အမေ......
အချိန်တွေ ကုန်လွန်တာမြန်နေပေမဲ့ အမေ့သား ခုချိန်ထိအမေ့နဲ့ ဝေးနေတဲ့တနေရာမှာ တယောက်ထဲ ခိုလှုံဆဲပါ။ ဒါပေမဲ့ အချိန်နဲ့ အမျှ အမေ့ကိုသတိရနေဆဲပါ။ ဘ၀မှာ ရုန်းကန်လှုပ်ရှားနေရတဲ့ သားဆိုးတယောက်အတွက် အမေရဲ့မေတ္တာလေးတွေကိုခုချိန်မှာ အဝေးတနေရာကနေ တောင့်တနေဆဲပါ။ ခုချိန်ဆို အမေလဲ အမကြီးရဲ့ မျိုးဆက်မြေးလေးတွေနဲ့ တနေကုန် အလုပ်ရှုပ်နေမယ်ထင်ပါရဲ့။ ကလေးတွေနဲ့ နေရတာ အလုပ်လုပ်ရတာထက် ပိုပင်ပန်းတယ်လို့ အမေပြောနေပေမဲ့ အမေ ပျော်နေရှာတယ်ဆိုတာ အဝေးရောက် သားကျနော်သိနေပါတယ်။
အမေ......
အလွန်တရာမှ ရှုပ်ထွေးပွေလီတဲ့ ဒီလူလောကထဲမှာ ကျနော် ကိုယ့်ဘ၀ကိုယ် ရုန်းကန်ရတာဆိုလို့ နှစ်အနဲငယ်တာ ရှိပါသေးတယ်။ ဒီနှစ်အနဲငယ်အတွင်းမှာ ကျနော် အလဲလဲ အကွဲကွဲ ရှုံးနိမ့်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ထိုက်သင့်သလောက် အောင်မြင်မူတွေလဲ ရခဲ့ပါတယ်။ ထိုက်သင့်တဲ့ ဝေဖန်တုန့်ပြန် ပြောဆိုမူတွေလဲ ရခဲ့ပါတယ်။ ကျနော်ရဲ့ စိတ်ဓါတ်တွေလဲ အကြိမ်ကြိမ် အလဲလဲ အထိုးခံခဲ့ရဖူးပြီအမေ။ ခုဆို ကျနော်စိတ်ဓါတ်တွေလဲ အရင်ကနဲ မတူပြောင်းလဲခဲ့ပါပြီအမေ။ ဒီလိုအချိန်မျိုးမှာ အမေရဲ့သား အမေ့ကို အရမ်းဂုဏ်ယူနေမိပါတယ်။ အမေတယောက်ထဲ ရုန်းကန်လှုပ်ရှား ကျွေးမွေးခဲ့တဲ့ နှစ်ပေါင်းကမနဲတော့ပါဘူး။ ဒါပေမဲ့ အမေ့ဆီက စိတ်ပျက်သံလေးတခွန်းတောင် သားမကြားခဲ့ရဖူးပါဘူး အမေ့ဆီက အမြဲတမ်း ပျော်ရွှင်ကြည်နူးနေတဲ့ အသံလေးကိုပဲ သားလွမ်းနေမိတယ်လေ။
အမေ......
မနက်ခင်း အိပ်ရာထ အလုပ်သွား၊ အလုပ်ပြန် ဒီလို လည်ပတ်ခဲ့တာ ဘာလိုလိုနဲ့ တနှစ်ကျော်သွားခဲ့ပြီအမေ။ ဒါပေမဲ့ အမေ့သား ကျနော် အမေ့ကိုဘယ်အရာမှ ပြည့်စုံအောင် ထားနိုင်ခြင်းမရှိသေးပါဘူး။ အမေ့ဆီက အားပေးစကားတွေ ပြန်ကြားရတိုင်း ကျနော် ကိုယ့်ဟာကို ရှက်နေမိတယ်အမေ... ဒီလိုနေရာမှာ ကျနော်ကတော့ စည်းစိမ်တွေ ယစ်မူးပြီး နေရတယ်၊သာယာနေတယ်ဆိုတဲ့ ပတ်ဝန်းကျင်က စကားလုံးအမျိုးမျိုး ပြောဆိုနေကြတာတွေကို ကျနော်ဘေးက မားမားမတ်မတ်ရပ်တည်ပေးတဲ့ အမေရှိနေသေးတရွှေ့ ကျနော် မတုန်လှုပ်ပါဘူး။ ကျနော် မကြောက်ရွှံ့ပါဘူးအမေ...
အမေ......
ခုဆို ကျနော် အရင်လိုမျိုး မဟုတ်တော့ဘူး။ ကျနော်ရဲ့ ဆံပင်တွေလဲ အရှည်ကြီး မဟုတ်တော့သလို အမေကြိုက်တတ်တဲ့ ဆံပင်တိုတိုနဲ့ လူငယ်တယောက် ဖြစ်နေပြီလေ။ တချို့တွေက ကျနော်ကို အတ္တကြီးတဲ့ တကိုယ်ကောင်း ဆန်တယ်တဲ့ အမေ…. ကျနော်ဘာမှ ပြန်မရှင်းပြချင်ပါဘူး ကျနော်ရင်ထဲမှာ ကျနော်မိသားစုပဲ ရှိတယ်ဆိုတာ အမေသိရင် ကျနော် ကျေနပ်ပါတယ်။ လူ့လောကမှာ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှတော့ ကျနော်လုပ်သွားချင်ပါတယ်။ တိုင်းပြည်အတွက်ပဲ ဖြစ်ဖြစ် မိသားစုအတွက်ပဲ ဖြစ်ဖြစ်ပေါ့။ ကျနော် လူများတွေ ပြောစကားတွေကို ဂရုမစိုက်တတ်တော့တာ ကြာခဲ့ပြီ ထင်တယ်အမေ.. ဒါပေမဲ့ အမေ့သားကျနော် လူအသိုင်းအ၀န်းအပြင်တော့ မရောက်သေးပါဘူး။
အမေ......
ခုဆို စီးပွါးရေး အခြေအနေတွေက အကောင်းကြီးမဟုတ်တော့ ကျနော်သူငယ်ချင်းတွေကို စိတ်ပူမိတယ်။ အမေလဲ ကျနော်အတွက် စိတ်ပူပြီး ဆုတောင်းပေးနေမှာ ကျနော်သိပါတယ်။ ကျနော်သူငယ်ချင်းတွေအတွက်ပါ ပိုဆုတောင်းပေးပါနော်။ ဟိုနေ့က Movies လေးတခု ကြည့်လိုက်ရတယ်။ ကလေးငယ်လေးတွေ သူများစားပြီးသား အရိုးအရင့်တွေကို စားနေရတယ်အမေ….ဒီနေ့ဆို သတင်းတခု ဖတ်လိုက်ရတာ ရင်ထဲကကို စိတ်မကောင်းဘူးအမေ... မြန်မာပြည်မှာ ထမင်းရည် ရောင်းနေကြတယ်တဲ့ တလုံးကို ကျပ်၂၀၀၊ ၂၅၀ တဲ့အမေ…. ဒီလိုမျိုး ထမင်းရည်သောက်နေရတဲ့ လူတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်တောင် ရှိနေမတုန်း၊ ထမင်းငတ်နေတဲ့ လူတွေကော ဘယ်လောက်တောင် ရှိနေမတုန်း စီးပွားရေးပျက်ကပ်မူကြီးက လူတန်းစားမရွေး ထိခိုက်နေတယ်ဆိုပေမဲ့ တကယ်တမ်း ခံနေရတာ ကျနော်တို့ မရှိဆင်းရဲသား ပြည်သူပြည်သားတွေပါ။ စိတ်မကောင်းဖြစ်နေမိတယ် အမေ...
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
သို့ အမေ
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
April
(28)
- အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်
- အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်
- သို့ အမေ
- သို့ အမေ
- မြို့ပျက်အလွန်
- မြို့ပျက်အလွန်
- ကျနော် ကျောင်းဆရာ (၂)
- ကျနော် ကျောင်းဆရာ (၂)
- ကြော်ငြာ (၁)
- ကြော်ငြာ (၁)
- For Rapid Share Download
- For Rapid Share Download
- နာမည်ကြီး ထမင်းငတ်
- နာမည်ကြီး ထမင်းငတ်
- သတိပေးချက် (မုန်တိုင်း)
- သတိပေးချက် (မုန်တိုင်း)
- သင်္ကြန်အမှတ်တရ
- သင်္ကြန်အမှတ်တရ
- စိတ်ကူးယဉ် အိပ်မက်
- စိတ်ကူးယဉ် အိပ်မက်
- သက်တန့်
- သက်တန့်
- ဆိုရိုးစကား
- ဆိုရိုးစကား
- ဒုတိယတကြိမ် ထုတ်ဝေခြင်း
- ဒုတိယတကြိမ် ထုတ်ဝေခြင်း
- အကြော်
- အကြော်
-
▼
April
(28)
Powered by Blogger.
အမေအကြောင်းကိုဖတ်ရတိုင်းမျက်ရည်ဝဲတယ်
ReplyDeleteအမေ့ကိုလွမ်းတယ်
အမေ့ကိုချစ်တယ်
အမေနဲ့ တူတူရှိနေပြီးစကားတွေအများကြီးပြောခွင့်ရမဲ့အချိန်ကိုစောင့်နေပါတယ်
ဖတ်ပြီးတကယ်ခံစားရပါတယ်
မဝေဖန်တော့ဘူး.. အားလုံးကောင်းနေတယ်ကော.. ထပ်တူပါပဲဗျာ..
ReplyDeleteကျေးဇူးတင်ပါတယ်
ကြယ်စင်မင်း
အင်း အမေ ဆိုလို့  ပြေးလာတာ
ReplyDeleteလွမ်းတယ် အတူတူပဲ
ပြန်ရောက်ရင် အမေ နားကမခွာဘူး
ချီးထူတော့လစ်တော့ အဟိ
သြော်အမေ အမေ။ မီးဖိုချောင်ဝင်တိုင်း သတိရတယ်။ ဟင်းမချက်တတ်လို့။ ဟင့်။
ReplyDeleteကိုတောင်ပေါ်သား ရေးတာကို ဖတ်ပြီး မရှိတော့တဲ့ အမေကို ပိုသတိရတယ် ဟင့်..
ReplyDeleteအမေ ပိုစ့်ဖတ်တိုင်း အိမ်ပြန်ချင်လာပြီး။
ReplyDeleteထပ်တူထပ်မျှ ခံစားသွားပါတရ်။
ခင်မင်ခြင်းနှင့်
တလနွန်
အဝေးရောက်ရင် အမေတွေကိုလွမ်းနေတတ်ကြတာ ။ ဘဝတူ အဖြစ်ချင်းဆင်နေကြတဲ့ အဝေးရောက် သားသမီးတွေရဲ့ ခံစားချက်လေးတွေပေါ့ ၊။ ချစ်သော အမေရဲ့ ရင်ခွင်ထဲ ပြန်မှေးစက် ချွဲ နွဲ့ ရမဲ့ အချိန်လေးတွေ အမြန်ဆုံး ရောက်ရပါစေသား ။ အဲဒီအချိန်ကျ အပြောနဲ့ အလုပ်ညီပါစေ နော့။။
ReplyDeleteခင်မင်တဲ့ အမ ကိကီ
အမေလာဖတ်ပြီး ငိုမိတယ်
ReplyDeleteမိရောင်လည်း အမေ့ကိုလွမ်းတယ်။ ခလုပ်ထိမှ အမိတ ဆိုသလို ဘာအခက်အခဲပဲရှိရှိ အမေ့ကိုသတိရမိပါတယ်။ ကဗျာလေးအတွက် ကျေးဇူးပါ။
ReplyDeleteခင်မင်လျှက်
မေတ္တာရောင်ပြန်