Labels

ကျနော်ရဲ့ မွေးနေ့

၁၆.၁၀.၂၀၀၈ ဆိုရင် ကျနော်ရဲ့ ကမ္ဘာမြေကြီးပေါ် လူသားရယ်လို့ဖြစ်လာတဲ့ အသက် ၂၄ နှစ်မြောက်မွေးနေ့လေးပါ။ ဘာလိုလိုနဲ့ အသက်တွေကြီးလာလိုက်တာ ကိုယ်ဟာကိုယ်တောင် မယုံနိုင်ဘူးဖြစ်နေပါ့။ ဘာမှအရာမရောက်ပဲ နှစ်ပေါင်း ၂၄ နှစ်ကိုတောင် ကျော်ဖြတ်လာခဲ့ပါလားလို့ တခါတလေ တွေးမိပါရဲ့။ ဒီလို ၂၄ နှစ်တာအတွင်းမှာ ကျနော် ချစ်တဲ့ တိုင်းပြည်အတွက်၊ ကျနော်ချစ်တဲ့ မြို့လေးအတွက် ပြီးတော့ မိသားစုအတွက် ကျနော်ဘာတွေ လုပ်နိုင်ခဲ့သလဲ ပြန်စဉ်းစားမိတယ် အမေးအားလုံးအတွက် အဖြေကတော့ တစ်ခုတည်းပါပဲ NO တဲ့။ ဒီလိုအဝေးရောက်နေတဲ့ လူတစ်ယောက်ရဲ့ မွေးနေ့လေးမှာ ပထမဆုံး သတိရမိတာကတော့ အမေပါပဲ။ သြော် အမေတောင် ဘာလိုလိုနဲ့ အသက်တွေကြီးလာပါကောလို့ စဉ်းစားမိသေးတယ်ဗျာ..

ပထမဆုံး ကျေးဇူးတင်ရမှာတော့ အမေပါပဲ။ အမေကတော့ ဒီအချိန် ကျနော်မရှိတဲ့ မြို့လေးမှာ ကျနော်အတွက် ဆုတောင်းမူ တစ်ခုခုလုပ်ပေးနေလောက်ပြီပေါ့။ ကျနော်ကတော့ အမေအတွက် ဒီအရွှယ်ရောက်ထိတိုင်အောင် ဘာဆိုဘာမှ မယ်မယ်ရရမလုပ်ပေးနိုင်ခဲ့သေးပါဘူး။ မိဘမေတ္တာဟာ တော်တော်ကို ကြီးမားနက်ရှိုင်းမှန်း သိလိုက်ရတဲ့ အချိန်မှာ လူဆိုတဲ့အမျိုးဟာ နောင်တတွေကို ရင်ဝယ်ပိုက် ထွေးပွေ့ပြီးသား ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လဲ ရှေးလူကြီးတွေပြောခဲ့တာပေါ့ ခလုတ်ထိမှ အမေ့ကို တကြတယ်တဲ့လေ.. ဒါဟာ အမှန်ပါပဲ

ကိုယ်ရဲ့ဘ၀မှာ သာယာကြည်နူးဖွယ် အဖြစ်တွေနဲ့ ကြုံကြိုက်နေတဲ့အချိန်မှာ မိဘတွေရဲ့ မေတ္တာကို မေ့နေတတ်ပေမဲ့ တကယ်တမ်း ဘ၀မှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့လာတဲ့အခါမှာတော့ ဘုရားနဲ့ မိဘကလွဲရင် ဘယ်အရာကိုမှ မတောင့်တတတ်ကြပါဘူး ဒါဟာလဲ ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ အရာတစ်ခုပါပဲ။ ညာဏ်မိသလောက် စဉ်းစားကြည့်ရမိသလောက်ကတော့ အရာရာပြည့်စုံနေရင် ကျနော်တို့ ဘုရားတရား၊မိဘတွေကို ဘယ်တမ်းတမိပါ့မလဲ။ ဒီတော့ ဘုရားသခင်က မမေ့မလျှော့အောင်လို့ ကျနော်တို့ကို ဒုက္ခလေးတွေနဲ့ ပေးတွေ့ဆုံတယ်လို့ မြင်မိပါတယ်။ ဒါမှလဲ လူဘ၀ဟာ ပြည့်စုံမှာပေါ့။ ဒုက္ခရောက်လိုက် ဘုရားတလိုက်၊ မိဘကိုတလိုက် ။ အဆင်ပြေတော့ လူဘ၀ကြီးကို မိန်းပြီးသာယာလိုက်နဲ့ လူဘ၀ဟာ တော်တော်ကို ဆန်းကြယ်ပါတယ်။


ဒုတိယကကျေးဇူးတင်တာကတော့ ကျနော့်နဲ့ အတူတူဘလော့ကင်းကြတဲ့ ညီအကို၊မောင်နှမတွေကို အထူးကျေဇူးတင်ပါတယ်ဗျာ... ကျနော်ကို အရာရာအားပေးကြတဲ့ အကိုတွေ၊ အမတွေ အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်.. ကျနော်ရဲ့ ညီအကို ညီအမတွေဟာ တခါတလေ ကျနော် စိတ်ထဲမှာ ခံစားရသမျှကို ချပြခဲ့ပေမဲ့ ဒေါသမထွက် အားပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ကောမန့်(စာမူခ)လေးတွေကြောင့် ကျနော်ဒီဘလော့ကို ပိုတွယ်တာလာတယ်ဆိုရင်လဲ မမှားပါဘူး။ စိတ်ခံစားချက်ချင်း မတူခဲ့ပေမဲ့ အကောင်းမြင်တဲ့ ဝေဖန်စာများကိုလည်း ရခဲ့ပါတယ်။ ဘယ်လိုပြောပြော ဒီဘလော့လေးဟာ ကျနော်အမေအိမ်ရဲ့ ကိုယ်ပွားလေးတစ်ခုပဲလို့ ကျနော်ခံယူထားပါတယ်။ ကျနော်အမေ့ဆီက လောလောဆယ်မရနိုင်သေးတဲ့ အချက်တွေ ကျနော်ဘလော့ညီအကို၊ မောင်နှမတွေဆီက ကျနော်ရပါတယ်။ အရမ်းချစ်တဲ့ အမေနဲ့ ခဏတာဝေးနေတဲ့ အချိန်လေးမှာ ဒီဘလော့လေးမှာ အမေ့ရဲ့ အရိပ်လေးတွေကို ခံစားပြီး ဖွဲ့နဲ့ရေးသားချင်ခဲ့ပါတယ်။

ကဲဗျာ လွမ်းလိုက်တာ နဲနဲရှည်သွားတယ်.. ဟဲဟဲ ကဲကျနော်ရဲ့ ချစ်ညီအကို၊မောင်နှမများ အားလုံးကျနော်နဲ့ အတူတူပျော်ရွှင်စွာ ပါဝင်နွှဲပျော်လိုက်ကြစို့ဗျာ..

ကဲသုံးဆောင်တော်မူကြပါဗျာ...

ဒါလေးတွေကတော့ ကိတ်မုန့်အကောင်းစားတွေနော့် ရှားရှားပါးပါး Google ကပို့ထားတာ ဟဲ ဟဲ.. အားမနာနဲ့ စားတာစား





စားရင်နဲ့ နင်နေမှာဆိုလို့ ဒီမှာ အအေးလေးသောက်ဦး



ဒါကတော့ မမတွေ၊ညီမလေးတွေလည်း သောက်လို့ရပါတယ် ၀ိုင်နော့် ဂျာမနီက အော်ဒါမှာထားတာ အများကြီးတော့ မသောက်နဲ့ တော်ကြာမူးနေလို့ မပြန်နိုင်ပဲဖြစ်နေဦးမယ်နော့်...



ဒါလေးကတော့ ချစ်အကိုတွေဖြစ်တဲ့ ကိုကြီးရင်ကိုမိုးမောင်၊ကိုဖိုးမောင်ကိုကြယ်စင်သွေး တို့အတွက် သီးသန့်စပါယ်ရှယ်နော့် အပြင်းလေးတွေပေါ့ ဟီး အကိုတို့ရေ အမြည်းအတွက်တော့ သီးခံဗျာ ကိုမိုးမောင်တို့ကအူကြောင်ကျား ကုန်သွားလို့ မယူလာဘူးတဲ့လေ....



ကဲအားလုံးလဲ စားပြီးသွားပြီ ပြန်ကြတော့ တော်ကြာ စင်ကာပူရဲ တွေလာလို့ ဒုက္ခရောက်နေဦးမယ်နော့် ဟဲဟဲ ကျေးဇူးပါဗျာ..လာရောက်သုံးဆောင်တဲ့အတွက် ဥထမင်း ကတော့ နောက်မှ ချက်ကျွေးတော့မယ်နော့် ဟီး

20 comments:

  1. ပျော်ရွှင်ဖွယ်မွေးနေ့ နှစ်ပေါင်း၁၀၀တိုင်ပါစေ မောင်လေး ရေ။
    မကြီးတို့ ဘလောဂါမောင်နှမတွေအားလုံးက ဆွေမျိုးတွေပဲပေါ့နော်။
    လွမ်းတာလည်းလွမ်းတာပေါ့ . မတတ်နိုင်တော့လည်း ပျော်အောင်နေရတာပေါ့ မောင်လေးရေ။
    ပျော်ရွှင်ပါစေ။

    ခင်တဲ့
    မကြီး
    မ၀ါ

    ReplyDelete
  2. ဒီနှစ်မှသည်နောင်နှစ်ပေါင်းများစွာတိုင် အောင်ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့လေးများပြုလုပ်နိုင်ပြီး လိုအင်ဆန္ဒများပြည့်ဝနိုင်ပါစေရှင်...
    ဆုတောင်းပေးပြီးသွားပြီး စားတော့မယ်....ကိတ်မုန့်ကရှယ်ပဲနော် ရှာရတာပင်ပန်းမှာပဲနော်...ဟိဟိ.....
    မီးလေးထက်တောင်တစ်လကြီးတဲ့ဟာကို လာလာပြီးတော့ခေါ်တယ် မကြီးတဲ့ ဟွန့်.......ပျော်ရွှင်ပါစေနော်.....

    ReplyDelete
  3. အရင်ဆုံးပြောချင်တာက ကျမက ကိုတောင်ပေါ်သားထက် ငယ်ပါတယ်ရှင့်။ :P မကြီးတော့ မလုပ်လိုက်ပါနဲ့နော်။ :P
    မွေးနေ့မှာ ပျော်ရွှင်မှုတွေ ရရှိပါစေနော်။ "ခင်ရာဆွေမျိုး"ဆိုတဲ့စကားနဲ့အညီ ကျမတို့ မောင်နှမတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးနေ့ပွဲ ကျင်းပကြတာပေါ့နော်။

    မွေးနေ့မှ စပြီး စိတ်၏ချမ်းသာခြင်းနဲ့ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

    ReplyDelete
  4. ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေနော်။

    ReplyDelete
  5. အာ... ငါ့ညီကလဲ... အူကြောင်ကျား အခု အမှီလာပို့ပါတယ်ကွ... ဟား.ဟား..။ အူကြောင်ကျားက ဟင်္သာတမှာ သွားမှာရလို့ဟေ့..။ ဒါနဲ့ ငါ့ညီက အခု ၂၄နှစ် ပြည့်ပြီဆိုတော့ အကို့ထက် ငယ်တာပေါ့(အသက်...အသက်)ဟဲ..ဟဲ။
    မွေးနေ့မှာ ပျော်ရွင်ပါစေကွာ...။
    ခင်မင်လျက်....။

    ReplyDelete
  6. ကိုတောင်ပေါ်သားရေ ပျော်ရွှင်ရတဲ့မွေးနေ့ဖြစ်ပါစေဗျာ...။ မွေးနေ့မှစ
    နောင်နှစ်ပေါင်းများစွာ အောင်မြင်ပျော်ရွှင်ပါစေ..။

    ReplyDelete
  7. ဆောရီးကွာ...ငါက ၁၄ ယောက်မြောက်ဖြစ်သွားတယ်။ အေးကွာ ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေကွာ..... ငါညီဒီထက်ပိုအောင်မြင်ပါစေ...

    ReplyDelete
  8. တောင်ပေါ်သားရေ... မိခင်ကိုဒီလောက်သိတတ်တဲ့သားက ကျေးဇူးစပ်ပြီးသားပေါ့...
    မွေးနေ့ဆုတောင်းတွေပြည့်ဝပါစေလို့ ဆုတောင်းပေးသွားတယ်
    Happy Birthday...

    ReplyDelete
  9. ကျနော်မွေးနေ့ကို လာပြီးဆင်နွှဲသွားတဲ့ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်ဗျာ... ဟဲဟဲ ညီလေးသံလွင်ရေ စင်ကာပူကလူတွေကိုတော့ ဖိတ်ကျွေးချင်သား ဒါပေမဲ့ အဝေးရောက် ညီအကိုမောင်နှမတွေ စိတ်မကောင်းဖြစ်နေရမယ် (မစားရလို့) အမိတိုင်းပြည်ရောက်မှ အားလုံး ပျော်ပျော် ကဲကြတာပေါ့ ကောင်းဘူးလားဗျာ..

    ReplyDelete
  10. A very Happy Birthday to You.

    ကွန့်မန့်လာပေးတာ နောက်ကျသွားလို့ စိတ်တောင် မကောင်းပါဘူး ကိုတောင်ပေါ်သားရယ်....

    ပျော်ရွှင်ပါစေ.. အရာရာ အဆင်ပြေပါစေ လို့ဆုတောင်းပေးပါတယ် ...
    ကျွန်မ ထက် ၂ နှစ်တောင် ကြီးတယ်.. နောက်တစ်ခါ အမ လို့မခေါ်နဲ့တော့နော်...

    ReplyDelete
  11. လာတာနောက်ကျသွားလို့ ဆောရီပါ ညီငယ်။ မနေ့က စိတ်နည်းနည်းညစ်လို့ ဘလော့မလည်ပဲ အိပ်လိုက်တာ။ မွေးနေ့ ဖိတ်တာ သိလိုက်ဘူး။
    ညီငယ်မွေးနေ့မှ သည် ပျော်ရွှင်ဖွယ်မွေးနေများစွာကို ပိုင်ဆိုင်နိုင်ပါစေ။ အလုပ်အကိုင်လဲ အဆင်ပြေပါစေ။ ချစ်သော မေမေ၏ ချစ်မေတ္တာကို ခံယူလျက် အေးချမ်းစွာ အောင်မြင်သော ဘဝကိုပိုင်ဆိုင်နိုင်ပါစေ။

    ReplyDelete
  12. ဟယ်....မွေးနေ့မှန်းမသိလိုက်လို့နော်...ကြိုလည်းမဖတ်တော့ ဘာလက်ဆောင်မှ မယူလာမိဘူး.. တော်သေးတာ
    ပေါ့. မွေးနေ့ရက်လေးမှာ တိုက်တိုက်ဆိုင်ဆိုင် လာလည်တာနဲ့ ကြုံလာလို့ အားရပါးရ ကိုစားသွားတယ်နော်.
    မွေးနေ့ရှင်လေး.. ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒ ပြည့်ပါစေ။ မိဘကိုလုပ်ကျွေးနိုင်သော သားကောင်းသားမြတ်လေး
    တစ်ဦင်္းဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်.. ကို စိုးမင်းထိုက်ရေ...

    ReplyDelete
  13. သက်တန့်October 16, 2008 at 6:29 AM

    မောင်လေးစိုးမင်းထိုက်ရေ...
    ခင်ရာ ဆွေမျိုးဆိုသလိုပါပဲ... အမတို့အားလုံးဟာ မောင်နှမသားချင်း ဆွေမျိုးတွေပေါ့ကွယ်...
    မောင်လေးရဲ့ ၂၄နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်....................... :)

    ReplyDelete
  14. HAPPY BIRTHDAY!!!!!!!!!!!!!!!!!!!!

    ReplyDelete
  15. ညီလေးတောင်ပေါ်သားလေး..စာမူခအတွက်ကျေးဇူးအနန္တပါ။
    ဒီမွေးနေ့ကနေနောက်နှစ်မွေးနေ့အထိပျော်ရွှင်ခြင်းမြို့တော်မှာ
    လိုအင်ပြည့်ဝခြင်းလမ်းတွေပေါ်လျှောက်လို့၊ ရည်မှန်းထားတဲ့
    ပြည့်စုံခြင်းကမ္ဘာအထိပြုံးပျော်စွာလှမ်းနိုင်ပါစေ။

    ReplyDelete
  16. ညီလေးရေ

    နောက်ကျလို့ တောင်းပန်လိုက်တယ်။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အသက်ထက်ဆုံး စိတ်ချမ်းသာမှု့တွေ
    ပိုင်ဆိုင်နိင်ပါစေ။

    ReplyDelete
  17. အကို Happy birthday ဗျာ။ နောက်ကျ လို့ ခွင့်လွှတ်ဦး။

    ReplyDelete

Blogger Template by Clairvo