Labels

Blogger



ခုတလော မြင်ရတွေ့ရတာတွေက သိပ်မကောင်း။ ကျနော် မမြင်ချင်ဆုံးသော အရာတွေ။ လူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရယူခွင့်တွေကို အတင်းအဓ္ဓမ လိုက်ပိတ်ဆို့နေကြသည်။ လူတယောက်ရဲ့ ယုံကြည်မူကို လူသားအချင်းချင်းကအလွဲသုံးစား လုပ်နေကြသည်။ အားနာချင်းဆိုတာကို ထောက်ထားပြီး မပြောသ၍ သိနိုင်မည်မဟုတ်ပေ။

ဘလော့လောကရပ်ဝန်းပေါ် လှမ်းတက်ကြည့်လိုက်တော့ ပေါက်တတ်ကရ အခြေအမြစ်မရှိ တွေးတောစဉ်းစားနိုင်စွမ်းမရှိတဲ့ လူတွေရဲ့ တဖတ်သတ်စောင်းနင်းကဲ့ရဲ့မူတွေကို မြင်တွေ့နေရသည်။ မိန်းကလေးတွေ အတင်းပြောသည် အပုတ်ချသည်သာ ကြားဖူးသည်။ ယောကျာ်းများ ကဲ့ရဲ့တာသည် မိန်းမသားများ ကဲ့ရဲ့သည်ထက် ပိုမိုအစွမ်းထက်ကြောင်း မြင်တွေ့ရပြန်သည်။ ဘလော့ရေးသည်ဆိုသည်ကာ ဘာမှမဟုတ်ပေ အလကားရသော အကောင့်တခုဖွဲ့၊ ပြီးလျှင် ရေးချင်တာရေး ဒီလိုများတွေးပြီး အနှီပုဂ္ဂိုလ်များ ထင်နေသလားမသိ။ တကယ်တော့ ဘလော့ဂါအမည်ခံ ကျနော်တို့သည် အလဟဿ စာများရေးနေခြင်းမဟုတ်။ ကိုယ့်ဝါသနာ တနည်းအားဖြင့် ကိုယ့်ရဲ့မိသားစုကြောင်း၊ ကိုယ့်အကြောင်းကို ကိုယ်ရေးသားခြင်းသာများသည်။ ဘလော့ရေးပြီဆိုသည်ဟူကတည်းက ကိုယ့်ကိုယ်ပိုင် စာမျက်နှာဖြစ်သဖြင့် ကိုယ်ကြိုက်တာလုပ်ခွင့်ရှိသည် ဆိုသည်ကိုးကား အထူးပြောစရာမလိုတော့ပေ။

ဘလော့ဂါဆိုသည့်အပိုင်းတွင်လဲ သက်ဆိုင်ရာအလိုက်၊ အားသန်ရာအလိုက် အမျိုးမျိုးခွဲထွက်သွားနိုင်ပေသည်။ အချစ်ဖက်အားသန်လျှင် အချစ်အကြောင်းရေးမည်၊ ကဗျာအားသန်လျှင် ကဗျာတွေချည်းရေးနိုင်သည်၊ ရသအားသန်လျှင် ရသစာပေတွေ ရေးမည်။ ဒါကို လိုက်ဝေဖန်စရာလိုအပ်သည်ဟု ဆိုလာပါက ကျနော် လဲဝေဖန်သင့်သည်ဟုမြင်မိပေသည်။ ယုတ်စွအဆုံး နိုင်ငံရေးလုပ်ချင်လုပ်မည် တိုင်းပြည်ကိုကြည့်၍ မချင့်မရဲဖြစ်ကာ ရေးချင်တာ ရေးမည်။ ဒါပေမဲ့ လူဆိုတာက အမှားအယွင်းရှိနိုင်ပေသည် ဝေဖန်ထောက်ပြမှသာ ကျနော်တို့ ပြုပြင်နိုင်ပေလိမ့်မည်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ တနည်းအားဖြင့် ဘလော့လောကက စာမျက်နာအများစုကိုကား ဝေဖန်ရန်ပင် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဟု သင်ထင်သလဲ.......

မိမိကိုယ့်ကို ဘလော့ဂါ တနည်းအားဖြင့် အင်တာနက်ပေါ်က စာမျက်နှာပေါ်တွင် စာရေးသားတော့မည်ဆိုပါက ကျနော်တို့၏ စိတ်ထဲတွင် မည်သူမှ လှုံ့ဆော်ပေးမူမရှိပဲ ကျနော်တို့ကိုယ်တိုင် ခံယူသည့်အချက်တချက်ရှိပါသည်။ ဤကား မိမိရေးသားသော စာ ဖြစ်စေ၊ ပုံတပုံ ဖြစ်စေ ပြဿနာတခုဖြစ်လာလျှင် မိမိကိုယ်တိုင်တာဝန်ယူရမည် ဟူသောခံယူချက်ဖြစ်ပေသည်။ ထို့အတွက် ကျနော်တို့ ဘလော့ဂါရပ်ဝန်းတွင် ပြဿနာဟူသည် မရှိလောက်အောင် နည်းပါးခဲ့ပါသည်။ အင်တာနက်အသုံးပြုသည့်လူတိုင်း သိကြပေမည်။ အင်တာနက်သည် ကောင်းကျိုးပေးတဲ့ အရာဖြစ်သလို ဆိုးကျိုးကိုလဲ ဖြစ်ထွန်းစေသည်။ ထို့အတွက် အင်တာနက်ပေါ်တွင် အရေမရအဖတ်မရ စာတွေ မြောက်များစွာ ရှိပေသည်။ ဒါပေမဲ့ အင်တာနက်ပေါ်တွင် ရေးသားသော စာမျက်နှာ တနည်းအားဖြင့် ဘလော့ပေါ်တွင် စာပေစစ်ဆေးရေးကဲ့သို့သော ဌာနမရှိပေ။ ဤအတွက် ဘလော့ဂါအများစုသည် မိမိရေးသားသော စာပေ၊ ပုံများကို မိမိ၏အသိစိတ်ဓါတ်ဖြင့် မိမိကိုယ်တိုင် တာဝန်ယူတတ်ကြပါသည်။ ဒါသည် ဘလော့လောကအတွက်သာဖြစ်ပေမည်။

အခုနောက်ပိုင်း ဝေဖန်ထောက်ပြချက်တချို့သည် လူပုဂ္ဂိုလ်တဦးတယောက်၏ ပါစင်နယ်ကို ထိခိုက်ရေးသားထောက်ပြမူတွေကို တွေ့ရတာတော်တော်ဝမ်းနဲဖွယ်ကောင်းသည်။ အမှန်ဖြစ်သင့်သည်မှာ ဘယ်နေရာတွင် လိုအပ်ချက်ရှိသလဲ သေချာ အကျိုးအကြေ

13 comments:

  1. ကြားနေတယ်...သီတင်းတွေကို တဖက်စောင်းနင်းဆိုတာထက် ရင့်ရင့်သီးသီးနဲ့အဆင့်အတန်းနှိမ့်တယ်လို့သာပြောလိုက်ချင် ပါတယ်ဗျာ။သတိထားနော်.. ခင်ဗျားလဲပါနေဦးမယ် .. ဟဲဟဲ..

    ReplyDelete
  2. လာဖတ်တယ် တောင်ပေါ်သားရေ။ :D

    ReplyDelete
  3. ကွန်ယက်ကြီးကို တလွဲသုံး
    ငါလုပ်တာ လူမသိဘူးဆိုတဲ့
    ခွေး မစားတဲ့ စိတ်ဓာတ်တွေ
    ငါ့အန်ချင်စိတ်ကို မထိန်းတတ်တော့ဘူး

    ReplyDelete
  4. တောင်ပေါ်သားရေ စာလာဖတ်တယ်။
    ဘယ်သူတွေ ဘယ်လိုဘယ်လိုဖြစ်နေလဲတော့ မသိဘူး ဘလော့ လျှောက်မလည်ဖြစ်တာလဲကြာပီ။ တောင်ပေါ်သားရဲ့ လူသားတွေအပေါ်ထားတဲ့ စေတနာကို လေးစားပါတယ်။ အားပေးလျှက်ပါ။

    ဆန်းဝင်း (ကျောက်ပန်းတောင်း)

    ReplyDelete
  5. ဆရာ ပေါ် ရဲ့  အဆို အမိန့်  များ အား ၉၉ ရာနှုန်း ထောက်ခံပါသည် ...
    ၁ ရာနှုန်းကတော့ ကိုတောင်ပေါ်ကို ဝေဖန်ဖို့  ချန်ထားပါသည် ......( ဘာကိုဆိုလိုတာ လည်းဆိုတာ သိတယ်နော် .. .. မသိရင် သိအောင်လုပ်နော် ..း)

    ReplyDelete
  6. ကွန်ယက်ဆိုတာကြီးကို အကောင်းဆုံးမျက်နှာဖုံးလို့ သတ်မှတ်ထားတဲ့သူတွေအတွက်ကတော့ တာဝန်သိမှုတွေ၊ အပြန်အလှန်လေးစားမှုတွေဆိုတာ သူတို့အဘိဓာန်ထဲမှာ ဘယ်ရှိပါ့မလဲ။ ငါးခုံးမသုံးလေးကောင်ကြောင့် ဘလော့ဂါအသစ်လေးတွေ မဘလော့ရဲမှာ၊ ဘလော့ဂါအဟာင်းတွေ စိတ်ပျက်သွားမှာကိုပဲ စိုးရိမ်မိပါတယ်....
    ဒီစာရေးပေးတဲ့အတွက် ကိုတောင်ပေါ်သားကို ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete
  7. ဘာမှပြန်မပြောတဲ့ အမျိုးသမီး blog တွေကို ဒီကောင်တွေကဝေဖန်တယ်ဆိုပြီး..ဦးတည်တိုက်ခိုက်နေတာ..တကယ်တော့..ဒါဝေဖန်တာမဟုတ်..ပုဂ္ဂိုလ်ရေးစော်ကားတာ..

    ReplyDelete
  8. ငါထင်နေတာက တမျိုးကွ...

    ReplyDelete
  9. မှန်ပါတယ် မောင်လေး..

    ReplyDelete
  10. ညီလေးရေ စာတွေလာဖတ်တယ်၊ နေကောင်းလား။

    ReplyDelete
  11. တူမောင် ဘာဖြစ်?? ဘာပြောပြော ကိုယ့်ခံစားချက် ၊ အမြင်တွေကို ရေးသားတာပဲ ဆက်သာရေး..

    ReplyDelete
  12. တောင်ပေါ်ရေ
    ဒိလိုပို့စ်လေးတင်ပေးတဲ့အတွက်
    အားလုံးရဲ့  ကိုယ်စားတကယ်ကျေးဇူးတင်ပါတယ်။

    ReplyDelete
  13. အမတို့လဲ သတင်းတွေကြားနေရတယ်။ ဒီလိုလေးရေးလိုက်တာ အင်မတန်သင့်လျော်ပါတယ်။ အစိမ်းရောင်နဲ့ဟာကို တော်တော်ဖတ်လိုက်ရတယ်။

    ReplyDelete

Blogger Template by Clairvo