟု ကြိုပြောထားသည်။ အောက်တိုဘာဆို ကျနော်တို့ တောင်ကြီး တန်ဆောင်တိုင်ပွဲရှိပေမည်။ ဒါဆို ပွဲထဲမှာ သူငယ်ချင်းတွေနဲ့ သွားကဲမည်။ အမေ့ရဲ့ ထမင်းနဲ့ဟင်းကို အားရပါးရ လက်နဲ့စားဦးမည်း)

ကိုယ့်ရွာမှာ နွေရောက်လာတော့မည်။ ကလေးတွေ ကျောင်းပိတ်တော့မည်။ ဒီအချိန်ဆို လေတံခွန်(စွန်)တွေ လွတ်နေကြတော့မည်။ လူက အသက်သာကြီးလာတယ် ငယ်တုန်းက ဆော့တာတွေ အကုန်ဆော့ချင်နေတုန်း (သူငယ်ပြန်တာတော့ မဟုတ်နိုင်).. လေတံခွန်လွတ်ချင်သည် စိတ်ကူးထားသည် မြန်မာပြည်ပြန်ပြီး ဒီပြန်လာခဲ့ရင် ရစ်ဘီးလုံးကို ယူလာမည် စွန်အတွက်ကတော့ ဆီစိမ်စက္ကူတွေယူလာမည်း) တောင်ကြီးမြို့ရဲ့ တောင်ချွန်းပေါ်တက်ပြီး စက္ကူလေယာဉ်လေးတွေ လွတ်ချင်သည်။ စ၀်စံထွန်းနားက လမ်းဘေးအသားကင်ဆိုင်လေးကို သတိရသည်။ အဲ့ဆိုင်လေးက လမ်းဘေးဆိုင်ပေမဲ့ အချဉ်ကတော်တော်လေးကောင်းသည် အာလူးကင်၊ရုံပတေသီးကင် စသည်ဖြင့် အကင်မျိုးစုံရပေသည်။ သတိရသည်။ အဒေါ်ဖြစ်သူ အင်းလေးသမ ချက်ကျွေးသော ငါးဖယ်နဲ့ ရေမုန်ညှင်းအရည်သောက်လေးလဲ သောက်ချင်ပြန်သည်။ ငါးဖယ်ဆိုလို့ ဒီစလုံးရောက်ပြီးကတည်းက ငါးဖယ်ဆိုတာ မမြင်ဖူးတာကြာပေါ့။

ဒီနေ့ နေ့လည်စာလဲ သွားနေကြအတိုင်း၊ စားနေကြအတိုင်းပေါ့ အရသာမရှိတဲ့ တရုတ်လုပ် အစားအစာသာ စားရပေဦးမည်။
ညစာလားးးးးးး ညစာကတော့.... မဆိုးပါဘူး..... မဆိုးပါဘူး ....မဆိုးပါဘူး......

လုပ်ချင်တာတွေ၊ စားချင်တာတွေ မှတ်ထားလိုက်ပြီး) တကယ်ပြန်ဖြစ်ရင် ဒီပိုစ့်ကို ပြန်ဖတ်ပြီး စာရင်းပြုစုရမည်။ Update လုပ်ရမည်း)

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

12 comments:

17 comments:

ကူညီကြပါစို့

ကျနော်တို့ နေထိုင်ကြတဲ့ ဤကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကောင်းတာတွေ ဆိုးတာတွေကို မျိုးစုံခံစားကြရတာပဲ။ ဒီလိုပဲသိပ္ပံပညာတွေ ဘယ်လောက်တိုးတက်တိုးတက် လူလောကမှာ တချို့သောရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်မကုသနိုင်သေးသလို တချို့ရောဂါတွေကလဲ ဆေးပညာအရ ရှာဖွေကုသဖို့ ခက်ခဲတတ်ပါတယ်။ ဥပမာ အေအိုင်ဒီအက်စ်၊ ကင်ဆာရောဂါ စသည်ဖြင့်ပေါ့.. ဒီလိုရောဂါမျိုးတွေကို ခံစားနေရတဲ့လူတွေဟာ လူလောက အပြင်ဘက်ကို အလိုလိုနေရင်း ရောက်ရှိသွားတတ်ပါတယ်။ ဒါတွေဟာ ဘယ်သူ့အပြစ်လဲဆိုတော့ ကျနော်တို့လို လူကောင်းတွေရဲ့ လူမဆန်မှုတွေ၊ လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေကို ကျနော်တို့ မကျင့်ကြံနိုင်လို့လဲ ဖြစ်ပါတယ်။ တကယ်တမ်းလူပမာတယောက်ကို နေ့စဉ်ပြုစုပေးနိုင်ဖို့ဆိုတာကလဲ စိတ်ဓါတ်တွေ တော်တော်လေးရှည်ရှည်ထားပြီး စိတ်ရင်းစေတနာအပြည့်နဲ့ မေတ္တာတွေမျှပြီး ပေးစွမ်းနိုင်ဖို့လိုပါတယ်။ လူအချင်းချင်း နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကျနော်တို့လူသားတွေအဖို့ အလုပ်ထဲမှာ အဆင်မပြေခဲ့ရင် အိမ်မှာကျန်ခဲ့တဲ့ ရောဂါသည်ကို ဘယ်လောက်ထိ စိတ်ရှည်နိုင်မလဲ။ ကျနော်တို့ရဲ့ရောဂါသည်ကရော အပေါ်မှာပြောခဲ့သလို အေအိုင်ဒီအက်စ်လို ရောဂါမျိုးဆိုရင်ကော သင့်အနေနဲ့ အမြဲတမ်းပြုစုပေးနိုင်ပါ့ဦးမလား။ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီကြဖို့ မစဉ်းစားတော့ဘူးလား...

ကျနော်အမြဲသွားပြီး ဖတ်နေကြ ဘောလုံးသတင်း ဆိုဒ်လေးကနေပြီးတော့ ဦးဆောင်လုပ်ပေးတဲ့ Program တခုကို ကျနော်ချစ်တဲ့ ညီအကို မောင်နှမတွေနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဒါကတော့ ဘာ Program လေးလဲဆိုတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိတဲ့ အနာကြီးရောဂါသည်(လူနဲစု)တွေရဲ့ ကုန်ဆုံးသွားမဲ့ သက်တမ်းကို သက်တောင့်သက်တာဖြစ်အောင် တဖက်တလမ်းကနေ ကူညီဆောင်ရွက်နေတာလေးတခုပါ။ သူရဲ့ ဆိုဒ်လေးက ဒီမှာ ပါ။ အသေးစိတ်ကြည့်နိုင်ပါတယ်။

ဒီလိုရောဂါမျိုးတွေထဲမှာ အနာကြီးရောဂါသည်တွေရဲ့ဘ၀ဟာ အတော့်ကိုဆိုးရွားလှပါတယ်။ အနာကြီးရောဂါသည်တွေကို ကျနော်တို့မြန်မာပြည်သူ၊သား တော်တော်များများကတော့ အနာကြီးရောဂါဆိုတာထက် အနူရောဂါလို့ ပြောရင် ပိုသိကြပါတယ်။ ကျနော်ငယ်စဉ်ကဆို တောင်ကြီးမြို့ပေါ်မှာ အဲ့လို အနာကြီးရောဂါသည်တွေ တော်တော်များများတွေ့ဖူးခဲ့ပါတယ်။ အများကတော့ ပအိုဝ့်၊ပလောင်စတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကိုတွေ့ရတတ်ပါတယ်။ အခန့်မသင့်လို့ ရောဂါဖြစ်ပွားခဲ့ရတဲ့ လူတွေရှိသလို၊ ဆင်းရဲတွင်းနက်ပြီး အနေအထိုင်မဆင်ခြင်လို့လဲ ကူးစက်ခဲ့ရတဲ့လူတွေ ရှိနေခဲ့ကြပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပွားဖြစ်ပွား အနာကြီးရောဂါသည်လို့ ပြောလိုက်တာနဲ့ လူတွေရဲ့ မျက်နာမှာအလိုမကျတဲ့အရိပ်လေးတွေ ပြတတ်ပါတယ်။ ကျနော်လဲ မစဉ်းစားတတ်သေးတဲ့ ကလေးဘ၀အရွယ်တုန်းက အနာကြီးရောဂါသည်တွေမြင်ရင် ကြောက်ပြီးအနားမကပ်ရဲခဲ့ပါဘူး ခုချိန်များ ပြန်စဉ်းစားကြည့်မိတော့ လူမပီသတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ရှက်ရွံ့မိပါတယ်။

""အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရားမဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် .... ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ်
ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူအညီယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံလို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီလှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။""
ဆိုဒ်ကလေးရဲ့ Home Page မှာ တင်ထားတာလေးပါ

ဘယ်လောက်ထဲ ကြေကွဲစရာ၊ ရင်နာစရာကောင်းတဲ့ လူ့ဘ၀ကိုရောက်နေပါသလဲ.. ကျနော်တို့နေ့စဉ်ရှာဖွေနေတဲ့ ငွေတွေက ဘယ်လိုနေရာအတွက် အကျိုးချမှာလဲ ကျနော်တို့ သေချာပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ သုံးသင့် သုံးထိုက်တဲ့နေရာမှ ကျနော်တို့ သုံးစွဲတတ်ဖို့လိုပါတယ်။ ကျနော်တို့ မိသားစု၊ ဆွေမျိုး၊ အသိုင်းအ၀န်းတွေထဲမှာကော ဒီလိုရောဂါသည်တွေ မဖြစ်လာနိုင်ဘူးလို့ အတပ်ပြောလို့ရမလား ဘယ်အရာမဆို ကိုယ်ပြုခဲ့တဲ့ ကံတရားအတိုင်းသွားကြရမှာပါပဲ။ ဘုရားပေးတဲ့အတိုင်းသာ ခံစားကြရမှာပါပဲ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီမယ်ဆို သူတို့လေးတွေရဲ့ဘ၀က ပိုပြီးသက်တောင့်သက်တာလေး ရှိကြမှာပါ။ ကူညီချင်သူများအားလုံး ဒီဆိုဒ် လေးကိုသွားပြီး အသေးစိတ်ဖတ်နိုင် လှူဒါန်းနိုင်ပါတယ်

မှတ်ချက်။ ။ မက်ဖန်ဆိုဒ် မှခွင့်ပြုချက်ယူ၍ ရေးသားပါသည်။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

6 comments:

ကူညီကြပါစို့

ကျနော်တို့ နေထိုင်ကြတဲ့ ဤကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကောင်းတာတွေ ဆိုးတာတွေကို မျိုးစုံခံစားကြရတာပဲ။ ဒီလိုပဲသိပ္ပံပညာတွေ ဘယ်လောက်တိုးတက်တိုးတက် လူလောကမှာ တချို့သောရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်မကုသနိုင်သေးသလို တချို့ရောဂါတွေကလဲ ဆေးပညာအရ ရှာဖွေကုသဖို့ ခက်ခဲတတ်ပါတယ်။ ဥပမာ အေအိုင်ဒီအက်စ်၊ ကင်ဆာရောဂါ စသည်ဖြင့်ပေါ့.. ဒီလိုရောဂါမျိုးတွေကို ခံစားနေရတဲ့လူတွေဟာ လူလောက အပြင်ဘက်ကို အလိုလိုနေရင်း ရောက်ရှိသွားတတ်ပါတယ်။ ဒါတွေဟာ ဘယ်သူ့အပြစ်လဲဆိုတော့ ကျနော်တို့လို လူကောင်းတွေရဲ့ လူမဆန်မှုတွေ၊ လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေကို ကျနော်တို့ မကျင့်ကြံနိုင်လို့လဲ ဖြစ်ပါတယ်။ တကယ်တမ်းလူပမာတယောက်ကို နေ့စဉ်ပြုစုပေးနိုင်ဖို့ဆိုတာကလဲ စိတ်ဓါတ်တွေ တော်တော်လေးရှည်ရှည်ထားပြီး စိတ်ရင်းစေတနာအပြည့်နဲ့ မေတ္တာတွေမျှပြီး ပေးစွမ်းနိုင်ဖို့လိုပါတယ်။ လူအချင်းချင်း နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကျနော်တို့လူသားတွေအဖို့ အလုပ်ထဲမှာ အဆင်မပြေခဲ့ရင် အိမ်မှာကျန်ခဲ့တဲ့ ရောဂါသည်ကို ဘယ်လောက်ထိ စိတ်ရှည်နိုင်မလဲ။ ကျနော်တို့ရဲ့ရောဂါသည်ကရော အပေါ်မှာပြောခဲ့သလို အေအိုင်ဒီအက်စ်လို ရောဂါမျိုးဆိုရင်ကော သင့်အနေနဲ့ အမြဲတမ်းပြုစုပေးနိုင်ပါ့ဦးမလား။ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီကြဖို့ မစဉ်းစားတော့ဘူးလား...

ကျနော်အမြဲသွားပြီး ဖတ်နေကြ ဘောလုံးသတင်း ဆိုဒ်လေးကနေပြီးတော့ ဦးဆောင်လုပ်ပေးတဲ့ Program တခုကို ကျနော်ချစ်တဲ့ ညီအကို မောင်နှမတွေနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဒါကတော့ ဘာ Program လေးလဲဆိုတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိတဲ့ အနာကြီးရောဂါသည်(လူနဲစု)တွေရဲ့ ကုန်ဆုံးသွားမဲ့ သက်တမ်းကို သက်တောင့်သက်တာဖြစ်အောင် တဖက်တလမ်းကနေ ကူညီဆောင်ရွက်နေတာလေးတခုပါ။ သူရဲ့ ဆိုဒ်လေးက ဒီမှာ ပါ။ အသေးစိတ်ကြည့်နိုင်ပါတယ်။

ဒီလိုရောဂါမျိုးတွေထဲမှာ အနာကြီးရောဂါသည်တွေရဲ့ဘ၀ဟာ အတော့်ကိုဆိုးရွားလှပါတယ်။ အနာကြီးရောဂါသည်တွေကို ကျနော်တို့မြန်မာပြည်သူ၊သား တော်တော်များများကတော့ အနာကြီးရောဂါဆိုတာထက် အနူရောဂါလို့ ပြောရင် ပိုသိကြပါတယ်။ ကျနော်ငယ်စဉ်ကဆို တောင်ကြီးမြို့ပေါ်မှာ အဲ့လို အနာကြီးရောဂါသည်တွေ တော်တော်များများတွေ့ဖူးခဲ့ပါတယ်။ အများကတော့ ပအိုဝ့်၊ပလောင်စတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကိုတွေ့ရတတ်ပါတယ်။ အခန့်မသင့်လို့ ရောဂါဖြစ်ပွားခဲ့ရတဲ့ လူတွေရှိသလို၊ ဆင်းရဲတွင်းနက်ပြီး အနေအထိုင်မဆင်ခြင်လို့လဲ ကူးစက်ခဲ့ရတဲ့လူတွေ ရှိနေခဲ့ကြပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပွားဖြစ်ပွား အနာကြီးရောဂါသည်လို့ ပြောလိုက်တာနဲ့ လူတွေရဲ့ မျက်နာမှာအလိုမကျတဲ့အရိပ်လေးတွေ ပြတတ်ပါတယ်။ ကျနော်လဲ မစဉ်းစားတတ်သေးတဲ့ ကလေးဘ၀အရွယ်တုန်းက အနာကြီးရောဂါသည်တွေမြင်ရင် ကြောက်ပြီးအနားမကပ်ရဲခဲ့ပါဘူး ခုချိန်များ ပြန်စဉ်းစားကြည့်မိတော့ လူမပီသတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ရှက်ရွံ့မိပါတယ်။

""အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရားမဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် .... ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူအညီယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံလို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီလှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။"" ဆိုဒ်ကလေးရဲ့ Home Page မှာ တင်ထားတာလေးပါ

ဘယ်လောက်ထဲ ကြေကွဲစရာ၊ ရင်နာစရာကောင်းတဲ့ လူ့ဘ၀ကိုရောက်နေပါသလဲ.. ကျနော်တို့နေ့စဉ်ရှာဖွေနေတဲ့ ငွေတွေက ဘယ်လိုနေရာအတွက် အကျိုးချမှာလဲ ကျနော်တို့ သေချာပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ သုံးသင့် သုံးထိုက်တဲ့နေရာမှ ကျနော်တို့ သုံးစွဲတတ်ဖို့လိုပါတယ်။ ကျနော်တို့ မိသားစု၊ ဆွေမျိုး၊ အသိုင်းအ၀န်းတွေထဲမှာကော ဒီလိုရောဂါသည်တွေ မဖြစ်လာနိုင်ဘူးလို့ အတပ်ပြောလို့ရမလား ဘယ်အရာမဆို ကိုယ်ပြုခဲ့တဲ့ ကံတရားအတိုင်းသွားကြရမှာပါပဲ။ ဘုရားပေးတဲ့အတိုင်းသာ ခံစားကြရမှာပါပဲ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီမယ်ဆို သူတို့လေးတွေရဲ့ဘ၀က ပိုပြီးသက်တောင့်သက်တာလေး ရှိကြမှာပါ။ ကူညီချင်သူများအားလုံး ဒီဆိုဒ် လေးကိုသွားပြီး အသေးစိတ်ဖတ်နိုင် လှူဒါန်းနိုင်ပါတယ်

မှတ်ချက်။ ။ မက်ဖန်ဆိုဒ် မှခွင့်ပြုချက်ယူ၍ ရေးသားပါသည်။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

10 comments:

Blogger Template by Clairvo