လူသူကင်းမဲ့ ခြောက်ချားစရာ ဒီညအမှောင်
လမ်းတခုလုံး ရစရာမရှိအောင် ပြိုကျပျက်စီးနေပေါ့
ငါ့ကိုငါ ပြန်ကြည့်လိုက်တော့
ဒါဏ်ရာ အနာတရတွေ ပြည့်လို့
ဟိုအဝေးတနေရာဆီက ကလေးတယောက်ရဲ့ငိုသံ
မိဘမဲ့သူတယောက်ထဲ ကြွေကွဲနေတယ်ထင်ပါရဲ့
လမ်းပေါ်ကခွေးတအုပ် တအီအီနဲ့အော်မြည်နေလေရဲ့
ဘာကိုမြင်လို့ သူတို့အော်နေသလဲ
ငါကိုယ်တိုင်လဲ မသိခဲ့ ဘာတွေဖြစ်နေကြသလဲ
ဒီအတိုင်းပေါ့ ဆက်၍တိုးလို့ လျှောက်လှမ်းနေခဲ့
အိမ်အိုကျိုးပျက် အမျိုးကိုစုံလို့
ငါရောက်နေတာ ဘယ်ဘ၀တုန်း
ငါ့ရဲ့ဘေးမှာ အမြဲတမ်းလိုလို
ငါ့ရဲ့အသွေးအသားကို ရစ်မူးစွာ စားသုံးမဲ့
ခွေးအတွေ၊ လဒတွေက ၀ဲလို့
စိတ်အစဉ်ကိုလွှင့်လို့ ရှေ့ဆက်သွားမယ်
ဟိုအရှေ့မှာ ပန်းတိုင်တခု
မှုန်ဝါးဝါးနဲ့ မြင်နေရတယ်
လေးစားလျက် တောင်ပေါ်သား
ဒီတစ်ခါတော့ ပထမဆုံး မန့် ရတယ်ကွ...
ReplyDeleteရှေ့ မှာ ပန်းတိုင်ကို မြင်နေရပြီ... ယောက်ျားတို့ ဇွဲ သေခါမှလျော့တဲ့... ရှေ့ ဆက်ထားကွ...
ပန်းတိုင်ကို အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေ..ကိုတောင်ပေါ်သား
ReplyDeleteအင်း ပန်းတိုင်ကမှုန်ဝါးဝါးဆိုတော့ မသေချာမရေရာသေးတဲ့သဘော
ReplyDeleteဆိုလိုတာက ရှင်းရှင်းလင်းလင်းမမြင်ရတော့
မသဲမကွဲလည်းဖြစ်ပြန်ဆိုတော့ ဒီပန်းတိုင် ကတော့
တော်တော်လှမ်းပြီးသွားရမှာပဲ
အင်း ကိုလေးဖြူဆိုထားသလိုပဲ
မသေချာဘူးမရေရာဘူး ဘာမှမရှိဘူး
ဆိုတာနဲ့ များ ဖြစ်နေမလားလို့ ပါ
ဒါပေမယ့် အားတင်းထားပေါ့နော် ပန်းတိုင်တောင်မှုန်ဝါးဝါး
လှမ်းမြင်နေရတယ်ဆိုတော့ မဝေးတော့ဘူးပေါ့နော်
ခင်မင်လျှက်
အိုက်ခီလောက်
တောင်ပေါ်သား အနားလာမလားလို့ ခွေးတွေ လဒတွေဖြစ်သွားအုံးမယ် တော်ပြီး ပြန်တော့မယ် ။ ဟိုးရှေးမှာပန်းတိုင်မြင်ရတယ်ဟုတ် မမြင်ရရင် မျက်မှန်တပ်း)
ReplyDeleteကဗျာလေးဖတ်သွားတယ်
ReplyDelete(မူရင်းအနှစ်သာရပျက်မှာစိုးလို့ မှတ်ချက် မရေး တော့ပါဘူး)
ပျော်ရွှင်ပါစေ
အမလေး.. ကျောချမ်းလိုက်တာ ..သရဲကားထဲမှာ အိမ်မက် မက်နေသလိုဘဲ ။ :(
ReplyDeleteကဗျာဆရာ ၊ ကျောင်းဆရာ ရေ .. အားပေးလျှက်ပါ ။ပန်းတိုင်ရောက်ခါနီးပြီဆိုတော့ ဆက်သာလုပ်ပါ .. (နောက်ဆုတ်လို့ လဲ မရတော့ဘူးလေ ) :)
မူရင်းအတိုင်းလာရောက်ခံစားသွားပါတယ်
ReplyDeleteပန်းတိုင် တဲ့နော် နာမည်ကိုက ပင်ပန်းစွာနဲ့
ReplyDeleteတိုင်ကိုင်ရမှာ.......ဆိုတော့ မလျော့နဲ့ ကြိုးစား
ထား ကိုယ့်ဆရာ.... ဟိုင်းရားး ယောကျာင်္းဘသား ကွ
သရုပ်ပါအောင်ဖွဲ့နွဲ့သွားလိုက်တာ ကွက်ကွက်ကွင်းကွင်းမြင်နေရတယ်။ ဟိုအရှေ့မှာ မြင်နေရတဲ့ ပန်းတိုင်မှုန်ဝါးနေပေမယ့် ပြတ်ပြတ်သားသား မြင်ရတဲ့အထိလှမ်းလျောက်နိုင်ပါစေလို့
ReplyDeleteဆုတောင်းပေးပါတယ်။
လေးစားစွာဖြင့်
ရဲဝင့်သူ