Labels

မုန်တိုင်းလာသွားခဲ့တယ်

သတိရမိတယ်

ဆားချက်တဲ့လက်က

တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။

မင်းလည်း မမြင်နိုင်

ငါကလည်း မင်းကို

မပွေ့ထွေးနိုင်ခဲ့

ဆားချက်သမလေးရေ…။

မုန်တိုင်းက

ေ ရာ က် လာ တ ယ် ။

အခုတော့

ကမ်းမမြင် လမ်းမမြင်။

စီးမျောသွားပုံက

ကောင်းကင်တခုလုံး

ချက်ချင်း

ပျက်သွားသလို

ရုန်းရင်းဆန်ခတ်။

ခေတ်တွေ စီးဆင်းသွားတော့

ပင်လယ်က

ပြာစိမ်းလို့

ဘာမှမပတ်သက်သလိုမျိုး

သူစိမ်းဆန်ဆန်ကြည့်လို့ ။ ။

ဒီကဗျာလေးကတော့ အကို ကိုဖိုးဇေ ဘလော့ပေါ်မှာ နောက်ဆုံး ရေးခဲ့တဲ့ ကဗျာလေးပါ ခွင့်မတောင်းပဲ တင်ထားလိုက်မိပါတယ်

အခုတော့ ကျနော်တို့ရဲ့ ဘလော့ဂါ ရောင်းရင်းကြီးတယောက်တော့ ဘ၀တပါးကို သွားခဲ့ပြန်ပြီဗျာ.. အကိုဖိုးဇေကို လူချင်းမသိခဲ့ မရင်းနှီးခဲ့ပေမဲ့ သူရဲ့ ဘလော့က ကဗျာလေးတွေကိုတော့ တော်တော်နှစ်သက်ခဲ့မိပါတယ်... အကိုရေ အကိုမိသားစုနဲ့ ထပ်တူဝမ်းနည်းမိရပါတယ်ဗျာ.. အကိုဖိုးဇေ (ခ) အကိုမြင့်ဇေ (ခ) ပွင့်သစ်(ကရိန်ကန်) ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးရင်းးးးးးးးးးးးးးးးး

ဘ၀မှာ ဘယ်အရာတွေ မှောင်မိုက်နေပါစေ
ငါတို့ မျှော်လင့်နေတဲ့
လင်းရောင်ခြည်တွေ တနေ့ မြင်ရမှာပါ
ဒါပေမဲ့ ဒီအလင်း
မပေါ်လာခင် ကြွေလင့်သွားတဲ့
ဘလော့ ညီအကိုတွေ၊ ရဲရင့်စွာ ဆက်လျှောက်နေတဲ့
ဘလော့ ညီအကိုမောင်နှမတွေ
အားလုံးအတွက်
ကျနော် ထာဝရ ဂုဏ်ယူနေလျက်ပါ

တောင်ပေါ်သား

2 comments:

3 comments:

တွေးမိတွေးရာ

အခုတလော စိတ်ညစ်စရာတွေ များနေတယ်ဗျာ စိတ်က တော်တော်ကို ဖိစီးမူ များနေလေရဲ့ ... အလုပ်မှာလဲ အလုပ်မှာမလို့ သူငယ်ချင်းတွေနဲ့ တွေ့တော့လဲ သူတို့ရဲ့ ဒုက္ခတွေ ကြားနေရတာ စိတ်ချမ်းသာစရာ တခုမှ မတွေ့မိပါဘူးဗျာ.. အခုလဲ ထပ်ကြားလိုက်ရပြန်တယ် ကမ္ဘာစီးပွားရေး ဂရိုက်က စလုံးကိုလဲ အနဲအများတော့ ထိခိုက်တယ်ဆိုတာ တွေ့နေရပြီလေ.. သူငယ်ချင်းနှစ်ယောက်ကတော့ အလုပ်ကနေ ထုတ်ပယ်ချင်း ခံလိုက်ရတယ်ဗျာ ကြားရတာ စိတ်မကောင်းဘူး.. ဒီကိုရောက်နေတဲ့ အလုပ်လာရှာတဲ့ မြန်မာတွေလဲ တော်တော်ကို ဒုက္ခ ရောက်နေတယ်လို့ ကြားတယ်ဗျာ..

မြန်မာပြည်က ဒီလာမဲ့ သူငယ်ချင်း၊ မိတ်ဆွေ အားလုံး ဖြစ်နိုင်ရင် အခုစလုံးကို မလာစေချင်ဘူးဗျာ... ကျနော်က ဒီလိုပြောပြန်ရင်လဲ ကျနော်အပေါ်တမျိုးမြင်ကြပြန်ဦးမယ် ဒီလာတော့ အလုပ်မရရင် သူတို့ပဲ ဒုက္ခရောက်မှာလေ ကျနော် တကယ်စိတ်ညစ်တယ်ဗျာ... ဒီက အခြေအနေကို ကြည့်နေပြီး စိတ်ညစ်စရာ နောက်တခုထပ်တိုးလာပြန်ပြီ.. ဒီမှာ လာတက်နေတဲ့ ပညာသင်မြန်မာကျောင်းသူ၊ကျောင်းသားတွေလဲ အလုပ်တွေခက်နေလေရဲ့ မိဘက ထောက်ပံ့နိုင်တယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့ဗျာ မိဘကလဲ အဆင်မပြေရင် သူတို့လေတွေလဲ ဒုက္ခရောက်နေရပြန်မှာပေါ့.... သူတို့အလုပ်တွေခက်တာကလဲ ဒီစီးပွားရေး ဂရိုက်ပေါ့လေ...

အခုဆို ကျနော်တို့ မြန်မာပြည်ကြီးကော ဘယ်လို နေနေကြလဲမသိဘူးနော့် နဂိုထဲက စီးပွါးရေး မကောင်းပါဘူးဆို အခုလက်ရှိအတိုင်းဆို ပိုလို့တာဆိုးတော့မယ်ဗျာ.. ကျနော်တို့လဲ ဘာမှ မကူညီနိုင်ပါလားဗျာ.. အခုဆို ဖတ်လိုက်တဲ့ သတင်းတွေကလဲ စိတ်မကောင်းစရာတွေပဲဗျာ... စဉ်းစားကြပါဦး ငွေလိုလို့ လူသတ်လိုက်ရတာနဲ့ ရွှေဆိုင်ဖောက်ပြေးတာနဲ့ တနေ့တနေ့ မြန်မာသတင်းတွေ ဖတ်ရတာလဲ စိတ်မကောင်းစရာတွေချည်းပါပဲ... ကျနော်တို့ မြန်မာတွေရဲ့ စိတ်ကတော့ ချီးကျူးရပါ့မယ် ဟားဟား ကိုယ်တိုင်က ထမင်းနပ်မှန်နေရင် ဘယ်သူတွေ ဘာဖြစ်ဖြစ် မသိသလိုနေတတ်လေရဲ့ ဒီက စလုံးရောက် မြန်မာသူငယ်ချင်းတွေကတော့ ပြောပါ့ဗျာ.. အဖြူကောင်တွေတော်တော်ကို ချီးကျူးဖို့ကောင်းတယ်တဲ့ မှန်သင့်သလောက်တော့ မှန်ပါတယ်.. သူတို့က သူတို့ အရေး မဟုတ်ရင် ဘယ်သူကိုမှ ညှာတာထောက်ထားတာ မရှိဘူးလေ.

အခုဒီအကျင့်ဆိုးတွေ ကျနော်တို့ မြန်မာတွေကို ကူးစက်လာပါပြီ.. အခုဆို တိုင်းပြည်တွင်းမှာ ငတ်တဲ့လူ ငတ် သေတဲ့လူသေ ဒါပေမဲ့ ကိုယ်ထမင်းပုံမှန် စားနေရတော့ ဒါတွေကို ဂရုတောင် မစိုက်တော့ပါဘူး.. ကျနော် အပါ့အ၀င်ပေါ့လေ.. တကယ်ကျေးရွာတွေမှာ ထမင်းမစားနိုင်လို့ ငတ်နေကြတာတွေ ရှိပါတယ် ဒါပေမဲ့ သူတို့လဲ မနက်အိပ်ရာထကတည်းက လုပ်နေတာပဲ ဘာကြောင့်ဒီလို ငတ်နေကြရတာလဲ စိတ်ညစ်တယ်ဗျာ... ဘာမှကို လုပ်ချင်စိတ်မရှိအောင် ဖြစ်နေတယ်... ဒါတွေဟာ တဦးတယောက်ရဲ့ စိတ်ဓါတ်နဲ့ ဆိုင်လား တနိုင်ငံလုံး ပြုပြင်ရမဲ့ စိတ်တွေလား မသိတော့ပါဘူး.. ကျနော် လဲ ဘာတွေ ရေးနေမှန်းကို မသိတော့ဘူး စိတ်ညစ်ညစ်နဲ့ ရေးချင်တာရေးလိုက်တာပါ အမှားပါသွားရင်တော့ အားလုံး ခွင့်လွှတ်ပေးဗျာ...

6 comments:

8 comments:

အမှောင်

စိတ်ညစ်တွေ ဖုံးနေတဲ့
ဒီအမှောင်ကို မုန်းတယ်

သူရဲကောင်းတွေ ဒုက္ခရောက်စေတဲ့
ဒီအမှောင်ကို မုန်းတယ်

ရိုးသားတဲ့သူတွေကို ဖျက်စီးခဲ့ကြတဲ့
ဒီအမှောင်ကို မုန်းတယ်

မတရားကြီးစိုးမူကို ကာကွယ်ပေးတဲ့
ဒီအမှောင်ကို မုန်းတယ်

မိန်းမပျိုလေးတွေ ဘ၀ပျက်ခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

တောသူတောင်သားတွေ သေခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

လူဘ၀ တသက်လုံး မကြောက်မရွံ့
ရဲဝင့်စွာ အမှောင်ထဲမှာ နေတဲ့
လူတွေအတွက် ငါဂုဏ်ယူတယ်

ဘာပဲပြောပြော ဒီအမှောင်…...
ဒီအမှောင်ကြီးကို မုန်းတယ်

ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဒီအမှောင်ကို တွယ်တာနေတဲ့
လူတွေတော့ ရှိသေးတယ်

ငါတို့အားလုံး အမှောင်ပျောက်လို့
အလင်းလာမဲ့ အချိန်ကို စောင့်နေကြတယ်

တောင်ပေါ်သား

7 comments:

အမှောင်

စိတ်ညစ်တွေ ဖုံးနေတဲ့
ဒီအမှောင်ကို မုန်းတယ်

သူရဲကောင်းတွေ ဒုက္ခရောက်စေတဲ့
ဒီအမှောင်ကို မုန်းတယ်

ရိုးသားတဲ့သူတွေကို ဖျက်စီးခဲ့ကြတဲ့
ဒီအမှောင်ကို မုန်းတယ်

မတရားကြီးစိုးမူကို ကာကွယ်ပေးတဲ့
ဒီအမှောင်ကို မုန်းတယ်

မိန်းမပျိုလေးတွေ ဘ၀ပျက်ခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

တောသူတောင်သားတွေ သေခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

လူဘ၀ တသက်လုံး မကြောက်မရွံ့
ရဲဝင့်စွာ အမှောင်ထဲမှာ နေတဲ့
လူတွေအတွက် ငါဂုဏ်ယူတယ်

ဘာပဲပြောပြော ဒီအမှောင်…...
ဒီအမှောင်ကြီးကို မုန်းတယ်

ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဒီအမှောင်ကို တွယ်တာနေတဲ့
လူတွေတော့ ရှိသေးတယ်

ငါတို့အားလုံး အမှောင်ပျောက်လို့
အလင်းလာမဲ့ အချိန်ကို စောင့်နေကြတယ်

တောင်ပေါ်သား

11 comments:

ငြိမ်းချမ်းပါစေ

ကဲ ကျနော်ထပ်မေးမယ်
သင်ဘာလုပ်နေလဲ…
ကျနော်တို့ ဘာလုပ်နိုင်မလဲ
သြော် တရားကျလောက်ပါပေ့ လောကကြီးရယ်

လူငယ်တစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ
လူသားတစ်ယောက်ရဲ့ ဘဝ
ရှင်သန်နေတဲ့ အိမ်မက်
ပျိုမြစ်တဲ့ အတွေးအခေါ်တွေနဲ့
ဆန်းသစ်တဲ့ အနုပညာတွေ

အနစ်နာခံတတ်တဲ့ စိတ်ဓါတ်
ဦးဆောင်ရဲတဲ့ စွမ်းသတ္တိ
မှန်မယ်ထင်ရင် လက်မလျှော့တတ်တဲ့ ဇွဲ
ရိုးသားတဲ့ သူအမူအရာ
နိုင်ငံကို ချစ်တဲ့ သူရဲ့ စိတ်ဓါတ်

အမှန်တရားတခုကို ရဲရဲဝင့်ဝင့် ချပြရဲတဲ့လူ
ဒီလိုလူတွေ ရှားနေပြီလား
ရှိနေတဲ့လူကြတော့ --------
ဘယ်အချိန် ထပ်ပေါ်နိုင်ပါဦးမလဲ ဒီလိုလူမျိုး
ငါတသက် ထပ်မြင်နိုင်ဖွယ်မရှိ
ငါလဲ သူလို လိုက်မလုပ်နိုင် သြော် ဘ၀ ဘဝ

တောင်ပေါ်သား

P.S.. ကျနော် အပြင်မှာ မမြင်ဘူးပေးမဲ့ လေးစားရတဲ့ အကိုတယောက်အတွက် စိတ်ကူးရှိရာ ရေးဖွဲ့ပါတယ်..

4 comments:

5 comments:

ပျော်ရွင်သာယာဖွယ် ကဗျာလေး

ဒို့တောင်ပေါ်သားတွေ ရိုးသားပါတယ်

ပိုင်စိုး:- ရှမ်းမလေးရဲ့အနမ်းတွေကိုသတိရနေလေရဲ့

တောင်ပေါ်သား: -မွေးရပ်မြေမို့ မေ့နိုင်ပါဘူးလေ

သားငယ်: -ရိုးသား ကြိုးစား ခိုးစားလေ

သားငယ်: - ဘာစားတာလဲတော့ မသိဘူးလေ

ရိုးရာမြေရဲ့အမြွေအနှစ်တွေ ဒို့တွေထိန်းကြမယ်လေ

thiri: -be' laut pe' way nay way nay pop

တောင်ပေါ်သား: -တနေ့တော့ အရောက်ပြန်လာမယ်လေ ချစ်သော ဒို့မွေးရပ်မြေ

ရောက်တဲ့အရပ်မှာမပျော်ပါ မွေးရပ်မြေကို လွမ်းလို့ပါ

လူတိုင်းအတွက်မွေးရပ်မြေဆိုတာရိုတယ်

ကြယ်စင်မင်း: - လွမ်းပေမယ့်လည်း မပြန်နိုင်ဘဲ ..

တောင်ပေါ်သား: -ဘ၀ဆိုတာ အခက်အခဲမျိုးစုံလေ ဒါပေမဲ့ ဒို့မကြောက်ပါလေ

ပိုင်စိုး:- လွမ်းလိုက်တာရှမ်းသီချင်းရယ်

ပိုင်စိုး:- ဒါပေမယ့်ကိုတို့ရဲ့ရှမ်းမြေလေးကတော့မမေ့နိုင်စရာပါလား

ပိုင်စိုး:- ပဲပုတ်ရောပေါ့

တောင်ပေါ်သား: -တနေ့မှ မေ့မရဘူးလေ အမေ့ဟင်းနဲ့ မွေးရပ်မြေ

ကြယ်စင်မင်း: - ပန်းခင်းလမ်းထက် ဆူးခင်းလမ်းက ဘ၀မှာပိုများပါတယ် ရောင်းရင်းများရယ်

ပိုင်စိုး:- နာမည်လေးကိုတမ်းတနေဆဲပါကောင်မလေးရယ်

တောင်ပေါ်သား: - ရိုးရာကို မြတ်နိုးတဲ့ ဒိုတောင်ကြီးသားတွေပါလေ

ကြယ်စင်မင်း: - စိတ်ရင်းများက ဖြူစင်ခဲ့တာ အရင်ကတည်းးကပါ

ပိုင်စိုး:- နင့်ရဲ့စကားဝဲ၀ဲလေးနဲ့ခေါ်ခဲ့တဲ့စိုင်းဆိုတဲ့ အသံ

တောင်ပေါ်သား: -ဒီလိုရိုးသားတဲ့ ဓလေ့နဲ့ လူတွေကို မေ့မရပါလေ

ကြယ်စင်မင်း: - လွမ်းတတ်ပါတယ်.. ချယ်ရီမြေနဲ့ ထင်းရူးတန်းကြိးရယ်

တောင်ပေါ်သား: - ဘ၀ဆိုတာ ဒီလိုပဲလေ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့ စကားအတိုင်းပေါ့လေ

ကြယ်စင်မင်း: - ငါဆီနင်ပြန်လာမည်::.. စောင့်ဆိုင်းနေတဲ့နေ့ရက်တွေမှာ ကြယ်လေးတွေမြေခ ချယ်ရီပန်းလေးတွေ လွှင့်လို့ကြွေ တောင်ပေါ်မြေနီလမ်းလေးလည်း ချုံနွယ်တွေထူထပ် ၀ိုးတ၀ါးငါ့အိမ်မက်…. တနေ့ပြီးတနေ့ ပြောင်းလဲသွားတဲ့ ငါ့အတွက်

ကြယ်စင်မင်း: - ငါဆီနင်ပြန်လာမည် သေတဲ့အထိငါစောင့်နေပါမည်….။။။။။

ပိုင်စိုး:- ရှမ်းပဲပုတ်လေးကိုတော့ဘယ်တော့မှမမေ့ပါဘူး

ကြယ်စင်မင်း: - ..::ဇတ်လမ်းအဆုံး::.. ကောင်းကင်ရဲ့ ည ဘ၀ရဲ့အရှင်သခင် အွန်လိုင်းပေါ်ကကောင်မလေး ကြယ်စင်မင်း ရဲ့ ဘ၀တစ်ဆစ်ချိုး ပြန့်လွင့်လွယ်တဲ့ တိမ်တိုက်များ အော်… ငါဟာလေ နောက်ဆုံးတော့ ဒီဇာတ်လမ်းမှာ သေဆုံးရမှာပါဘဲလေ.....

ဒါလေးကတော့ တောင်ကြီးမီးပုံးပျံပွဲလေး အမှတ်တရ တယောက်တပေါက် စပ်ထားတာပါ အားလုံးမျှဝေ ခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ..

ကျေးဇူး တောင်ကြီးချယ်ရီမြေ

ကျနော်တို့ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲလေး စတင်နေပြီဗျာ... ပြန်ချင်စိတ်ကလဲ အရမ်းများနေတယ်... ဒါပေမဲ့ တောင်ကြီး ချယ်ရီမြေရဲ့ ကောင်းမှုကြောင့် ကျနော်ရဲ့ စိတ်လေးတွေ အတော်အတင့်ကို အပန်းပြေပါတယ်... တောင်ကြီးချယ်ရီမြေ ရဲ့ ကြိုးစားမူကြောင့် ကျနော်တို့ တောင်ကြီး တန်ဆောင်တိုင်ကို Live အနေနဲ့ ကြည့်ရှုခံစားရပါတယ် အဲဒီအတွက် ကျေးဇူးပါ... ကျနော်တို့တွေရဲ့ အနီးကပ်အော်ဟစ်သံလေးတွေကို သူငယ်ချင်းတွေ မကြားရပေမဲ့ စီပုံးလေး ထားပေးတဲ့ အတွက် တော်တော်ကို ပျော်စရာကောင်းပါတယ် ကျနော်တို့ရင်ထဲက ခံစားချက်တွေကိုလဲ သူငယ်ချင်းတွေ ကြားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက်ကော်နေရှင်းပေါ်မှာ စိတ်ဓါတ်မကျပဲ ဇွဲလုံလနဲ့ ကြိုးစားတင်ပေးတဲ့ အတွက် တောင်ကြီးသား၊သူ ကိုယ်စား အတော်ကို ၀မ်းသာပီတိဖြစ်ရပါတယ်။

အင်တာနက်ကော်နေရှင်က သိပ်မကောင်းတော့ ရုပ်တွေက ထစ်လိုက် စီပုံးက ပရိသတ်တွေက အော်ဟစ်ပြီး အားမလို အားမရ အော်ဟစ်လိုက်နဲ့ အတော်ကို ပျော်စရာကောင်းပါတယ်။ ကျနော် တကယ်ကို တောင်ကြီးက လူတွေအတွက် ၀မ်းသာပါတယ် ဘာလိုပဲပြောပြော ကျနော်တို့ တောင်ပေါ်သားတွေ လူတိုင်းနဲ့ ယှဉ်ပေါင်တန်းပြီး လိုက်လုပ်နိုင်ပါတယ်။ သူများတွေရဲ့ နောက်မှာ မကျန်ရစ်ဖူးဆိုတာ ကျနော်မြင်ခဲ့ရတဲ့ စီပုံးက သက်သေခံနေပါတယ်။ နိုင်ငံပေါင်းစုံကလူတွေ သူတို့ရဲ့ မွေးရပ်မြေမှာ နှစ်စဉ်ကျင်းပနေတဲ့ ဒီတန်ဆောင်တိုင်ပွဲလေးကို လာရောက် ဆင်နွှဲကြနေတာ တော်တော်ကို ၀မ်းသာစရာကောင်းပါတယ်...

မီးပုံပျံတစ်ခု လွှင့်တင်လိုက်ရင် လူတိုင်းပျော်နေတဲ့ အသံတွေဟာ ကျနော်တို့ Online ပေါ်က လူတွေဆီကိုပါ ကူးစက်ပျော်ဝင်စေပါတယ်။ နောက်တစ်ခုပျော်ရွှင်စရာတစ်ခုက စီပုံးမှာ ရှိတဲ့ လူတိုင်းဟာ ယဉ်ကျေးစွာ စကြနောက်ကြနဲ့ တကယ်ကို အပြင်မှာမတွေ့ဘူးပေမဲ့လို့ တကယ် ညီအစ်ကိုမောင်နှမတွေလိုပါပဲ တကယ်ကို တောင်ကြီးသား၊သူတွေ ပီသကြပါတယ်ဗျာ... ကြော်ငြာလေးတွေလာရင် ပြိုင်တူ ရှမ်းသီချင်းတွေကို တောင်းဆိုရတာလဲ အမော။ ဟီး ကျနော်တော့ ကံကောင်းတယ်ဗျာ အိမ်မှာ အင်တာနက်က မရသေးဘူး။ ဘေးက အင်တာနက်ကို ခိုးသုံးလို့ရတော့ ကျနော်ရဲ့ ပထမဆုံး တောင်ကြီးသားတွေနဲ့ အပြန်အလှန်စကားပြောရတာ အရမ်း အားရမိတယ် ကိုယ်ဟာကို တောင်ကြီးသားဖြစ်ရတာ ဂုဏ်ယူတယ်ဗျာ... ဘယ်သူတွေ ဘာပြောပြော ကျနော်တို့ အရိုးထိအောင် စွဲနေတဲ့ တန်ဆောင်တိုင်ပိုးကတော့ ဘယ်ဒေသတွေ ရောက်ရောက် မပျောက်ပျက်နိုင်ပါဘူး

နောက်တစ်ခုပျော်စရာလေး တစ်ခုက ကြော်ငြာလေးတွေပါ.. ကျနော်လည်း လူတွေ ဘာတွေ သိပ်မမှတ်မိတော့ဘူး အားလုံးက Nick Name တွေနဲ့ ၀င်ပြောကြတာကိုး။ မနိုင်းနိုင်း၊ကိုဗီလိန်၊ကိုစနေ၊ကိုNativeLand တို့နဲ့လည်း ပျော်ရွှင်စွာ တွေ့ရပါတယ်. Black ဆိုတဲ့ အကိုကတော့ ငုံးဥပြုတ်တွေ ရောင်းနေလေရဲ့။ ကျနော်တောင် စီပုံးကနေ တစ်ထုပ်အားပေးလိုက်သေးတယ် ဈေးတော့ကြီးသား တထုပ် ၁၀၀၀ တဲ့ဗျာ။ ငါးထမင်းချဉ်သည်နဲ့ ရှမ်းခေါက်စွဲရောင်းတယ်သူတောင် ရှိသေး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော် ဒီည အရမ်းပျော်နေတယ်ဗျာ.. မနက်ဖြန် မနက် အစောအလုပ်သွားရမှာ ဒါပေမဲ့ ကျနော် ဒီညမအိပ်နိုင်ဘူးဗျာ တွေးလေတွေးလေ ပျော်နေတယ်။ ကဲ နောက်နေ့မှ ကြုံတာတွေ ဆက်တင်ပေးမယ်ဗျာ.... တောင်ကြီးချယ်ရီမြေ ရေ ကျေးဇူးအထူးတင်ပါတယ်လို့ ထပ်ပြောပါရစေ .... ကဲ ကျနော်ဘလော့ဂါ ညီအကိုမောင်နှမများ အားလုံးလဲ အဆင်ပြေရင် လာလည်စေချင်ပါတယ်.. တောင်ကြီးသားတွေ စုစည်းပြီး ပျော်ကြတဲ့ပွဲလေးကို တဆင့် ဖိတ်ခေါ်ပါတယ်နော့်တောင်ကြီးချယ်ရီမြေ မှာ ညနေ ၆း၀၀ (မြန်မာ စံတော်ချိန်) လောက်က စပြီး ပြသနေပါတယ်။

1 comments:

စိတ်ကူးတဲ့ရာ

ကျနော် ဖတ်လိုက်ရတဲ့ စာအုပ်လေးထဲက စိတ်ကြိုက်လေးကို ဖော်ပြလိုက်တာပါ... အမြင်မတူတာတွေ ပါရင်တော့ ခွင့်လွတ်နော့်။

မည်သူ့ကိုမှ မည်သူ၏ လိုလားတောင့်တခြင်း မရှိပါစေနှင့်။

အချက်(၄)ချက်ပေါ်တွင် မာန်မာန မထား မထားပါနှင့်။

(၁) ဥစ္စာပစ္စည်း
(၂) ရာထူးအဆင့်အတန်း
(၃) ရုပ်ရည်ချောမောလှပခြင်း
(၄) အင်အား

အချက်(၄)ချက်ပေါ်တွင် ကျင့်သုံးနိုင်အောင် ကြိုးစားပါ။

(၁) မည်သူ့ကိုမှ အသျှင်(ဘုရားသခင်)နှင့် တတန်းထဲ မထားလေနှင့်။
(၂) မည်သူ့ကိုမှ စိတ်ဒုက္ခ မပေးလေနှင။့်
(၃) အတင်း မပြောလေနှင့်။
(၄) မည်သူ တစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးများ ကိုယ်ကြောင့် မဆုံးရှုံးစေနှင့်။

ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။

အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။

လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။

စာကြွင်း။ ။ကျနော် mail ထဲကို ရောက်လာတဲ့ စာတခုပါ... ဘ၀မှာ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘာမှမဟုတ်ပေမဲ့ သေချာဂရုစိုက်လုပ်နိုင်လားဆိုတာ့ မလုပ်နိုင်ကြပါဘူး။ လူဘ၀မှာ တော်တော်ကို လိုအပ်မယ်လို့ ထင်ပါတယ်။

ကျနော်မပိုင်သော ကျနော်ရဲ့ အိမ်သစ်လေး

ဟုတ်တယ် ကျနော်တကယ်မပိုင်ပါဘူး။ ဒါပေမဲ့ ကျနော်ရဲ့ အိမ်လေးပါပဲ။ ဒီလိုပါ ကျနော်တို့ သူငယ်ချင်းတွေ စုပြီး အခန်းတခုကို ငှါးလိုက်ပါတယ် တနှစ်စာချူပ်နဲ့ပေါ့... ဒီတော့ ကျနော်တို့ တနှစ်ပိုင်တာပေါ့နော့် ပေးရတဲ့ငွေက ပြောချင်ပါဘူးဗျာ.. ရန်ကုန်မှာဆို တိုက်ခန်းတခုလောက် အေးဆေး ၀ယ်လို့ရတယ်.. ကျနော်တို့နယ်မှာဆို မြေကွက်ကောင်းကောင်း တခုရတယ်လေ...ဒီလိုပါပဲ သူခေတ်နဲ့ သူလိုက်ပြီး နေရမှာပေါ့ ဟုတ်ဘူးလား ဒီပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ဘာမှမယ်မယ်ရရ အလုပ်တွေ မရှိဘဲနဲ့ ကျနော်အလုပ်တွေ ရှုပ်နေခဲ့ပါတယ်။ ဒါကြောင့် ကျနော် ဘလော့လေးကို သိပ်မပြင်ခဲ့ဖြစ်ပါဘူး သောကြာနေ့ညကတော့ ကျနော်တို့ အိမ်သစ်လေးကို ပြောင်းလိုက်ပါတယ်။ အစစအရာရာ ဈေးကြီးနေတဲ့ စင်ကာပူမှာ အိမ်ခန်းလေး တစ်ခုကို သူငယ်ချင်း ၅ ယောက်နဲ့ အတူတူ စုပြီး ငှါးဖြစ်ပါတယ်။ ဒီလို စုနေတဲ့အတွက် ပိုက်ပိုက်လည်း နဲနဲတော့ ပိုစုမိမယ်လို့ ထင်တာပါပဲ လောလောဆယ်တော့ အေးဂျင့်ခ၊ စရံငွေတွေနဲ့ တော်တော့်ကို ကုန်သွားပါတယ်။

ကျနော်တို့ အိမ်လေးက အသစ်ဆိုတာ့ ကျနော်တို့က ပထမဆုံး အိမ်ငှါးတွေပေါ့။ အိမ်ရှင်က အင်တာနက် မတတ်ထားပေမယ့် ကေဘယ် တီဗွီကရှိနေတော့ ကျနော်တို့က အင်တာနက် ရမယ်ထင်ပြီး သွားတောင်လျှောက်ထားပြီးပါပြီ။ အခုထိတော့ အိမ်မှာ အင်တာနက် မရသေးပါခင်ဗျာ.. ဘာကြောင့်လဲတော့ အဖြေရှာမရသေးပါ.. သူတို့ပေးလာတဲ့ Device ကပဲ မကောင်းတာလား Activate ပဲ မဖြစ်သေးတာလားတော့ မသိဘာဘူး…နောက်ဆုံး စဉ်းစားလို့ရတာကတော့ သေချာမစုံစမ်းပဲ လုပ်မိတဲ့ ကျနော်တို့ အပြစ်ပေါ့နော့်။ တကယ်ရ်ျ TV Line မှာ Internet အတွက် Activate မလုပ်ရသေးရင် Activate လုပ်ဖို့ ပိုက်ပိုက်က ပိုကုန်ဦးမယ် စိတ်ညစ်ပါတယ်ဗျာ…

ကံကောင်းတာကတော့ ကျနော်တို့ သူငယ်ချင်း ၆ ယောက်ထဲမှာ ကျနော်နဲ့ သူငယ်ချင်းတယောက်ရဲ့ ကွန်ပျူတာလေး ၂ လုံးက ဘေးက Wireless လေးကို ယူသုံးလို့ရနေတယ်ဗျ… ခိုးသုံးတာ မဟုတ်ဘူးနော့် သူတို့က စေတနာနဲ့ Password မပေးထားတော့ ကျနော်တို့က ယူသုံးလိုက်တာပါ ဟဲဟဲ… ဒါပေမဲ့ Signal ကသိပ်မအိုကေပါဘူးဗျာ… ရလိုက် မရလိုက်နဲ့ ဒီတော့ ကျနော် Online မတက်ဖြစ်ဘူးပေါ့. အခုတောင် တင်ချင်လွန်းလို့ အလုပ်ကနေ တင်လိုက်တာဗျ... ရှုစားကြလော့ ကျနော် အိမ်သစ်လေးကို ကျနော် ချစ်ညီကို၊ မောင်နှမများ..... စကားမစပ် အခုဆို ဥထမင်းလဲ မလုပ်စားရတော့ဘူး ကိုယ်တိုင် ချက်စားလို့ရပြီ။ အပျင်းထူရင်တော့ ကျနော် မမ၊ညီမလေးတွေ ချက်ကျွေးတာကို ခူးခပ်စားလိုက်ယုံပဲ ကဲ ဒီထက်ကောင်းတာ ဘာရှိသေးလဲဗျာ... အိမ်မှာ အင်တာနက် ရမှပဲ ဘလော့ ညီအကို၊ မောင်နှမတွေဆီ လာလည်မယ်နော့် အခုတော့ ခွင့်လွှတ်ဦးနော့်

ဒါလေးကတော့ ကျနော်တို့ အိမ်ရဲ့ ဧည့်ခန်းလေးပေါ့

ဒါလေးကတော့ မီးဖိုခန်းပေါ့ ကျနော့် အကိုတွေ၊အမတွေ၊ညီမလေး ထမင်းဟင်းတွေ ချက်တဲ့နေရာလေးလေ.. ကျနော်ကတော့ ချက်ပါဘူး သူတို့ ချက်ပြီးမှ ကျနော်က ၀င်စားလိုက်တာ လူလည်လေ....

ဒါကထမင်းစားပွဲပေါ်က အလှဓါတ်ပုံလေးတွေကို ရိုက်ထားတာပါး)

"BLOGGER_PHOTO_ID_5264654514934197538" />

ဒါကတော့ ကျနော်တို့ ရေချိုးခန်းပေါ့ ကျနော်နောင်တော် တစ်ယောက် အကြိုက် ရေပူပါ ပါတယ်လေ အဲလိုကြွားတာနော့်

ဒါကတော့ ကျနော် အိပ်ရာပေါ့ အပေါ်မှာ ကျနော်အိပ်တာလေ.. အောက်ကတော့ ကျနော် အစ်ကို တစ်ယောက်ပေါ့ အပေါ့အပါး သွားရင်တော့ ဒီအတိုင်းပဲ သွားလိုက်တာ ဟဲဟဲ (တကယ်မဟုတ်ဘူးနော့် စတာ)

Blogger Template by Clairvo