Labels

ကဲဘောလုံးပွဲတွေ အလကားကြည့်ကြမယ်

ကျနော် အခုရေးလိုက်တဲ့ ပိုစ့်လေးကတော့ တော်တော်များများ အားကစားဝါသနာရှင်တွေ သိပြီးသားဖြစ်နေလောက်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကျနော်လို ဘောလုံး ကြိုက်နှစ်သက်တဲ့ တချို့မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ပြီး ရေးပေးလိုက်တာပါ။ ကျနော်တို့ အမိမြန်မာနိုင်ငံတော် အတွင်း အင်တာနက်ကော်နေရှင်းနဲ့တော့ အဆင်မပြေလောက်ဘူးထင်ပါတယ်။ သူကတော့ အင်တာနက်ပေါ်ကနေ အားကစား အစုံကို Live အနေနဲ့ ပြပေးတဲ့ Website လေးပါပဲ။ အားလုံးက အလကားရပါတယ်။ ဘာပိုက်ဆံမှ ပေးစရာမလိုပဲ အင်တာနက်ပေါ်ကနေ အားကစားမျိုးစုံကို Live အနေနဲ့ ကြည့်လို့ ရသလို သူတို့ Live မဟုတ်တဲ့ တီဗွီ အစီအစဉ်တွေကိုလဲ အလကားကြည့်ရှုနိုင်ပါတယ်။

အဲဒီ Website လေးရဲ့ Address ကတော့  ဒီမှာပါ။



သူက ပထမဆုံးစပြီး ကြည့်ချင်တယ်ဆို ကိုယ်ကြည့်မဲ့ လိုင်းပေါ်မူတည်ပြီး Software လေးတွေ ဒေါင်းလုပ် လုပ်ရပါတယ်။ အဲဒီဆော့ဝဲလ်တွေကိုလဲ အလကားပေးထားပါတယ်။ အဲဒီဆော့ဝဲလ်တွေကို ဒေါင်းလုပ် လုပ်ချင်တယ်ဆိုရင်တော့ Sofeware ဆိုတဲ့ tag ကို သွားပေးရပါတယ်။ ပြီးတာနဲ့ ကိုယ်လိုချင်တဲ့ Software တွေကို ဒေါင်းလုပ် လုပ်ချရုံပါပဲ။
ဘောလုံးပွဲ အများဆုံး ပြသတဲ့ လိုင်းတွေကတော့ TVU, TVants ,Sopcast စတာတွေပါပဲ။



အဲမှာဆော့ဝဲလ်တွေကို ဒေါင်းလုပ် လုပ်ပြီးတာနဲ့ Live Sports ဆိုတာကို သွားရပါတယ်။ အဲမှာ လက်ရှိဖွင့်တဲ့အချိန်မှာ Live လာနေတဲ့ အားကစားမျိုးစုံကို ပြသပေးပါတယ်။ ကိုယ်က ဘောလုံးတင်းနစ် စသည်ဖြင့် စိတ်ကြိုက် ရွေးကြည့်ချင်တယ်ဆို အပေါ်က Icon လေးတွေကို နှိပ်ပြီး ရွေးလို့ရပါသေးတယ်။



ပြီးသွားတာနဲ့ ကိုယ်ကြည့်ချင်တဲ့ လိုင်းရဲ့ ဘေးထောင့်က တီဗွီပုံလေးမှာ နှိပ်လိုက်ရင် အဲ့ဒီ Chanel ကို ပြပေးတဲ့ Player List တွေ ပေါ်လာပါတယ်။



ဒါဆို ကျနော်တို့စက်မှာ Install လုပ်ထားတဲ့ Player ပါတာလေးကို ရွေးပြီး Play ကိုနှိပ်လိုက်ယုံပါပဲ။ ဒါဆို Live ပြနေတဲ့ အားကစားတွေ အလကားကြည့်လို့ ရပါပြီး။။။။။။။

ဒီ Player တွေက Live အပြင် Movies လိုင်းတွေ အများကြီး အလကားပြပေးပါတယ်။ ကျနော်တို့ တ၀ကြီး ကြည့်လို့ရပါပြီး။။။။။။။။။။။။။



တောင်ပေါ်သား

3 comments:

  1. ဟီ.. ကျနော်က၀ါသနာကို လုံဝမပါတာဗျ။
    ဒါပေမဲ့ ဆိုဒ်လေးကိုတော့ ကူးသွားတယ်
    လိုချင်တဲ့သူရှိရင် ပေးလို့ရတာပေါ့ဗျာ။ကျေးဇူး
    ဗျာ

    ReplyDelete
  2. ကျေးဇူးဗျို့..ရှပ်ပြာစိန်က..ဒါမျိုးကျတော်ပြန်ရော:P.
    ဒါပေမဲ့ ချယ်လ်ဆီးကို မကျော်နိုင်သေးပါဘူး
    :D

    ReplyDelete

Blogger Template by Clairvo