ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ညီအကို မောင်နှမများကို ဒီကနေပဲ ကျွေးတော့မယ်နော့် အဟား။ ဒီနေ့ အိမ်အပြန် လမ်းမှာ စဉ်းစားနေလာတာ တနေ့လာလဲ ကြက်၊ ပုဇွန် ဒါတွေနဲ့ စားရတာလဲ မကောင်းတော့ဘူး။ ဒီတော့ ဟိုနေ့က မြန်မာပလာဇာမှာ ၀ယ်လာတဲ့ အကြော်ကြော်တဲ့ အမုန့်လေးနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။
ပထမဆုံး ဆူကာသီး (ရန်ကုန်အခေါ် ဂေါ်ရခါးသီး) ကို လှီးပါတယ်။ ပြီးတော့ ဘာရှိဦးမလဲ ရှာလိုက်တာ ဘူးသီး သေးသေးလေး တွေ့လို့ လှီးလိုက်ပြန်ပါတယ်။ နှစ်မျိုးထဲ မကောင်းဘူးဆိုတော့ ဘာအသီး ရှိဦးမလဲ ရှာတာ မတွေ့တာနဲ့ ကြက်သွန် နှစ်လုံးကို ပါးပါး လှီးလိုက်ပါတယ်။ ဟဲဟဲ
တကယ်တမ်း ကျနော်မြို့လေးမှာ ကျနော်အဖွားက အကြော်ရောင်းတာဗျ။ ကျနော်မြို့မှာ ကျနော် အဖွားဆိုင်နာမည်ဆို တော်တော်များများသိတယ်လေ။ ကျနော်ကတော့ ယောင်ခြောက်ဆယ်ဆိုတော့ ဘာမှ မလုပ်တတ်ပါဘူး။ ဖြစ်သလို စိတ်ထဲက ပြန်တွေးကြည့်ပြီး ရသလောက် လက်စွမ်းပြလိုက်ပါတယ်။ စားချင်နေပြီလား နေပါဦး သရေတွေ မကျနေနဲ့ဦးနော် သုတ်လိုက် သုတ်လိုက် ခုမှ ကြော်နေတုန်း
အဲနဲနဲလေးတော့ နီလာပြီ။ ရတော့မယ် ခဏလေးဗျာ စောင့်ဦးနော် ကျွေးမှာပါဗျ.. အချဉ်ရေလေးပါ လုပ်ဦးမယ်
ကဲ ရပါပြီဗျာ စားကြတော့ အချဉ်ရေလေးကတော့ ကျနော် အဒေါ်လက်ရာအတိုင်းပဲ ကောင်းမှကောင်းဗျာ... အကုန်မစားသွားနဲ့ဦးနော် ကျနော်အတွက် ချန်ထားဦး စတာ ကျနော်က ကြော်ရင်နဲ့ စားပြီးပေါ့ ဟဲဟဲ
အင်း လူပျိုတွေများမလွယ်ပါလားနော့် တခုခုစားချင်ရင် မလုပ်တတ်လုပ်တတ်နဲ့ လုပ်နေရတယ်။ ကဲစားပြီးသွားပြီလား စားပြီးရင် မီးဖိုချောင်လေးတော့ ရှင်းပေးသွားပါ့လား မောနေပြီဗျ (ကြော်ငြာဝင်ခြင်းမဟုတ်ပါ ရည်းစားမလိုပါး-) )
ကဲ လာမဲ့ တနလာင်္ ကျနော်အလုပ် ခွင့်ယူထားပါတယ် အဲ့နေချက်စားတာလဲ တင်ပေးပါဦးမယ် သရေကျအောင်ပေါ့ ဟီးးးး
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
အကြော်
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
April
(28)
- အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်
- အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်
- သို့ အမေ
- သို့ အမေ
- မြို့ပျက်အလွန်
- မြို့ပျက်အလွန်
- ကျနော် ကျောင်းဆရာ (၂)
- ကျနော် ကျောင်းဆရာ (၂)
- ကြော်ငြာ (၁)
- ကြော်ငြာ (၁)
- For Rapid Share Download
- For Rapid Share Download
- နာမည်ကြီး ထမင်းငတ်
- နာမည်ကြီး ထမင်းငတ်
- သတိပေးချက် (မုန်တိုင်း)
- သတိပေးချက် (မုန်တိုင်း)
- သင်္ကြန်အမှတ်တရ
- သင်္ကြန်အမှတ်တရ
- စိတ်ကူးယဉ် အိပ်မက်
- စိတ်ကူးယဉ် အိပ်မက်
- သက်တန့်
- သက်တန့်
- ဆိုရိုးစကား
- ဆိုရိုးစကား
- ဒုတိယတကြိမ် ထုတ်ဝေခြင်း
- ဒုတိယတကြိမ် ထုတ်ဝေခြင်း
- အကြော်
- အကြော်
-
▼
April
(28)
Powered by Blogger.
တင်ပါ..တင်ပါ လာလာစားပါမယ်..။ ဆူကာသီးပြောရင်နဲ့ အောင်ပန်းကချယ်ရီကိုသတိရတွားတယ်..။ ချယ်ရီရှေ့မှာလေ ၁လုံမှ ၅ ကျပ်လား အဲဒီတုန်းက အတင်းလိုက်ရောင်နေတာလေ..။ အဖွားအကြော်ဆိုင်ကဘာနာမည်လည်း သိမလားလို့..။
ReplyDeleteအော်.....ကျွတ်ကျွတ်...သနားစရာ ကိုတောင်ပေါ်သားပါလား... တစ်ယောက်လောက်တော့ ရှာပေးမှဖြစ်တော့မယ်။ မကြည့်ရက်တော့ဘူးကွယ်...
ReplyDeleteအကြော်လာစားတယ် အချဉ်ရေကိုထမင်းနဲ့နယ်စားဖို့ယူသွားတယ်နော်
ReplyDeleteအကြော်လာစားတယ် အချဉ်ရေကိုထမင်းနဲ့နယ်စားဖို့ယူသွားတယ်နော်
ReplyDeleteမဖိတ်ပေမဲ့ အကြော်န့ရလို့လာစားသွားတယ်ဗျ.. အကြော်နဲ့ ဆို ထမင်းစားရရင် တခြားဘာမှမလိုဘူး ဗျ..
ReplyDeleteတော်သေးတာပေါ့ ကျန်သေးလို့ မြည်းဖို့ ယူသွားတယ် ဟဲဟဲ...
ReplyDeleteစားချင်လိုက်ထှာ....
ReplyDeleteရည်းစားမလိုဘူးဆိုတော့ မိန်းမတန်းယူမလို့လား...ငင်
ဝေးးးး လာပြီကွ... ဦးရှင်ဂျီးစားလို့ ကုန်ပြီထင်ပါရဲ့..
ReplyDeleteတီဝါလည်း ဆူကာသီးကြော်ကြိုက်တယ်....အပေါ်က
အစားပုတ်ကလေးတွေ ( မောင်ဖြိုး ၊ ပုလုကွေး၊ ဖိုးစိန်)
တို့ စားတာနဲ့တင် တစ်ဝက်ကျိုးသွားလောက်ပြီ..
စားလို့ကောင်းတယ်.. ဦးဥာဏ်နဲ့ သမီးလေးအတွက်
ပါဆယ်ပေးလိုက်ဦး.. :D
မယောင်မလည်နဲ့ အကြော်လာချောင်းသွားတယ်။ အကင်လဲရ အကြော်လဲရတဲ့ လူပါလားဗျ။ ရည်းစားမလို မိန်းမတန်းယူမယ်ဆို ကလေးလေးတွေပါတာ ရှာယူဗျ။ ဖြတ်လမ်းနည်းပေါ့ဗျာ ..နော့
ReplyDeleteဟာ အစားကြီးပါတယ်ဆိုမှ နောက်ကျသွားတယ် ...ဟမ်း..ဘာလဲ
ReplyDeleteသိမ်းထားပေးတယ်လား....ကျေးဇူးပဲကွာ
အပြတ်ဆွဲသွားတယ် ဟိဟိ
ဆိုင်ရှင်ကလည်း ဆီကပ်စေးနည်းလိုက်တာ ဆီများများနဲ့ကြော်မှ အကြော်ကပိုကောင်းတာ
ReplyDelete( ကြုံတုန်းဆရာဝင်လုပ်ဦးမှ.. လုပ်ရနည်းသလား ဟတ်ဟတ် )
နောက်တာပါ ကိုယ့်ဘာသာကိုဆို ၀က်သားပဲကြော်စားတယ်း)
အယ်အယ် နောက်ကျနေပါလား ။ မဖြစ်ပါဘူး နောက်ဆုံးပိတ် အိတ်နဲ့လွယ်သွားပါပြီ ။ ရှိသမျှအကုန်မသွားပါတရ် ။ အချဉ်ရည်ကအစ အကြော်အဖတ်အသေးလေး အဆုံး ထမင်းနဲ့စားရင်း မြည်းဖို့ပါ ။ ဟိဟိ
ReplyDelete(ကိုရဲ)
အများကြီးကြော်ထားတာနော်.. ခုထိကုန်သေးဘူးအရှေ့က ဂါဂါတွေက ကိုကြီးကျော် အမျိုးတွေထင်တယ် အငွေ့ပဲရှူသွားတယ်..အားရပါးရ ဆွဲသွားပါတယ်
ReplyDeleteဒီလိုလဲဖြစ်သားပဲ
ReplyDeleteငေးငေး သွားတယ်
အမြင်နဲ့တင်မိုက်နေပြီ. မမိုက်လို့လဲ မရတော့ဘူးကျန်မှ မကျှန်တော့တာ။
ReplyDeleteကောင်း ကောင်း၊ မကောင်းကောင်း စားသွားတယ်ဗျို့။ဟိ စားလဲစားသေး အကောင်း
ReplyDeleteလဲမပြောတာတော့မဟုတ်ပါဘူး မြင်ကထဲကသိ
နေတယ်...... ဟိ