Labels

သတင်းများ




သတင်းထူး..... သတင်းထူး....... သတင်းထူး......

မူရင်းလင့်


ပြည်ပြနိုင်ငံ အသီးသီးမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများကို ပြည်ပတွင် လုပ်ကိုင်ခဲ့သည့်လုပ်ငန်းအပေါ် မူတည်၍ နိုင်ငံတွင်း သင့်လျော်သော အလုပ်အကိုင်များ ပြန်လည် ရရှိနိုင်ရန် အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမူ ဦးစီဌာနသို့ ဆက်သွယ်လာပါက နည်းပညာလွှဲပြောင်းပေးမူ စနစ်မျိုးဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတ၀န်း ရင်ဆိုင်နေရသော ငွေကြေးအကျပ်အတည်းများကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံ သားများသည် နိုင်ငံအသီးသီးမှ မိခင်နိုင်ငံသို့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာမှ စတင်၍ ပြန်လည်ရောက်ရှိလာကြရာ ယခုအခါ အဆိုပါ လုပ်သားအရေအတွက်မှာ တသောင်း ၀န်းကျင်ခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ ပြည်ပမှ ၀န်ထမ်းလျှော့ချ၍ ပြန်လည် ၀င်ရောက်လာသူများကို ရန်ကုန် အပြည်ပြည် လေဆိပ်အတွင်း ရန်ကုန်တိုင်းအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ပေးထားသည့် အထူးအဖွဲ့မှ စာရင်းများ ကောက်ယူခဲ့ကြသည်။ ထို့ပြင် ပြန်လည်ဝင်ရောက်လာကြသူများအတွက် နိုင်ငံအတွင်း သင့်လျော်သည့် အလုပ်အကိုင်များ ရှာဖွေပေးနိုင်ရန် စာရင်းများကောက်ယူလျက် ရှိကြောင်းသိရသည်။

“အလုပ်သမားညွှန်ကြားမှုဦးစီးဌာနဲနဲ့ ညှိပြီး လေဆိပ်ကပြန်လာတဲ့ လူတွေကို နေရပ်လိပ်စာ၊ သွားရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံ၊ တတ်ကျွမ်းတဲ့ လုပ်ငန်းတွေကို စာရင်းကောက်ယူထားပါတယ်။ ပြန်လာတဲ့ လုပ်သားတွေက ပြည်တွင်းမှာ အလုပ်အကိုင် ရရှိနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လာရင် လိုအပ်တဲ့ ပြည်တွင်းစက်ရုံတွေမှာ ပြန်လည်အလုပ်အကိုရရှိနိုင်ဖို့ ဆောင်ရွက်ပေးပါမယ်။ ဥပမာ- နိုင်ငံခြားမှာ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းမှာ လုပ်ကိုင်ခဲ့ရင် ဒီပြည်တွင်းက လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ ပြန်လည်ရရှိနိုင်ဖို့ ဆောင်ရွက်တာပါ” ဟု စက်မူဇုန် ကော်မတီဝင်တဦးက ပြောကြားခဲ့သည်…




Network ဟုခေါ်ကြောင်း သိရပါသည်။



ဝန်ခံချက်။ ။ ပုံများကို Google မှ ကူးယူဖော်ပြပါသည်။



လေးစားလျက် တောင်ပေါ်သား

10 comments:

  1. တကယ်လားမသိဘူး တကယ်ဆိုရင်တော့ အားလုံး အတွက် ၀မ်းသာစရာပါ..

    ReplyDelete
  2. စိုင်းစိုင်းလားရှိုးMarch 13, 2009 at 12:51 PM

    တောင်ပေါ်သားရေ ဂယ်ကြီးလားကွ

    ReplyDelete
  3. မောင်မျိုး - ကြားသားမိုးကြိုး သတိထား ပစ်လိမ့်မယ်

    ကိုရင်နော်ခင်လေးငယ် - ကြောင်လိုချင်လို့လား အဟဲ ပေးမယ်လေ တီငယ်

    Flower.poem - အဟား တကယ်ထင်လားဗျာ ကောင်းတာပေါ့နော့်

    Sanwin - ဟုတ် အကိုရေ မျှော်လင့်ပါတယ်

    ရှင်ရဲထွတ် - ဂယ်ကြီးလားတော့ မသိဘူး ဦးရှင်ကြီးရေ စာအတိုင်းပေါ့ အဟဲ

    ReplyDelete
  4. ဂလိုလား... ဂလိုတဲ့လား... အင်း.. ဂလိုပဲ မှတ်လိုက်မယ်။ ဂလိုပဲ ဖြစ်ပါစေလေ။

    ReplyDelete
  5. ပုံလေးက တကယ်လှတယ်--

    ReplyDelete
  6. မိုးမောင်(happycloud) - ဂလိုပါပဲ အကိုရေ ဂလိုပဲ ဖြစ်ပါစေဗျ

    မသက်ဇင်... ပုံလေးက အနက်ကို ခန့်မှန်းတတ်တယ် ထင်တယ် အမရေ ကျေးဇူး အဟဲ

    ReplyDelete
  7. တိုးတိုးပြောMarch 27, 2009 at 12:47 AM

    တကယ်ဆိုရင်တော့ တကယ်ကိုဝမ်းမြောက်ပါတယ် အစ်ကို... သာဓု သာဓု

    ReplyDelete

Blogger Template by Clairvo