Labels

ချစ်သူသို့ ၃

ရှိနေခဲ့တဲ့
သံယောဇဉ်ကြိုးလေး တကြိုးကနေပြီး
ခိုင်မာတဲ့ တူနှစ်ကိုယ်ဘဝ
မတည်ဆောက်နိုင်ဘူးလား ချစ်သူ....

မင်းကိုချစ်နေမိတာ ငါ့အတွက်
ရေးစရာ ကုန်းကြမ်းတွေတဲ့လား
မင်းအမြင်လေးတွေ ပြောင်းလာမလားလို့
ငါမျှော်လင့်နေသေးတယ် ချစ်သူ....

လူတိုင်းမှာတော့ ပိုင်ဆိုင်ခြင်း၊ ဆုံးရှုံးခြင်းဆိုတာကိုသိနေရဲ့နဲ့
ခံစားချက်ကိုယ်စီ ကိုင်စွဲလို့လျှောက်လှမ်းနေကြတာပဲ
ချစ်နေမိတဲ့ ငါ့အဖြစ်ကိုကော မင်းရီနေမှာလား
မင်းပျော်နေမလား ချစ်သူ.....

အချစ်ကို အမှောင်ချလို့
ကိုယ့်ဟာကို နှလုံးသားမရှိတဲ့ ကြေးသွန်းရုပ်တခုလို
မင်းတကယ် ဟန်ဆောင်နေနိုင်ခဲ့ပါတယ်
သံယောဇဉ်ကို ဖုံးကွယ်ပြီးမင်းရက်စက်ခဲ့ပြတယ် ချစ်သူ.....

ဒါပေမဲ့ပေါ့
မင်းရဲ့ရက်စက် တုန့်ပြန်မူလေးတွေဟာ
ငါ့အချစ်စစ်ကို စိုးစေ့မျှမှ အရာမထင်ခဲ့ပါဘူး
ငါမှာအချစ်တွေ ပိုလို့တိုးလာတာပဲရှိမယ်
မင်းရဲ့ အမှောင်ဖုံးခံထားရတဲ့ နှလုံးသားလေးထဲမှာ
ဖြူစင်တဲ့ နှလုံးသားလေးတစုံ အိပ်စက်နေတယ်ဆိုတာငါသိနေတယ် ချစ်သူ......

လေးစားလျက် တောင်ပေါ်သား

7 comments:

16 comments:

ချစ်သူသို့ ၂

ခုတလော အလုပ်လေးတွေကများနေလို့ ပိုစ့်လေးတွေ အရင်လိုမတင်ဖြစ်ပါဘူး။ ခုတလော ပိုစ့်လေးတွေ တင်ဖို့ စိတ်ကူးလိုက်တဲ့ ဒီခေါင်းထဲက တခုမှ မထွက်လာဘူးဖြစ်နေတာ.. ထွက်လာတာကလဲ သိတဲ့အတိုင်းပဲ တင်မလွှတ်လေ...း) ဒီအရင် ကဗျာပိုစ့် ချစ်သူသို့... ဆိုတဲ့ ကဗျာလေးတင်ထားတာကို တော်တော်လေး အထင်ကြီးကြတဲ့ ဘလော့ဂ် ညီအကို၊မောင်နှမတွေ၊ စာဖတ်သူတွေကိုကြည့်ပြီး မောင်တောင်ပေါ်သားလဲ အတော်လေးကို ပျော်ရွှင်မိပါတယ်။ တကယ်တော့ အဲ့ဒီကဗျာလေးက စိတ်ထဲရှိတာရေးလိုက်တာပါ။ တချို့ထင်နေသလို မဟုတ်ရပါဘူးဗျာ.. ကျနော့်က အချစ်နဲ့ ပတ်သက်လာရင် ကံမကောင်းတတ်တာလား၊ အလွမ်းဓါတ်ခံပဲ ရှိတာလားတော့ မသိဘူး။ ကဗျာလေးတွေ ရေးရင် သမီးရည်းစားတွေ ချစ်ကြိုက်နေတာကိုမခံစားတတ်ဘူး။ ဒီအတွက်ကျနော်ကဗျာလေးတွေက ဆွေးစရာ တွေးစရာလေးတွေ ပါသွားပါတယ်။ အဟီးးး ကိုပုလုကွေး တို့များ မနာလို ရန်တောင် လာဖြစ်လိုက်သေးတယ်.... သူလဲ စွံချင်ရှာပေတာကိုးဗျ.. ဟီးးး

ခုတလော ဘလော့ဂါတွေတော်တော်များများ အနားယူနေကြတာကို တွေ့နေရပြန်တယ်။ သူများနိုင်ငံတွေလို အားလပ်ရက်ယူတဲ့ ရာသီလိုမျိုး ဘလော့လောကမှာလဲ အနားယူရမဲ့ ရာသီလားမသိဘူးနော့်း)။ ခင်မင်တဲ့လူတော်တော်များများလဲ အကြောင်းအမျိုးမျိုးပြပြီး နားနေကြပေါ့။ အဲ တချို့ကျတော့ ဘလော့လေးကို ကိုယ့်အသက်လောက်ချစ်ပေမဲ့ မလွန်ဆန်နိုင် ချစ်သူအမိန့်ကြောင့် နားနေရပြန်လေရဲ့း) ဘယ်နဲ့လုပ်ကြမတုန်း..

ကဲရေးစရာက မရှိတော့ ကဗျာလေးတွေပဲ ရေးနေမိတယ် ခံစားသွားဦးနော့် အရင်ပိုစ့်လိုမျိုး အတွေးတွေ များပြီးလျှောက်မထင်လေနဲ့ အဟား ဟားး)

ချစ်သူ....

ချစ်သူ...
ကဗျာတပုဒ်လို ကာရန်တွေနဲ့ မသီကုံးတတ်သလို
မင်းကိုချစ်ကြောင်းလဲ ဖွဲ့နွဲ့မပြောတတ်ဘူး
အချစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုရမယ်
အချစ်အတွက်ရသမြောက်တဲ့ စကားလုံးတွေလဲ
ငါမသိခဲ့ပါဘူး.....

အချစ်တခုကို သက်သေပြဖို့
ငါမှာအကြောင်းတရားတွေ မရှိခဲ့ပါဘူး...
အရမ်းချစ်တယ်ဆိုတဲ့ စကားလုံးလေးတွေ နင်ရှေ့မှာ
ငါပြောမထွက်ခဲ့တာ နင်အသိပါပဲ.....
ဒါကို မချစ်ဘူးထင်ရင် နင်မှားမှာပေါ့ ချစ်သူ......

လှောင်ရီသံတွေကို အတင်းတိုးဝင်လို့
ငါရူးမိုက်စွာ ချစ်ခဲ့မိတာပါ...
ထာဝရမမြဲခြင်းထဲမှာ ဒီချစ်ခြင်းတွေလဲ အပါအ၀င်ပေါ့
ဒါပေမဲ့ သေချာနေတာတခုကတော့ ငါ့ရင်ထဲမှာ နင်ရှိတယ်
ငါအချိန်တွေကို နင်ယူပြီးကြီးစိုးနေတယ်ဆိုတာပါပဲ
ပိုးဖလံတကောင်လို အချစ်ဆိုတဲ့မီးထဲ
ငါရူးမိုက်စွာ ဆက်တိုးနေခဲ့ချင်တာပါ..
ငါယုံကြည်တာကို ငါလုပ်နေခဲ့မိတာ ငါ့အပြစ်လား

11 comments:

ဟိုအရင်အတိတ်

အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်တွေးနေမိသည်။ ဟိုအရင် ကျနော်ငယ်တုန်းက ကျနော်တို့မြို့လေးမှာ ဒီလိုမျိုး မိုးတွေရွာချိန်ဆို မိသားစုတွေစု မီးပုံဘေးမှာ စုထိုင်ပြီး စကားပြောကြသည်။ ကျနော်တို့ယောကျာ်းလေးများက မိုးရွာထဲ ပြေးပြီး ဘောလုံးကန်ကြသည်။ ကျနော်တို့ အိမ်ရှေ့တွင် အလွန်မြင့်မားသော သရက်ပင်ကြီးရှိသည်။ ထိုသို့ မိုးရွာနေလျှင် သရက်သီးများကြွေကြလျှင် သူငယ်ချင်းတသိုက် အလုအယက်ပြေးကာ ကောက်ကြသည်။
တယောက်တကိုက်နှင့် မြိန်ယှက်စွာ စားခဲ့ကြသည်။

မိသားစုဘ၀သည်လဲ ပျော်စရာအတိနှင့် အပြည့်။ မီးဖိုလေးပေါ်မှာ အခါးရည်အိုးလေးတည်လို့ အသားခြောက်ကြော်လေးဖြစ်ဖြစ်၊ ကြက်သွန်ဖြူလေးနဲ့ လက်ဖက်သုပ်လေးဖြစ်ဖြစ် စားပြီး စကားတွေ ပြောကြသည်။ အဒေါ်တွေနှင့်အတူတူ မိုနိုပိုလီတွေ ကစားကြသည်။ ၅၀၀ကျပ် ၁၀၀၀ ကျပ်တန်ပိုက်ဆံများခိုးပြီး မနိုင်နိုင်အောင် လုပ်ရသည်က အမောပေါ့…. ညပိုင်းများ လသာလို့ အလင်းရသည်ဆိုသည်နှင့် နောက်ဖေးလမ်းတွင် ထုပ်စီးထိုးတန်း ကစားကြသည်။ နို့ဆီခွက်လေးများထောင်ပြီး တင်ဘူးဟုခေါ်သော ကစားနည်းများဆော့ကစားခဲ့ကြသည်.. သူငယ်ချင်းတွေ အများကြီးနှင့်အတူတူ ပျော်ရွှင်ခဲ့ကြဖူးခဲ့သည်များကို မှတ်မိနေသည်။ အခုတော့……

တဖြည်းဖြည်း အရွယ်ရောက်လာတော့ လူက ပတ်ဝန်းကျင်နဲ့ တနေ့တခြားကင်းဝေးလာသလိုလို.. အရင်တုန်းကလို ငယ်စဉ်ကလို ပျော်စရာများလဲ မရှိတော့ လုပ်ချင်သည်ထက် လုပ်သင့်လုပ်ထိုက်သည်များကို စဉ်းစားတတ်လာသည်…အရာရာသည် လိုချင်သလောက် မရပေ.. အရာရာကို ပိုင်ဆိုင်ချင်သလောက် ပိုင်ဆိုင်နိုင်လျှင်လဲ ဒီကမ္ဘာမှာ ပျက်စီးမူတွေ ပိုများလာပေမည်။ ဟိုအရင်လို ကလေးဘ၀ကပျော်စရာတွေလဲ ဘယ်ပျောက်ကုန်သလဲမပြောတတ်ပေ….
အခုလိုပြောနေလို့ တောင်ပေါ်သား တရားရသွားပြီဟု ထင်ချင်ထင်နေပေမည်။း) တကယ်တော့ တရားမပြောနဲ့ တရားနဲ့ပတ်သက်တဲ့ စကားလုံးတွေတောင် ကိုယ့်အနားမှာ ရှာမရဖြစ်နေသေးသည်။
လူတယောက်ကို ချစ်ရတာသည် ဒုက္ခ ဖြစ်သလို.. အချစ်ခံရသူအဖို့သည်လဲ စိတ်ဒုက္ခရောက်နေမည်မှာ မလွဲပေ... အချစ်ကို ကိုးကွယ်နေသေးတရွှေ့တော့ ဘာသာတရားဖက်က အာရုံရောက်ဦးမည်မဟုတ်ပေ :P

ဒါမှမဟုတ် မသိသူများအနေနဲ့ တောင်ပေါ်သားကို အဖိုးကြီးတယောက်လို့ ထင်ချင်ထင်နေပေဦးမည်။ တကယ်တမ်း အသက်ကတော့ သိပ်မကြီးသေးပါ။ ဒါပေမဲ့ ကျနော်အထင်တော့ သာမန်လူတယောက်ထက်ပိုပြီး စဉ်းစားနေမိသည်ဟု ထင်ပါသည်။ မြန်မာပြည်ရှိ ခုခေတ်ကလေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ သူတို့လေးတွေ ကျနော်တို့တုန်းကလို မဆော့ရတော့ပေ.. ကစားနည်းမျိုးစုံလဲ သူတို့မသိတော့.. ဒီနိုင်ငံက ကလေးတွေနဲ့ယှဉ်လျှင်ကော ပညာရေးကအစ အစစအရာရာလို နိမ့်နေသလိုလို ဘာလို့နိမ့်တာလဲ ထက်စဉ်းစားတော့ မြန်မာပြည်က သူငယ်တန်းကအစ ကျူရှင်ယူမှ ဖြစ်မည်ဟူသော ပညာရေးစနစ်ကြီးကြောင့်ဖြစ်မည်။ ဟိုနေ့က အိမ်နဲ့ဖုန်းရတော့ တူအကြီးကောင်က ကျူရှင်သွားနေတယ်တဲ့ ဘယ်နှတန်းလဲ မေးတော့ သူငယ်တန်းတဲ့လေ ရယ်လိုက်ရတဲ့ အဖြစ်..း)

စင်ကာပူတွင် အလုပ်တွေလဲ အဆင်မပြေသူတွေ များနေသည်။ အားလုံးကို အဆင်ပြေစေချင်သည်.. အဆင်မပြေသည့်ကြားမှ ကြိုးစားထွက်လာသူများလဲ အဆင်ပြေစေချင်သည်။ ဒါပေမဲ့ ကိုယ့်တွင် ဘာမှ လုပ်ပေးနိုင်သည့် အခွင့်အရေးကမရှိဖြစ်နေသည်။ ဒီရောက်မှ သေချာတာတခုကို သိလိုက်သည်။ ဘ၀မှာ လုပ်စရာတွေ အများကြီး၊ လူ့ဘ၀ကို ဖြတ်သန်းရတာ ဘယ်လောက် ခက်ခဲမှန်း သိလိုက်ရသည်။ မွေးဖွားကျွေးမွေးခဲ့သော အမေ့ကို ဘယ်လို ချီးကျူးရမှန်းကို မသိဖြစ်နေမိသည်။ ငယ်စဉ်ကတည်းက အမေ့ရဲ့စွမ်
းအားနဲ့ ဒီလိုမျိုး အခြေအနေကို ရောက်ခဲ့သည်။ ခုတော့ အမေ့ခြေရာနင်းဖို့နေနေသာသာ အမေ့ကိုတောင် ကောင်းမွန်စွာ မထားနိုင်သေးပေ……

လာအော်နေကြသော ချစ်သောအကို၊မောင်နှမများအားလုံးကို တောင်းပန်ပါတယ်။ ခုတလော စာတွေမရေးဖြစ်ပါဘူး ရေးလိုက်မယ်လုပ်တိုင်း စိတ်က မလွတ်လပ်တာနဲ့ ဘာရေးလို့ ရေးရမှန်းမသိဖြစ်နေတာပါ.. အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ..

လေးစားလျက် တောင်ပေါ်သား

11 comments:

ဟိုအရင်အတိတ်

အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်တွေးနေမိသည်။ ဟိုအရင် ကျနော်ငယ်တုန်းက ကျနော်တို့မြို့လေးမှာ ဒီလိုမျိုး မိုးတွေရွာချိန်ဆို မိသားစုတွေစု မီးပုံဘေးမှာ စုထိုင်ပြီး စကားပြောကြသည်။ ကျနော်တို့ယောကျာ်းလေးများက မိုးရွာထဲ ပြေးပြီး ဘောလုံးကန်ကြသည်။ ကျနော်တို့ အိမ်ရှေ့တွင် အလွန်မြင့်မားသော သရက်ပင်ကြီးရှိသည်။ ထိုသို့ မိုးရွာနေလျှင် သရက်သီးများကြွေကြလျှင် သူငယ်ချင်းတသိုက် အလုအယက်ပြေးကာ ကောက်ကြသည်။
တယောက်တကိုက်နှင့် မြိန်ယှက်စွာ စားခဲ့ကြသည်။

မိသားစုဘ၀သည်လဲ ပျော်စရာအတိနှင့် အပြည့်။ မီးဖိုလေးပေါ်မှာ အခါးရည်အိုးလေးတည်လို့ အသားခြောက်ကြော်လေးဖြစ်ဖြစ်၊ ကြက်သွန်ဖြူလေးနဲ့ လက်ဖက်သုပ်လေးဖြစ်ဖြစ် စားပြီး စကားတွေ ပြောကြသည်။ အဒေါ်တွေနှင့်အတူတူ မိုနိုပိုလီတွေ ကစားကြသည်။ ၅၀၀ကျပ် ၁၀၀၀ ကျပ်တန်ပိုက်ဆံများခိုးပြီး မနိုင်နိုင်အောင် လုပ်ရသည်က အမောပေါ့…. ညပိုင်းများ လသာလို့ အလင်းရသည်ဆိုသည်နှင့် နောက်ဖေးလမ်းတွင် ထုပ်စီးထိုးတန်း ကစားကြသည်။ နို့ဆီခွက်လေးများထောင်ပြီး တင်ဘူးဟုခေါ်သော ကစားနည်းများဆော့ကစားခဲ့ကြသည်.. သူငယ်ချင်းတွေ အများကြီးနှင့်အတူတူ ပျော်ရွှင်ခဲ့ကြဖူးခဲ့သည်များကို မှတ်မိနေသည်။ အခုတော့……

တဖြည်းဖြည်း အရွယ်ရောက်လာတော့ လူက ပတ်ဝန်းကျင်နဲ့ တနေ့တခြားကင်းဝေးလာသလိုလို.. အရင်တုန်းကလို ငယ်စဉ်ကလို ပျော်စရာများလဲ မရှိတော့ လုပ်ချင်သည်ထက် လုပ်သင့်လုပ်ထိုက်သည်များကို စဉ်းစားတတ်လာသည်…အရာရာသည် လိုချင်သလောက် မရပေ.. အရာရာကို ပိုင်ဆိုင်ချင်သလောက် ပိုင်ဆိုင်နိုင်လျှင်လဲ ဒီကမ္ဘာမှာ ပျက်စီးမူတွေ ပိုများလာပေမည်။ ဟိုအရင်လို ကလေးဘ၀ကပျော်စရာတွေလဲ ဘယ်ပျောက်ကုန်သလဲမပြောတတ်ပေ….
အခုလိုပြောနေလို့ တောင်ပေါ်သား တရားရသွားပြီဟု ထင်ချင်ထင်နေပေမည်။း) တကယ်တော့ တရားမပြောနဲ့ တရားနဲ့ပတ်သက်တဲ့ စကားလုံးတွေတောင် ကိုယ့်အနားမှာ ရှာမရဖြစ်နေသေးသည်။
လူတယောက်ကို ချစ်ရတာသည် ဒုက္ခ ဖြစ်သလို.. အချစ်ခံရသူအဖို့သည်လဲ စိတ်ဒုက္ခရောက်နေမည်မှာ မလွဲပေ... အချစ်ကို ကိုးကွယ်နေသေးတရွှေ့တော့ ဘာသာတရားဖက်က အာရုံရောက်ဦးမည်မဟုတ်ပေ :P

ဒါမှမဟုတ် မသိသူများအနေနဲ့ တောင်ပေါ်သားကို အဖိုးကြီးတယောက်လို့ ထင်ချင်ထင်နေပေဦးမည်။ တကယ်တမ်း အသက်ကတော့ သိပ်မကြီးသေးပါ။ ဒါပေမဲ့ ကျနော်အထင်တော့ သာမန်လူတယောက်ထက်ပိုပြီး စဉ်းစားနေမိသည်ဟု ထင်ပါသည်။ မြန်မာပြည်ရှိ ခုခေတ်ကလေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ သူတို့လေးတွေ ကျနော်တို့တုန်းကလို မဆော့ရတော့ပေ.. ကစားနည်းမျိုးစုံလဲ သူတို့မသိတော့.. ဒီနိုင်ငံက ကလေးတွေနဲ့ယှဉ်လျှင်ကော ပညာရေးကအစ အစစအရာရာလို နိမ့်နေသလိုလို ဘာလို့နိမ့်တာလဲ ထက်စဉ်းစားတော့ မြန်မာပြည်က သူငယ်တန်းကအစ ကျူရှင်ယူမှ ဖြစ်မည်ဟူသော ပညာရေးစနစ်ကြီးကြောင့်ဖြစ်မည်။ ဟိုနေ့က အိမ်နဲ့ဖုန်းရတော့ တူအကြီးကောင်က ကျူရှင်သွားနေတယ်တဲ့ ဘယ်နှတန်းလဲ မေးတော့ သူငယ်တန်းတဲ့လေ ရယ်လိုက်ရတဲ့ အဖြစ်..း)

စင်ကာပူတွင် အလုပ်တွေလဲ အဆင်မပြေသူတွေ များနေသည်။ အားလုံးကို အဆင်ပြေစေချင်သည်.. အဆင်မပြေသည့်ကြားမှ ကြိုးစားထွက်လာသူများလဲ အဆင်ပြေစေချင်သည်။ ဒါပေမဲ့ ကိုယ့်တွင် ဘာမှ လုပ်ပေးနိုင်သည့် အခွင့်အရေးကမရှိဖြစ်နေသည်။ ဒီရောက်မှ သေချာတာတခုကို သိလိုက်သည်။ ဘ၀မှာ လုပ်စရာတွေ အများကြီး၊ လူ့ဘ၀ကို ဖြတ်သန်းရတာ ဘယ်လောက် ခက်ခဲမှန်း သိလိုက်ရသည်။ မွေးဖွားကျွေးမွေးခဲ့သော အမေ့ကို ဘယ်လို ချီးကျူးရမှန်းကို မသိဖြစ်နေမိသည်။ ငယ်စဉ်ကတည်းက အမေ့ရဲ့စွမ်းအားနဲ့ ဒီလိုမျိုး အခြေအနေကို ရောက်ခဲ့သည်။ ခုတော့ အမေ့ခြေရာနင်းဖို့နေနေသာသာ အမေ့ကိုတောင် ကောင်းမွန်စွာ မထားနိုင်သေးပေ……

လာအော်နေကြသော ချစ်သောအကို၊မောင်နှမများအားလုံးကို တောင်းပန်ပါတယ်။ ခုတလော စာတွေမရေးဖြစ်ပါဘူး ရေးလိုက်မယ်လုပ်တိုင်း စိတ်က မလွတ်လပ်တာနဲ့ ဘာရေးလို့ ရေးရမှန်းမသိဖြစ်နေတာပါ.. အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ..

လေးစားလျက် တောင်ပေါ်သား

16 comments:

၆၄ မိုင်တိုင်

သွေးမတော်သားမစပ် ၀မ်းမနာခဲ့ရပေမဲ့
ကျနော်တို့အပေါ် အမေ့အချစ်တွေ ပုံပေးခဲ့တယ်
ချစ်တဲ့တိုင်းပြည်သာယာဖို့ အမေကြိုးစားခဲ့တယ်
အခုဆို အမေ့ရဲ့မွေးနေ့လေးပေါ့ အမေ
အေးချမ်းစွာနဲ့ နေနိုင်တဲ့ကိုယ်ပိုင်မိသားစုလေးကို ပစ်ပြီးတော့
အမေကျနော်တို့ရင်ခွင်ထဲ ခြေစုံပစ်ဝင်ခဲ့တယ်

တကယ်တမ်း ကျနော်တို့ရင်ခွင်ဟာအမေ့အတွက်
ခက်ထန်ကြမ်းတမ်းတဲ့ ဘ၀တွေအဖြစ်ပြောင်းလဲခဲ့ရပြီလေ
ဒါပေမဲ့အမေ့ဆီက ငြီးငြူးသံလေးတသံတောင်မှ
ကျနော်တို့အသက်ရှိသမျှ မကြားရသေးပါဘူးအမေ
အမေ့ချစ်တဲ့သားသမီးတွေအတွက် အမေရယူလိုစိတ်မရှိ
ပေးဆပ်ခဲ့ရတာကိုပဲ အမေဂုဏ်ယူနေတယ်လေ..

ဘာလိုလိုနဲ့ မိုင်တိုင် ၆၄ကိုတောင် ရောက်လာပြီကောအမေ
ဒီအချိန်ဆို ဘုရားတရားနဲ့ကိုပွေ့ဖက်ပြီး
ချစ်သောမြေးမြစ်လေးတွေနဲ့ ပျော်နေရမဲ့အချိန်မှာ
အမေကတော့ အားမာန်ကိုမလျှော့ပဲ သားသမီးတွေလိုချင်တဲ့အရာတွေကို
အမေအသက်ရင်းပြီး ယူဆောင်နေတုန်းပဲအမေ
ဒီအချိန်မှာဖြင့် အမေ့သားသမီးတချို့ကတော့
အဝေးတနေရာမှာ ကောင်းစားပြီးအမေ့ကို မေ့နေကြတယ်လေ...

ငြိမ်းချမ်းရေးကိုလိုလားတဲ့အမေ
အခန်းကျဉ်းလေးရဲ့ ထောင့်တနေရာမှာ
ခန္ဓာကိုယ်က ပိန်လှီလို့ အင်အားကမရှိ
အရုပ်ကြိုးပြတ်ကျတော့မဲ့ပုံ သူရဲ့မျက်လုံးကတော့ ရဲဝံ့တဲ့
စူးရှတဲ့ အရောင်တွေတောက်လို့ မတရားတာကို မကြောက်
အမှန်တရားတခုအတွက် အကုန်လုံးကိုပေးဆပ်ရဲတယ်
မိသားစု၊သားသမီးတွေ စတေးခဲ့ပေါ့ ခိုင်မာတဲ့ ယုံကြည်ချက်တို့နဲ့
ဒီအခန်းကျဉ်းလေးထဲဝယ် တုန်ရီနေတဲ့လက်တွေနဲ့
နံရံပေါ်မှာ ပြတ်သားစွာရေးလိုက်တယ်
ဒါငါတို့ တိုင်းပြည်အတွက် ဒါငါတို့ လွတ်လပ်မူတွေအတွက်
ဒါငါ့ဝမ်းမနာ သားသမီးတွေအတွက်

လေးစားလျက် တောင်ပေါ်သား

8 comments:

ချစ်သူသို့

ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့
အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့
နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ
တကယ်တမ်း ချစ်ရသူတွေ့လာတော့
ဖုံးကွယ်ထားတဲ့ အလွှာတွေမြေကျလို့
အချစ်ကို မခံနိုင်အောင် တွယ်တာမိပြန်ပါကော

ပျော်ပျော်နေတတ်တဲ့ ငါစိတ်ရင်းက
လူတွေအမြင်မှာ ဟာသဇာတ်ကောင်လိုပေါ့
ဒါပေမဲ့ ငါပြောလိုက်တဲ့ စကားတခွန်း
ငါချစ်ရသူ ယုံကြည်စေချင်တာ ငါစိတ်ထဲကပါ
ငါပြောလိုက်တဲ့ စကားတခွန်းကို နင်ဟားတိုက် ရီနေရင်
ငါဘယ်လောက် ခံစားရလဲ နင်မသိခဲ့ပါ ချစ်သူရယ်

အချိန်တွေ တိုက်စားလို့
ငါတို့တွေ ရင့်ကျက်လာခဲ့ရင်တောင်မှ
ယုံကြည်မူဆိုတဲ့ စကားလုံးတွေဟာ
ငါအတွက်ဆိုတာ မရှိလောက်ဘူးထင်ပါရဲ့
အပူရုပ်ကို ဟန်လုပ်လို့ ငါနောက်နေတယ်ထင်တာပဲ
မင်းအတွက် ပိုကောင်းပါတယ် ချစ်သူ

အချစ်ဆိုတာကိုကြုံဆုံခဲ့ဖူးပေမဲ့
အချစ်စစ်ဆိုတာကို ငါကိုယ်တိုင် ရှာမရခဲ့တာ
အများအမြင်မှာတော့ ငါဟာအပြစ်ရှိတဲ့ လူတယောက်ပေါ့
ဒါပေမဲ့ ချစ်သူ မင်းအမြင်မှာ အပြစ်မရှိတဲ့
သိုးငယ်လေးတကောင်လို
ငါကျေကျေနပ်နပ် ၀ပ်တွားခယချင်ခဲ့တာပါ

အချစ်ဦးမဟုတ်ပေမဲ့ ငါရဲ့အချစ်တွေကို
မင်းသိမ်းပိုက်ယူနိုင်ခဲ့ပါပြီ....
မင်းအသံကို ငါမကြားရရင်
ငါမနေနိုင်လောက်အောင်ဖြစ်နေမိပြီလေ
ဒါတွေဟာ မင်းအတွက် လှောင်ရီစရာတွေပါပဲ
ချစ်သူ.........

ဘာရယ်မဟုတ် ခံစားပြီး ရေးလိုက်တာပါ။ အထင်တော့ သိပ်မကြီးကြနဲ့ အဟေးဟေးးးးးးးး

လေးစားလျက် တောင်ပေါ်သား

12 comments:

20 comments:

ကျနော်ကျောင်းဆရာ (၃)

ဘလော့ဆိုတာ စာပေမြတ်နိုးသူတိုင်း၊ ခံစားချက်ရှိသူတိုင်း ရေးတတ်ကြပါတယ်။ ဒီအတွက်ဘလော့ဆိုတာကြီးကို ဘယ်လိုအကြောင်းကြောင်းမှ ပိုင်းခြားလို့မရပါဘူး။ ကဗျာချစ်တဲ့လူတွေအတွက် ကဗျာကိုရေးတဲ့ ဘလော့တွေရှိတယ်။ ရသတွေ ရေးတဲ့လူတွေရှိမယ်။ ဒါဟာ ကိုယ်ပိုင်ခံစားချက်၊ သေချာအောင်ပိုပြောရင်တော့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ဒိလိုလွတ်လပ်ခွင့်တွေကို ကျနော်တို့ လိုက်ပြီး ပိတ်ပင်တားဆီးနေလို့ မရပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်စာမျက်နှာဖြစ်တဲ့အလျောက် သူတို့ကြိုက်တာ လုပ်ခွင့်ရှိပါတယ်။ ဖျက်ချင်ဖျက်မယ် ပိတ်ချင်ပိတ်မယ်ပေါ့။ ကျနော်လက်လှမ်းမီသလောက် တွေ့ရတာကတော့ ဘလော့ဂါတွေဆိုတာ ပြည်ပကလူတွေက ပြည်တွင်းကလူတွေထက် ထက်ဝက်မက ပိုများပါတယ်။

အဓိကအကြောင်းကတော့ ပြည်ပရောက်လူတွေက ပြည်တွင်းကလူတွေထက်ပိုပြီး သတင်းလွတ်လပ်ခွင့် ရှိတယ်။ ရေးချင်တာတွေ ပိုရေးလို့ရတယ်။ ပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ဝေးနေတဲ့သူတွေအတွက် ခံစားချက်တွေကတော့ ကိုယ်စီရှိကြတတ်ပါတယ်။ ဒီအတွက် ဘလော့ပေါ်တက်ပြီး ကိုယ်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောပြတတ်ပါတယ်။ ဒီမှာ တခါတလေ သူများတိုင်းပြည်မှာ ကိုယ့်တိုင်းပြည် မကောင်းကြောင်းပြောနေကြရင် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် မခံနိုင်ပါဘူး ဒီတော့ဘလော့ပေါ်တက်ပြီး ပိုစ့်လေးတွေ ရေးကြပြန်ပါတယ်။ ဒီလိုမျိုး ကိုယ်ရဲ့အသက်လို မြတ်နိုးရတဲ့ ဘလော့လေးတွေကို ဘာလို့များ ရှဲလုပ်သုံးနေကြလဲ မသိပါဘူး.. ကျနော်အမြင်ကတော့ သမီးရည်းစားချစ်သူတိုင်း အပြန်အလှန် နားလည်မူယူပြီး ဘလော့လေးတွေကို တူတူဖန်တီးကြတာ လက်ခံပါတယ်။

ဒါပေမဲ့ Personal သုံး E-mail လိုမျိုးကိုတော့ Sharing လုပ်သုံးတာကတော့ သိပ်သဘောမတွေ့မိပါဘူး။ အထက်မှာ ပြောခဲ့သလို လူတိုင်းမှာကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိတာဖြစ်တဲ့အတွက် ကျနော်မှာလဲ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကျနော် သေချာစဉ်းစားကြည့်တော့ ခုလို Personal E-mail ကို share လုပ်သုံးတာတခုတင်မကပါဘူး။ E-mail နဲ့ သက်ဆိုင်တဲ့ အချက်အလက် ဆိုလိုတာက E-mail Password မေ့သွားရင် ပြန်ဖော်လို့ရတဲ့ Security Question တွေကအစ အားလုံးကို အသိပေးကြတာပါ။ ဒါတွေဟာ တကယ်လိုအပ်သလား သေချာမေးကြည့်လိုက်တော့ ကိုယ့်ချစ်သူယုံကြည်အောင်လို့တဲ့ တကယ့်ကို ဟာသတခုပါပဲ.. သူတို့မှာ တခြားအကောင့်မရှိတော့ဘူးလား... ဒါဟာပိုလို့တောင် ဆိုးရွားတဲ့ အခြေအနေတခုကို ကိုယ်တိုင်ဖန်တီးလိုက်တာပါပဲ.. ဥပမာ ကောင်လေးက ကောင်မလေးကိုအကောင့်ပေးပြီး ကောင်မလေးရဲ့ ယုံကြည်မူကို ယူတယ်။ ဒီကောင်လေးက ကောင်မလေးမသိတဲ့ တခြားအခြားအကောင့်တခုနဲ့ တခြားကောင်မလေးတွေရဲ့ ယုံကြည်မူကို ထပ်ယူဦးမှာပါပဲ...
တကယ်တမ်း သမီးရည်စားဖြစ်လာခဲ့ရင်တောင်မှ ဒီလို့ E-mailတွေ ရှဲစရာလိုမယ်မထင်ပါဘူး။ တယောက်နဲ့ တယောက် ယုံကြည်မူလေးတွေထားပြီး ညှိုနှိုင်းနိုင်တာလေးတွေ ညှိုကြည့်ရင်ပိုတောင်မှ သံယောဇဉ်ဖြစ်မယ် အဆင်ပြေနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် ချစ်သူဘ၀ လမ်းခွဲခဲ့ရင်တောင်မှ နောင်ဖြစ်လာမဲ့ သံသယစိတ်တွေ မလိုလားအပ်တာတွေ ကင်းတာပေါ့။

လူသားတိုင်းသည် နိုင်ငံရေးကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်မွေးတဲ့ နေရာ၊မြို့ဒေသ၊တိုင်းပြည်ကိုတော့ အများနဲ့တန်းတူ ဖြစ်စေချင်တဲ့ စိတ်လေးတွေ လူတိုင်းမှာ ရှိပါတယ်။ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်ကို မွေးဖွားလာတဲ့ ကျနော့်မြေကို ကျနော်ချစ်ပါတယ်။ လူတိုင်းဟာ အယူအဆကွဲလွဲချက်တွေနဲ့ ရှင်သန်နေကြတာပါ။ ဒီအယူအဆကွဲလွဲချက်တွေပေါ် မူတည်ပြီး ပြုမူဆက်ဆံပုံတွေ ကွဲလွဲသွားတာပါ။ ဒီတော့ ဘယ်သူကဖြင့်မှန်တယ် မှားတယ်ပြောလို့လဲ ပြီးတော့မှာမဟုတ်ပါဘူး။ ကျနော်တို့ ပြည်ပရောက်လူတွေအဖို့က ပြည်တွင်းကိုပြ
န်ကြည့်လိုက်ရင် အရာရာခေတ်နောက်ကျနေပြီဆိုတာ ငြင်းလို့မရပါဘူး။ လမ်းခရီး ဆက်သွယ်ရေးက အစပေါ့။ ကိုယ်မျက်ချေးကိုယ် မမြင်ဆိုသလိုပဲ ပြည်တွင်းကလူတွေက ကျနော်တို့လောက် ဟုတ်သည်ဖြစ်စေ မှားသည်ဖြစ်စေ သတင်းတွေ မကြားရပါဘူး။ကျနော်သည် နိုင်ငံရေးကို စိတ်မ၀င်စားပါ။ ဒါပေမဲ့ ကျနော့်တိုင်းပြည်ကိုချစ်သည်။ ဒါအမှန်ပေ ဘယ်သူမဆို ဆိုသည်ထက် ကောင်းတာဖြစ်လာမည်ကို ကျနော်လိုလားပါတယ်။ ကျနော်တယောက်ထဲဒီအယူအဆ ရှိမည်ဟု ကျနော်မထင်။ လူဖြစ်လာလျှင် လူတိုင်းသည် အကောင်းကိုကြိုက်ကြသည်။ ဒီအတွက်ကျနော်တို့လူသားတိုင်းသည် ဘ၀ကိုကောင်းတထက် ကောင်းအောင် ကြိုးစားကြသည်။

ခုတလော လူစိတ်မရှိတဲ့ လူတချို့ကို ဘလော့တွေပေါ်မှာ တွေ့နေရပြန်တယ်။ ဘယ်လိုပြောရမှန်းမသိအောင် အရှက်တရားကို ကင်းမဲ့လွန်းပါတယ်။ ဒါဟာ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းကဆိုတာထက် သူရဲ့ သေးသိမ်တဲ့ အသုံးအနှုံးတွေကိုကြည့်လိုက်ရင် တော်တော်လေးကို ရီစရာကောင်းပါတယ်။ မိုက်မိုက်ရိုင်းရိုင်းပြောရမယ်ဆိုရင် မိဘတွေမရှိတော့တဲ့ လမ်းဘေးကလူမိုက်တချို့လိုပါပဲ။ အထိန်းအကွပ်က မရှိ၊ ဒီလိုဘလော့တွေပေါ်လိုက်အော်နေရတာကိုးပဲ သူက အရသာခံနေပါတယ်။ ဒီလိုတွေအရေမရ အဖတ်မရ အချိန်ကုန်ခံပြီး လုပ်တော့ ဘယ်လောက်ရသလဲတော့ သေချာမသိပါဘူးး).. သေချာတာကတော့ သူရဲ့အဆင့်အတန်း၊ လူနေမူပတ်ဝန်းကျင်ကို ပြလိုက်တာပါပဲ ကျနော်တို့ဘလော့ဂါအများစုဟာ သာယာပျော်ရွှင်တဲ့ ဘ၀တွေကို ဖြတ်သန်းချင်ကြတာပါ။

ကျနော်တို့ရဲ့ဘလော့လေးတွေကို ကျနော်တို့ရဲ့ ဆွေမျိုးမိသားစုလိုချစ်ကြတာပါ။ ဘလော့ရေးတဲ့လူတိုင်းခံစားတတ်ကြပါတယ်။ ဘယ်သူမှ ဒီဘလော့လေးကို အလကားလုပ်ထားတာမဟုတ်ပါဘူး။ အချိန်တွေအများကြီးပေးရပါတယ်။ စာရေးဖို့အတွက် အချိန်ယူရတယ် ဘလော့လေးလှအောင် အိမ်လေးလှအောင် ပြင်ရတယ်။ ဒီလိုပြောပြရတာ ကျနော်တို့ကို အားနေလို့ရေးတယ်ထင်မှာ စိုးလို့ပါ။ ဒီတော့ ကျနော်တို့ဘလော့ဂါတွေအားလုံးက သွေးစည်းလုံးကြပါတယ်။ ညီညွတ်ကြတယ် တဦးကိုတဦး ရိုင်းပင်းကူညီကြတယ် ဒါလေးတွေကို ဘလော့ဂါတွေကြားမှာပဲ တွေ့ရတာပါ။ ဒီအတွက် ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် ကျနော်တို့ဘက်က ပိုတောင် စည်းလုံးနေပါသေးတယ်။

တခါတလေ ကျနော်တို့ရဲ့ စိတ်ကအထက်ကပြောသလို မကျေနပ်တာတွေ၊ ခံစားရတာတွေများရင် ပိုစ့်တခုအနေနဲ့ တင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့တဦးတယောက်ကိုမျှ ထိခိုက်နစ်နာစေတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ပိုက်ဆံရှာတဲ့ ဘလော့လေး အနဲငယ်ကလွဲရင် အများစုက၀ါသနာကို အရင်းတည်ပြီး ပညာတွေ ဖြန့်ဖြူးနေကြတာပါ။ ခုတွေ့နေရတာက နိုင်ငံရေးဘလော့တွေတင်မကတော့ဘူး အေးဆေးနေနေကြတဲ့ ဒီဘလော့ဂါတွေရဲ့ဆိုဒ်လေးတွေကို အရှက်တရားမရှိစွာ လိုက်ဖျက်ဆီးနေကြတာပါ။ တော်တော်လေးကို ယုတ်ညံ့ပါတယ်။ ကျနော်တို့ဘလော့ဂါတွေဆိုတာ စာဖတ်သူတွေ သူငယ်ချင်းတွေလာလည်တာတွေကို ကြည့်ပြီး ၀မ်းသာတတ်ကြတာပါ။ ဒီလိုမျိုး သူတပါးနာမည်နဲ့ လိုက်ပြီး အရှက်မရှိ လူမပီသစွာ လုပ်နေတာတွေက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ တကယ်၍ ယောက်ျားလေးလဲ ဖြစ်မယ် သတ္တိလဲရှိခဲ့မယ်ဆိုရင် အပြင်မှာတွေ့ဖို့ သင့်ပါတယ်။ ကျနော်ဖက်ကလဲ ကြိုဆိုပါတယ်။

*** လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ စိတ်ထဲရှိတာရေးခြင်းပါ။ ကျနော်ချစ်သော လူများအားလုံး ကျန်းမာချမ်းသာကြပါစေ။

လေးစားလျက် တောင်ပေါ်သား

10 comments:

ကျနော်ကျောင်းဆရာ (၃)

ဘလော့ဆိုတာ စာပေမြတ်နိုးသူတိုင်း၊ ခံစားချက်ရှိသူတိုင်း ရေးတတ်ကြပါတယ်။ ဒီအတွက်ဘလော့ဆိုတာကြီးကို ဘယ်လိုအကြောင်းကြောင်းမှ ပိုင်းခြားလို့မရပါဘူး။ ကဗျာချစ်တဲ့လူတွေအတွက် ကဗျာကိုရေးတဲ့ ဘလော့တွေရှိတယ်။ ရသတွေ ရေးတဲ့လူတွေရှိမယ်။ ဒါဟာ ကိုယ်ပိုင်ခံစားချက်၊ သေချာအောင်ပိုပြောရင်တော့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ဒိလိုလွတ်လပ်ခွင့်တွေကို ကျနော်တို့ လိုက်ပြီး ပိတ်ပင်တားဆီးနေလို့ မရပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်စာမျက်နှာဖြစ်တဲ့အလျောက် သူတို့ကြိုက်တာ လုပ်ခွင့်ရှိပါတယ်။ ဖျက်ချင်ဖျက်မယ် ပိတ်ချင်ပိတ်မယ်ပေါ့။ ကျနော်လက်လှမ်းမီသလောက် တွေ့ရတာကတော့ ဘလော့ဂါတွေဆိုတာ ပြည်ပကလူတွေက ပြည်တွင်းကလူတွေထက် ထက်ဝက်မက ပိုများပါတယ်။

အဓိကအကြောင်းကတော့ ပြည်ပရောက်လူတွေက ပြည်တွင်းကလူတွေထက်ပိုပြီး သတင်းလွတ်လပ်ခွင့် ရှိတယ်။ ရေးချင်တာတွေ ပိုရေးလို့ရတယ်။ ပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ဝေးနေတဲ့သူတွေအတွက် ခံစားချက်တွေကတော့ ကိုယ်စီရှိကြတတ်ပါတယ်။ ဒီအတွက် ဘလော့ပေါ်တက်ပြီး ကိုယ်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောပြတတ်ပါတယ်။ ဒီမှာ တခါတလေ သူများတိုင်းပြည်မှာ ကိုယ့်တိုင်းပြည် မကောင်းကြောင်းပြောနေကြရင် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် မခံနိုင်ပါဘူး ဒီတော့ဘလော့ပေါ်တက်ပြီး ပိုစ့်လေးတွေ ရေးကြပြန်ပါတယ်။ ဒီလိုမျိုး ကိုယ်ရဲ့အသက်လို မြတ်နိုးရတဲ့ ဘလော့လေးတွေကို ဘာလို့များ ရှဲလုပ်သုံးနေကြလဲ မသိပါဘူး.. ကျနော်အမြင်ကတော့ သမီးရည်းစားချစ်သူတိုင်း အပြန်အလှန် နားလည်မူယူပြီး ဘလော့လေးတွေကို တူတူဖန်တီးကြတာ လက်ခံပါတယ်။

ဒါပေမဲ့ Personal သုံး E-mail လိုမျိုးကိုတော့ Sharing လုပ်သုံးတာကတော့ သိပ်သဘောမတွေ့မိပါဘူး။ အထက်မှာ ပြောခဲ့သလို လူတိုင်းမှာကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိတာဖြစ်တဲ့အတွက် ကျနော်မှာလဲ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကျနော် သေချာစဉ်းစားကြည့်တော့ ခုလို Personal E-mail ကို share လုပ်သုံးတာတခုတင်မကပါဘူး။ E-mail နဲ့ သက်ဆိုင်တဲ့ အချက်အလက် ဆိုလိုတာက E-mail Password မေ့သွားရင် ပြန်ဖော်လို့ရတဲ့ Security Question တွေကအစ အားလုံးကို အသိပေးကြတာပါ။ ဒါတွေဟာ တကယ်လိုအပ်သလား သေချာမေးကြည့်လိုက်တော့ ကိုယ့်ချစ်သူယုံကြည်အောင်လို့တဲ့ တကယ့်ကို ဟာသတခုပါပဲ.. သူတို့မှာ တခြားအကောင့်မရှိတော့ဘူးလား... ဒါဟာပိုလို့တောင် ဆိုးရွားတဲ့ အခြေအနေတခုကို ကိုယ်တိုင်ဖန်တီးလိုက်တာပါပဲ.. ဥပမာ ကောင်လေးက ကောင်မလေးကိုအကောင့်ပေးပြီး ကောင်မလေးရဲ့ ယုံကြည်မူကို ယူတယ်။ ဒီကောင်လေးက ကောင်မလေးမသိတဲ့ တခြားအခြားအကောင့်တခုနဲ့ တခြားကောင်မလေးတွေရဲ့ ယုံကြည်မူကို ထပ်ယူဦးမှာပါပဲ...
တကယ်တမ်း သမီးရည်စားဖြစ်လာခဲ့ရင်တောင်မှ ဒီလို့ E-mailတွေ ရှဲစရာလိုမယ်မထင်ပါဘူး။ တယောက်နဲ့ တယောက် ယုံကြည်မူလေးတွေထားပြီး ညှိုနှိုင်းနိုင်တာလေးတွေ ညှိုကြည့်ရင်ပိုတောင်မှ သံယောဇဉ်ဖြစ်မယ် အဆင်ပြေနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် ချစ်သူဘ၀ လမ်းခွဲခဲ့ရင်တောင်မှ နောင်ဖြစ်လာမဲ့ သံသယစိတ်တွေ မလိုလားအပ်တာတွေ ကင်းတာပေါ့။

လူသားတိုင်းသည် နိုင်ငံရေးကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်မွေးတဲ့ နေရာ၊မြို့ဒေသ၊တိုင်းပြည်ကိုတော့ အများနဲ့တန်းတူ ဖြစ်စေချင်တဲ့ စိတ်လေးတွေ လူတိုင်းမှာ ရှိပါတယ်။ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်ကို မွေးဖွားလာတဲ့ ကျနော့်မြေကို ကျနော်ချစ်ပါတယ်။ လူတိုင်းဟာ အယူအဆကွဲလွဲချက်တွေနဲ့ ရှင်သန်နေကြတာပါ။ ဒီအယူအဆကွဲလွဲချက်တွေပေါ် မူတည်ပြီး ပြုမူဆက်ဆံပုံတွေ ကွဲလွဲသွားတာပါ။ ဒီတော့ ဘယ်သူကဖြင့်မှန်တယ် မှားတယ်ပြောလို့လဲ ပြီးတော့မှာမဟုတ်ပါဘူး။ ကျနော်တို့ ပြည်ပရောက်လူတွေအဖို့က ပြည်တွင်းကိုပြန်ကြည့်လိုက်ရင် အရာရာခေတ်နောက်ကျနေပြီဆိုတာ ငြင်းလို့မရပါဘူး။ လမ်းခရီး ဆက်သွယ်ရေးက အစပေါ့။ ကိုယ်မျက်ချေးကိုယ် မမြင်ဆိုသလိုပဲ ပြည်တွင်းကလူတွေက ကျနော်တို့လောက် ဟုတ်သည်ဖြစ်စေ မှားသည်ဖြစ်စေ သတင်းတွေ မကြားရပါဘူး။ကျနော်သည် နိုင်ငံရေးကို စိတ်မ၀င်စားပါ။ ဒါပေမဲ့ ကျနော့်တိုင်းပြည်ကိုချစ်သည်။ ဒါအမှန်ပေ ဘယ်သူမဆို ဆိုသည်ထက် ကောင်းတာဖြစ်လာမည်ကို ကျနော်လိုလားပါတယ်။ ကျနော်တယောက်ထဲဒီအယူအဆ ရှိမည်ဟု ကျနော်မထင်။ လူဖြစ်လာလျှင် လူတိုင်းသည် အကောင်းကိုကြိုက်ကြသည်။ ဒီအတွက်ကျနော်တို့လူသားတိုင်းသည် ဘ၀ကိုကောင်းတထက် ကောင်းအောင် ကြိုးစားကြသည်။

ခုတလော လူစိတ်မရှိတဲ့ လူတချို့ကို ဘလော့တွေပေါ်မှာ တွေ့နေရပြန်တယ်။ ဘယ်လိုပြောရမှန်းမသိအောင် အရှက်တရားကို ကင်းမဲ့လွန်းပါတယ်။ ဒါဟာ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းကဆိုတာထက် သူရဲ့ သေးသိမ်တဲ့ အသုံးအနှုံးတွေကိုကြည့်လိုက်ရင် တော်တော်လေးကို ရီစရာကောင်းပါတယ်။ မိုက်မိုက်ရိုင်းရိုင်းပြောရမယ်ဆိုရင် မိဘတွေမရှိတော့တဲ့ လမ်းဘေးကလူမိုက်တချို့လိုပါပဲ။ အထိန်းအကွပ်က မရှိ၊ ဒီလိုဘလော့တွေပေါ်လိုက်အော်နေရတာကိုးပဲ သူက အရသာခံနေပါတယ်။ ဒီလိုတွေအရေမရ အဖတ်မရ အချိန်ကုန်ခံပြီး လုပ်တော့ ဘယ်လောက်ရသလဲတော့ သေချာမသိပါဘူးး).. သေချာတာကတော့ သူရဲ့အဆင့်အတန်း၊ လူနေမူပတ်ဝန်းကျင်ကို ပြလိုက်တာပါပဲ ကျနော်တို့ဘလော့ဂါအများစုဟာ သာယာပျော်ရွှင်တဲ့ ဘ၀တွေကို ဖြတ်သန်းချင်ကြတာပါ။

ကျနော်တို့ရဲ့ဘလော့လေးတွေကို ကျနော်တို့ရဲ့ ဆွေမျိုးမိသားစုလိုချစ်ကြတာပါ။ ဘလော့ရေးတဲ့လူတိုင်းခံစားတတ်ကြပါတယ်။ ဘယ်သူမှ ဒီဘလော့လေးကို အလကားလုပ်ထားတာမဟုတ်ပါဘူး။ အချိန်တွေအများကြီးပေးရပါတယ်။ စာရေးဖို့အတွက် အချိန်ယူရတယ် ဘလော့လေးလှအောင် အိမ်လေးလှအောင် ပြင်ရတယ်။ ဒီလိုပြောပြရတာ ကျနော်တို့ကို အားနေလို့ရေးတယ်ထင်မှာ စိုးလို့ပါ။ ဒီတော့ ကျနော်တို့ဘလော့ဂါတွေအားလုံးက သွေးစည်းလုံးကြပါတယ်။ ညီညွတ်ကြတယ် တဦးကိုတဦး ရိုင်းပင်းကူညီကြတယ် ဒါလေးတွေကို ဘလော့ဂါတွေကြားမှာပဲ တွေ့ရတာပါ။ ဒီအတွက် ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် ကျနော်တို့ဘက်က ပိုတောင် စည်းလုံးနေပါသေးတယ်။

တခါတလေ ကျနော်တို့ရဲ့ စိတ်ကအထက်ကပြောသလို မကျေနပ်တာတွေ၊ ခံစားရတာတွေများရင် ပိုစ့်တခုအနေနဲ့ တင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့တဦးတယောက်ကိုမျှ ထိခိုက်နစ်နာစေတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ပိုက်ဆံရှာတဲ့ ဘလော့လေး အနဲငယ်ကလွဲရင် အများစုက၀ါသနာကို အရင်းတည်ပြီး ပညာတွေ ဖြန့်ဖြူးနေကြတာပါ။ ခုတွေ့နေရတာက နိုင်ငံရေးဘလော့တွေတင်မကတော့ဘူး အေးဆေးနေနေကြတဲ့ ဒီဘလော့ဂါတွေရဲ့ဆိုဒ်လေးတွေကို အရှက်တရားမရှိစွာ လိုက်ဖျက်ဆီးနေကြတာပါ။ တော်တော်လေးကို ယုတ်ညံ့ပါတယ်။ ကျနော်တို့ဘလော့ဂါတွေဆိုတာ စာဖတ်သူတွေ သူငယ်ချင်းတွေလာလည်တာတွေကို ကြည့်ပြီး ၀မ်းသာတတ်ကြတာပါ။ ဒီလိုမျိုး သူတပါးနာမည်နဲ့ လိုက်ပြီး အရှက်မရှိ လူမပီသစွာ လုပ်နေတာတွေက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ တကယ်၍ ယောက်ျားလေးလဲ ဖြစ်မယ် သတ္တိလဲရှိခဲ့မယ်ဆိုရင် အပြင်မှာတွေ့ဖို့ သင့်ပါတယ်။ ကျနော်ဖက်ကလဲ ကြိုဆိုပါတယ်။

*** လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ စိတ်ထဲရှိတာရေးခြင်းပါ။ ကျနော်ချစ်သော လူများအားလုံး ကျန်းမာချမ်းသာကြပါစေ။

လေးစားလျက် တောင်ပေါ်သား

17 comments:

အနေချင်ဆုံး မြို့လေး တမြို့

မနက်ခင်းစူးရှတဲ့နေရောင်ရဲ့အလင်းရောင်ဟာ ပြတင်းပေါက်လေးကတဆင့် ကျနော်အခန်းလေးထဲ ရောက်ရှိလာပါတယ်။ မနက်ခင်းစောစောထလိုက်တာနဲ့ အေးမြတဲ့လေထုရဲ့ တိုက်ခတ်မူကိုခံစားလိုက်ရပါတယ်။ သာမန်လူတယောက်အတွက် ဒီအအေးတွေဟာ အနွေးထည်တွေ များစွာ ၀တ်ထားရပေမဲ့ ကျနော်အတွက်တော့ ဒီအအေးထုကြီးကို နှစ်သက်စွာခံယူရင်း မနက်ခင်းအိပ်ရာကို နိုးထလာပါတယ်။ ကျနော်နေတဲ့ မြို့လေးပေါ့။ ကျနော်နေတဲ့မြို့လေးက လေးဖက်လေးရံ တောင်တန်းတွေနဲ့ ကာရန်ထားပါတယ်။ စိမ်းလန်းနေတဲ့ တောင်ကုန်းတွေ၊ တောင်တန်းတွေနဲ့ နေချင်စရာအပြည့်ပေါ့။ ကျနော်နေတဲ့ မြို့လေးက မြို့ကြီးလို့လဲ မဆိုတာသလို တောကျတယ်လဲ မဆိုသာပါဘူး။ ချင်းတောင်တန်းတွေလို အမြင့်ပေ မများပါဘူး။ ဒါပေမဲ့ နွေးထွေးမူအပြည့်နဲ့ စိတ်ရင်းသဘောထားပြည့်စုံတဲ့ လူအများစု နေထိုင်ကြပါတယ်။

ချယ်ရီပန်းတို့ဖူးပွင့်ရာ ကျနော်တို့မြို့လေးမှာ ချယ်ရီပွင့်ချိန်ဆို တောင်တွေများ ပန်းရောင်ကောဇောကြီးခင်းထားသလို လှပနေတာပေါ့။ မနက်စောစော အိပ်ရာကထလိုက်ရင် တ၀ုန်းဝုန်းနဲ့ မောင်းနေတဲ့ ထော်လာဂျီပေါ်မှာ ကုန်တွေ လူတွေ အပြည့်နဲ့ဈေးရောင်းတဲ့ လူတွေကိုလဲ တွေ့ရတတ်ပါတယ်။ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဗမာ၊ ခရစ်ယာန်၊ အစ္စလာမ် စသည်ဖြင့် လူမျိုးပေါင်းစုံတို့ စည်းလုံးစွာ နေထိုင်ကြတာပါ။ အိမ်နီးချင်းအချင်းချင်း လူမျိုးခွဲစိတ်ဓါတ်မရှိ တအိမ်မှာ ဟင်းကောင်းလေးများချက်ရင် တဖက်အိမ်ကို လှမ်းပေးတတ်တဲ့ ချစ်စရာ ဓလေ့လေးတွေနဲ့ ကျနော်တို့မြို့လေးပါ။ အပေါ်ယံမဟုတ်ပဲ ရင်ထဲကနေပေါင်းကြတဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့ မြို့လေးပါ။

ကျနော်တို့မြို့လေးဟာ ကလောမြေလို အရမ်းမအေးပါဘူး။ မေမြို့လိုမျိုး ပန်းခင်းလေးတွေနဲ့ မပြည့်စုံပါဘူး။ ဒါပေမဲ့ ကျနော်တို့မြို့လေးကို လာလည်ရင် ဧည့်ဝတ်ကျေပွန်တဲ့ တိုင်းရင်းသားလူမျိုးတွေ ကိုတွေ့ရပါလိမ့်မယ်။ ကျနော်တို့မြို့လေးက လူတွေဟာ ပွဲလမ်းသဘင်ကို အရမ်းခုံမင်တတ်ကြပါတယ်။ ကျနော်တို့မြို့လေးမှာ ဘယ်တိုင်းပြည် ဘယ်မြို့မှာမှ မလုပ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကြီး ရှိတယ်။ စက္ကူနဲ့လုပ်တဲ့ မီးပုံပျံတွေ ရှိတယ်။ တိရစ္ဆာန်မျိုးစုံရဲ့ အရုပ်ပုံစံတူလေးတွေလွှတ်ပြီး ပျော်ကြတယ်။ ခင်မင်မူတွေ တည်ဆောက်ကြတယ်။ လူမျိုးတွေ ကွဲပြားပေမဲ့ ဒီတန်ဆောင်တိုင်ပွဲလေးက တောင်ပေါ်သူ၊တောင်ပေါ်သား အချင်းချင်းစည်းလုံး ညီညွတ်စွာ ပျော်ရွှင်စွာတူတူ ဆင်နွှဲကြတယ်... ကျနော်တို့မြို့လေးမှာ ပင်းတယလို အထင်ကရ နာမည်ကြီး ဘုရားစေတီတွေ မရှိသလို နာမည်ကြီးနေရာတွေလဲ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ တောင်ချွန်းဆိုတဲ့ တောင်ကြီးတခုရှိတယ် တောင်ဘက်ကို မိုင်အနဲငယ် ထွက်လိုက်တာနဲ့ ချစ်စရာ ပအိုဝ့်လူမျိုးတွေ နေတဲ့ ရွာလေးတွေ ရှိတယ်။ အဲ့ဘက်ကမှ ဆက်သွားလိုက်ရင် အခုနောက်ပိုင်းမှာ နာမည်ကြီးလာတဲ့ မွေတော်က္ကူဘုရားပုထိုးတွေ ရှိတယ်။ ဧကအနဲငယ်အတွင်းမှာ ဘုရားစေတီတွေ တန်းစီပြီး ဆောက်ထားတာပါ။

ဒီလိုပဲ ကျနော်တို့မြို့လေးကနေ အောက်ဖက်ကိုဆင်းသွားမယ်ဆို နာမည်ကျော် အေးသာယာ စက်မူဇုံကြီးရှိပါသေးတယ်။ မြန်မာပြည် လက်ရာကားတွေ ထုတ်တာပေါ့။ တကယ
့်မြန်မာပြည်စစ်စစ်ထုတ်တွေပါ။ ဖြတ်ညှပ်ကပ် မဟုတ်ရပါဘူး။ အဲကနေ ဆက်သွားရင်တော့ စော်ဘွားတွေ နေတဲ့ ညောင်ရွှေကို သွားလို့ရပါတယ်။ အင်မတန်မှ ဧည့်ဝတ်ကျေပွန်တတ်တဲ့ အင်းသားများစုဝေးရာ အင်းလေးကန်ကိုရောက်ပါတယ်။ ရီစရာလေး တခုပြောပြပါဦးမယ် ကျနော်တို့တောင်ပေါ်ဒေသတွေကို မရောက်ဖူးတဲ့ သူငယ်ချင်းတယောက်ပြောဖူးတာလေးပါ။ တောင်ပေါ်မှာ ဘောလုံးကန်တော့ ဘယ်လို ကန်မတုန်းတဲ့ သူတို့အထင်တွေကတော့ ဘောလုံးကန်လိုက်ရင် တောင်အောက်များ ကျသွားတယ် ထင်တာလား မပြောတတ်ပါဘူးး)

တနေ့နေ့ပေါ့ အဝေးတနေရာမှာ ရောက်နေတဲ့ ကျနော်တို့နိုင်ငံကလူတွေ အားလုံး အဆင်ပြေရင် နိုင်ငံအတွက် တိုင်းပြည်အတွက် ကိုယ့်မွေးရပ်မြေလေးအတွက် ပြန်ကြမှာပါပဲ။ ဒီလိုပဲ ခုချိန်မှာ ချစ်တဲ့ မွေးရပ်မြေလေးနဲ့ ဝေးနေပေမဲ့ ကျနော်ရဲ့ ရင်ထဲမှာ အချိန်တိုင်းနီးပါးကတော့ ချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ ကျနော်ကိုမွေးဖွားပေးခဲ့တဲ့ ကျနော်ရဲ့မြို့လေးကို တမ်းတနေဆဲပါ။ ကျနော်တို့တောင်ကြီးသားတွေလို ဆိုတာနဲ့ စကားသံဝဲ၀ဲ ရိုးသားပွင့်လင်းတဲ့ လူတွေအဖြစ် အများစုက တွေးထင်မိကြပါတယ်။ ဒီလိုမျိုး အထင်ခံရတာကိုက ကျနော်မြို့လေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ပုဒ်လေးတခုပါပဲ။ ဒီအတွက် ကျနော်တောင်ကြီးသားဖြစ်ရတာ အမြဲ ဂုဏ်ယူလျက်ပါ။ ကျနော်တို့ တောင်ကြီးသားတွေလဲ အခုဆို အရင်တုန်းကလို ခေတ်နောက်မကျအောင် တိုးတက်နေတာကိုတွေ့နေရပါတယ်။ ရိုးရာမီးပုံပျံပွဲတွေကို တိုက်ရိုက် လွှင့်လာနိုင်ပြီ။ ဒီလို အဝေးတနေရာမှ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်တိုင် ရပ်တည်နေကြပါပြီ။ အရမ်းကို ကြည်နူး ဂုဏ်ယူစရာပါပဲ။ တနေ့တချိန်ချိန်မှာတော့ အသက်တွေ ကြီးလို့ ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ချစ်သော မွေးရပ်မြေလေးမှာပဲ ခေါင်းချ ချင်ပါတယ်။ ဒါကျနော်ရဲ့ ဆန္ဒလေးပါပဲ။

ကိုရီနို ရဲ့တက်ဂ်ပိုစ့်လေးပါ။ ဒီပိုစ့်လေးကို ရေးရတာ အရမ်းခံစားရပါတယ်။ မွေးရပ်မြေနဲ့ ဝေးကွာနေတဲ့လူတိုင်း ခံစားကြရမယ်လို့ ကျနော် ယူဆမိပါတယ်။ လူသားတိုင်းဟာ ကိုယ့်မွေးတဲ့ မြေကိုချစ်သလို သေရင်တောင် ကိုယ့်မွေးမြေလေးမှာ သေချင်တာ အများစုပါ။ ကျနော် ထပ် မတက်ဂ်တော့ပါဘူး ကိုရီနို တက်ဂ်တာ ဆိုင်မဆိုင်တော့ မသိဘူးဗျာ ရေးတော့ ရေးလိုက်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

12 comments:

အနေချင်ဆုံး မြို့လေး တမြို့

မနက်ခင်းစူးရှတဲ့နေရောင်ရဲ့အလင်းရောင်ဟာ ပြတင်းပေါက်လေးကတဆင့် ကျနော်အခန်းလေးထဲ ရောက်ရှိလာပါတယ်။ မနက်ခင်းစောစောထလိုက်တာနဲ့ အေးမြတဲ့လေထုရဲ့ တိုက်ခတ်မူကိုခံစားလိုက်ရပါတယ်။ သာမန်လူတယောက်အတွက် ဒီအအေးတွေဟာ အနွေးထည်တွေ များစွာ ၀တ်ထားရပေမဲ့ ကျနော်အတွက်တော့ ဒီအအေးထုကြီးကို နှစ်သက်စွာခံယူရင်း မနက်ခင်းအိပ်ရာကို နိုးထလာပါတယ်။ ကျနော်နေတဲ့ မြို့လေးပေါ့။ ကျနော်နေတဲ့မြို့လေးက လေးဖက်လေးရံ တောင်တန်းတွေနဲ့ ကာရန်ထားပါတယ်။ စိမ်းလန်းနေတဲ့ တောင်ကုန်းတွေ၊ တောင်တန်းတွေနဲ့ နေချင်စရာအပြည့်ပေါ့။ ကျနော်နေတဲ့ မြို့လေးက မြို့ကြီးလို့လဲ မဆိုတာသလို တောကျတယ်လဲ မဆိုသာပါဘူး။ ချင်းတောင်တန်းတွေလို အမြင့်ပေ မများပါဘူး။ ဒါပေမဲ့ နွေးထွေးမူအပြည့်နဲ့ စိတ်ရင်းသဘောထားပြည့်စုံတဲ့ လူအများစု နေထိုင်ကြပါတယ်။

ချယ်ရီပန်းတို့ဖူးပွင့်ရာ ကျနော်တို့မြို့လေးမှာ ချယ်ရီပွင့်ချိန်ဆို တောင်တွေများ ပန်းရောင်ကောဇောကြီးခင်းထားသလို လှပနေတာပေါ့။ မနက်စောစော အိပ်ရာကထလိုက်ရင် တ၀ုန်းဝုန်းနဲ့ မောင်းနေတဲ့ ထော်လာဂျီပေါ်မှာ ကုန်တွေ လူတွေ အပြည့်နဲ့ဈေးရောင်းတဲ့ လူတွေကိုလဲ တွေ့ရတတ်ပါတယ်။ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ ဗမာ၊ ခရစ်ယာန်၊ အစ္စလာမ် စသည်ဖြင့် လူမျိုးပေါင်းစုံတို့ စည်းလုံးစွာ နေထိုင်ကြတာပါ။ အိမ်နီးချင်းအချင်းချင်း လူမျိုးခွဲစိတ်ဓါတ်မရှိ တအိမ်မှာ ဟင်းကောင်းလေးများချက်ရင် တဖက်အိမ်ကို လှမ်းပေးတတ်တဲ့ ချစ်စရာ ဓလေ့လေးတွေနဲ့ ကျနော်တို့မြို့လေးပါ။ အပေါ်ယံမဟုတ်ပဲ ရင်ထဲကနေပေါင်းကြတဲ့ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့ မြို့လေးပါ။

ကျနော်တို့မြို့လေးဟာ ကလောမြေလို အရမ်းမအေးပါဘူး။ မေမြို့လိုမျိုး ပန်းခင်းလေးတွေနဲ့ မပြည့်စုံပါဘူး။ ဒါပေမဲ့ ကျနော်တို့မြို့လေးကို လာလည်ရင် ဧည့်ဝတ်ကျေပွန်တဲ့ တိုင်းရင်းသားလူမျိုးတွေ ကိုတွေ့ရပါလိမ့်မယ်။ ကျနော်တို့မြို့လေးက လူတွေဟာ ပွဲလမ်းသဘင်ကို အရမ်းခုံမင်တတ်ကြပါတယ်။ ကျနော်တို့မြို့လေးမှာ ဘယ်တိုင်းပြည် ဘယ်မြို့မှာမှ မလုပ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကြီး ရှိတယ်။ စက္ကူနဲ့လုပ်တဲ့ မီးပုံပျံတွေ ရှိတယ်။ တိရစ္ဆာန်မျိုးစုံရဲ့ အရုပ်ပုံစံတူလေးတွေလွှတ်ပြီး ပျော်ကြတယ်။ ခင်မင်မူတွေ တည်ဆောက်ကြတယ်။ လူမျိုးတွေ ကွဲပြားပေမဲ့ ဒီတန်ဆောင်တိုင်ပွဲလေးက တောင်ပေါ်သူ၊တောင်ပေါ်သား အချင်းချင်းစည်းလုံး ညီညွတ်စွာ ပျော်ရွှင်စွာတူတူ ဆင်နွှဲကြတယ်... ကျနော်တို့မြို့လေးမှာ ပင်းတယလို အထင်ကရ နာမည်ကြီး ဘုရားစေတီတွေ မရှိသလို နာမည်ကြီးနေရာတွေလဲ မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ တောင်ချွန်းဆိုတဲ့ တောင်ကြီးတခုရှိတယ် တောင်ဘက်ကို မိုင်အနဲငယ် ထွက်လိုက်တာနဲ့ ချစ်စရာ ပအိုဝ့်လူမျိုးတွေ နေတဲ့ ရွာလေးတွေ ရှိတယ်။ အဲ့ဘက်ကမှ ဆက်သွားလိုက်ရင် အခုနောက်ပိုင်းမှာ နာမည်ကြီးလာတဲ့ မွေတော်က္ကူဘုရားပုထိုးတွေ ရှိတယ်။ ဧကအနဲငယ်အတွင်းမှာ ဘုရားစေတီတွေ တန်းစီပြီး ဆောက်ထားတာပါ။

ဒီလိုပဲ ကျနော်တို့မြို့လေးကနေ အောက်ဖက်ကိုဆင်းသွားမယ်ဆို နာမည်ကျော် အေးသာယာ စက်မူဇုံကြီးရှိပါသေးတယ်။ မြန်မာပြည် လက်ရာကားတွေ ထုတ်တာပေါ့။ တကယ့်မြန်မာပြည်စစ်စစ်ထုတ်တွေပါ။ ဖြတ်ညှပ်ကပ် မဟုတ်ရပါဘူး။ အဲကနေ ဆက်သွားရင်တော့ စော်ဘွားတွေ နေတဲ့ ညောင်ရွှေကို သွားလို့ရပါတယ်။ အင်မတန်မှ ဧည့်ဝတ်ကျေပွန်တတ်တဲ့ အင်းသားများစုဝေးရာ အင်းလေးကန်ကိုရောက်ပါတယ်။ ရီစရာလေး တခုပြောပြပါဦးမယ် ကျနော်တို့တောင်ပေါ်ဒေသတွေကို မရောက်ဖူးတဲ့ သူငယ်ချင်းတယောက်ပြောဖူးတာလေးပါ။ တောင်ပေါ်မှာ ဘောလုံးကန်တော့ ဘယ်လို ကန်မတုန်းတဲ့ သူတို့အထင်တွေကတော့ ဘောလုံးကန်လိုက်ရင် တောင်အောက်များ ကျသွားတယ် ထင်တာလား မပြောတတ်ပါဘူးး)

တနေ့နေ့ပေါ့ အဝေးတနေရာမှာ ရောက်နေတဲ့ ကျနော်တို့နိုင်ငံကလူတွေ အားလုံး အဆင်ပြေရင် နိုင်ငံအတွက် တိုင်းပြည်အတွက် ကိုယ့်မွေးရပ်မြေလေးအတွက် ပြန်ကြမှာပါပဲ။ ဒီလိုပဲ ခုချိန်မှာ ချစ်တဲ့ မွေးရပ်မြေလေးနဲ့ ဝေးနေပေမဲ့ ကျနော်ရဲ့ ရင်ထဲမှာ အချိန်တိုင်းနီးပါးကတော့ ချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ ကျနော်ကိုမွေးဖွားပေးခဲ့တဲ့ ကျနော်ရဲ့မြို့လေးကို တမ်းတနေဆဲပါ။ ကျနော်တို့တောင်ကြီးသားတွေလို ဆိုတာနဲ့ စကားသံဝဲ၀ဲ ရိုးသားပွင့်လင်းတဲ့ လူတွေအဖြစ် အများစုက တွေးထင်မိကြပါတယ်။ ဒီလိုမျိုး အထင်ခံရတာကိုက ကျနော်မြို့လေးအတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ပုဒ်လေးတခုပါပဲ။ ဒီအတွက် ကျနော်တောင်ကြီးသားဖြစ်ရတာ အမြဲ ဂုဏ်ယူလျက်ပါ။ ကျနော်တို့ တောင်ကြီးသားတွေလဲ အခုဆို အရင်တုန်းကလို ခေတ်နောက်မကျအောင် တိုးတက်နေတာကိုတွေ့နေရပါတယ်။ ရိုးရာမီးပုံပျံပွဲတွေကို တိုက်ရိုက် လွှင့်လာနိုင်ပြီ။ ဒီလို အဝေးတနေရာမှ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ခြေထောက်ပေါ်ကိုယ်တိုင် ရပ်တည်နေကြပါပြီ။ အရမ်းကို ကြည်နူး ဂုဏ်ယူစရာပါပဲ။ တနေ့တချိန်ချိန်မှာတော့ အသက်တွေ ကြီးလို့ ပြည့်စုံသည်ဖြစ်စေ မပြည့်စုံသည်ဖြစ်စေ ချစ်သော မွေးရပ်မြေလေးမှာပဲ ခေါင်းချ ချင်ပါတယ်။ ဒါကျနော်ရဲ့ ဆန္ဒလေးပါပဲ။

ကိုရီနို ရဲ့တက်ဂ်ပိုစ့်လေးပါ။ ဒီပိုစ့်လေးကို ရေးရတာ အရမ်းခံစားရပါတယ်။ မွေးရပ်မြေနဲ့ ဝေးကွာနေတဲ့လူတိုင်း ခံစားကြရမယ်လို့ ကျနော် ယူဆမိပါတယ်။ လူသားတိုင်းဟာ ကိုယ့်မွေးတဲ့ မြေကိုချစ်သလို သေရင်တောင် ကိုယ့်မွေးမြေလေးမှာ သေချင်တာ အများစုပါ။ ကျနော် ထပ် မတက်ဂ်တော့ပါဘူး ကိုရီနို တက်ဂ်တာ ဆိုင်မဆိုင်တော့ မသိဘူးဗျာ ရေးတော့ ရေးလိုက်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

22 comments:

အချစ်ဆုံးအမေသို့

မိဘတွေဟာ ကိုယ့်မွေးတဲ့ သားသမီးတွေကို ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ပစ်ထားရ ပစ်ထားရ သားသမီးတွေကို ရင်ထဲက ချစ်ကြတာပါပဲ။ ဒီတော့ သားသမီးတိုင်းက မိဘတွေကို အပြစ်မဆိုသင့်ပါဘူး။ ဆရာကြီး ဦးသုခပြောသလိုပါပဲ မကောင်းတဲ့ အမေဖြစ်နေပါစေဦးတော့ အမေဟာ အမေပါပဲ။ ကျနော် ပတ်ဝန်းကျင်တခုမှာ မြင်ခဲ့ရတာလေးတွေပါ။ ကျနော် ငယ်စဉ်က တူတူပေါင်းသင်း၊ ဆော့ကစားခဲ့တဲ့ ကျနော်အပေါ် ညီအကိုလို သဘောထားတဲ့ အကိုတယောက်ကို ခုတလော သတိလေးရသွားမိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်ကျော်ပေါ့။ သူမှာ ညီမလေးတယောက်လဲ ရှိသေးတယ်။ သူမိဘတွေက သူတို့ မောင်နှမအပေါ် တာဝန်မကျေဘူးလို့ မြင်ရင် မြင်လို့ရတဲ့ အနေအထားပေါ့။ အဖေက အချိန်ရှိရင် အရက်သောက်တယ် အမေက သူများအိမ်တွေမှာ အ၀တ်လိုက်လျှော်ပေးရတာပေါ့။ သူတို့အမေကတော့ သားသမီးတွေအပေါ်မှာ တာဝန်ကျေပါတယ်။ ရတာလေးနဲ့ ရှာကျွေးရတာပေါ့။ ဒါပေမဲ့ အရက်သမားတို့ ထုံးစံအတိုင်း မူးလာရင် မိန်းမကိုလဲ မသိ အရိုင်းစိတ်တွေ ၀င်လာပြီး ကန်ကျောက်ရိုက်နှက် နေတတ်တာပါ။

မနက်မိုးလင်းတာနဲ့ သူတို့သားသမီး (၃)ယောက် ကျနော်တို့အိမ်ကိုရောက်လာတတ်ပါတယ်။ အဒေါ်ကတော့ လုပ်စရာရှိတာလေးတွေ ကူလုပ်ပေး အကိုကတော့ ကျနော်တို့နဲ့ ဆော့ဖော်ဆော့ဖက်ပေါ့။ မနက် ၉နာရီကျော်ရင် မနေကအရှိန်မသေနိုင်သေးတဲ့ ခြေလှမ်းနဲ့ မိန်းမဆီကပိုက်ဆံတောင်းဖို့လာတဲ့ သူအဖေကို ကျနော်တွေ့နေကြပါ။ ပိုက်ဆံများမရရင် လူသူရှေ့မရှောင် ကန်ကျောက်ရိုက်နှက်တတ်ပါတယ်။ လင်ဆိုးမယားဆိုတဲ့ စကားအတိုင်းပါပဲ နောက်ပိုင်း ပတ်ဝန်းကျင်က သူတို့သားအမိလေးကို သနားတော့လဲ လင်လုပ်သူကိုမုန်းတီးတဲ့စိတ်ကြောင့် ပေးကမ်းသူတွေ လျှော့နဲလာပါတယ်။ နောက်ဆုံး လင်လုပ်သူရဲ့ ရက်စက်မူကို မခံနိုင်တဲ့မိန်းမတယောက်အတွက် ဘ၀ပေးအတွက် သင့်တော်မဲ့ နောက်အမျိုးသားတယောက်နောက်ကို လိုက်ပြေးသွားတာပါပဲ။ ဒီမှာ အမေလုပ်သူရဲ့ဘ၀ခိုင်မာသွားခဲ့ပေမဲ့ ဖခင်အရက်သမားတယောက်ရဲ့ အုပ်ထိန်းမူအောက်မှာ ရောက်ရှိသွားတဲ့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ဘ၀ဟာ ဘယ်လိုမှ မကောင်းခဲ့ပါဘူး

ဒီလိုနဲ့နောက်ဆုံး သားသမီးတွေဟာ ဖခင်ကိုချစ်ပေမဲ့ ဖခင်တာဝန်မကျေပွန်တဲ့လူတယောက်ကြောင့် မိသားစုတခုလုံး အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရတာပါပဲ။ ကျနော်သိတဲ့ အကိုလဲ မိုင်ရှူးပဲ တက်သွားသလိုလိုနဲ့ ညီမဖြစ်သူလဲ ဘယ်ရောက်လို့ဘယ်ပျောက်သွားမှန်းမသိအောင် ဖြစ်သွားရပါတယ်။ ပြုစုသူမရှိတဲ့ ဖခင်တယောက်လဲ အရက်ရဲ့ကျေးကျွန်ဖြစ်လို့ မနက်အိပ်ရာထတာနဲ့ လိုက်တောင်းစား ပြီးရင်ရသလောက် သောက်စားပြီး နောက်ဆုံးဘ၀ကူးမကောင်းခဲ့ပါဘူး။ ဒီအချိန်မှာ အဲ့အကိုတို့မောင်နှမကို ပြန်တွေ့ရင်တောင် ကျနော် မမှတ်မိနိုင်ပါဘူး ခုတလော သတိရနေမိနေတာပါ။

လူတယောက်ကိုချစ်မိရင် သူ့ကိုချစ်နေမိကြောင်း ဖွင့်ပြောပြဖို့လိုပါသလား.. ဆိုလိုတာကချစ်သူသမီးရည်းစားတွေဖြစ်စေ၊ မိဘနဲ့သားသမီးပဲဖြစ်စေ ချစ်တာကြီးကိုဖွင့်ပြောပြဖို့လိုအပ်လား ချစ်သူသမီရည်းစားအများစုကတော့ တယောက်နဲ့တယောက် ချစ်ကြောင်း ဘယ်လောက်မြတ်နိုးကြောင်း ပြောဆိုသည်မှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် သူစိမ်းနှစ်ယောက် အမြင်မတူတဲ့ လူနှစ်ယောက် စိတ်ဓါတ်ချင်းပေါင်းစပ်ကြဖို့ ပထမဆုံးအခြေံသည်ကာ ဤစကားလုံးပဲဖြစ်နေပေမည်။ ဒါမှလဲ သူတို့အချင်းချင်းညှိုနှိုင်း နားလည်မူတွေရမှ ပေါင်းစည်းနိုင်ပေမည်။ သို့ဖြစ်၍ ချစ်သူ သမီးရည်စားများအကြားတွင် ဤစကားသည် လိုအပ်ပေနေပေမည်။

မိဘနှင့်သားသမီးကြားတွင်က ဒါတွေ လိုအပ်ပါသလားဟု ထပ်ကွန့်တွေးနေမိတော့ သားသမီးနှင့်မိဘများသည် တူတူနေကြသည်၊ တအိမ်ထဲတွင်နေကြသည်၊ သွေးသားတော်စပ်၍ နီးစပ်မူပိုများပေသည်။
သို့အတွက် မိဘကလဲ သားသမီးအပေါ် အချစ်ကြီးသလောက် ပါးစပ်ကဖွင့်ပြောကြသည်မှာ ရှားပေသည်။ သားသမီးများအတွက်ဆိုပိုလို့ပင်ဝေးနေပေမည်။ မိဘတွေကိုကျနော်တို့ ချစ်ကြောင်း ဒီလိုဝေးကွာနေတဲ့အချိန်မှာ သတိရသည်၊ ဘလော့တွေမှာ ဖော်ပြနေကြသည်။ တကယ်တမ်း ကျနော်သေချာ စဉ်းစားကြည့်မိတော့ ကျနော်တို့ မိဘတွေနဲ့ နီးနေတဲ့အချိန်မှာ မိဘတွေမျက်နှာကို သေချာကြည့်ပြီး အမေ့ကို အရမ်းချစ်ပါတယ် ဆိုပြီးပြောဖူးကြသလား။ ကျနော်တခါမှ ဒီလို မပြောခဲ့ဖူးပါဘူး။ ဒီတခေါက် ပြန်ဖြစ်ရင်တော့ အမေ့မျက်နှာလေးကို ကြည့်ပြီး အမေ့သား အမေ့ကို ချစ်ကြောင်းပြောဖြစ်အောင် ကြိုးစားကြည့်ပါဦးမယ်။ ကျနော် မြင်ယောင်နေမိတယ် အမေတော့ မျက်ရည်လေးဝဲလို့နေမှာကိုပေါ့ စာဖတ်သူအသင်ကော ဒီလိုပြောဖူးသလားဗျာ.....

လေးစားလျက် တောင်ပေါ်သား

9 comments:

အချစ်ဆုံးအမေသို့

မိဘတွေဟာ ကိုယ့်မွေးတဲ့ သားသမီးတွေကို ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ပစ်ထားရ ပစ်ထားရ သားသမီးတွေကို ရင်ထဲက ချစ်ကြတာပါပဲ။ ဒီတော့ သားသမီးတိုင်းက မိဘတွေကို အပြစ်မဆိုသင့်ပါဘူး။ ဆရာကြီး ဦးသုခပြောသလိုပါပဲ မကောင်းတဲ့ အမေဖြစ်နေပါစေဦးတော့ အမေဟာ အမေပါပဲ။ ကျနော် ပတ်ဝန်းကျင်တခုမှာ မြင်ခဲ့ရတာလေးတွေပါ။ ကျနော် ငယ်စဉ်က တူတူပေါင်းသင်း၊ ဆော့ကစားခဲ့တဲ့ ကျနော်အပေါ် ညီအကိုလို သဘောထားတဲ့ အကိုတယောက်ကို ခုတလော သတိလေးရသွားမိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်ကျော်ပေါ့။ သူမှာ ညီမလေးတယောက်လဲ ရှိသေးတယ်။ သူမိဘတွေက သူတို့ မောင်နှမအပေါ် တာဝန်မကျေဘူးလို့ မြင်ရင် မြင်လို့ရတဲ့ အနေအထားပေါ့။ အဖေက အချိန်ရှိရင် အရက်သောက်တယ် အမေက သူများအိမ်တွေမှာ အ၀တ်လိုက်လျှော်ပေးရတာပေါ့။ သူတို့အမေကတော့ သားသမီးတွေအပေါ်မှာ တာဝန်ကျေပါတယ်။ ရတာလေးနဲ့ ရှာကျွေးရတာပေါ့။ ဒါပေမဲ့ အရက်သမားတို့ ထုံးစံအတိုင်း မူးလာရင် မိန်းမကိုလဲ မသိ အရိုင်းစိတ်တွေ ၀င်လာပြီး ကန်ကျောက်ရိုက်နှက် နေတတ်တာပါ။

မနက်မိုးလင်းတာနဲ့ သူတို့သားသမီး (၃)ယောက် ကျနော်တို့အိမ်ကိုရောက်လာတတ်ပါတယ်။ အဒေါ်ကတော့ လုပ်စရာရှိတာလေးတွေ ကူလုပ်ပေး အကိုကတော့ ကျနော်တို့နဲ့ ဆော့ဖော်ဆော့ဖက်ပေါ့။ မနက် ၉နာရီကျော်ရင် မနေကအရှိန်မသေနိုင်သေးတဲ့ ခြေလှမ်းနဲ့ မိန်းမဆီကပိုက်ဆံတောင်းဖို့လာတဲ့ သူအဖေကို ကျနော်တွေ့နေကြပါ။ ပိုက်ဆံများမရရင် လူသူရှေ့မရှောင် ကန်ကျောက်ရိုက်နှက်တတ်ပါတယ်။ လင်ဆိုးမယားဆိုတဲ့ စကားအတိုင်းပါပဲ နောက်ပိုင်း ပတ်ဝန်းကျင်က သူတို့သားအမိလေးကို သနားတော့လဲ လင်လုပ်သူကိုမုန်းတီးတဲ့စိတ်ကြောင့် ပေးကမ်းသူတွေ လျှော့နဲလာပါတယ်။ နောက်ဆုံး လင်လုပ်သူရဲ့ ရက်စက်မူကို မခံနိုင်တဲ့မိန်းမတယောက်အတွက် ဘ၀ပေးအတွက် သင့်တော်မဲ့ နောက်အမျိုးသားတယောက်နောက်ကို လိုက်ပြေးသွားတာပါပဲ။ ဒီမှာ အမေလုပ်သူရဲ့ဘ၀ခိုင်မာသွားခဲ့ပေမဲ့ ဖခင်အရက်သမားတယောက်ရဲ့ အုပ်ထိန်းမူအောက်မှာ ရောက်ရှိသွားတဲ့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ဘ၀ဟာ ဘယ်လိုမှ မကောင်းခဲ့ပါဘူး

ဒီလိုနဲ့နောက်ဆုံး သားသမီးတွေဟာ ဖခင်ကိုချစ်ပေမဲ့ ဖခင်တာဝန်မကျေပွန်တဲ့လူတယောက်ကြောင့် မိသားစုတခုလုံး အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရတာပါပဲ။ ကျနော်သိတဲ့ အကိုလဲ မိုင်ရှူးပဲ တက်သွားသလိုလိုနဲ့ ညီမဖြစ်သူလဲ ဘယ်ရောက်လို့ဘယ်ပျောက်သွားမှန်းမသိအောင် ဖြစ်သွားရပါတယ်။ ပြုစုသူမရှိတဲ့ ဖခင်တယောက်လဲ အရက်ရဲ့ကျေးကျွန်ဖြစ်လို့ မနက်အိပ်ရာထတာနဲ့ လိုက်တောင်းစား ပြီးရင်ရသလောက် သောက်စားပြီး နောက်ဆုံးဘ၀ကူးမကောင်းခဲ့ပါဘူး။ ဒီအချိန်မှာ အဲ့အကိုတို့မောင်နှမကို ပြန်တွေ့ရင်တောင် ကျနော် မမှတ်မိနိုင်ပါဘူး ခုတလော သတိရနေမိနေတာပါ။

လူတယောက်ကိုချစ်မိရင် သူ့ကိုချစ်နေမိကြောင်း ဖွင့်ပြောပြဖို့လိုပါသလား.. ဆိုလိုတာကချစ်သူသမီးရည်းစားတွေဖြစ်စေ၊ မိဘနဲ့သားသမီးပဲဖြစ်စေ ချစ်တာကြီးကိုဖွင့်ပြောပြဖို့လိုအပ်လား ချစ်သူသမီရည်းစားအများစုကတော့ တယောက်နဲ့တယောက် ချစ်ကြောင်း ဘယ်လောက်မြတ်နိုးကြောင်း ပြောဆိုသည်မှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် သူစိမ်းနှစ်ယောက် အမြင်မတူတဲ့ လူနှစ်ယောက် စိတ်ဓါတ်ချင်းပေါင်းစပ်ကြဖို့ ပထမဆုံးအခြေံသည်ကာ ဤစကားလုံးပဲဖြစ်နေပေမည်။ ဒါမှလဲ သူတို့အချင်းချင်းညှိုနှိုင်း နားလည်မူတွေရမှ ပေါင်းစည်းနိုင်ပေမည်။ သို့ဖြစ်၍ ချစ်သူ သမီးရည်စားများအကြားတွင် ဤစကားသည် လိုအပ်ပေနေပေမည်။

မိဘနှင့်သားသမီးကြားတွင်က ဒါတွေ လိုအပ်ပါသလားဟု ထပ်ကွန့်တွေးနေမိတော့ သားသမီးနှင့်မိဘများသည် တူတူနေကြသည်၊ တအိမ်ထဲတွင်နေကြသည်၊ သွေးသားတော်စပ်၍ နီးစပ်မူပိုများပေသည်။ သို့အတွက် မိဘကလဲ သားသမီးအပေါ် အချစ်ကြီးသလောက် ပါးစပ်ကဖွင့်ပြောကြသည်မှာ ရှားပေသည်။ သားသမီးများအတွက်ဆိုပိုလို့ပင်ဝေးနေပေမည်။ မိဘတွေကိုကျနော်တို့ ချစ်ကြောင်း ဒီလိုဝေးကွာနေတဲ့အချိန်မှာ သတိရသည်၊ ဘလော့တွေမှာ ဖော်ပြနေကြသည်။ တကယ်တမ်း ကျနော်သေချာ စဉ်းစားကြည့်မိတော့ ကျနော်တို့ မိဘတွေနဲ့ နီးနေတဲ့အချိန်မှာ မိဘတွေမျက်နှာကို သေချာကြည့်ပြီး အမေ့ကို အရမ်းချစ်ပါတယ် ဆိုပြီးပြောဖူးကြသလား။ ကျနော်တခါမှ ဒီလို မပြောခဲ့ဖူးပါဘူး။ ဒီတခေါက် ပြန်ဖြစ်ရင်တော့ အမေ့မျက်နှာလေးကို ကြည့်ပြီး အမေ့သား အမေ့ကို ချစ်ကြောင်းပြောဖြစ်အောင် ကြိုးစားကြည့်ပါဦးမယ်။ ကျနော် မြင်ယောင်နေမိတယ် အမေတော့ မျက်ရည်လေးဝဲလို့နေမှာကိုပေါ့ စာဖတ်သူအသင်ကော ဒီလိုပြောဖူးသလားဗျာ.....

လေးစားလျက် တောင်ပေါ်သား

14 comments:

အမှန်တရား

လူရယ်လိုဖြစ်လာရင် ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ သိဖို့အရေးကြီးဆုံးပါ။ ငါဆိုတဲ့ အတ္တတခုထဲကို ကြည့်ပြီး လုပ်ချင်တာလုပ်ခဲ့ရင် တဦးတယောက် စိတ်ချမ်းသာဖို့အတွက်နဲ့ လူသားတိုင်းစိတ်ဆင်းရဲနေရမယ်ဆို လူဖြစ်ရတာ မတန်ပါဘူး။ လူသားတိုင်းအတောင့်တဆုံးက လူဖြစ်လာရင် မိသားစုအသိုက်အမြုံ၊ ဆွေမျိုးသူငယ်ချင်း အပေါင်းအသင်း ပြည့်စုံစွာနဲ့ နေချင်ကြတာချည်းပါပဲ။ ဒီလိုလူသားတွေရဲ့ အသိုက်အမြုံကို ဖြိုဖျက်တဲ့လူတွေဟာ ဘ၀တခုလုံး နောင်တတရားတွေ ရနေမှာပါ။ ဒီလိုပဲ လူသားဖြစ်တဲ့အလျောက် အမှားများစွာကိုလဲ လုပ်ခဲ့မိကြတာချည်းပါပဲ။ ဒီအမှားတွေကို အချိန်နှောင်းနေပါစေဦး ပြင်ချင်တယ်ဆိုရင် ပြင်လို့ရပါသေးတယ်။ ကိုယ့်တယောက်ထဲရဲ့ စည်းစိမ်၊ ပြည့်စုံမူတွေကို မကြည့်ပဲ လူသားအားလုံးအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။

အမှန်တရားကိုလက်ဝယ်ပြုလို့ ဆင်းရဲစွာနေနေတဲ့လူတွေလဲ အများကြီးပါ။ ဒါပေမဲ့ သူတို့ရဲ့ စိတ်လေးတွေဟာ အမြဲဖြူစင်သန့်ရှင်းနေမှာပါပဲ။ အမှန်တရားကို မြင်နေပါလျက်နဲ့ မျက်စိပိတ်ငြင်းနေတဲ့ လူတွေကိုကျတော့ ဘယ်လို ခေါ်နိုင်သလဲ ကျနော် သေချာမသိပါဘူး လူမိုက်အားကိုးတာလား၊ သိရက်နဲ့ မိုက်နေကြတာလား၊ ဒါမှမဟုတ် နောက်ဆုတ်လို့မရတော့ဘူးထင်လို့ ရှေ့ကို မျက်လုံးစုံမှိတ်ပြီး လျှောက်နေရတာလား ဒီလိုလူမျိုးတွေကို မြင်နေရတာ တကယ့်ကို စိတ်မချမ်းသာစရာပါပဲ။ ဒီလိုလူမျိုးတွေတာ အမှန်တရားကိုလက်ခံပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့မယ်ဆိုရင် လူသားတွေဖြစ်တဲ့ ကျနော်တို့တွေ အားလုံး အေးချမ်းသာယာပြီး ပျော်ရွှင်နေရမှာပါပဲ. တခါတရံ ဂုဏ်ပကာသနတွေကို မက်မောသာယာပြီး ဒီလောကကြီးမှာ လူဘ၀တခုလုံး ပြည့်စုံစေတယ်လို့ ယူဆနေကြပါတယ်။ ဒါတွေဟာ လူနည်းစုပဲဆိုတာ သူတို့တွေ မစဉ်းစားမိတာလား.........

ကျနော်တို့နေနေတဲ့ ဒီကမ္ဘာကြီးပေါ်မှာ အမှန်တရားဆိုတာ တဖြည်းဖြည်းလျှော့နဲလာပါတယ်။ ကျနော် အပါအ၀င် လူသားတိုင်း ငါအတွက်ဆိုတာကိုပဲ ဦးစားပေးနေရတာပါ။ ငါမိသားစု၊ ငါချစ်တဲ့လူ အဆင်ပြေဖို့ အရေးအကြီးဆုံးဆိုတာ လက်တွေ့မှာပိုပြီး ယေဘုယျကျတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့အားလုံးသောလူသားတွေတာ ငါမိသားစုအတွက်၊ ငါပတ်ဝန်းကျင်၊ ငါနိုင်ငံ၊ ငါနေတဲ့ကမ္ဘာအတွက်ဆိုပြီး စိတ်ကောင်းလေးများထားပေးနိုင်ခဲ့မယ်ဆိုရင် ကျနော်တို့ကမ္ဘာကြီးပေါ်မှာ သာယာစည်ပင်လှပနေမှာပါ။ အဲအချိန်မှာ စစ်မက်တွေဖြစ်ပွါးနေမဲ့အစား လူမျိုး၊ဘာသာမခွဲခြားပဲ လက်ချင်းတွဲလို့ သာယာတဲ့ဘ၀ကြီးကို ဖြတ်သန်းနေရမှာပါ။

လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ စိတ်ထဲရှိတာရေးခြင်းပါ။ ကျနော်ချစ်သော လူများအားလုံး ကျန်းမာချမ်းသာကြပါစေ။

*** ကျနော့်ကို အမြဲအားပေးနေတဲ့ ချစ်သောဘလော့ဂါ၊ ညီအကို မောင်နှမများ၊ သူငယ်ချင်းများ အားလုံးကို ကျနော်အရမ်းကျေးဇူးတင်ပါတယ်။ အားလုံးစိတ်အနှောင့်အယှက်ဖြစ်သွားရတဲ့အတွက် ကျနော် တောင်းပန်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

6 comments:

13 comments:

Blogger Template by Clairvo