Labels

ရင်နာစရာ





ဒီမှာကလစ်နှိပ်ပြီး ပုံကြီး ကြည့်လို့ရပါတယ်။

စာလေးဖတ်ပြီးတော့ မဖြစ်သင့်ပဲ အသက်သေဆုံးသွားတဲ့ ညီမငယ်လေးအတွက် တော်တော်လေးကို ၀မ်းနည်းမိပါတယ်။ သူရဲ့မိသားစုက သူမအပေါ် ဘယ်လောက်ထိ မျှော်လင့်ချက်တွေ ထားခဲ့ကြသလဲ.. ခုတော့ မတော်တဆလို့ လွယ်လွယ်ပြောပြီး ဒါလေးကို အဆုံးသတ်ချင်ကြတဲ့ လူတွေရှိနေတာကို မြင်ရတော့ တော်တော်လေးကို အော်ဂလီဆန်မိပါတယ်။ ကျနော်တဦးထဲ အမြင်အရဆိုရင်တော့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့အချက်ပါပဲ။ ဒီစာအတိုင်း တကယ်ဖြစ်ခဲ့တယ်ဆိုရင် ကျူးလွန်သူ ဆရာဝန်အနေနဲ့ တရားဝင် ဖြေရှင်းသင့်ပါတယ်။ ပြီးတော့ Snap-shot အနေနဲ့ ပြည်သူတွေကို တကယ့် အကျိုးပြုစေချင်တဲ့ စိတ်ရင်းမှန်မယ်ဆိုရင် ဖြစ်ပွားခဲ့တဲ့ ဆေးရုံနာမည်နဲ့ ဆရာဝန်နာမည်ကို ရဲဝံ့စွာ ဖော်ထုတ်သင့်ပါတယ်။ ခုက ပြည်သူတွေေ၀၀ါးသွားစေမဲ့ အရေးအသားတခုသာ တွေ့ရှိပါတယ်။ ဘယ်ဆေးရုံလဲ ဘယ်ဆရာဝန်လဲ.. ဒါဟာ ဆရာဝန်တယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားနိမ့်ချတာမဟုတ်ပါဘူး။ အမှန်ကို အမှန်အတိုင်း ထုတ်ဖော်ပြသဖို့ လိုအပ်ပါတယ်။




လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

9 comments:

  1. တကယ်ကို
    ကြေကွဲစွာ ကောင်းတဲ့
    သတင်း တစ်ပုဒ် ပါပဲ .. :(

    ReplyDelete
  2.း( ဒုက္ခပါပဲနော် .. ရောဂါတခုခုဖြစ်ရင်တောင် ဘယ်သူ့သွားအားကိုးရမလဲ မစဉ်းစားတတ်တော့ဘူး .. မှားပဲ မှားနိုင်လွန်းတယ် .. မှားပြီးရင်ရော တာဝန်မယူရဲကြဘူးလား ...း((
    ကောင်းမွန်ရာဘ၀ရောက်ပြီး နောက်ဘ၀ဆက်တိုင်း ဒီလိုမဖြစ်ဆိုးမျိုးနဲ့ မတွေ့ရပါစေနဲ့ပဲ ဆုတောင်းပေးပါတယ် ..

    ReplyDelete
  3. စိတ်မကောင်းဖြစ်ရတယ်။ ဆရာဝန်ဆိုတာ လူတွေ အသက်ကယ်ဖို့မလား။ ငွေကြေးကိုပဲ ကြည့်ကြတဲ့ စေတနာမပါတော့တဲ့ ဆရာဝန်တချို့ကြောင့် ကျန်ဆရာဝန်များပါ နာမည်ပျက်တယ်။ အထူးကုဆေးခန်းဆိုပြီး ငွေလဲ ပိုပေးရသေးတယ်။

    ReplyDelete
  4. စိတ်မကောင်းဖြစ်ရတယ်။ ဆရာဝန်ဆိုတာ လူတွေ အသက်ကယ်ဖို့မလား။ ငွေကြေးကိုပဲ ကြည့်ကြတဲ့ စေတနာမပါတော့တဲ့ ဆရာဝန်တချို့ကြောင့် ကျန်ဆရာဝန်များပါ နာမည်ပျက်တယ်။ အထူးကုဆေးခန်းဆိုပြီး ငွေလဲ ပိုပေးရသေးတယ်။

    ReplyDelete
  5. သတင်းလေးဖတ်ပြီး စိတ်မကောင်းတကယ်ဖြစ်မိပါတယ်
    တောင်ပေါ်သားရေ..အဲဒီညီမလေးမျက်နှာကို
    တီဝါရင်းရင်းနှီးနှီးမြင်ဘူးနေသလိုပဲ။
    ညီမလေး ကောင်းရာသုဂတိလားပါစေ။

    ReplyDelete
  6. သူ့မိဘတွေဘက်က ဒီလိုပဲ ကြေအေးလိုက်တာလား။ တရားဆွဲတာတွေ ဘာတွေမလုပ်ဘူးလား။ ဖြစ်ရမယ် ဖြစ်ရမယ်။

    ReplyDelete
  7. တစ်ကယ့်ကို ကြေကွဲဖွယ်ရာပါပဲ.။ နောင်ဖြစ်လေရာ ဘ၀ဆက်တိုင်း ယခုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေနဲ့ ညီမလေး ခိုင်ရွှန်းလဲ့ ရေ.။ ကောင်းရာ သို့ရောက်ပါစေ.။
    လူတိုင်း ကိုယ့်တာဝန် ကို ကျေပွန်အောင်ထမ်းဆောင်နိုင်ကြပါစေ.။ ကိုယ့် အတွက် သူတပါး ထိခိုက်မှု့မှ အစဉ် ကင်းဝေးပါစေ။


    ညီညီ

    ReplyDelete
  8. နှစ်ဘက်စလုံးကို မျှမျှတတ ကြည့်ကြတာပေါ့။ သတင်းအချက်အလက် မခိုင်မာတဲ့အခါမှာ ဝေဖန်ရတာ ခက်လှပါတယ်။ အဲဒီလိုအခါမှာ ဘယ်သူမှားတယ် မှန်တယ်ဆိုတာ စာဖတ်သူတွေအနေနဲ့ ခွဲခြားဖို့ ခက်သွားစေပါတယ်။ =)

    ReplyDelete
  9. စိတ်မကောင်းစရာပါပဲ..

    ReplyDelete

Blogger Template by Clairvo