ငါ ရောက်နေတဲ့ အရပ်တစ်ခုလုံး
အမှောင်အတိနဲ့ ဒါပေမဲ့
ငါ့ကို ငါ မြင်ခဲ့တယ်….
လမိုက်ည
လူတစ်ချို့ တနေကုန် ပင်ပန်းတာတွေကို
ကျောခိုင်းပြီး နှစ်ခြိုက်စွာ အိပ်နေကြတာ
ငါ မြင်ခဲ့တယ်….
လမိုက်ည
စောရသူခိုးတို့ အမှောင်ကို အဖော်ပြုလို့
စားဝတ်နေရေးအတွက် ခိုးယူနေတာကို
ငါ မြင်ခဲ့တယ်….
လမိုက်ည
ညဥ့်ငှက်လေးတစ်ချို့ ၀မ်းစာအတွက်
လှုပ်ရှားနေခဲ့ရတာ
ငါ မြင်ခဲ့တယ်…
လမိုက်ည
ရပ်ကွက်လူကြီး တစ်ယောက်
အမှောင်နောက်ကွယ်မှာ မဟုတ်တာတွေ လုပ်နေတာ
ငါ မြင်ခဲ့တယ်….
လမိုက်ည
ရောင်စုံမီးလုံးတွေနဲ့
၂၄ နာရီဖွင့်ထားတဲ့ ဆိုင်အချို့
ငါ မြင်ခဲ့တယ်….
လမိုက်ည
အရမ်းချစ်ကြတယ်ဆိုတဲ့ လင်မယားနှစ်ယောက်
လူမသိအောင် ရန်ဖြစ်နေတာ
ငါ မြင်ခဲ့တယ်….
လမိုက်ည
အမှောင်ကိုအားကိုးလို့
သမီးရည်းစားတွေ ချိန်းတွေ့နေတာ
ငါ မြင်ခဲ့တယ်….
လမိုက်ည
ရထားတစင်းကတော့
ခုတ်ကာခုတ်ကာ မောင်းနေတာ
ငါ မြင်ခဲ့တယ်….
လမိုက်ည
ဒီဘက်မှာ ဘယ်လောက်မှောင်နေပါစေ
ကမ္ဘာဟိုတဖက်မှာ အလင်းရှိတယ်ဆိုတာ
ငါ သိနေတယ်……
တောင်ပေါ်သား
ကဗျာလေးကို ကြိုက်တယ်ဗျာ.. သီချင်းထဲကလိုပဲ ကမ္ဘာတစ်ဘက်မှာ နေ့ ကမ္ဘာတစ်ဘက်မှာ ည ဆိုသလိုပဲ.. ကောင်းတယ်ဗျာ.. လမိုက်ည
ReplyDeleteငါ့ကို ငါ မြင်ရတာကို ပိုကြိုက်ပါတယ်။ လူတွေဟာ ကိုယ့်ကို ကို မမြင်တက်ကြဖူးလေ။ ကို့ကိုယ်ကို မြင်တာ အကောင်းဆုံးပဲလို့ ကျတော်ထင်တယ် ညီငယ်ရေ...
ReplyDeleteကျွန်တော်လည်း ကိုမျိုးပြောသလိုပဲ အဆုံသတ်လေးသဘောကျတယ်...။
ReplyDeleteအရေးကောင်း တော့ ဖတ်ရတဲ့လူလည်းခံစားချက်လေးတွေတိုးသွားတာပေါ့။
ကောင်းတယ်ဗျာ ထိမိပါ့ဗျား ဆက်ရေးပါ
ReplyDeleteကဗျာလေးနှစ်သက်မိပါရဲ့ ကောင်းသောနေ့ပါ ကိုတောင်ပေါ်သား :)
ReplyDeleteကဗျာလေးနှစ်သက်မိပါရဲ့ ကောင်းသောနေ့ပါ ကိုတောင်ပေါ်သား :)
ReplyDelete