Labels

အမေ


အမေ အချိန်တန်လို့ သားမပြန်လာရင်
မျှော်နေတတ်တဲ့အမေ
အခုဆို အမေ့ဆီ သားမရောက်တာ
နှစ်အတော်တောင် ကြာနေပြီပေါ့
အမေအခုထိ သားကို မျှော်နေတုန်းလား

သားသမီးတွေ လူပုံအလယ်
မျက်နှာမငယ် စိတ်မပျက်ရအောင်
အမေ့စွမ်းအား ထုတ်ကာပြလို့
လူလားမြောက်အောင် ပြုစုခဲ့တယ်
သူများနဲ့တန်းတူ အမေထားနိုင်ခဲ့တယ်

အရွယ်ငယ် နုပျိုစဉ်အချိန်က
လှပတဲ့ ရုပ်ရည်ကို ဂရုမစိုက် နေပူမိုးရွာ
ပင်ပန်းစွာ အမေရှာဖွေ ကျွေးမွေးခဲ့တယ်
အရွယ်လွန် ဒီဇရာရောက်လာတော့
ဒီငမိုက်သားတယောက် အမေ့ကို ကောင်းမွန်စွာ မပြုစုနိုင်ဘူး

အမေချက်တဲ့ ထမင်းနဲ့ဟင်း
မကြိုက်လို့ အကြိမ်ကြိမ်အခါခါ လွင့်ပစ်ဖူးပါရဲ့
အခုချိန် ဒီသားမောင် ကြိတ်မှိတ်ကာ လွေးရတယ် ကြက်နဲ့ပုဇွန်
နှစ်ပါးသွားလို့ အဝေးရောက် သားအဖြစ်ကို အမေမြင်ရင်ဖြင့်
ဂရုဏာမျက်လုံးတွေနဲ့ ကြည့်နေမှာ အမှန်ပါပဲ


တောင်ပေါ်သား

4 comments:

  1. မေမေ ချစ်တဲ့ တောင်ပေါ်သား အစစ အရာရာ အဆင်ပြေပါစေ...

    ReplyDelete
  2. တမ်းတမိတယ် အမေ့လက်ရာ .. အမေနဲ့ တူတူ စားတဲ့ထမင်းဝိုင်း...

    ReplyDelete
  3. စိုင်းစိုင်းလားရှိုးMarch 28, 2009 at 5:04 AM

    ဘ၀လမ်းမှာ အမောဖောက်တော့ အမေရေ........ လို့ပဲတမ်းတနေမလား....... ဘ၀မှပန်းလေးတွေ ပွင့်နေခိုက်တော့ ပျော်ရွှင်မှုကို အမေ့ဆီ ခွဲဝေဖူးခဲ့ကြလား...
    တောင်ပေါ်သားရေ လွမ်းတယ်ဟဲ့...

    ReplyDelete
  4. အင်း..... ဒီလိုပါပဲဗျာ ကျနော်တို့လဲ ဘ၀တူတွေပါပဲ။

    ReplyDelete

Blogger Template by Clairvo