Tag ပိုစ့်တွေထဲမှာ ဒီပိုစ့်လေးက အခက်ခဲဆုံးပါပဲ။ နာမည်က အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်တဲ့။ ကျနော်က အားလုံးကိုတွေ့ချင်နေတော့ ခက်သား။ ကျနော် အတွေ့ချင်ဆုံး (၁၀) ရောက်တဲ့။ ဒါပေမဲ့ တကယ်တမ်း ကျနော်အပြင်မှာ မြင်ချင်တဲ့ လူတွေက ၁၀ ယောက်မက ရှိနေပါတယ်။ ဒီတော့ (၁၀) ယောက်ထက် ပိုပြီး ဖြစ်သလို ပြောသွားမယ်ဗျာ... အပြင်မှာ ကျနော်တွေ့ဖူးတဲ့ လူတွေလဲ ရှိပါတယ်။ ဘလော့တိုင်းပြည်ထဲကလူတွေဆိုရင်တော့ ဦးဒီဘီ၊ ဦးရှင်ကြီး ၊ မောင်စနေ၊ ကိုနေးတစ် ပြီးတော့ ယိမ်းနွဲ့ပါးက ညီအကိုတွေ ၊ မဗေဒါ စသည်ဖြင့် စင်ကာပူရောက် ဘလော့ဂါတချို့ကို တွေ့ဖူးပါတယ်။
၁)ဦးနော်၊ တီငယ် ၊ကလေးလေး
ဒီမိသားစုလေးရဲ့ အိမ်ကို သွားလိုက်တာနဲ့ ပျော်ရွှင်စရာ ကောင်းလှပါတယ်။ အရမ်းကို ခင်မင်ဖို့ကောင်းတဲ့ မိသားစုဝင်တွေပါ။ သူတို့အိမ်လေးကို ၀င်လိုက်တာနဲ့ ပျော်ရွှင်စရာလေးတွေ ရမြဲဖြစ်ပါတယ်။ ဦးနော်ရဲ့ အတည်ပေါက် ရေးချက်တွေကို တီငယ်က နောက်လိုက်၊ တီငယ်ရေးတဲ့ပိုစ့်လေးတွေကို ဦးနော်က ဟာသလေးတွေနဲ့ အသက်သွင်းလိုက်နဲ့ပေါ့။ တခါတလေ စကားမပီတဲ့ သမီးငယ်လေး တယောက်ကလဲ ထထ အော်တတ်ပြန်ပါတယ်။ တကယ့်ကို အပြင်မှာ တွေ့ချင်ပါတယ်။ သူတို့ကတော့ မသိဘူးရယ် ကျနော်ကတော့ ဘလော့ဂါလောကမှာ သူတို့ရဲ့ မိသားစုအဖြစ် ကိုယ့်ဟာကိုယ် သတ်မှတ်ပြီးနေနေတာပဲ။ တွေ့တိုင်း စနေ နောက်နေတာပေါ့။
၂) ဦးဥာဏ်၊ တီဝါ၊ သမီးငယ်
ဒါလဲ မိသားစုဝင်တွေပါပဲ။ သူတို့မိသားစုလေးကတော့ အတော်ကို နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိသားစုလေးပါ။ ပိုပြီး ခင်တွယ်သွားတာက အကိုရဲ့ စိတ်ဓါတ်ကို လေးစားလို့ပါ။ တောင်ကြီးသားချင်း ဂုဏ်ယူတာတော့မဟုတ်ရပါဘူး။ ပွင့်လင်းရိုးသားတဲ့ မိသားစုလေးပါ။ အပြင်မှာတော့ မတွေ့ဖူးသေးပါဘူး။ သူတို့မှာလဲ ချစ်စရာကောင်းတဲ့ သမီးလေး တယောက်ရှိပါတယ်။ အဟဲ တီဝါပိုစ့်လေးတွေမှာ မြင်တွေ့ရပါတယ်။ အမြဲတမ်း လက်ကလေးထောင်ပြီး ပဲပေးနေတဲ့ ကျနော့်ရဲ့ ညီမလေးတယောက်ပေါ့။ အစားအသောက်ကလဲ အလွန်ကိုစားတတ်ပါတယ်။ ရှမ်းပြည်ကိုလွမ်းနေရင် တီဝါဘလော့ကိုသွားဖို့ တိုက်တွန်းပါတယ်။ သူက တမောင်၊ မောင်နဲ့ မောင်အတွက် ရှမ်းအစားအစာတွေ လုပ်ကျွေးတတ်ပါတယ်။ ဦးဥာဏ်ကတော့ ဆေးပညာလောက ကပါ။ အခုတော့ သူရဲ့ ပိုစ့်လေးတွေ ရပ်ထားတာကို အသက်ပြန်သွင်းမဲ့အချိန်ကို မျှော်လင့်တကြီး စောင့်စားနေရတုန်းပါ။ (အလုပ်များနေလို့ မရေးတာပါ)
၃) အကိုဈာန်
သူကိုလဲ တွေ့ချင်ပါတယ်။ အကြောင်းကတော့ ကျနော်ဘလော့စရေးဖြစ်တာ အကိုဈာန်ကြောင့်ပါ။ ရိုးသားပွင့်လင်းပြီး တိုင်းပြည်ကို ချစ်တဲ့ အကိုကို လေးစားပါတယ်။ ဘယ်အရာမဆို မလုပ်ရင် မဖြစ်နိုင်ပါဘူး။ စိတ်ဓါတ်ကို အရင်းပြုပြီး ဆင်းရဲပင်ပန်းမူဒဏ်တွေကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ဖြတ်ကျော်နေတဲ့ အကိုဈာန်နဲ့သူငယ်ချင်းအားလုံးကို ကျနော်အရမ်းတွေ့ချင်ပါတယ်။
၎) ကိုကလိုစေးထူး
စာအရေးအသားအရမ်းကောင်းမွန်ပြီး ကျနော် အကြိုက်ဆုံးဘလော့ဂါ တယောက်ပါ။ သူဘလော့လေးကို မလည်ရမနေနိုင်အောင် အရေးအသား သိမ့်မွေ့ပြေပြစ်လှပါတယ်။ မာန်မာန မရှိ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တဲ့ အကိုကိုလဲ တွေ့ချင်ပါတယ်။ နှံကျယ်ကောင်လေးရဲ့ အသက်ကို သွင်းပြီးဖန်တီးထားတဲ့ အရေးအသား ဘ၀အတွေ့အကြုံ
တွေကို အားကျမိပါတယ်။
၅) မောဝ်မှ ညီအကို မောင်နှမများ
ကိုကြယ်စင်၊ အိုက်ခီလောက်၊ မောင်ရဲ ၊ မကီကီ၊ မငုံ၊ ငပျင်း၊ ဒါကတော့ ကျနော်တို့ ဖန်တီးထားတဲ့ မောဝ်ရှမ်းမြေဆိုဒ်ရဲ့ အဖွဲ့ဝင်လေးတွေပေါ့။ သူတို့ကိုလဲ တွေ့ချင်ပါတယ်... တယောက်ချင်းကိုတွေ့ချင်တယ်ဆို (၁၀)ယောက်ကျော်သွားမှာမလို့ အားလုံး ရေးလိုက်တာပါ။
နည်းပညာတွေကို ဖြန့်ဝေပေးနေတဲ့ အကိုကြယ်စင် (လူပျိုကြီး မဟုတ်တဟုတ်အချိန်)ပါ။ သူကတော့ အရှက်အကြောက်ကြီးပါတယ်။ တောင်ပေါ်သားတွေနဲ့ နဲနဲလေးတော့ ဆန့်ကျင်ပါတယ်။
အချိန်ပြည့် အရက်ကို ရေလိုသောက်မယ်ဆိုတဲ့ အိုက်ခီလောက် စီပုံးလေးမှာ အမြဲလာအားပေးနေတဲ့ အကိုတယောက်ပါ။ သူလဲ ပျော်ပျော်နေတတ်ပါတယ်။
ကျောင်းစာတွေနဲ့ နပမ်းလုံးနေတာတောင် မရမက လိုက်ကူညီလုပ်နေတဲ့ မောင်ရဲ၊စိတ်ရင်းသဘောထား ပြည့်ဝတဲ့ လူငယ်တယောက်ပါ။ တိုင်းပြည်အတွက် အလွန်ကို တန်းဖိုးရှိမဲ့ လူတော်တယောက်ပေါ့။
ဆေးပညာတွေကို ဝေမျှနေတဲ့ အမကီကီ သူကတော့ တခါတလေ ပေါက်ကွဲထွက်နေတဲ့ ရင်ဘတ်ထဲက စာတွေကိုလဲ တွေ့ရတတ်ပါတယ်။။
အချစ်အကြောင်းတွေ အတော်ကိုရေးတဲ့ မငုံ (တကယ်တော့ အချစ်ကို မတွေ့ဖူးသေးတဲ့ အပျိုကြီးပါ ဟီးးးး)၊
အားနေရင် ပျင်းနေတတ်တဲ့ ငပျင်း (ပျင်းရမှာတောင် ပျင်းတယ်တဲ့) ဒါပေမဲ့ ပျင်းတာပျင်းတာ ပိုစ့်လေးတွေတော့ အမြဲထွက်နေပါတယ်။
၆) ကိုမိုးမောင်၊ ကိုဖိုးမောင်၊ မအိနြေ္ဒ
ဝတ္တူတိုတွေ၊ ရသတွေ အရေးအသားကောင်းမွန်တဲ့ ဘလော့ဂါအိမ်လေးပါ။ ညီအကိုနှစ်ယောက် ဆောက်ထားတဲ့ အိမ်လေးမှာ အမတယောက်ရောက်လာတော့ အရာရာဟာ ပြည့်စုံသွားပါတယ်။ (ညီအကိုနှစ်ယောက် ပျင်းရင်မရေးကြဘူးလေ ဒီတော့ အမကပဲ ၀င်ရေးရတယ် ဟီးး) ကဗျာတွေစပ်တာလဲ အရမ်းကောင်းပါတယ်။ ဘ၀ရဲ့လောကဒဏ်ကို ရင်ဖွင့်ပြတတ်တဲ့ အကိုအမတို့ကိုလဲ မြင်ဖူးချင်ပါတယ်။ တယောက်သော အကိုကိုတော့ အပြင်မှာ မြင်ဖူး စကားပြောဖူးပါတယ်။ နာမည် မပြောတော့ဘူး ဟဲဟဲဟဲ (တော်ကြာ လူပျိုကြီး ငါ့အကို ကို ဘလော့မမတွေ လာမေးနေကြလို့ တောင်ပေါ်သား လက်မလည်အောင် ရှင်းပြနေရမယ်)
၇)မမီး
အမြဲတမ်း ပျော်နေတတ်တဲ့ အမတယောက်ပါ။ အရွယ်တူပေမဲ့ ကိုယ်တိုင်က နုနေတော့ သူ့ကို အမခေါ်ရတာ အဆင်ပြေလို့ (ဟဲဟဲ ကျနော်ကို ဖဲ့ထားတာ ပြန်ဖဲ့မှ) အမလို့ပဲ ခေါ်ဖြစ်ပါတယ်။ အမြဲတမ်း ပျော်အောင်နေတတ်သလို စိတ်ညစ်စရာ ရှိရင်လဲ အစားစား၊ အိပ်ပြီး စိတ်ဖြေဖျောက်တတ်တဲ့ အမတယောက်ပါ။ (စတာ တကယ်) ကျနော်ကိုဆိုလဲ မောင်ငယ်တယောက်လို ခင်ပါတယ်။ ကျနော်မှာ သူ့ကြောင့် အိပ်ရေးပျက်ပေါင်းလဲ များပါတယ်။ တမျိုးမထင်ပါနဲ့၊ သူအစလုပ်လို့ အွန်လိုင်းဘိလိယက်ဂိမ်းလေး စွဲသွားတာပါ။ ည ညဆို မအိပ်ရဘူး ဂိမ်းဆော့နေတာပါ။ ကဗျာတွေရေးတတ်ပါတယ်။ အားလုံးနီးပါးကတော့ အလွမ်းတွေပါပဲ ဟီးးးး (အလွန်ကို လွမ်းတတ်ပါတယ်။ သူလဲ အပျိုကြီးပါ ကြော်ငြာဝင်ပေးတာ) စိတ်ဝင်စားသူများ တောင်ပေါ်သားကို ဆက်သွယ်ပါ။ အခမဲ့ အောင်သွယ်လိုက်ပါတယ်။ ဟီးးးး (ဒါလဲ ပြန်ဖဲ့တာမှတ် ကျနော်ကို အောင်သွယ်ပေးမယ်လို့ ပြောတာလေ)
၈) ကိုအိမ်
အမြဲတမ်း ကျနော်ကိုအားပေးနေတဲ့
Labels
- Blog (470)
အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
April
(28)
- အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်
- အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်
- သို့ အမေ
- သို့ အမေ
- မြို့ပျက်အလွန်
- မြို့ပျက်အလွန်
- ကျနော် ကျောင်းဆရာ (၂)
- ကျနော် ကျောင်းဆရာ (၂)
- ကြော်ငြာ (၁)
- ကြော်ငြာ (၁)
- For Rapid Share Download
- For Rapid Share Download
- နာမည်ကြီး ထမင်းငတ်
- နာမည်ကြီး ထမင်းငတ်
- သတိပေးချက် (မုန်တိုင်း)
- သတိပေးချက် (မုန်တိုင်း)
- သင်္ကြန်အမှတ်တရ
- သင်္ကြန်အမှတ်တရ
- စိတ်ကူးယဉ် အိပ်မက်
- စိတ်ကူးယဉ် အိပ်မက်
- သက်တန့်
- သက်တန့်
- ဆိုရိုးစကား
- ဆိုရိုးစကား
- ဒုတိယတကြိမ် ထုတ်ဝေခြင်း
- ဒုတိယတကြိမ် ထုတ်ဝေခြင်း
- အကြော်
- အကြော်
-
▼
April
(28)
Powered by Blogger.
အံမယ်အံမယ် ကျုပ်ထက်နုလို့ပေါ့လေ ဟွန်းးးးးး
ReplyDeleteသတိထားမကြာခင် နှစ်ချောင်းငင်(နူ)တော့မှာ မှတ်ထား ဟွန်းးးးးးးးးး လို့ခဏခဏလုပ်ပြီး မျက်စောင်းပဲ ထိုးတော့မယ် ဟွန်းးးးးးး
အယ် ဒူလည်းနာ့ကိုရေလိုတောက်ဒယ်ဆိုတာ
ReplyDeleteဟွန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
သိမယ် ပြောလိုက်ရ အဟိ
ဆုံချင်တဲ့လူတွေနဲ့ ဆုံပါစေဗျာ
ဆုတောင်းပေးပါတယ် အပြင်မှာဆုံမှာပါ
ဆုံမှဘုရားဖြူကပါမိုးနဲ ကို လိုက်ပို့ ခိုင်းမယ် အဟိ
အဲ့နေ့ ကျရင်တာ ရှင်းဖို့ ပြင်ထားနော်
ကျန်တဲ့လူတွေနဲ့ လည်းအမြန်ဆုံးဆုံတွေ့ ပါစေဗျာ
ဟုတ်ပါ့..ညီလေးယောက်ဖအိုင်ခီကိုပြောရက်လိုက်တာ
ReplyDeleteသူကရေလိုမသောက်ပါဘူး
ကြွက်တွင်းဆိုတော့ အဟီးးး
ကျနော်တို့တတွေ တနေ့ဆုံကြမှာပါ
နော့်
အမြန်ဆုံးဆုံတွေကြမယ်ဗျာ
ဆုံချင်သူတွေ အမြန်ဆုံး ဆုံနိုင်တွေ့နိုင်ကြပါစေဗျာ။
ReplyDeleteမမ၀ါ ပြောသွားတာ ရီရတယ် .. အစွံထုတ်ပေတော့ တောင်ပေါ်သားရေ .. :D
ReplyDeleteတောင်ပေါ်..နင်နော်နင်..အချစ်အကြောင်းတွေ ဟုတ်ပါဘူး။ သံဃောဇဉ်ရှိတာလေးကို ပြောပြတာပါ။ ငါ့ကိုများ အပျိုကြီးတဲ့။ တွေ့မယ်။။နင့်နဲ့ တွေ့ရင် အရင်ဆုံး နှိပ်စက်မယ်။
ReplyDelete:)) တွေ့ချင်တယ်လား.၂၀၁၀ဧပြီပြန်လာခဲ့လေ.။
တွေ့ချင်သူတွေ အကုန်တွေ့နိုင်ပါစေ တောင်ပေါ်သားရေ။
ReplyDeleteကိုယ့်ဆ၇ာ လုပ်ချလိုက်ပြီ.. မြှောက်သလိုလိုနဲ့
ReplyDeleteရိုက်ချတာ... အင်းလေ.. ဒါမှလဲ ရိုက်ချက်အားကောင်းပြီင်္း အထိနာမှာဆိုတော့
ရပါတယ်... အလှည့်ကျရင်တော့ မနွဲ့ကြ စမတမ်းတော့ဗျာ... ဟိဟိ ကြိမ်းတယ်တော့
မထင်နဲ့ ဟိဟိ....
ကျနော် လူပျိုတပါတ်ရစ်မဟုတ်ဘူး စက္ကန်းဟန်းပါဗျ ဟိဟိ အသက်က ၃၀ဆိုတော့
ပျိုရာကနေ ပြိုလာလို့ပါနော်.. ဟဲဟဲဟဲ
ကျနော်လည်းတွေ့ချင်ပါတယ် ဘကြီးးးးးတောင်...........................ပေါ်သား မင့်နာမည်ခေါ်ရတာ နာမ်စီးတယ်း)
ReplyDelete