Labels

အမှောင်

စိတ်ညစ်တွေ ဖုံးနေတဲ့
ဒီအမှောင်ကို မုန်းတယ်

သူရဲကောင်းတွေ ဒုက္ခရောက်စေတဲ့
ဒီအမှောင်ကို မုန်းတယ်

ရိုးသားတဲ့သူတွေကို ဖျက်စီးခဲ့ကြတဲ့
ဒီအမှောင်ကို မုန်းတယ်

မတရားကြီးစိုးမူကို ကာကွယ်ပေးတဲ့
ဒီအမှောင်ကို မုန်းတယ်

မိန်းမပျိုလေးတွေ ဘ၀ပျက်ခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

တောသူတောင်သားတွေ သေခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

လူဘ၀ တသက်လုံး မကြောက်မရွံ့
ရဲဝင့်စွာ အမှောင်ထဲမှာ နေတဲ့
လူတွေအတွက် ငါဂုဏ်ယူတယ်

ဘာပဲပြောပြော ဒီအမှောင်…...
ဒီအမှောင်ကြီးကို မုန်းတယ်

ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဒီအမှောင်ကို တွယ်တာနေတဲ့
လူတွေတော့ ရှိသေးတယ်

ငါတို့အားလုံး အမှောင်ပျောက်လို့
အလင်းလာမဲ့ အချိန်ကို စောင့်နေကြတယ်



တောင်ပေါ်သား

7 comments:

  1. စိုင်းစိုင်းလားရှိုးNovember 12, 2008 at 8:12 AM

    အမှောင်လွန်ရင် အလင်းလာလိမ့်မပေါ့ သီးခံစောင့်နော်

    ReplyDelete
  2. ငါလဲအမောင်တော့ အတော်ကြောက်တယ်

    ReplyDelete
  3. အမှောင်ကင်းဝေး အလင်းရောက်ပါစေ..

    ReplyDelete
  4. တို့တစ်ဦးချင်းစီဟာဖယောင်းတိုင်မီးလေးတွေပါဘဲ။
    ညီညီညာညာဝိုင်းထွန်းညှိလိုက်ရင် အမှောင်ပျောက်
    ပြီးအလင်းရောက်လာမှာပါတောင်ပေါ်သားလေးရေ။

    ReplyDelete
  5. အမှောင်လွန်ပြီ အလင်းနေ့တွေ တစ်နေ့တော့ ရောက်လာမှာပါဗျာ။ အဲဒီနေ့ကို ကျတော်တို့ စောင်နေကြတာပေါ့

    ReplyDelete
  6. ကောင်းကင်ကိုကတော့ သူ့ကဗျာတပုဒ်ထဲမှာ ကြယ်တွေပြိုင်တူလင်းဖို့လိုတယ် လို့ရေးခဲ့တယ်။ အလင်းကို ထွန်းညှိဖို့ ကြိုးစားကြတာပေါ့။

    ReplyDelete
  7. ကိုတောင် ဘာကိုဆိုလိုချင်လဲတော့မသိဘူး ဒါပေမဲ့နားလည်လိုက်တာကတော့
    ဒီအမှောင်ခွင်းဖို့ ကျနော်တို့အားလုံးမှာတာဝန်ရှိတယ်။ ဒါပေမဲ့ဗျာ စည်းလုံးမှု
    မရှိရင်တော့ အမှောင်ကတော့ အမြဲကြီးစိုးနေမှာပဲဗျ

    ReplyDelete

Blogger Template by Clairvo