လူရယ်လိုဖြစ်လာရင် ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုတာ သိဖို့အရေးကြီးဆုံးပါ။ ငါဆိုတဲ့ အတ္တတခုထဲကို ကြည့်ပြီး လုပ်ချင်တာလုပ်ခဲ့ရင် တဦးတယောက် စိတ်ချမ်းသာဖို့အတွက်နဲ့ လူသားတိုင်းစိတ်ဆင်းရဲနေရမယ်ဆို လူဖြစ်ရတာ မတန်ပါဘူး။ လူသားတိုင်းအတောင့်တဆုံးက လူဖြစ်လာရင် မိသားစုအသိုက်အမြုံ၊ ဆွေမျိုးသူငယ်ချင်း အပေါင်းအသင်း ပြည့်စုံစွာနဲ့ နေချင်ကြတာချည်းပါပဲ။ ဒီလိုလူသားတွေရဲ့ အသိုက်အမြုံကို ဖြိုဖျက်တဲ့လူတွေဟာ ဘ၀တခုလုံး နောင်တတရားတွေ ရနေမှာပါ။ ဒီလိုပဲ လူသားဖြစ်တဲ့အလျောက် အမှားများစွာကိုလဲ လုပ်ခဲ့မိကြတာချည်းပါပဲ။ ဒီအမှားတွေကို အချိန်နှောင်းနေပါစေဦး ပြင်ချင်တယ်ဆိုရင် ပြင်လို့ရပါသေးတယ်။ ကိုယ့်တယောက်ထဲရဲ့ စည်းစိမ်၊ ပြည့်စုံမူတွေကို မကြည့်ပဲ လူသားအားလုံးအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အမှန်တရားကိုလက်ဝယ်ပြုလို့ ဆင်းရဲစွာနေနေတဲ့လူတွေလဲ အများကြီးပါ။ ဒါပေမဲ့ သူတို့ရဲ့ စိတ်လေးတွေဟာ အမြဲဖြူစင်သန့်ရှင်းနေမှာပါပဲ။ အမှန်တရားကို မြင်နေပါလျက်နဲ့ မျက်စိပိတ်ငြင်းနေတဲ့ လူတွေကိုကျတော့ ဘယ်လို ခေါ်နိုင်သလဲ ကျနော် သေချာမသိပါဘူး လူမိုက်အားကိုးတာလား၊ သိရက်နဲ့ မိုက်နေကြတာလား၊ ဒါမှမဟုတ် နောက်ဆုတ်လို့မရတော့ဘူးထင်လို့ ရှေ့ကို မျက်လုံးစုံမှိတ်ပြီး လျှောက်နေရတာလား ဒီလိုလူမျိုးတွေကို မြင်နေရတာ တကယ့်ကို စိတ်မချမ်းသာစရာပါပဲ။ ဒီလိုလူမျိုးတွေတာ အမှန်တရားကိုလက်ခံပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့မယ်ဆိုရင် လူသားတွေဖြစ်တဲ့ ကျနော်တို့တွေ အားလုံး အေးချမ်းသာယာပြီး ပျော်ရွှင်နေရမှာပါပဲ. တခါတရံ ဂုဏ်ပကာသနတွေကို မက်မောသာယာပြီး ဒီလောကကြီးမှာ လူဘ၀တခုလုံး ပြည့်စုံစေတယ်လို့ ယူဆနေကြပါတယ်။ ဒါတွေဟာ လူနည်းစုပဲဆိုတာ သူတို့တွေ မစဉ်းစားမိတာလား.........
ကျနော်တို့နေနေတဲ့ ဒီကမ္ဘာကြီးပေါ်မှာ အမှန်တရားဆိုတာ တဖြည်းဖြည်းလျှော့နဲလာပါတယ်။ ကျနော် အပါအ၀င် လူသားတိုင်း ငါအတွက်ဆိုတာကိုပဲ ဦးစားပေးနေရတာပါ။ ငါမိသားစု၊ ငါချစ်တဲ့လူ အဆင်ပြေဖို့ အရေးအကြီးဆုံးဆိုတာ လက်တွေ့မှာပိုပြီး ယေဘုယျကျတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့အားလုံးသောလူသားတွေတာ ငါမိသားစုအတွက်၊ ငါပတ်ဝန်းကျင်၊ ငါနိုင်ငံ၊ ငါနေတဲ့ကမ္ဘာအတွက်ဆိုပြီး စိတ်ကောင်းလေးများထားပေးနိုင်ခဲ့မယ်ဆိုရင် ကျနော်တို့ကမ္ဘာကြီးပေါ်မှာ သာယာစည်ပင်လှပနေမှာပါ။ အဲအချိန်မှာ စစ်မက်တွေဖြစ်ပွါးနေမဲ့အစား လူမျိုး၊ဘာသာမခွဲခြားပဲ လက်ချင်းတွဲလို့ သာယာတဲ့ဘ၀ကြီးကို ဖြတ်သန်းနေရမှာပါ။
လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ စိတ်ထဲရှိတာရေးခြင်းပါ။ ကျနော်ချစ်သော လူများအားလုံး ကျန်းမာချမ်းသာကြပါစေ။
*** ကျနော့်ကို အမြဲအားပေးနေတဲ့ ချစ်သောဘလော့ဂါ၊ ညီအကို မောင်နှမများ၊ သူငယ်ချင်းများ အားလုံးကို ကျနော်အရမ်းကျေးဇူးတင်ပါတယ်။ အားလုံးစိတ်အနှောင့်အယှက်ဖြစ်သွားရတဲ့အတွက် ကျနော် တောင်းပန်ပါတယ်။
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
အမှန်တရား
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
အဟား..စာပြန်ရေးတဲ့ တောင်ပေါ်သား ပထမရပြီ။ ဟုတ်တယ်နော်။ အခုခေတ်မှာ လူတွေက ကိုယ့်မိသားစုအရေးကို ဦးစားပေးနေရတာတွေ ပိုလာတယ်။ ဘယ်တတ်နိုင်မှာလဲ။ စိတ်ကောင်းထားခြင်းသည် ပထမအဆင့်မှာ ထားရမဲ့ ကျင့်ဝတ်တခုပါ။
ReplyDeleteရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ စကားလေးတခု...
ReplyDeleteဒီနေ့  ဒီအချိန် မှာ ဘယ်လို ဆက်ပြီး အဓိပ္ပါယ် သက်ရောက် နေမလဲ တော့  မပြောတတ်တော့ပါဘူး ။
လူမိုက် နှင့် ငွေ .အတူ မနေ ဆိုတာလေ ..
ခုတော့ ငွေ က လူမိုက်တွေ ဆီမှာဘဲ မွေ့ လျော် နေလေရဲ့ ။
အမှန်တရား တွေ ဘယ်မလဲ ..ဘာ လဲ ...
လျှာ မြက်ပေါက် ခံနိုင်ကြတဲ့ သူ တွေ .
လက်ရေချိုး လို့ ရနေပြီ...
ခင်မင်လျှက်..
အမ ကိ
တကမ္ဘာလုံး ငြိမ်းချမ်းဖို့အတွက် တဦး တယောက်ချင်းစီ ငြိမ်းချမ်းဖို့လိုတယ်။ အဲဒါကြောင့် လူသားတိုင်းမှာ တာဝန်ရှိသလို ကိုယ်ကိုယ်တိုင်မှာလဲ တာဝန်ရှိတယ်။ လက်လှမ်းမှီသလောက် ကြိုးစားကြမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး
ReplyDeleteမေတ္တာတွေ ပြည့်စုံတဲ့ ကမ္ဘာကြီး အမြန်ဖြစ်နိုင်ပါစေ တောင်ပေါ်ရေ
ReplyDeleteကိုတောင်ပေါ်ရေ.. အတွေးတွေရသွားပါတယ်...
ReplyDeleteအတွေးအခေါ်အယူအဆလေးတွေ သဘောကျတယ်ဗျာ။ ဒါပေမဲ့လည် လောကကြီးက အဲလို စည်းချက်ညီညီ လည်ပါတ်နေတာပဲ ကောင်းမယ်ထင်တာပဲ ဒါမှလဲ အကောင်းဆိုတာ ဘာကိုပြောတာ၊ အဆိုးဆိုတာ ဘာကိုပြောတာ စသည်ဖြင့်ပေါ့
ReplyDeleteကွဲပြားစွာ သိလာမှာပါ။ ထင်တာလေးပြောတာပါ နော