Labels

ကျနော် ကျောင်းဆရာ (၂)








ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။

၁) စင်ကာပူရောက် အမျိုးသားများသည် ရေကို ချွေတာသူများဖြစ်ပေသည်။ သူတို့သည် ရေကို သိပ်မသောက်သုံးကြပေ။ ဒီအတွက် အစားထိုးမူအနေနဲ့ ဘီယာ ကို အများဆုံးသောက်သုံးကြပေသည်။ မြန်မာတို့၏ လက်စွဲ တိုက်ဂါး (Tiger) ဘီယာမှာ ရွှေမြန်မာများကြောင့် အလွန့်အလွန်ရောင်းကောင်းခဲ့ပေသည်။ ဘီယာသောက်လျှင် မမူးဟု အဆိုရှိသောလဲ မမူးပဲ ရီဝေေ၀ ဖြစ်အောင် ဘယ်သူမှ မသောက်သုံးကြပေ။ အားလုံးနီးပါးမှာ အတော်အသင့် မူးအောင် သောက်နိုင်ကြပေသည်။ သူတို့၏ မူးခြင်း၊ မမူးခြင်းကို တိုင်းတာရန် ပစ္စည်းကတော့ မခက်ခဲလှပါချေ။ မြန်မာများ စုဝေးသောက်နေသော ၀ိုင်းထဲတွင် ဘိုလိုမှုတ်နေလျှင် ဒီလူသည် သေချာပေသည် မူးနေပြီ ဖြစ်ပါသည်။

၂) စင်ကာပူရောက် အမျိုးသမီးများသည်လဲ အလွန်ကို ချွေတာကြပေသည်။ သူတို့၏ ချွေတာမူကား အ၀တ်အစားများပင် ဖြစ်ပေသည်။ သူတို့သည် တခါတရံ မြန်မာထမီကို ဘယ်လိုဝတ်ရလဲပင် မေ့နေလောက်ပေသည်။ ယခုလက်တလော မြင်နေရသော မြန်မာအမျိုးသမီးများသည် ချွေတာမူ အလွန်ပင် များလှပေသည်။ အရင်က ခြေမျက်စိဖုံးအောင် ၀တ်နေသူများ ယခုအခါ အ၀တ်အစားဖိုးများ ချွေတာသောအားဖြင့် စကတ်တိုတိုများ ၊ ပေါင်တံရင်းနား ကပ်နေသော ဘောင်းဘီများကို အစားထိုး ၀တ်ဆင်လာကြပေသည်။

၃) စင်ကာပူရောက် မြန်မာများသည် အလွန်ကို ကိုယ့်ကိုကိုယ် အထင်ကြီးဂုဏ်ယူတတ်ကြပေသည်။ သူတို့သည် လမ်းတွင် မြန်မာများ အချင်းချင်းတွေ့လျှင် အလွန်ကို ရှက်ဝံ့ကြပေသည်။ မြန်မာများအချင်းချင်း လိုင်းကား တကားထဲတွင် တူတူစီးမိပါကား မသိချင်ဟန်ဆောင် မြန်မာလူမျိုးမဟုတ်သယောင် ဟန်ဆောင်တတ်ပေသည်။ သို့ပေမဲ့ကား ရွှေမြန်မာများ၏ ရုပ်ကိုကား မည်သို့ပင် ဖုံးကွယ်ဖုံးကွယ် ဖုံးကွယ်၍မရပေ။ တချို့လူများကား ဟန်ကိုထုတ် သရုပ်ဆောင်နေကြပေသည်။ အရှိကို အရှိတိုင်း မထုတ်ပြ၀ံ့ပေ။ မြန်မာလူမျိုးများသည် အမှားတခုခု လုပ်မိလျှင် အရင်သုံးစွဲနေကြ ဟာ..,အို.... နေရာတွင် Sh** ဆိုတာကို အစားထိုး သုံးစွဲလာကြတလို ၊ ကြောက်ရွှံ့မူတခုခု ကြုံကြိုက်နေစဉ်တွင် ဘုရား.., ဗုဒ္ဓ.... ဟု အရင်သုံးစွဲလာကျနေရာတွင် Oh!! My God... ဟုသုံးစွဲလာနေကြပေသည်ကို ကျွန်ုပ်ကျောင်းဆရာ တွေ့နေရပေသည်။

နောင်များတွင်လဲ တွေ့ကြုံနေရသည့်၊ မြင်နေရသည်များကို ကျွန်ုပ်ကျောင်းဆရာမှ မထိန်းမ၀ှက် အမှန်အတိုင်း တင်ပြပေဦးမည်။ အားလုံး စောင့်မျှော်လျှက်ကာ ဖတ်ကြပါလေကုန်..........

မှတ်ချက်။ ။ ပုံကို Google မှ ယူထားပါတယ်။




လေးစားလျက် တောင်ပေါ်သား

15 comments:

  1. အာလားမား ယူ.. ချောက်ပြောရဘူးလေ....... :D

    ReplyDelete
  2. ဟုတ်တာတွေပြောနေတယ်ဗျို့  တောင်ပေါ်သားတော့
    ဒီမှာလည်း အဲ့လိုပဲဗျ ချွေတာရေးတွေလုပ်နေတာလေ
    သူ့ တို့ ပေါင်တံအတုတ်ကြီးတွေနဲ့ အဟိ
    ပြီးတော့ ပြောတော့ပါဘူး ကိုယ့်လူမျိုးပဲ
    အဟတ် သည်းခံပြီးမေတ္တာတရားထားပေးရတာပဲ

    ReplyDelete
  3. ကိုတောင်ပေါ်သားပြောတာ အားလုံး မှန်တယ်... ထောက်ခံပါတယ်....

    ReplyDelete
  4. ဟဟ.. ဖတ်သွားတယ် .း)

    ReplyDelete
  5. ဆရာပေါ်ရေ.. အဲ့ဒီထဲမှာ အနော်ပါဖူးနော်။ ဟိ။

    ReplyDelete
  6. ဒီမှာလဲတူတူပဲတောင်ပေါ်သားရေ
    မီးလေးတောင်တစ်ခါတစ်လေ လျှော့ မိတယ် ဟီးးးးးးး

    ReplyDelete
  7. နေကောင်းပါလားခင်ဗျာ..။ ဒီနေ့ နဲနဲပူတယ်နော်…။ စသည် စကားလေး လေးတွေ ပြောပေးကြပေါ့။ ကျနော်တော့ မရှက်ပါဘူး။ အဲ..ဒီထက်အများကြီး သွားဖောပြန်ရင်လဲ.. တစ်မျိုး အထင်ခံရနိုင်တယ်။

    ReplyDelete
  8. တောင်ပေါ်သားလေးရေ
    ဖတ်သွားပါတယ်
    ရယ်မောမိတယ်
    ပျော်ရွှင်ပါစေ

    ReplyDelete
  9. မှန်လိုက်လေ။


    ဂျပန်ကတော့ ဘီယာတင်မကဘူး။ အရက်မျိုးစုံရပါ့။ :P

    မြန်မာမလေးတွေက ခေတ်မီလာကြတာကတော့ တစ်ခါတစ်လေ လိုက်မမီနိုင်အောင်ပဲ။ :D

    ကျမတို့ကတော့ လူအခြေအနေပေါ်မူတည်ပြီး နှုတ်ဆက်တာများပါတယ်။ ဝလုံးတွေလည်းရှိတော့ ကိုယ်နှုတ်ဆက်တာကြောင့် သူ ဒုက္ခမရောက်စေချင်ဘူးလေ။

    ReplyDelete
  10. စိုင်းစိုင်းလားရှိုးApril 24, 2009 at 10:47 AM

    ဟင် ကိုတောင်ပေါ်သားရေ ဂလိုကြီးလားဟင် သူတို့တွေ ချွေတာမှန်း ကျနော် မသိဘူးဗျ.... လတ်ဆတ်သတ်တော့ ချွေတာနေတာကိုး... ဟားဟားဟား

    ReplyDelete
  11. စလုံးနိုင်ငံကို ရေခဲတောင်ပေါ်ရွှေ့ ထားကြည့် ချင်တယ်။ အဲဒီအချိန်ဆို ဘယ်လို ဝတ်ကြ သောက်ကြ မလည်း .လို့ လေ..

    ReplyDelete
  12. ကျနော်လည်းမျက်စိခြွေတာထားတယ်ဗျ။ ဒါကြောင့်လားမသိဘူး ဒူးဖုံးနေတဲ့ဟာ ၀တ်ထားတဲ့
    ကောင်မလေးတွေဆိုမကြည့်တတ်တော့ဘူး။ဟီး
    အမှန်ပြောတာနော်။ အလှအပခံစားရုံလေးတင်ပါ။
    သြော်ပန်းချီမျက်စိနဲ့ကြည့်မိပေသတည်း။

    ReplyDelete
  13. လုပ်စမ်းကောင်လေး ။ မင်းမှမဖွရင်ဘယ်သူဖွမှာလဲ။
    ဘာပဲဖြစ်ဖြစ်ချွေတာတော့ကောင်းတာပေါ့ကွ။
    မင်းသာအသုံးအဖြုန်းကြီးနေတာ ဟဲဟဲ ငါကွ

    ReplyDelete
  14. နန်းဝေJune 11, 2009 at 10:19 AM

    ဒုက္ခ.. စလုံးရဲ့ အမှန်တရားတွေပြောနေပီ..း)

    ReplyDelete
  15. ဟုတ်တယ်။ မြန်မာပြည်ကထွက်ရင် ချွေတာလာကြတာပဲ... အရင်တုန်းကနော်။ အခုတော့ ရန်ကုန် နဲ. မန်းလေး မှာလဲ အရမ်းချွေတာလာကြပြီဗျ။

    ReplyDelete

Blogger Template by Clairvo