
ကောင်းကင်ယံ တိမ်လွှာတွေ ဖြူစင်လို့
နံရံထက်မှာ ရွှေရောင်ကွပ် ပန်းချီကားတချပ်
ရောင်စုံခြယ် ရေပေါ်ဆေးတွေနဲ့
အိပ်မက်ထဲက ဒီညတည
ရီမောသံတို့နဲ့
သာယာဖွယ် မိသားစုကမ္ဘာ
အမှတ်မထင် တိုက်ခတ်တဲ့ လေနီကြမ်း
အရာအားလုံး ပြိုပျက်ခဲ့ပေါ့
လက်တွေ့ဘ၀ အမှောင်ထုကြားထဲ
မြင်နေရတာ မှိန်းဖျော့ဖျော့အလင်းရောင်လေးတခု
နံရံလေးဘက် ပိတ်လှောင်နေလေရဲ့
စိတ်ဓါတ်တို့က ညှိုးမကျဘူး
အခန်းထဲဝင်တော့ လှောင်ရီသံတချို့
သူ့ဟာသူ ဟစ်တလာဝင်စားသလိုလို
ရက်စက်တဲ့ မျက်ဝန်းတွေကြားထဲက
ငါတို့ သိုးငယ်တွေဘဝ
မမြင်ရသေးတဲ့ အလင်းအတွက်
ငါ့တို့တွေ ကြိုးစားဖူးတယ်
လက်ရှိမရနိုင်သေးပေမဲ့ တချိန်တော့
ငါတို့ ယုံကြည်ချက်တွေ အမှန်ဖြစ်စေရမယ်.......
ပုံကို Googleမှ ယူထားပါတယ်။
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
ဝေးဟေးဟေး
ReplyDeleteကတောင်ပေါ် ဘာတဲ့
ရောင်စုံခြယ် ရေပေါ်ဆေးတဲ့
ငါ့ကြည့်တော့ပုံလေးက အဖြူအမည်း ပါပဲဟ
အဟတ် မရစ်ရတာကြာတော့ ရစ်ရတော့မယ်ဝေး
ယုံကြည်ချက်တွေ အသက်ဝင်လှုပ်ရှားပါစေဗျာ
တစ်နေ့ နဲ့ တစ်ချိန်တော့ ကိုယ့်ယုံကြည်ချက်တွေ အမြန်ပြည့်ဝမယ့်လို့ လည်း ထပ်ပြီးယုံကြည်မိတယ်
ဂွတ် ထ ကတောင်ပေါ်
ဝေးဟေးဟေး
ReplyDeleteကတောင်ပေါ် ဘာတဲ့
ရောင်စုံခြယ် ရေပေါ်ဆေးတဲ့
ငါ့ကြည့်တော့ပုံလေးက အဖြူအမည်း ပါပဲဟ
အဟတ် မရစ်ရတာကြာတော့ ရစ်ရတော့မယ်ဝေး
ယုံကြည်ချက်တွေ အသက်ဝင်လှုပ်ရှားပါစေဗျာ
တစ်နေ့ နဲ့ တစ်ချိန်တော့ ကိုယ့်ယုံကြည်ချက်တွေ အမြန်ပြည့်ဝမယ့်လို့ လည်း ထပ်ပြီးယုံကြည်မိတယ်
ဂွတ် ထ ကတောင်ပေါ်
လက်တွေ့ ဘဝမှာ စိတ်ဓါတ်တွေ မညှိုးဖို့ လိုပါတယ်....
ReplyDeleteယုံကြည်မှုရှိမယ်ဆိုရင်တော့ စိတ်ကူးတွေ ဖြစ်လာမယ် မျှော်လင့်တာပဲ
ReplyDeleteနံရံလေးဘက်ပိတ်ခံထားရတော့လည်း ထင်သလောက် မတွင်ကျယ်ဘူးပေါ့
လူတိုင်းရဲ့ ယုံကြည်ချက်တွေ အမြန်ဆုံး အမှန် ဖြစ်လာဖို့ ဆုတောင်းပါတယ် ..
ကြည့်ရတာ ပုံကိုတွေ့ပြီး ကဗျာစပ်လိုက်တာလား မသိဘူး .. :D
မျှော်လင့်ချင်ရောင်ခြည်တွေ လင်းလက်ပါစေ.. ယုံကြည်ချက်တွေ အကောင်အထည်ပေါ်ပါစေ.။။
ReplyDeleteစိတ်ကူးတွေ ဖြစ်လာပါစေ..