Labels

လောကဒဏ်


လောကဒဏ် ရိုက်ခတ်မူတွေကြား
အဖေမဲ့လို့ အမေမသိ ကြီးပြင်းလာခဲ့ရတယ်
လူငယ်ပီပီ အတုမြင် အတတ်သင်လို့
ဒီအမှောင်တွေထဲ ကြီးပြင်းလာခဲ့
ငွေဆိုတာ လူကြံရင် ဖြစ်တယ်ဆိုတဲ့အတွေး
အဟုတ်ထင်လို့ ထင်ရာစိုင်းခဲ့ပြန်တယ်
င့ါအိမ်မက်ကမ္ဘာနဲ့ လက်တွေ့ဘ၀…….

ငါ့ဘေးပတ်ဝန်းကျင်ကို ငေးကြည့်လိုက်တော့
တောင်လိုပုံနေတဲ့ အမှိုက်တွေ
ငါ့ဇနီးက ငါ့ရဲ့ ညာလက်ရုံးပေါ့
ဒီအမှိုက်တွေကြားမှာ ငါဘုရင်၊ ငါသာအရှင်
င့ါကိုအံတုမဲ့သူမရှိ
တနေ့တကြိမ် တ၀မ်းဝလျှင်ဖြင့်
ငါတို့ဘ၀ ပြည့်စုံပြီးလို့ ထင်မှတ်စရာ…….

အရောင်တွေ စုံနေတဲ့မြို့ပြကြားတွေထဲ
ကားဟွန်းတီးသံတွေ တိတ်ဆိတ်လို့
အရက်ခွက်တွေ ကြားထဲက အော်ဟစ်ရီမောသံတွေ
ထမင်းနပ်မှန်ဖို့ ပေးဆပ်ခဲ့ရတဲ့ ဒီဘ၀တွေ
အရောင်ရင့် နှုတ်ခမ်းနီကို ဆိုးလို့
ဘ၀ရဲ့ လောကဒဏ်ကို ကျော်ဖြတ်ရင်း
ဒီဘ၀တွေ ပျက်ဆီးခဲ့ရတယ်……….


ရိုးသားကြိုးစားမူနဲ့ ရုန်းကန်ခဲ့ဖူးပေမဲ့
မမျှတတဲ့ ညီမျှခြင်းတွေကြားမှာ
ငါနေထိုင် တတ်ခဲ့ပြန်တယ်
ချမ်းသာမူကို မက်မောတတ်တဲ့ သမီးပျိုတွေ
ကာမပိုင် လင်ယောကျာင်္းတွေဆီကို သွေးဆောင်တတ်လာတယ်
အချိန်တန် အိမ်ဟောင်းဆီပြန်ချိန်ရောက်တော့
ငါ့တို့လို မိဘမဲ့တွေ ထပ်တိုးလာတယ်……….

မနက်လင်းအာရုံကနေ ညနေမိုးချုပ်
ရုန်းကန်ခဲ့တဲ့ ငါတို့ဘ၀ လက်ထဲမှာက ငွေဗလာ
အနာဂတ်ဆိုတာ နတ္တိ၊ မရေရာ ဒီဘဝ
သတ္တိတွေမွေးလို့ တိုင်းတပါးမှာ ရရာအလုပ်
သွေးချွေးမြေခလောက်အောင် လုပ်ခဲ့ရတယ်
မွေးလာကလေး မြန်မာ့သွေးအစစ် မွေးစာရင်းမရှိ
နိုင်ငံမဲ့တဲ့ ရင်နာစရာ ရွှေပြည်ကြီးရယ်……..

အရာအားလုံးဟာ ဘုရားသခင် သတ်မှတ်ပြီးသားဆိုပေမဲ့ တခုခုကို လိုချင်ရင်တော့ ကိုယ့်ရဲ့စွမ်းဆောင်ရည်လဲ လိုအပ်ပါတယ်။ ဒီအတိုင်း ထိုင်စောင့်နေရုံ၊ ပါးစပ်ကလိုချင်တယ်အော်နေရုံလောက်ဖြင့် လိုချင်တာတွေ မရနိုင်ပါဘူး။ အားလုံး အဆင်ပြေ ချော့မွေ့သာယာတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ.....



လေးစားလျက် တောင်ပေါ်သား


9 comments:

  1. လူတွေကပဲ ခံနိုင်ရည်နဲတာလား
    လောကဓံကပဲ ရိုက်ချက်ပြင်းတာလား
    အသိဥာဏ်ဆိုတာလည်း လိုအပ်တယ်
    အသိဥာဏ်ရဖို့ကလည်း ဗိုက်ဝမှ ရှာနိုင်မယ်
    အသိဥာဏ်ရှိပြီးသား လူတွေတောင် ဗိုက်မ၀လို့ မိုက်မဲသွားကြတာတွေ တပုံကြီးရယ်

    ReplyDelete
  2. ဘ၀တွေအမျိုး၂ အစုံ၂ပါပဲ ကိုတောင်ပေါ်သားရေ.

    ReplyDelete
  3. ကဗျာလေးဖတ်သွားတယ် ကိုတော်ပေါ်သားရေ ဘဝထဲက ခါးသီးတဲ့ ပုံရိပ်တွေထင်ဟပ်နေတဲ့ သရုပ်မှန် ကဗျာလေး တစ်ပုဒ်ပါ ..... ဘဝဟာ ခါးသက်ရိုးမှန်ပေမယ့် .... လူတိုင်းရဲ့ ဘဝတွေ ချိုမြစေချင်တယ် သာယာစေချင်ပါတယ်
    လေးစားလျှက်
    ရန်ကုန်သား :)

    ReplyDelete
  4. အားလုံးရဲ့  တရားခံက နင်ဘကြီးဘဲ တောင်ပေါ်ရေ။
    ဒါဘဲပြောချင်တယ်။

    ReplyDelete
  5. ကိုတောင်ပေါ်သား...ဘ၀ သရုပ်မှန်တွေ ထုတ်ပြန်တာ ကောင်းပါတယ်..ထိတယ်နော်..သဗ္ဗေ သတ္တာ ကမ္မသကာပေါ့...ကာရံကို အကြံလေးတွေ (အကျန် ဟုတ်ဘူးနော်) လာပေးသွားတာ ကျေးဇူးပါနော်..ဒါနဲ့ ဘယ်လက်ရုံးက ဘယ်သူလဲဟင်...(စ သွားသည်)

    ReplyDelete
  6. ကဗျာလာဖတ်သွားပါတယ် အားပေးလျက်ပါ။

    ReplyDelete
  7. လာလည်ကဗျာလေးဖတ်သွားပါတယ်
    ကိုတောင်ပေါ်သားရေ....

    ReplyDelete
  8. ဝက်ဝံလေးSeptember 23, 2009 at 6:13 PM

    ဦးလူထွေးပြောတာကို လုံးဝ ဥဿုန်မဘုတ်ဆုံ ထောက်ခံပါတယ် ဟိဟိ

    တောင်ပေါ်သား ရောက် ရောက် ဖတ် ဖတ် မန့် မန့် ပြန် ပြန် ဘိုင် တာ့တာ

    ReplyDelete
  9. ဒါတွေရဲ့ အဓိက တရားခံ.. ဘယ်သူလဲ..??????

    ReplyDelete

Blogger Template by Clairvo