သူတပါးတိုင်းပြည်မှာ လူတဖက်သားကို ကူညီဖို့ထက် ကိုယ်ရဲ့ဘ၀ အတွက် အနိုင်နိုင် ရပ်တည်နေရဲ့တဲ့အချိန်မှာ သူတစ်ပါးကို ကူညီနိုင်ဖို့ဆိုတာ တော်ရုံစိတ်နဲ့ မဖြစ်နိုင်ပါဘူး. ဒါပေမဲ့ အဲဒီလိုစိတ်ဓာတ်နဲ့ ပြည့်စုံတဲ့ သာယာပျော်ရွင်ဖွယ်ကောင်းတဲ့ မိသားစု လေးနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေဆုံစည်းခဲ့ပါတယ်.. အဲဒီ မိသားစုလေးဟာ ကျွန်တော်တို့ ရဲ့ကျေးဇူးရှင် အရှင်သခင်လို့ပြောရင်လည်း မမှားပါဘူး။ ဒီမိသားစုလေးကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေ သူတပါးနိုင်ငံမှာ အများကြုံရသလို အခက်အခဲ သိပ်မရှိပဲ ဒုက္ခဆိုတာ ဘာလဲလို့ ပြန်မေးရလောက်အောင်ကို အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ သူများတွေဆို ရောက်ခါစမှာ နေဖို့အတွက် အခန်းကို စပြီးခေါင်းစားရတော့တာပါပဲ။ ဒါပေမဲ့ ကျွန်တော်တွေ အဲဒီ ၀ဠ်ဒုက္ခကနေ ကင်းလွတ်ခဲ့ပါတယ်..အဲဒါကတော့ ဒီမိသားစုလေးရဲ့ အကူအညီကြောင့်ပါပဲ. အဲဒီမိသားစု အကြောင်းနဲနဲတော့ တင်ပြပါရစေဗျာ…. အဲဒီဖြူစင်စိတ်ထားပြည့်ဝတဲ့ မိသားစုလေးရဲ့ ပဲ့ကိုင်ရှင် အရှင်သခင်တွေကတော့ ဦးလေး ဦးတင်ယု နဲ့ အန်တီ ဌေးဌေးမွန် တို့အကြင်လင်မယားပဲဖြစ်ပါတယ်..သူတို့မှာ ချစ်စရာအရမ်းကောင်းပြီး အမြဲပျော်ပျော်နေ တတ်တဲ့ သားလေး မင်းဇော်နဲ့ သမီး ချိုလေးတို့ နှစ်ယောက်ရှိပါတယ်.. တကယ်ဆို ဒီမိသားစုလေးက ကျွန်တော်တို့ စင်ကာပူကို အတူတူလာတဲ့ သူငယ်ချင်း (၁) ယောက်ရဲ့ ဦးလေးနဲ့ အဒေါ်ပါ…သူတို့ဟာ မယုံနိုင်အောင်ကို သဘောကောင်းကြပါတယ်။ ကျွန်တော်တို့ လိုလေးတယ်မရှိအောင် ဂရုစိုက်ကြပါတယ်.. စင်ကာပူကို ရောက်စကတော့ အရာရာဟာ ကိုယ့်တိုင်းပြည်နဲ့ တော်တော်ကိုခြားနားပါတယ်.. တိုက်တာအဆောက်အဦး ၊ လမ်းတွေ အစရှိသဖြင့်ပေါ့ဗျာ… စင်ကာပူဆိုတဲ့ နိုင်ငံကိုလာတဲ့ လူတယောက်အတွက် ပထမဆုံး အရေးကြီးတာကနေဖို့၊ အိပ်ဖို့ နေရာတစ်ခုပါ.. ကျွန်တော်တို့ မြန်မာနိုင်ငံမှာလို ဘုန်းကြီးကျောင်းမှာလို ကပ်အိပ်လို့မရသလို၊ သူငယ်ချင်းတွေနားလည်း နေဖို့ဆိုတာလည်း လွယ်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အန်တီဌေးတို့ မိသားစုရဲ့ ကျေးဇူးကြောင့် နေစရာရခဲ့ပါတယ်.. စင်ကာပူဆိုတဲ့ နေရာမှာ လူတစ်ယောက်ရဲ့ စားစရိတ်ဟာ ကျွန်တော်တို့ မြန်မာကျပ်ငွေနဲ့ တွက်လိုက်ရင် တော်တော်တန်ဖိုးရှိပါတယ်.. ဒါပေမဲ့ ကျွန်တော်တို့ အတွက် စားစရာလည်း မပူခဲ့ရပါဘူး… ဒါတွေဟာ ဒီမိသားစုလေးရဲ့ ကျေးဇူးပါပဲ ကျွန်တော်တို့လို IT အလုပ်မျိုးရှာတဲ့လူတွေအတွက် မရှိမဖြစ်ကတော့ အင်တာနက် ပါပဲ. ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အလုပ်လျှောက်ရင် အများစုကို online ကနေ လျှောက်ရတာကိုး.. အင်တာနက်ကလည်း အပြင်မှာသုံးရင် တနာရီကို စင်ကာပူငွေ (၃)ကျပ်လောက်ပေးရတယ်ဗျ.. မြန်မာငွေနဲ့ဆို (၂၅၀၀) ကျပ်လောက်တော့ ရှိမယ်ဗျ.. ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာလို ကြိုက်တဲ့ Cyber ကိုသွားလို့ မရဘူးဗျ.. ဒီမှာကလူတိုင်းနီးပါးက အိမ်မှာ Internet သုံးနေကြတော့ ဆိုင်ဆိုတာကနဲနဲ ရှားတယ်လေ..ဒီတော့ Internet သုံးမယ်ဆိုရင် မြန်မာတွေ
Labels
- Blog (470)
မေ့မရသော မိသားစုတစ်စု အကြောင်း
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
April
(18)
- မေ့မရသော မိသားစုတစ်စု အကြောင်း
- မေ့မရသော မိသားစုတစ်စု အကြောင်း
- ကျွန်တော်မြင်မိသော လူသားတို့ သဘာဝ
- ကျွန်တော်မြင်မိသော လူသားတို့ သဘာဝ
- အခင်မင်ဆုံး ကျွန်တော့်သူငယ်ချင်းများ
- အခင်မင်ဆုံး ကျွန်တော့်သူငယ်ချင်းများ
- အချစ်ဆိုတဲ့အရာ
- ကျွန်တော့် မေမေ-
- ကွန်တော့်အကြောင်းအပိုင်း (၁)
- ကျွန်တော်အကြောင်းအပိုင်း (၂)
- ကျွန်တော်အကြောင်း
- အချစ်ဆိုတဲ့အရာ
- ကျွန်တော့် မေမေ-
- ကွန်တော့်အကြောင်းအပိုင်း (၁)
- ကျွန်တော်အကြောင်းအပိုင်း (၂)
- ကျွန်တော်အကြောင်း
- ကျွန်တော်ရဲ့မြို့လေးအကြောင်း
- ကျွန်တော်ရဲ့မြို့လေးအကြောင်း
-
▼
April
(18)
Powered by Blogger.
0 comments: