ကျနော် ရန်ကုန်မှာနေတုန်း သင်တန်းကျောင်းတခုမှာ အလုပ်လုပ်နေတဲ့အချိန်ပေါ့။ ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက်ဆရာတယောက်ရဲ့ အတန်းမှာ လာတက်တဲ့ကလေးတွေ (ကျနော်တို့နဲ့ အသက်က သိပ်တော့မကွာပါဘူး)စာသင်ပေးတုန်းက ဒီကောင်မလေး လဲပါလာတာပေါ့။ သူက အမြဲတမ်းကြည့်လိုက်ရင် ဟာသဥာဏ်ရွှင်ပါတယ်။ သူတို့သင်တန်းတခုလုံးမှာ သူရှိလို့ ပျော်စရာအတိနဲ့ ပြည့်နေခဲ့ပါတယ်။ သူက သူရဲ့သူငယ်ချင်း အပေါင်းအဖော်တွေကိုသာမဟုတ် ကျနော်တို့ဆရာတွေကိုပါ နောက်တတ်၊ စတတ်ပါတယ်။ စိတ်ရင်းသဘောထားကလဲ အတော့်ကို ပြည့်ဝပါတယ်။
ပြောစရာရှိရင် ဘယ်သူ့မျက်နှာကိုမှ မကြည့်ပဲ ရဲရဲဝံ့ဝံ့ ပြောရဲတဲ့ သူမရဲ့စိတ်ဓါတ်လေးကို ကျနော်နှစ်သက်ပါတယ်။ အခုဆို သူလဲ အမိမြန်မာပြည်နဲ့ အလှမ်းကွာဝေးနေတဲ့ တိုင်းပြည်တခုမှာ အလုပ်လုပ်နေပါတယ်။ သူရဲ့ မိသားစုကိုလွမ်းတဲ့၊ ချစ်သူကိုလွမ်းတဲ့၊ သူငယ်ချင်းတွေကိုလွမ်းတဲ့၊ တိုင်းပြည်ကို လွမ်းတဲ့ အလွမ်းပေါင်းမျိုးစုံ၊ ဟာသပေါင်းမျိုးစုံ၊ ရသပေါင်းများစွာကို ဒီဘလော့လေးမှာတွေ့ရမှာပါ။ ကျနော်ရဲ့ ချစ်ညီအကိုမောင်နှမတွေလဲ ဘလော့ဂါ အသစ်လေးတယောက် ကို အားပေးကူညီကြပါဦးလို့.......
ကဲ အသင်... ဘလော့ဂါလောကမှ အရှင်သူမြတ်များ အသင်တို့ကို နှောင့်ယှက်ဒုက္ခပေးရန် ဘလော့ဂါ အသစ်လေးတယောက် ထပ်မံ ပေါက်ဖွားလာခဲ့လေပြန်ပြီ...............
လေးစားလျက် တောင်ပေါ်သား
သစ်သစ်လေးဆိုတော့
ReplyDeleteစိတ်ဝင်စားတယ် (ကြိုဆိုအားပေးဖို့ပါ)
အနော်လဲ အသစ်ပဲနော်
ကြော်ညာပေးဖို့ မမေ့နဲ့အုန်း .. အဟတ်
နှစ်သစ်မှာ ပျော်ရွှင်စေဖို့
ဆုမွန်ကောင်းတောင်းပေးပါ၏
ဝင်းဇော်
ကြိုဆိုပါတယ်နော်။
ReplyDeleteပျောရွှင်ပါစေ...
ခင်တဲ့
မေတ္တာရောင်ပြန်
ကိုတောင်ပေါ်က ဒီကောင်မလေးတွေကိုဘဲ ကြော်ငြာပေးနေတာကတော့  မတရားဘူးထင်တယ်နော့ ။ ဒီကောင်လေးတွေကိုလည်း ကြော်ငြာပေးအုံးမှပေါ့ ။ အလိုက်ကို မသိဘူး ။ ( စ တာ မဟုတ်ဖူးနော် .. အတည်ပေါက်နဲ့ ပြောနေခြင်းဖြစ်ပါသည် )။ ဟိဟိ
ReplyDeleteကြော်ငြာတဲ့ ညီမလေးဆီ သွားတယ် မောင်လေးရေ
ReplyDeleteနာမည်လည်း မပြောပြဘူး.. ဟွန်းးး
ReplyDeleteဟုတ်ပါတယ် တောင်ပေါ်သားအဆိုကိုထောက်ခံပါတယ်
ReplyDeleteအလွန်မှ ခင်မင်စရာကောင်းပြီး အလွန်ကို အစ အနောက် သန်သောညီမငယ်ဖြစ်ပါတယ်
ကိုယ့်တွေ့ မို့ လို့ ပါ ခင်ည သတိထားပြီးနေကျပါ
ရစ်စရာတွေရှိရင် လာလာရစ်တတ်လွန်းသူပါ
တောင်ပေါ်သားနဲ့ ပက်သတ်ပြီး ငမူးနဲ့  ခင်သွားတာပါ
ရေလည်ခေါင်းစားအောင် ပြောဆိုတတ်သူပါ
အဟိ အချွန်နဲ့ မ သွားတယ် ဒါပဲ
လှိုက်လှဲ ဝမ်းသာ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်...
ReplyDeleteဦးနော်.. တီငယ်.. ညီမလေး
:D အစအနောက်ကတော့ ပြောမနေနဲ့။ ခင်တတ်တာကလဲ တကယ်ခင်တတ်တယ်ဗျာ။စတွေ့ကတည်းက ရေပက်မ၀င်ကို non stop စကားပြောတော့တာ။ ရုတ်တရက် ဘယ်သူလဲ ဒီလောက်ရင်းရင်းနှီးနှီးပြောနေတာဆိုပြီး စဉ်းစားလိုက်ရတာ။ အိမ်ချင်းနီးလို့ သွားလည်မယ်။ ဘာမှာဦးမလဲ:D
ReplyDeleteအာ .. ဆရာပေါ်ကတော့ လုပ်ချလိုက်ပြီဗျာ။ ကျနော်က သူ့အိမ်မှာ လင့်ပေးဖို့ပဲ ပူဆာမိတာပါ။ သူက တစ်ခါတည်းကို ကြေငြာတော့တာကိုးးး။ ဒီလိုမှန်းသိ ယောက်ျားပါ ရှာခိုင်းလိုက်ပါတယ်။ ဟိ။
ReplyDeleteရှာပေးလိုက်ဝေး အဟိ ညက်စိနောက်တယ်
ReplyDeleteတောင်ပေါ်သား ရေ ပြောသွားတာသိတယ်ဟုတ်
ငါတော့လိမ့်ခံနေရတာပဲ
အစကတည်းကကြေငြာပါလား လို့ 
နင့်ကြေငြာတာ နောက်ကျပေါ့
ကြိုသိတော့ဆောင်ရန်တို့ ရှောင်ရန်တို့ လေ့လာထားမှာပေါ့
တဦးတိုးလာပြန်ပြီဟ ကြိုဆိုပါတယ်ဗျာ။
ReplyDelete