ဒီမှာကလစ်နှိပ်ပြီး ပုံကြီး ကြည့်လို့ရပါတယ်။
စာလေးဖတ်ပြီးတော့ မဖြစ်သင့်ပဲ အသက်သေဆုံးသွားတဲ့ ညီမငယ်လေးအတွက် တော်တော်လေးကို ၀မ်းနည်းမိပါတယ်။ သူရဲ့မိသားစုက သူမအပေါ် ဘယ်လောက်ထိ မျှော်လင့်ချက်တွေ ထားခဲ့ကြသလဲ.. ခုတော့ မတော်တဆလို့ လွယ်လွယ်ပြောပြီး ဒါလေးကို အဆုံးသတ်ချင်ကြတဲ့ လူတွေရှိနေတာကို မြင်ရတော့ တော်တော်လေးကို အော်ဂလီဆန်မိပါတယ်။ ကျနော်တဦးထဲ အမြင်အရဆိုရင်တော့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့အချက်ပါပဲ။ ဒီစာအတိုင်း တကယ်ဖြစ်ခဲ့တယ်ဆိုရင် ကျူးလွန်သူ ဆရာဝန်အနေနဲ့ တရားဝင် ဖြေရှင်းသင့်ပါတယ်။ ပြီးတော့ Snap-shot အနေနဲ့ ပြည်သူတွေကို တကယ့် အကျိုးပြုစေချင်တဲ့ စိတ်ရင်းမှန်မယ်ဆိုရင် ဖြစ်ပွားခဲ့တဲ့ ဆေးရုံနာမည်နဲ့ ဆရာဝန်နာမည်ကို ရဲဝံ့စွာ ဖော်ထုတ်သင့်ပါတယ်။ ခုက ပြည်သူတွေေ၀၀ါးသွားစေမဲ့ အရေးအသားတခုသာ တွေ့ရှိပါတယ်။ ဘယ်ဆေးရုံလဲ ဘယ်ဆရာဝန်လဲ.. ဒါဟာ ဆရာဝန်တယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားနိမ့်ချတာမဟုတ်ပါဘူး။ အမှန်ကို အမှန်အတိုင်း ထုတ်ဖော်ပြသဖို့ လိုအပ်ပါတယ်။
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
တကယ်ကို
ReplyDeleteကြေကွဲစွာ ကောင်းတဲ့
သတင်း တစ်ပုဒ် ပါပဲ .. :(
း( ဒုက္ခပါပဲနော် .. ရောဂါတခုခုဖြစ်ရင်တောင် ဘယ်သူ့သွားအားကိုးရမလဲ မစဉ်းစားတတ်တော့ဘူး .. မှားပဲ မှားနိုင်လွန်းတယ် .. မှားပြီးရင်ရော တာဝန်မယူရဲကြဘူးလား ...း((
ReplyDeleteကောင်းမွန်ရာဘ၀ရောက်ပြီး နောက်ဘ၀ဆက်တိုင်း ဒီလိုမဖြစ်ဆိုးမျိုးနဲ့ မတွေ့ရပါစေနဲ့ပဲ ဆုတောင်းပေးပါတယ် ..
မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း
ReplyDeleteဒီရက်ပိုင်းအတွင်း ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းကို ဖတ်မိပြီး ဤဆောင်းပါးကို ရေးရန် အကြံဖြစ်ပါသည်။
သတင်းအကျဉ်းမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပြီးစ အမျိုးသမီးငယ်တစ်ဦးသည် ဗိုက်နာသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် သွားရောက်ပြသသည်။ ဆရာဝန်တစ်ဦးက စမ်းသပ်စစ်ဆေးပြီး အူအတက်ရောင်ရောဂါ ရှိသည်ဟု ဆိုကာ ခွဲစိတ်ကုသသည်။ ခွဲစိတ်ကုသအပြီး နှစ်ရက်အကြာတွင် အမျိုးသမီးငယ် သေဆုံးသွားခဲ့သည်။ သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဥာဏ် ပေးထားလေသည်။
ကျွန်တော့်အနေဖြင့် တရားဥပဒေ ရှုထောင့်နှင့် ဆေးပညာရှုထောင့် တို့မှကြည့်၍ ပြန်လည် ဆွေးနွေးလိုသည်။
တရားဥပဒေရှုထောင့်
ReplyDelete(၁) သတင်းနှစ်ပုဒ်လုံး၏ အရင်းအမြစ်သည် ကွယ်လွန်သွားသော အမျိုးသမီးငယ်၏ မိခင်ထံမှ ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂလိကဆေးရုံနှင့် ပါဝင်ပတ်သက်နေသော ဆရာဝန် (သို့မဟုတ်) ၄င်းတို့က လွှဲအပ်သော ရှေ့နေတို့၏ တိုက်ရိုက် ပြောဆိုချက်များ မပါဝင်။ (မိခင်က တဆင့်ပြောသော ဆေးရုံ၏ အစုရှယ်ယာ ပါဝင်သူတစ်ဦး၏ ပြောဆိုချက်သည် hearsay evidence ဖြစ်သဖြင့် သက်သေအဖြစ် တင်ရန် ခဲယဉ်းသည်။) ထို့ကြောင့် မျှတမှု ရှိသော သတင်းများ မဟုတ်ပေ။
(၂) သေဆုံးရသည့် အကြောင်းရင်းကို ရင်ခွဲစစ်ဆေးသည့် ဆေးစစ်ချက် (Post-Mortem report) မပါရှိ။ Death certificate ( သေစာရင်း ) တစ်ခုတည်းသည် သေဆုံးရသည့် အကြောင်းရင်းအတွက် ပြည့်စုံလုံလောက်သည့် အထောက်အထား မဖြစ်ပါ။
(၃) ဆရာဝန်၏ မကျွမ်းကျင်မှု (သို့မဟုတ်) ပေါ့လျော့မှု ဖြစ်မဖြစ်ကို ဘက်လိုက်မှုမရှိသော (၄င်းပုဂ္ဂလိက ဆေးရုံနှင့်၎င်း၊ ကုသသော ဆရာဝန်နှင့်၎င်း၊ လူနာရှင်နှင့်၎င်း တစုံတရာ ပတ်သက်မှု မရှိသည့်) စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားခြင်း မရှိ။
(၄) မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်အရ တရားရုံးရှေ့မှောက်တွင် အပြစ်ရှိသည်ဟု စီရင်ခြင်း မခံရသေးသရွေ့ တရားစွဲဆိုခံရသူအား အပြစ်မရှိဟု မှတ်ယူရမည်ဆိုသော “Innocent until proven guilty” ဆိုသည့် မူကို ဆန့်ကျင်နေသည်။ (စကားချပ်။ ။ အမေရိကန် နိုင်ငံ ဖို့ဒ်ဟုဒ်စစ်စခန်းတွင် စစ်သား ၁၃ ဦးကို သေစေမှုဖြင့် စွပ်စွဲခံနေရသော ဗိုလ်မှုးဟာဆန်အား မျက်မြင်သက်သေများ အများအပြားရှိနေစေကာမူ တရားရုံးက ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးသဖြင့် ယခုအချိန်အထိ စာနယ်ဇင်းများက “Accused” ဟူသည့် စကားလုံးဖြင့်သာ သုံးနှုန်းပြီး အပြစ်ရှိသူဟု မသုံးနှုန်းကြောင်း သတိပြုမိပါသည်။)
စိတ်မကောင်းစရာ သတင်းတစ်ခုပဲ
ReplyDeleteကောင်းရာ သုဂတိလားပါစေ
အသပြာ တခုတည်းကြည့်ပြီး လုပ်ဆောင်နေကြတဲ့ သူတွေကြောင့် ၊ မဖြစ်သင့် မဆုံးရှုံးသင့်တာတွေ ဖြစ်နေကြရတာ စိတ်မကောင်းစရာပါပဲ ။
ReplyDeleteသူများနိုင်ငံတွေမှာလို မျှတတဲ့ အခွင့်အရေးတွေ အတွက် ဆောင်ရွက်ပေးနိုင်တဲ့ တရား ဥပဒေ ၊ အဖွဲ့ အစည်းတွေ မရှိသေးသရွေ့ တော့ အလားတူ အဖြစ်မျိုးတွေ ရှိနေကြဦးမှာပါပဲ ။
လူကိုယ် လူလို မြင်တတ်တဲ့ ကိုယ်ချင်းစာတရားများ လူတိုင်းမှာ ရှိကြဖို့ ကိုပဲ ဆုတောင်းရတော့မယ် ထင်ပါရဲ့ ။
-- Anonymous --
ReplyDeleteတန်ဖိုးရှိတဲ့ ကော့မန့်လေးအတွက် ကျေးဇူးပါပဲ။ ကျနော် အဲ့ဒီလင့်လေးအတိုင်း သွားပြီး ပညာယူပါဦးမယ်။ ကျနော်ဆိုလိုချင်တဲ့ အဓိက အချက်က လွတ်လပ်ပြီး မျှတတဲ့ ဖော်ပြမူတွေပါ။ အထက်ပါလင့်က ဆိုဒ်က ဆရာ ဝေဖန်ပြသွားတာ တော်တော်လေး ကောင်းမွန်ပြီး လိုက်နာသင့်ပါတယ်။ ဒါပေမဲ့ ငွေရှိရင် ဘာမဆို ဖြစ်လာနိုင်တဲ့ လောကကြီးမှာ တရားမျှတမူကို ငွေက ရှေ့ကကာပြီး ဖုံးလွှမ်းဖို့ဆိုတာ လွယ်ကူပါတယ်။ ဆိုလိုချက်က အထက်ပါဆိုဒ်က ဖော်ပြထားတဲ့ အတိုင်း တရားစီရင်မူ မပြီးသေးခင် ဒီလို မဖော်ပြသင့်ဘူးဆိုရင် စီရင်မူပြီးခဲ့ရင် ဆရာဝန်ရဲ့ မှားယွင်းချက် ဖြစ်ခဲ့မယ်ဆိုရင် ဆရာဝန်နာမည်နဲ့ ဆေးရုံနာမည်ကို အတိအကျ မထိန်မချန် ဖော်ပြသင့်ပါကြောင်း ကျနော်အနေနဲ့ ရေးသားလိုတာပါ။ ကျနော်က ဒီစာကို ဖတ်ပြီးကတည်းက ဘယ်သူကိုမှ မယုံမိပါဘူး။ မိဘအနေနဲ့လဲ သားသမီးဇောနဲ့ ပြောမိချင်တာတွေ ပြောမိတာဖြစ်ပါလိမ့်မယ်ဆိုတဲ့ အတွေးက ၀င်ပါတယ်။ ဒီအတွက် ကျနော် ပိုစ့်ရေးတုန်းက ကျနော်တဦးထဲ အမြင်အရဆိုရင်တော့ ဒီစာအတိုင်း တကယ်ဖြစ်ခဲ့တယ်ဆိုရင် ဆိုတဲ့ စကားလုံးလေးတွေ သုံးနှုန်းခဲ့ပါတယ်။
လေးစားလျက်
တောင်ပေါ်သား
စိတ်မကောင်းဖြစ်ရတယ်။ ဆရာဝန်ဆိုတာ လူတွေ အသက်ကယ်ဖို့မလား။ ငွေကြေးကိုပဲ ကြည့်ကြတဲ့ စေတနာမပါတော့တဲ့ ဆရာဝန်တချို့ကြောင့် ကျန်ဆရာဝန်များပါ နာမည်ပျက်တယ်။ အထူးကုဆေးခန်းဆိုပြီး ငွေလဲ ပိုပေးရသေးတယ်။
ReplyDeleteစိတ်မကောင်းဖြစ်ရတယ်။ ဆရာဝန်ဆိုတာ လူတွေ အသက်ကယ်ဖို့မလား။ ငွေကြေးကိုပဲ ကြည့်ကြတဲ့ စေတနာမပါတော့တဲ့ ဆရာဝန်တချို့ကြောင့် ကျန်ဆရာဝန်များပါ နာမည်ပျက်တယ်။ အထူးကုဆေးခန်းဆိုပြီး ငွေလဲ ပိုပေးရသေးတယ်။
ReplyDeleteThis comment has been removed by the author.
ReplyDeleteသတင်းလေးဖတ်ပြီး စိတ်မကောင်းတကယ်ဖြစ်မိပါတယ်
ReplyDeleteတောင်ပေါ်သားရေ..အဲဒီညီမလေးမျက်နှာကို
တီဝါရင်းရင်းနှီးနှီးမြင်ဘူးနေသလိုပဲ။
ညီမလေး ကောင်းရာသုဂတိလားပါစေ။
စိတ်မကောင်းဖြစ်မိတယ် ကိုတောင်ပေါ်သားရေ..
ReplyDeleteyu ya
ညီလေးးရေ
ReplyDeleteဖတ်လိုက်ရတာ တကယ်ကို စိတ်မကောင်းဖြစ်ရတယ် ညီရာ။
ဝမ်းလည်းနည်းမိသွားတယ်။
ဆိုးလိုက်တာနော်။
အကိုတော် ရီနို
သူ့မိဘတွေဘက်က ဒီလိုပဲ ကြေအေးလိုက်တာလား။ တရားဆွဲတာတွေ ဘာတွေမလုပ်ဘူးလား။ ဖြစ်ရမယ် ဖြစ်ရမယ်။
ReplyDeleteတစ်ကယ့်ကို ကြေကွဲဖွယ်ရာပါပဲ.။ နောင်ဖြစ်လေရာ ဘ၀ဆက်တိုင်း ယခုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေနဲ့ ညီမလေး ခိုင်ရွှန်းလဲ့ ရေ.။ ကောင်းရာ သို့ရောက်ပါစေ.။
ReplyDeleteလူတိုင်း ကိုယ့်တာဝန် ကို ကျေပွန်အောင်ထမ်းဆောင်နိုင်ကြပါစေ.။ ကိုယ့် အတွက် သူတပါး ထိခိုက်မှု့မှ အစဉ် ကင်းဝေးပါစေ။
ညီညီ
ဘယ်သူ့ အမှားလည်းဆိုတာ အတိကျမသိပေမယ် အပေါ်က ဝေဖန်ထားတာ သဘာဝကျပါတယ်.. ဝေဖန်ချက်တွေလည်း နည်းလမ်းကျပါတယ်..
ReplyDeleteကဲ.. ကိုတောင်ပေါ်သားရ..
ကျွန်တော်တို့က ခုမှ သိရတာဗျ..
စိတ်ထဲတော့ မကောင်းဘူးဗျာ..
ကျွန်တော်တို့ဆီမှာက ဒါမျိုးတွေက ခပ်များများဗျ..
တစ်ဖက်တစ်လမ်းက ပြန်ကြည့်မယ်ဆိုရင် သင်ခန်းစာရတာပေါ့ဗျာ..
မိခင်နဲ့ ဖခင်မှာတော့
ဘယ်လိုမှ စားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုပဲ
ကိုတွေသာဆိုရင် ဘယ်လိုဖြေရမလဲဗျာ..
တင်ပြမှုအတွက် ကျေးဇူးပါ ကိုတောင်ပေါ်သားရေ
ခင်မင်စွာဖြင့်
စည်သူ။
နှစ်ဘက်စလုံးကို မျှမျှတတ ကြည့်ကြတာပေါ့။ သတင်းအချက်အလက် မခိုင်မာတဲ့အခါမှာ ဝေဖန်ရတာ ခက်လှပါတယ်။ အဲဒီလိုအခါမှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ စာဖတ်သူတွေအနေနဲ့ ခွဲခြားဖို့ ခက်သွားစေပါတယ်။ =)
ReplyDeleteစိတ်မကောင်းစရာပါပဲ..
ReplyDelete