စိတ်ညစ်တွေ ဖုံးနေတဲ့
ဒီအမှောင်ကို မုန်းတယ်
သူရဲကောင်းတွေ ဒုက္ခရောက်စေတဲ့
ဒီအမှောင်ကို မုန်းတယ်
ရိုးသားတဲ့သူတွေကို ဖျက်စီးခဲ့ကြတဲ့
ဒီအမှောင်ကို မုန်းတယ်
မတရားကြီးစိုးမူကို ကာကွယ်ပေးတဲ့
ဒီအမှောင်ကို မုန်းတယ်
မိန်းမပျိုလေးတွေ ဘ၀ပျက်ခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်
တောသူတောင်သားတွေ သေခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်
လူဘ၀ တသက်လုံး မကြောက်မရွံ့
ရဲဝင့်စွာ အမှောင်ထဲမှာ နေတဲ့
လူတွေအတွက် ငါဂုဏ်ယူတယ်
ဘာပဲပြောပြော ဒီအမှောင်…...
ဒီအမှောင်ကြီးကို မုန်းတယ်
ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဒီအမှောင်ကို တွယ်တာနေတဲ့
လူတွေတော့ ရှိသေးတယ်
ငါတို့အားလုံး အမှောင်ပျောက်လို့
အလင်းလာမဲ့ အချိန်ကို စောင့်နေကြတယ်
ဒီအမှောင်ကို မုန်းတယ်
သူရဲကောင်းတွေ ဒုက္ခရောက်စေတဲ့
ဒီအမှောင်ကို မုန်းတယ်
ရိုးသားတဲ့သူတွေကို ဖျက်စီးခဲ့ကြတဲ့
ဒီအမှောင်ကို မုန်းတယ်
မတရားကြီးစိုးမူကို ကာကွယ်ပေးတဲ့
ဒီအမှောင်ကို မုန်းတယ်
မိန်းမပျိုလေးတွေ ဘ၀ပျက်ခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်
တောသူတောင်သားတွေ သေခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်
လူဘ၀ တသက်လုံး မကြောက်မရွံ့
ရဲဝင့်စွာ အမှောင်ထဲမှာ နေတဲ့
လူတွေအတွက် ငါဂုဏ်ယူတယ်
ဘာပဲပြောပြော ဒီအမှောင်…...
ဒီအမှောင်ကြီးကို မုန်းတယ်
ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဒီအမှောင်ကို တွယ်တာနေတဲ့
လူတွေတော့ ရှိသေးတယ်
ငါတို့အားလုံး အမှောင်ပျောက်လို့
အလင်းလာမဲ့ အချိန်ကို စောင့်နေကြတယ်
တောင်ပေါ်သား
အမှောင်လွန်ရင် အလင်းလာလိမ့်မပေါ့ သီးခံစောင့်နော်
ReplyDeleteငါလဲအမောင်တော့ အတော်ကြောက်တယ်
ReplyDeleteအမှောင်ကင်းဝေး အလင်းရောက်ပါစေ..
ReplyDeleteတို့တစ်ဦးချင်းစီဟာဖယောင်းတိုင်မီးလေးတွေပါဘဲ။
ReplyDeleteညီညီညာညာဝိုင်းထွန်းညှိလိုက်ရင် အမှောင်ပျောက်
ပြီးအလင်းရောက်လာမှာပါတောင်ပေါ်သားလေးရေ။
အမှောင်လွန်ပြီ အလင်းနေ့တွေ တစ်နေ့တော့ ရောက်လာမှာပါဗျာ။ အဲဒီနေ့ကို ကျတော်တို့ စောင်နေကြတာပေါ့
ReplyDeleteကောင်းကင်ကိုကတော့ သူ့ကဗျာတပုဒ်ထဲမှာ ကြယ်တွေပြိုင်တူလင်းဖို့လိုတယ် လို့ရေးခဲ့တယ်။ အလင်းကို ထွန်းညှိဖို့ ကြိုးစားကြတာပေါ့။
ReplyDeleteကိုတောင် ဘာကိုဆိုလိုချင်လဲတော့မသိဘူး ဒါပေမဲ့နားလည်လိုက်တာကတော့
ReplyDeleteဒီအမှောင်ခွင်းဖို့ ကျနော်တို့အားလုံးမှာတာဝန်ရှိတယ်။ ဒါပေမဲ့ဗျာ စည်းလုံးမှု
မရှိရင်တော့ အမှောင်ကတော့ အမြဲကြီးစိုးနေမှာပဲဗျ