Labels

ပျက်စီးခြင်းများနဲ့ ကမ္ဘာ


ပျက်စီးခြင်းများနဲ့ ကမ္ဘာ
လူသားမဆန်တဲ့ ရိုက်ချက်တွေအောက်
အတွယ်အတာမဲ့ မျှော်လင့်ချက်တွေ ကျိုးပဲ့နေ
ကံကြမ္မာက မျက်နှာသာမပေးတော့
နူရာဝဲစွဲ ဖြစ်သလို ဘ၀တွေလဲ စုတ်ပျက်ခဲ့ရ.....

ထန်းပင်လောက်မြင့်တဲ့ ဒီရေတွေ
မိသားစုကို ဖြိုခွဲဖျက်ဆီးသွားတဲ့ လေထုတွေ
အရာရာဟာ သဘာဝတရားက ဖန်တီးထားတာတဲ့လား
ဒီသဘာဝကို ဘယ်သူတွေ ဖျက်ဆီးခဲ့လေသလဲ
သေချာဆန်းစစ် အဖြေညှိတော့
ကျွန်ုပ်တို့သာ တရားခံ........

အပြစ်မဲ့ ကလေးတွေရဲ့ အော်ဟစ်ငိုယိုသံတွေ
တိုက်တာကြားက လက်ချောင်းလေးတွေ
သွေးချင်းချင်းနီတဲ့ မျက်နှာ
ဒါတွေဟာ သဘာဝတရားက ဖန်တီးထားတဲ့
ရိုက်ချက်တွေတဲ့လား
သေချာဆန်းစစ် အဖြေညှိတော့
ကျွန်ုပ်တို့သာ တရားခံ........

ငါတို့တိုင်းပြည် တန်ခိုးကြီးလွန်း
သဘာဝဘေးလွတ်ကင်းမြဲဟု ကြွေးကြော်ခဲ့ဖူး
စာရိတ္တတွေ ချို့ယွင်းဖောက်ပြား
မကောင်းဘုရင် မင်းဆိုးစနစ်
အထိနာတာ ပြည်သူတွေချည်း
လူမျိုးမခွဲ လူသားဆန်စွာ ပြုမူနေလျှင်
အဘယ်ရန်က အန်တုနိုင်မည်နည်း

သေချာဆန်းစစ် အဖြေညှိတော့
ကျွန်ုပ်တို့သာ တရားခံ................





ကျနော်တို့ နေထိုင်တဲ့ ဒီကမ္ဘာကြီးပေါ်မှာ ဆုတ်ယုတ်မူတွေများပြားလာနေတာ နေ့စဉ်နဲ့အမျှပါပဲ။ ရေကြီး၊ ငလျင်လှုပ်၊ မီးလောင် စသည့်ဖြင့် ဒုက္ခအမျိုးမျိုးကို ကျနော်တို့ကမ္ဘာပေါ်က လူသားတွေ ခံစားနေရတာ စိတ်မကောင်းစရာပါ။ အရွယ်မရောက်သေးတဲ့ သားသမီးတွေ မိဘတွေ မရှိတော့တဲ့ဘ၀၊ အရွယ်လွန် အိုမင်းနေတဲ့ဖိုးဖွားတွေ ကာကွယ်စောင့်ရှောက်မူတွေ ပျောက်ဆုံး ပျက်သုန်းနေရပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပွားတဲ့ နာဂစ်မုန်တိုင်းရဲ့ ရိုက်ချက်ကြောင့် အခုချိန်ထိ အရင်အတိတ်ကလို ပြန်လဲ မထူထောင်နိုင်သေးတဲ့ မိသားစုဘ၀တွေ အများကြီးပါ။ ခုလဲ ဟေတီမှာ အင်အားကြီးမားပြင်းထန်တဲ့ ငလျင်တခု (ရစ်ခ်ျတာစကေး ၇.၀)ကြောင့် လူပေါင်း ထောင်သောင်းများစွာ သေကြေခဲ့ကြရသလို ဒုက္ခရောက်နေတဲ့ မိသားစုတွေလဲ အများအပြားရှိနေပါတယ်။ ကျနော်တို့လဲ လူမျိုး၊ ဘာသာမကွဲခြားပဲ တတ်နိုင်သလောက် ကူညီပေးနိုင်မယ်ဆိုရင်ဖြင့် သူတို့လေးတွေ အနဲအများတော့ အရာရောက်နိုင်ပါတယ်

တခါတလေတော့ စဉ်းစားလို့မရအောင်ဖြစ်ရပါတယ်။ သေသင့်သေထိုက်တဲ့လူတွေက ဘာလို့မသေဘဲ ရှင်သန်နေနိုင်သလဲပေါ့......... :P




လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

17 comments:

  1. တောင်ပေါ်ရေ ...

    ကဗျာလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ် ... သေသင့်သူတွေမသေတာက သူပြုခဲ့ဖူးတဲ့ကုသိုလ်တွေအရှိန်မကုန်သေးလို့ပါ ... အရှိန်ကုန်သွားရင် သူ့လမ်းသူသွားမှာပါ .... ဒါပေမယ့် အရှိန်မကုန်ခင်လိမ့်နေတဲ့စပ်ကြား မြက်ပင်၊ပန်းပင်တွေပေါ်ဖြတ်နင်းခဲ့တာတော့ဆိုးတယ် ...

    ReplyDelete
  2. ပြုသူ အသစ် ဖြစ်သူ အဟောင်းတဲ့

    ဘယ်လိုဖြစ်ဖြစ် အပြစ်ရှိတဲ့သူက ကိုယ်တိုင်ပါပဲ

    ReplyDelete
  3. တိုက်တာကြားက လက်ချောင်းလေးတွေတဲ့
    ဖတ်ရတာ အသည်းယားလိုက်တာ


    သေသင့်သေထိုက်တဲ့လူတွေက ဘာလို့မသေဘဲရှင်သန်နေနိုင်လဲဆိုတာ အတိတ်ကံပေါ့။ :)

    ဒါနဲ့ ပဲဟုတ်ဘူးနော်၊ အဲဒီစာကြောင်းမှာလေ.. ဘဲဖြစ်ရမှာ

    ReplyDelete
  4. ဆုတ်ယုတ်လာတာတော့ အမှန်ပါပဲ.. ကပ်ဘေးလေ...

    ဂျပန်ကောင်လေး

    ReplyDelete
  5. အားတော့နာပါတယ်.. ဒါပေမဲ့ ခေါင်းစဉ်ကြီးခုမှကြည့်မိတယ်.. ပျက်စီးက စလုံးနဲ့စီးပါတယ်ရှင် :)

    ReplyDelete
  6. ဒါက ဒီလိုရှိပြီး ဟိုဟာက ဟိုလိုရှိတော့ သေသင့်တဲ့ လူတွေမသေတာပေါ့ ပေါက်လားမသိဘူး ပေါင်ပေါ်သားရေ ဟိဟိ

    ReplyDelete
  7. အဟဲဟဲ... ပို့ စ်တင်တာတူတယ်.. မုန့် ဝယ်ကျွေး

    သေသင့်တဲ့သူက ဘာလို့ မသေလဲ မတွေးနေနဲ့ တိုက်ရိုက်သာသွားမေးလေး =)

    တပါးသူက ဘာပဲလုပ်လုပ် ကိုယ်က ဒါကို အမျှင်အတန်းပါမလာအောင် လုပ်ရမှာက ကိုယ့်တာဝန်... ညီမလေးလဲ ကြိုးစားဆဲ... =)

    ReplyDelete
  8. ကျနော်တို့သာ တရားခံဆိုတာ အမှန်ပဲ ကိုတောင်...။
    နောက်တခု သေသင့်သူတွေ မသေသေးတာက ကျိမ်စာဝလေ လူလှလေ ဆိုတဲ့ အစားထဲကမို့ပေါ့ဗျာ။ သတိထားမိရင် သိလာမှာပါ အရမ်းတော် အရမ်းတတ်တဲ့သူတွေ ဘယ်မှာ အသက်ရှည်လို့လဲ။ အနီးစပ်ဆုံး ဥပမာပေါ့ဗျာ ဗိုလ်ချုပ်အောင်ဆန်း...... ။
    ဒီလောက်ဆို သဘောပေါက်မယ်ထင်တယ်ဗျာ..

    ReplyDelete
  9. ရှေးလူကြီးတွေ ပြောကြတာ
    ဘုန်းကြီးလို့ သက်မရှည် ။
    သက်ရှည်လို့  ဘုန်းမကြီး တဲ့ ။

    ဒါပေမဲ့ အခု ဆုတ်ကပ်ကြီးထဲမှာ
    ဘုန်းလဲကြီး အသက်လဲရှည် နေကြတဲ့သူတွေကို ရုပ်(ယုတ်) မာမှ ကျန်းမာတဲ့သူတွေ လို့ပဲပြောရတော့မယ်ထင်ပါရဲ့  ။

    (ကျွန်တော်မျိုးကြီးသေသင့်ပါဒယ် ...း)))

    ReplyDelete
  10. သေသင့်တဲ့ အမားကီ ခွေးခေါင်းလား ဒါးစက်လား
    ဒါးက တုံးနေလို့  အတင်းဖြတ်ရမှာပဲ ဟဟ
    မသေသင့်သေးတဲ့လူတွေ ကမသထာရေစာ စားပြီးနေရလို့ လေ
    ပြည်သူ့ တွေ ဝိုင်းဆုတောင်းမေတ္တာပို့ တော့ အသက်ရှည်နေတာပေါ့
    မြန်မြန်ဘဝ ကူးကောင်းအောင် ဝိုင်းဆုတောင်းပေးနေတော့ ဒင်းက အင်တင်တင်နဲ့ လုပ်နေတာ ကြွကို မကြွနိုင်ဘူးဖြစ်နေတယ်
    နောက်ဆုံး နစ်နာတာတွေ က လူထု ကလွဲပြီး ဘာရှိသေးလို့ လည်း ကတောင်ပေါ်ရယ်

    ReplyDelete
  11. တာဝန်= သိတတ်မှု=စာနာမှု= ကူညီဖေးမမှု= ဝိုင်းဝန်းထိန်းသိမ်းမှု

    ReplyDelete
  12. ကဗျာလေးလာဖတ်ပါတယ်.. .. ပျက်စီးမှုတွေကတော့ ဒုနဲ့ဒေးနဲ့ပါပဲ :)

    ReplyDelete
  13. စိတ်မကောင်း စရာတွေ...

    ReplyDelete
  14. ကဗျာလေးတွေဖတ်တယ်...စိတ်မကောင်းစရာတွေဗျာ
    သေချာတာကတော့ကမ္ဘာကြီးချို့ယွင်းနေပြီ...
    ဘယ်သူမပြုမိမိမှုပေါ့လေ....

    ဒီလိုနဲ့.....

    ReplyDelete
  15. ကျနုပ်တို့သည်သာ တရားခံပါပဲ တောင်ပေါ်သားရေ...

းဝ)

    ReplyDelete
  16. သေသင့်သေထိုက်တဲ့လူတွေ ဘာကြောင့်မသေသေးလဲ ဆိုရင်တော့
    "အတိတ်ကိုယုံရင် အတိတ်ကြောင့်ပါတဲ့"

    အဲလိုအတိတ်ကို ယုံခဲ့လို့ ထိုးသမျှ နှစ်လုံး သုံးလုံး
    ခွက်ခွက်လန်အောင် ကုန်ခဲ့ဖူးတယ်

    ReplyDelete
  17. တောင်ပေါ်သားရေ သေသင့်သူမသ၊ မသေသင့်သူသေတာ ကံတရားပဲပေါ့။ တရားနဲ့ပဲ ဖြေရမှာပေါ့။ အစ်မဘလော့ဂ်မှာ စိတ်ဝင်တစား စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။ နောက်ဆက်တွဲကို ထပ်တင်ထားပါတယ်။ မျှော်နေတယ်ဆိုလို့ အကြောင်းကြားခဲ့ပါတယ်နော့်။

    ReplyDelete

Blogger Template by Clairvo