ယခု နိုင်ငံအလံအသစ်ကို ကြည့်လိုက်လျှင် ကျနော်တဦးထဲ အမြင်အနေနဲ့ဆိုလျှင် သဘောမကျပါ။ ရင်ထဲက လာတဲ့ ဆန္ဒအရဆိုလျှင် မွေးဖွားခဲ့ကတည်းက ရင်းနှီးခဲ့ရသော ယခင် မဆလခေတ်က အသုံးပြုခဲ့သည် နိုင်ငံအလံကို ကျနော် ပိုမြတ်နိုးသည်။ ပိုအလေးထားပါသည်။ ကျနော်အတွက် ပိုပြီး အဓိပ္ပါယ် ပြည့်စုံသည်ဟု ကျနော် ခံစားရသည်။ အလံတော်သစ် အခမ်းအနားကို မြန်မာရုပ်သံတွေက ပြလိုက်မှ ကျနော်တို့ ပြည်သူတွေ သိရသည်။ သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်တွေက လုံးဝမရှိ သိသာသည်။ ပြည်သူအများက မနှစ်သက်လဲ လုပ်ပိုင်ခွင့် ရှိတိုင်းသာ လုပ်ချင်ရာကို ဇွတ်ထိုး လုပ်နေကြသည်။ ဘာနဲ့ တူလဲဆိုတာ စဉ်းစားတတ်သူတိုင်း သိနိုင်ပေသည်။

အောက်ခံ အနီရောင်သည် ရဲရင့်ပြတ်သားခြင်းကို ကိုယ်စားပြုသည်။ အပြာရောင်သည် ငြိမ်းချမ်းတည်ကြည်ခြင်းကို ကိုယ်စားပြုသည်။ အဖြူရောင်သည် သန့်ရှင်း စင်ကြယ်ခြင်းကို ကိုယ်စားပြုသည်။ ကြယ်ဖြူ ၁၄ လုံးသည် ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ တိုင်းနှင့် ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုသည်။ စပါးနှံ နှင့် စက်သွားသည် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်သည့် တောင်သူလယ်သမားများ နှင့် အလုပ်သမားများကို ကိုယ်စားပြုသည်။ဒါသည် ကျနော်တို့ ငယ်စဉ်က သင်ကြားခဲ့ဖူးသည့် နိုင်ငံတော် အလံအဓိပ္ပါယ်။ မဆလ အစိုးရ ကောင်း၏ မကောင်း၏က တပိုင်း။ အလံတော်ကတော့ အဓိပ္ပါယ် အပေါင်းနှင့် ပြည့်စုံပေသည်ဟု ကျနော် အမြင်အရ ခံစားရသည်။

လက်ရှိ အုပ်ချုပ်သူတို့ ပြောင်းလိုက်သော အလံတော်က ကျနော်တို့ ရှမ်းပြည်နယ်၏ အမျိုးသားအလံတော်နှင့် ချွတ်စွပ်ကို တူနေသည်။ အလယ်တွင် တည်ရှိသော စက်ဝိုင်းနှင့် ကြယ်ဖြူသင်္ကေတသာ ကွာခြားသည်။ ကျနော် အာရုံထဲ တခု ခံစားနေရသည်။ နောင်တချိန် ကျနော်တို့ ရှမ်းပြည်အလံကို နိုင်ငံတော် အလံနှင့် တူလို့ ပြောင်းခိုင်းဦးမလားဆိုသည်ကို........

ယတြာတွေ အလွန်ယုံကြည်တတ်သော ကျနော်တို့ မြန်မာလူမျိုးတွေ အတွက် အရာရာသည် ယတြာချေမှ၊ ဒါလုပ်မှ ဒါဖြစ်မှာဆိုသည်က များလှပေသည်။ တကယ်တမ်းကျနော်တို့ လိုအပ်နေသည်က ယခုကဲ့သို့ အခြေအမြစ်မရှိသော အရာများမဟုတ်ပါ။ ကျနော်တို့ လိုအပ်နေသည်က တရားမျှတပြီး တိုင်းပြည်အပေါ် တကယ့်ကို ချစ်ပြီး ပြည်သူတွေအကျိုးကို မျှော်ကြည့်ပြီး ဦးစီးလုပ်ဆောင်မဲ့ တိုင်းပြည်ခေါင်းဆောင်တယောက်သာ....
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
စာလာဖတ်တယ် တောင်ပေါ်သားရေ.. အကို ဘလော့နဲ့ ပြတ်နေတာကြာပါပိ. တခါတခါတော့ ဖတ်ဖြစ်တယ်..
ReplyDeleteရောက်တုန်း ဝင်နှုတ်ဆက်တာ.. အဆင်ပြေပါစေ.. :)
မြန်မာတွေက အစွဲအလန်းလည်း ကြီးသေးတယ် .. ဒါကြောင့်လည်း ငယ်တည်းက ရင်းနှီးလာတဲ့ အလံကိုမှ အဓိပ္ပါယ်ရှိတယ်ထင်မိတာလားတော့မသိဘူး .. တကယ်လဲ အဲလိုပဲ ခံစားရတာကိုး ..
ReplyDelete