Labels

မြင်မိသော အရာလေးတခု


ဒီနေ့ အလုပ်မှာ ပျင်းပျင်းရှိတာနဲ့ သတင်းများကို လိုက်မွှေ ဖတ်ဖြစ်ပါတယ်။ ဒီမှာ မြန်မာ့ကြေးမုံ နေ့စဉ်ထုတ်သတင်းစောင်ပါးကို ဖတ်ဖို့အသွား သတိထားမိတာလေး တခုတွေ့ရပါတယ်။ အမှန်ကတော့ ဒါဟာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အမှားလေးဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်တခုလုံးတော့ မှားနေတာ အဆင့်မသင့်ဘူးလို့ စာဖတ်သူ ပရိသတ်တယောက်အနေနဲ့ မြင်မိပါတယ်။ လေ့လာကြည့်ပါဦး။ အင်တာနက် သတင်းစာမျက်နှာတခုဟာ အမြဲလို Update ဖြစ်နေမှ စာဖတ်သူတယောက်အတွက် အကျိုးရှိမယ်လို့ မြင်မိပါတယ်။ အခုတလော မြန်မာပြည်မှာ အင်တာနက် လိုင်းကျနေတယ် ဆိုတဲ့သတင်းတွေတော့ ကြားနေရပါတယ်။ ဒါကြောင့်ပဲ Update မလုပ်နိုင်တာဖြစ်မယ်လို့ ဖြေတွေးလေး တွေးပေးမိပြန်ပါတယ်။




စာကြွင်း။ ။ (April Fool Day)မှာပြင်ပြီးဖြစ်ပါကြောင်း ထပ်မံတွေ့ရှိရပါတယ် ခင်ဗျာ..း) ဟီး



လေးစားလျက် တောင်ပေါ်သား


5 comments:

  1. သိပ်တော့မလွဲပါဘူး 2008 နဲ့ 2009 တစ်နှစ်ထဲ ကွာတား)

    ReplyDelete
  2. နေရာတိုင်းကို လွဲနေတာကတော့ နည်းနည်းများတယ်ဗျာ။ တစ်နေရာထဲဆို လက်ခံပါတယ်။

    ReplyDelete
  3. တမင်ဖန်တီးထားတယ်ထင်ပ။
    2010 Election က လိုသေးသကိုဗျ။

    ReplyDelete
  4. ဖြစ်နိုင်ခြေ....လားးးး ပေါင်းများစွာပေါ့
    (၁)..ကိုတောင်ပေါ်မျက်စိရှင်/မရှင် တမင် စမ်းချင်လို့ လား။
    (၂)..ပြီးခဲ့တဲ့  တနှစ်က သတင်းကြီးကိုဘဲ ပြန် ကော်ပီလုပ်ထဲ့လိုက်တာမှာ ခုနှစ်ပြန် ပြင်ဖို့  မေ့ကျန်သွားတာလား။
    (၃)..ကိုတောင်ပေါ် တကယ်ဘဲ လုပ်စရာ အလုပ်တွေ မရှိလို့ သတင်းမထူးတဲ့ သတင်းတွေ ကို စေ့စေ့ပေါက်ပေါက်လိုက်ကြည့်နေလို့ လား။
    (၄)..မနှစ်ကအကြောင်းအရာတွေနဲ့ ဒီနှစ်အကြောင်းအရာတွေ ထပ်တူညီမျှဖြစ်နေလို့  ကွန်ပြူတာ memory က အရင်အဟောင်းကြီးကိုဘဲ ပြန်ထုတ်ပေးလိုက်လို့လား။
    (၅).. ကွန်ပြူတာ စာစီသမား ညက အိပ်ရေးမဝ လို့ လား

    အင်း ..တခုခုတော့ တခုခုဘဲနော် .....

    ReplyDelete
  5. ဒါဆိုရင် ကိုတောင်ပေါ် မျက်စိရှင်တာ ဖြစ်နိုင်ပါတယ်..... Sanaytar has voted!!

    ReplyDelete

Blogger Template by Clairvo