Labels

ရင်ထဲက ပန်း


ကျနော်တို့ အသက်အရွယ်အနေအထားရ ကျနော်တို့ဘ၀မှာ ပန်းမျိုးစုံကို ကြုံဆုံခဲ့ကြဖူးပေမည်။ ရနံ့မွှေးကြိုင်သောပန်းလေးများကိုလဲ တွေ့ခဲ့ဖူးကြသလို လူအများအလယ်တွင် မတင့်တယ်သော ပန်းတချို့ကိုလဲ မြင်ဖူးခဲ့ကြဖူးပေမည်။ ဘ၀မှာ လူသားတိုင်းသည် အပြည့်စုံဆုံးဆိုသော အရာများကိုသာ ပိုင်ဆိုင်လိုကြတာပါ။ထိုကြောင့် လူတော်များများသည် အနံ့လေးမွှေးကြိုင်သော စံပါယ်ပန်း၊ အဆင်လှပသော နှင်းဆီပန်းလေးများကို ပိုမိုကြိုက်နှစ်သက်ကြကြောင်း တွေ့ရပြန်ပေသည်။ ကျနော်သည်လဲ လူသားဖြစ်သည့်အလျောက် ပန်းပွင့်လေးများနှင့် ထိတွေ့ခဲ့ဖူးပါတယ်။ တကယ်တမ်းကျနော် ပန်းလေးများကို မကြိုက်နှစ်သက်လှပေ.. ကျနော်တို့မြို့လေးမှာ ပွင့်တတ်တဲ့ ပန်းလေးတွေက ပန်းဥယျာဉ်မြို့လို တင်စားထားတဲ့မေမြို့လောက်မဟုတ်ပေမဲ့ ပန်းတော်တော်များများပွင့်တတ်ကြပါတယ်။ အလှသွေးကြွယ်နေတတ်တဲ့ နှင်းဆီပန်းလေးတွေ၊ စံပါယ်ပန်းလေးတွေ၊ တောင်ကြီးမြို့ရဲ့ အထိမ်းအမှတ် ချယ်ရီပန်းလေးတွေဟာ သူရာသီနဲ့သူ အလှပြိုင်နေကြတာပါပဲ။

တကယ်တမ်း ကျောင်းသားဘ၀လေးတုန်းက သင်ခဲ့ဖူးတဲ့ ဇီဝဗေဒပညာရပ်သဘောအရဆို အပင်လေးတွေဟာလဲ အသက်ရှင်နေထိုင်နေကြတာပါပဲ။ သူတို့လေးတွေလဲ အသက်ရှုတဲ့ လုပ်ငန်း၊ ကြီးထွားတယ်၊ မျိုးပွားဖို့လဲ လုပ်ဆောင်ကြတာပါပဲ။ တကယ်လို့များ ကျနော်တို့တွေသာ ပန်းလေးတွေကို ပျိုးထောင်တဲ့ ဥယျာဉ်မှုးတယောက်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်ဆောင်ကြမလဲ။ ဘယ်ဥယျာဉ်မှုးတိုင်းကမှတော့ ကိုယ့်ပျိုးခဲ့တဲ့ ပန်းလေးတွေကို တပါးသူအလွယ်တကူ ခူးဆွတ်လို့ရအောင် ဒီအတိုင်းမပစ်ထားပါဘူး။ အကာအကွယ်လေးတွေပေးကြမှာမလွှဲဧကန်ပါပဲ။ ပန်းဆိုတာ သူရဲ့ဂုဏ်ဒြပ်နဲ့ သူရှိခဲ့ကြတာပါ။ နှင်းဆီပန်းလေးတွေဆိုလဲ ကိုယ့်ရဲ့ အဆူးလေးတွေနဲ့ ကိုယ့်ဟာကိုယ်ကာကွယ်တတ်ကြပြန်ပါတယ်။

ပန်းဆိုတဲ့သဘောက အချိန်တန်ရင် ညှိုးနွမ်းသွားကြတာပါပဲ။ ဒါပေမဲ့ အဲ့လိုမညှိုးနွမ်းခင်လေးမှာ အဖူးအပွင့်အခိုင်အမာနဲ့ အလှကြွယ်စုံ ပွင့်ဝေသင့်ပါတယ်။ ပန်းပွင့်လေးတပွင့် ဖြစ်လာဖို့ လုပ်ဆောင်ချက်တွေကလဲ အများသား။ အခြေခံ မြေဆီမြေနှစ်လဲ ကောင်းရမယ် လိုအပ်တဲ့ နေခြည်စွမ်းအင်၊ ရေဓါတ်လေးတွေလဲ ပေးဆောင်နိုင်ရမယ်။ ဒီလိုမှမဟုတ်ပဲ လှောင်ရိပ်အောက်မှာ မိနေတဲ့ ပန်းကလေးတွေဟာ ဘယ်တော့မှ ကောင်းမွန်စွာ ပွင့်လန်းနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ ပန်းပွင့်လေးလှလှပပ ဖြစ်လာဖို့ ဘယ်သူမှာ တာဝန်အရှိဆုံးလဲ လက်ညှိုးထိုးပြပါဆိုရင်တော့ ပန်းပျိုးသူ ဥယျာဉ်ဆရာမှာသာ တာဝန်ရှိပါတယ်။ တကယ်၍များ ပန်းပျိုးသူ ဥယျာဉ်မှုးက ဘိန်းလိုအပင်များကို စိုက်ပျိုးမိတယ်ဆိုရင်တော့ အဆင်လှပေမဲ့ အန္တရာယ်များလှတဲ့ ပန်းခင်းသာ ဖြစ်လာဖွယ်ရှိပါတယ်။ ပန်းပျိုးသူ ဥယျာဉ်မှုးရဲ့ ဂရုမစိုက်တတ်မူကြောင်ပန်းကလေးတွေ ညှိုးနွမ်းနေကြပါတယ်။ ပွင့်အံ့ဆဲဆဲ ပန်းကလေးတွေကို ပြုစုယုယမဲ့ ပန်းတွေကိုချစ်တတ်တဲ့ ပန်းဥယျာဉ်မှုးမရှိပါဘူး။ ဒီအတွက်ပန်းကလေးတွေ မျက်နှာငယ်နေကြရှာပါတယ်။ တကယ်၍ ဒီပန်းကလေးတွေဟာ တချိန်ချိန်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းပွင့်တပွင့်ဖြစ်လာမယ်လို့ ဘယ်သူပြောနိုင်မလဲ....

တခါတရံမှာ ကျနော်တို့လဲ ဥယျာဉ်မှုးတယောက်အနေနဲ့ ဆင်တူလှပါတယ်။ ကျနော်တို့လုပ်ရပ်လေးတွေမှာ အမှားအယွင်းများစွာနဲ့ ရှိနေတတ်ပါတယ်။ ကျနော်တို့စိတ်ထဲမှာ လိုချင်နေတာက အကောင်းမွန်ဆုံးပန်းလေးတွေပါ။ ဒါပေမဲ့ ကျနော်တို့လုပ်ဆောင်မိတာက အပျိုးမတတ်တဲ့ ဥယျာဉ်မှုးတယောက်လိုပါပဲ။ ကျနော်တို့တွေ အဆိပ်ပင်ကို ပိုမိုရှင်သန်လာအောင် ရေလောင်းပေးနေမိသလိုပါပဲ။ ဒီအတွက် တခါတရံ ကိုယ့်ရွေးချယ်တဲ့လမ်းဟာ ဆူးခင်းတဲ့ လမ်းဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုးအချိန်မျိုးမှာ စိတ်အားမငယ်ပဲ ဆူးခင်းတဲ့လမ်းကိုလဲ ရဲဝံ့စွာ လျှောက်လမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ပန်းလေးတွေ ခင်းထားပေးတဲ့ လှပတဲ့ ပန်းခင်းလမ်းလေးဆိုလဲ သာသာယာယာ ကျေကျေနပ်နပ်ကို ဖြတ်လျှောက်သွားရမှာပါပဲ။ ကျနော်တို့လူသားတိုင်း လှပတဲ့ပန်းခင်းလေးတွေ ပျိုးပေးနိုင်တဲ့ ဥယျာဉ်မှုးကောင်းလေး ဖြစ်ပါစေလို့ ကျနော်ဆုတောင်းပေးပါတယ်။


*** ကိုရွာသားလေး Tag တဲ့ပိုစ့်လေးပါ။ သူကရေးခိုင်းစေချင်တာက တမျိုးထင်ပါရဲ့။ ခုတလော အာရုံက ဘယ်တွေရောက်ရောက်သွားလဲ မသိပါဘူး။ ပြန်ပြီး သေချာဆင်ခြင်ရဦးမယ် အဟီးးး အကိုရေ ရေးတော့ ရေးလိုက်တယ်ဗျာ... မှားသွားရင် ခွင့်လွတ်တော့ဗျို့



လေးစားလျက် တောင်ပေါ်သား

12 comments:

  1. အင်းလေ အခုအချိန်ဥယျာဉ်မှူး ဖြစ်ချင်ရှာမပေါ့ဆိုပြီး
    ဖြေတွေးတွေးသွားပါတယ်

    ရေးပေးတာကျေးဇူးပါခင်ဗျာ

    ReplyDelete
  2. ပေါ်၎ (အများကြီးမရေးချင်လို့ တရားကျတဲ့လေသံနဲ့ ခေါ်တယ်လို့ဖတ်)

    လူကြည့်တော့ သနားကမားနဲ့

    လွန်လွန်းးဒယ်

    ဂိမ်းလဲဆော့ ဂျီတော့မှာလဲ မွှေ

    ဒီကြားထဲက ပို့စ်ကတက်လာသေးဒယ်

    အင်း မဖြစ်ချေဘူး ညနေကျ လင်ကွမ်ယုကို အစည်းအဝေးခေါ်ပီး ဆုံးမမှ ဖြစ်မယ်။

    ဒီလိုလူတွေ အလုပ်ဆက်ခန့်သင့်မသင့် ပြန်စဉ်းစားရမယ်(မှတ်ပီလားးးမနေ့က နာ့ကို လာနှိပ်ကွပ်တွားတာလေ။ ဟွန်းးးးးးးးးဘယ်ရမလဲကွ)



    ကဲကဲ အတည်ပြောမယ်။ အခုချိန်မှာ ဥယျာဉ်မှူးလေး ဖြစ်ချင်တာ ဘာကြောင့်လဲ ဆိုတာ သိတော့ ကိုယ်ချင်းစာပါတယ်ဟယ်။

    ဆုတောင်းလေး ပြည့်အောင် ကြိုးစားဖို့ အချိန်မှီပါသေးတယ်.။ ကြိုးစားလိုက်စမ်းဘာာာာာာာာာာာာာာ

    ReplyDelete
  3. လှပတဲ့ ပန်းခင်းလေးတွေ ပျိုးပေးနိုင်ပါစေ

    ReplyDelete
  4. အမေနဲ့ ရွာကို လွမ်းနေတယ် ထင်ပ ..

    ReplyDelete
  5. ဘဝ ရသလေး ဖတ်သွားပါတယ် ကိုတောင်ပေါ်သားရေ ..... :D
    ရန်ကုန်သား

    ReplyDelete
  6. ဥယျာဉ်မှူးကြီး ကိုတောင်ပေါ်မြောက်ပေါ်ရေ ...

    ဘာပန်းလေးတွေ စိုက်မယ် စိတ်ကူးထားပြီလည်း ။
    မျိုးစေ့ မှန်မှ အပင် သန်မှာနော် ။။
    အရွေး မှန်ပါစေ ။ ရေလဲ မှန်ပါစေ ။ ပေါင်းသင် ပျိုးနှုတ် အလုပ်တွေလည်း မမေ့မလျှော့ လုပ်နိုင်ပါစေ ။

    အရိုင်းပန်းလေးဆိုလည်း သိပ်မဆိုးလှဖူးနော် ။
    တော်ရုံတန်ရုံ ၊ ပစ်သာထားလည်း အချိန်တန် ပန်းပွင့် မှာဘဲလေ ။။ ဟိဟိ ။။

    ( နှင်းဆီ ဖြူ ကိုင်းဆက် မျိုးကူးချင်ရင်တော့ မရောင်ကို အားကိုး လိုက် .....ချွန်ပေးသွားသည် )

    မကြီး ကိ

    ReplyDelete
  7. ပွင့်သော ပန်းတိုင်းလန်းစေချင်တဲ့ ကိုတောင်ပေါ်သားကို လေးစားပါတယ်ဗျာ :)

    ReplyDelete
  8. ပေါ်ပေါ် ဥယျာဉ်ကြီးထဲမှာ စိန်ပန်းလေးပွင့်ပါရစေ


    ချစ်တဲ့

    စိန်စိန်

    ReplyDelete
  9. မြေသြဇာ သွားဝယ်လိုက်ဦးမယ်...
    အပင်တွေကို ရေလောင်းထားနှင့်...

းဝ)

    ReplyDelete
  10. တောင်ပေါ်သားရဲ့ ရင်ထဲကပန်း ဆိုတာ သိချင်ရင် လာမေးပါ တိတ်တိတ်ကလေးပေါ့။

    စိုင်းစိုင်းလားရှိုး

    ReplyDelete
  11. အင်းး
    ဖတ်ပြီး နဲနဲ စဉ်းစားလိုက်တယ်။ =]

    ReplyDelete
  12. ကောင်းလိုက်တဲ့စာဗျာ... အတွေးအခေါ်လေးအရမ်းသဘောကျတယ်ဗျာ.. တကယ်ပါ...။

    ReplyDelete

Blogger Template by Clairvo