Labels

အချစ်တခုကို ၀င်ရောက်ခံစားကြည့်ခြင်း


ဒီလောကကြီးမှာ သက်ရှိရယ်လို့ဖြစ်လာရင် အချစ်ဆိုတာကို ခံစားဖူးကြမှာပါပဲ။ ကျနော်တို့လို လူသားတွေအတွက်ကတော့ အချစ်ဆိုတာကို အခြား တိရစ္ဆာန် (သက်ရှိ)တွေထက် ပိုပြီး ရူးမိုက်စွာ ခံစားတတ်ကြပါတယ်။ ဒီတော့ အချစ်ဆိုတာဘာလဲဆိုတာဟာ ဘယ်လိုမှ ပြောလို့ ပြည့်စုံနိုင်မှာ မဟုတ်ဘူးလို့ ကျနော်ယုံကြည်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘ၀ပေါ်လျှောက်လှမ်းခဲ့ရတဲ့ အခြေအနေ လောကဒဏ်ကို ကြုံတွေပြီး အချစ်ဆိုတာဟာလဲ အရောင်တွေ အမျိုးမျိုးပြောင်းလဲ သွားကြမှာပါပဲ။ ဒါပေမဲ့ လူသားတိုင်းမှာတော့ အချစ်ဆိုတာ ရှိတတ်စမြဲပါ။ အချစ်မရှိရင် ဘယ်လူသားတိုင်းမှာမှ တယောက်ထဲ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး ကျနော်ဆိုလိုတာက အချစ်ဆိုတာ ရမ္မက်ပါတဲ့ လူတွေ ပြောဆိုနေတဲ့ (၁၅၀၀) အချစ်လဲ ဖြစ်နိုင်သလို ချမ်းမြေ့သာယာတဲ့ (၅၂၈) အားလုံးကို ဆိုလိုချင်တာပါ။

ကြံကြံဖန်ဖန် ငြင်းချင်သူများ၊ ဝေဖန်ချင်သူများကတော့ ပြောပါလိမ့်မယ်။ ဥပမာ ဘာသာတရားလုပ်တဲ့ ပုဂ္ဂိုလ်တွေကတော့ အချစ်ဆိုတာကို မေ့ထားတယ်လို့ ပြောပါလိမ့်မယ်။ ကျနော် အမြင်တော့ ဒါဟာလဲ အချစ်တခုပါပဲ။ ဥပမာ ဦးပဇ္ဖင်းတပါးဆိုပါတော့ သူက တရားအားထုတ်တယ် ဒါဟာလဲ သူဟာဘာသာတရားကို ချစ်မြတ်နိုးလို့ပါ။ ဒီတော့ကား ကျနော် တဦးထဲ အမြင်ဆိုရင်တော့ အချစ်ဆိုတာ အလွန်တရာမှ ဆန်းကြယ်ပါတယ်။ လောကမှာ မြင်နိုင်တာတွေ ရှိသလို အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာတော့ ကြိုပြီးတွက်ချက်လို့ မရပါဘူး။ အချစ်ဟာလဲ ဒီအတိုင်းပါပဲ အနက်တွေအမျိုးမျိုးကွဲနေပေမဲ့ အချစ်ကတော့ လူသားတိုင်းမှာ ရှိတတ်စမြဲပါ။

တခါတလေများတော့ (၁၅၀၀) ဆိုတဲ့ အချစ်ကို သေချာစဉ်းစားဖူးပါတယ်။ ဒီအချစ်ဟာ ရယူလိုခြင်းလား၊ ပေးဆပ်ခြင်းလား အနစ်နာခံချင်လားပေါ့။ ဒါတွေကလဲ အပေါ်က ပြောခဲ့သလို လူတွေရဲ့ ရပ်တည်မူ ခံစားချက်တွေပေါ်မှာသာ မူတည်နေပါလိမ့်မယ်။ တကယ်တမ်း အချစ်ကို စတင်တွေ့မိတဲ့ အချိန် ကျောင်းသားအရွယ်ဆိုရင်တော့ အချစ်ဟာ ရယူလိုချင်းများ ပြည့်နေဖို့များပါတယ်။ အချစ်ကို ပိုင်ဆိုင်ရမှ ကျေနပ်နေတတ်မှာပါ။ အချစ်ကို အရူးအမူး ခံစားတတ်တဲ့ အရွယ်ပေါ့။ ကျနော်လဲ ဒီအချိန်တွေကို လူသားဖြစ်လာတဲ့အလျှောက်တော့ ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသက်အပိုင်းအခြားပေါ်မူတည်ပြီး ဖြစ်တည်နေတဲ့ အချစ်ရဲ့ ခံယူချက်တွေက တော်တော်ကို ပြောင်းလဲနိုင်ပါတယ်။

ဘ၀မှာ ဒီအတိုင်း မိဘလုပ်စာထိုင်စားနေတဲ့ သာမန်လူတွေနဲ့ အလုပ်လုပ်နေတဲ့ လူတွေရဲ့ စိတ်ခံစားချက်ဟာလဲ အတော်ကို ကွဲပြားခြားနားပါတယ်။ ဥပမာ သာမန် ဒေးတက္ကသိုလ်ကျောင်းသားတယောက်ရဲ့ အတွေးအခေါ်နဲ့ အလုပ်လုပ်ပြီး အဝေးသင်တက္ကသိုလ်တက်နေရတဲ့ ကျောင်းသားတယောက်ရဲ့ ဘ၀ရပ်တည်မူ၊ အချစ်ရဲ့ ခံစားမူတွေဟာ မတူညီနိုင်ပါဘူး။ တခါတရံမှာတော့ အချစ်ဟာ သာယာမူတွေ ပေးတတ်ပါတယ်။ ဒါကို ကြုံတွေ့ခံစားရတဲ့ လူတယောက်ဟာ အချစ်ဟာ ပျော်ရွှင်မူတွေပေးတယ်ပေါ့။ တခါတလေ အချစ်ဟာ စိတ်ညစ်မူတွေကို ပေးတာနဲ့ ကြုံတွေ့ခံစားရတဲ့ လူတယောက်အတွက်တော့ အချစ်ဟာ စိတ်ညစ်စရာတွေ အတိပေါ့။ အဓိကကတော့ ခံစားချက်လေးတွေ ကွာခြားနေတာပါပဲ လို့ ကျနော်မြင်မိပါတယ်။

တကယ်တမ်း အချစ်ဆိုတာထက် သံယောဇဉ်လေးများ ဒီလောကကြီးမှာ ပိုရှိရင် ကောင်းပါလိမ့်မယ်။ အချစ်ဆိုတာက စိတ်ခံစားမူပျော်ရွှင်နေရင် ပျော်စရာကောင်းပေမဲ့ စိတ်ညစ်စရာတွေ ကြုံတွေ့လာရင် အချစ်ဟာ အရာရာပျောက်ဆုံးနေတဲ့ လူတယောက်လို မျှော်လင့်ချက်တွေ ပျက်သုန်းစေပါတယ်။သံယောဇဉ်ဆိုတဲ့ နှောင်ကြိုးလေးက အရမ်းကို ခိုင်မာလှပါတယ်။ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ချစ်သူသမီးရည်းစားတွေပဲ ဖြစ်ဖြစ် သံယောဇဉ်တွေတာ ရှိရင် အလွယ်တကူ ပြတ်တောက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီတော့ သံယောဇဉ်နဲ့ တည်ဆောက်တဲ့ အရာလေးတွေဟာ

10 comments:

  1. သံယောဇဉ်ဆိုတဲ့ နှောင်ကြိုးလေးက အရမ်းကို ခိုင်မာလှပါတယ်။ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ချစ်သူသမီးရည်းစားတွေပဲ ဖြစ်ဖြစ် သံယောဇဉ်တွေတာ ရှိရင် အလွယ်တကူ ပြတ်တောက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီတော့ သံယောဇဉ်နဲ့ တည်ဆောက်တဲ့ အရာလေးတွေဟာ ပိုပြီးတော့ ခိုင်မြဲမယ်လို့ ထင်မြင်မိပါတယ်။... အဲဒါကို လက်ခံပါတယ်ရှင် ကိုယ်တွေ့ပါ. အချစ်ထက် ကိုပိုခိုင်မြဲံတယ်.

    ReplyDelete
  2. အီးဟီးးးး ချိတ်ညစ်တယ်.. အချစ်အကြောင်း ပေါချင်ဖူး..

    ReplyDelete
  3. အချစ်တစ်ခုကို ၀င်ရောက်ခံစားကြည့်တာ
    အဆင်ပြေပါရဲ့လား
    တဂ်ပို့စ်လေး လာအားပေးတယ်။
    အဆင်ပြေပျော်ရွှင်ပါစေ

    ReplyDelete
  4. စိုင်းစိုင်းလားရှိုးFebruary 27, 2009 at 9:54 AM

    နားမလည်တဲ့ ဘာသာရပ်ကို အမှတ်ပြည့်ရမှ အအောင်ပေးမယ့် တော်ပေါ်သားရေ ခက်ပြီရော ဒီတစ်ခါ။
    ကယ်တော်မူ ကြပါဦးတော်။

    ReplyDelete
  5. ရေးပေးမယ် ကိုတောင်ပေါ်သားရေ.. ခဏတော့စောင့်ပါ...။

    ReplyDelete
  6. စိုင်းစိုင်းသီချင်းထဲကလိုပေါ့
    အချစ်ဆိုတာ ချစ်နေဘို့ ဘဲလိုအပ်တယ်
း)

    ReplyDelete
  7. ဟုတ်တယ်တောင်ပေါ်ရေ..သံဃောဇဉ်ကနေ ဖြစ်လာတဲ့ အရာက ပိုခိုင်မာတယ်။ ပိုတည်မြဲတယ်။ ကြာလာလေ.အေးမြမှု့ ပိုပါလေပဲ

    ReplyDelete
  8. အချစ်အကြောင်းရေးပြီးကြောင်း........

    ReplyDelete
  9. မရေးချင်လို့မသိချင်ရောင်ဆောင်နေတာ ငါ့အကို ကလုပ်ပြီ။ လာမယ် စောင့်ဦးဗျ။

    ReplyDelete
  10. ဟုတ်ကဲရေးပါ့မယ်ဗျာ ခနစောင့်နော် ညီရေ

    ReplyDelete

Blogger Template by Clairvo