Labels

ငြိမ်းချမ်းပါစေ

ကဲ ကျနော်ထပ်မေးမယ်
သင်ဘာလုပ်နေလဲ…
ကျနော်တို့ ဘာလုပ်နိုင်မလဲ
သြော် တရားကျလောက်ပါပေ့ လောကကြီးရယ်

လူငယ်တစ်ယောက်ရဲ့ ရပိုင်ခွင့်တွေ
လူသားတစ်ယောက်ရဲ့ ဘဝ
ရှင်သန်နေတဲ့ အိမ်မက်
ပျိုမြစ်တဲ့ အတွေးအခေါ်တွေနဲ့
ဆန်းသစ်တဲ့ အနုပညာတွေ

အနစ်နာခံတတ်တဲ့ စိတ်ဓါတ်
ဦးဆောင်ရဲတဲ့ စွမ်းသတ္တိ
မှန်မယ်ထင်ရင် လက်မလျှော့တတ်တဲ့ ဇွဲ
ရိုးသားတဲ့ သူအမူအရာ
နိုင်ငံကို ချစ်တဲ့ သူရဲ့ စိတ်ဓါတ်

အမှန်တရားတခုကို ရဲရဲဝင့်ဝင့် ချပြရဲတဲ့လူ
ဒီလိုလူတွေ ရှားနေပြီလား
ရှိနေတဲ့လူကြတော့ --------
ဘယ်အချိန် ထပ်ပေါ်နိုင်ပါဦးမလဲ ဒီလိုလူမျိုး
ငါတသက် ထပ်မြင်နိုင်ဖွယ်မရှိ
ငါလဲ သူလို လိုက်မလုပ်နိုင် သြော် ဘ၀ ဘဝ

တောင်ပေါ်သား


P.S.. ကျနော် အပြင်မှာ မမြင်ဘူးပေးမဲ့ လေးစားရတဲ့ အကိုတယောက်အတွက် စိတ်ကူးရှိရာ ရေးဖွဲ့ပါတယ်..

5 comments:

  1. စိတ်ကူးလေးနဲ့ ရေးဖွဲ့တာ ကောင်းတယ် လေးစားသင့်သူကို လေးစားတာ မင်္ဂလာတစ်ပါးပါ။

    ReplyDelete
  2. မတရားမှုတွေများနေတဲ့လောကကြီးမှာဒီအတိုင်းလက်ပိုက်ကြည့်မနေသင့်
    တော့ပါဘူးဗျာ...သွေးစီးကြစို့ချစ်ညီကိုတို့ရေ ။

    ReplyDelete
  3. လေးစားပါတယ်ဗျာ.. အဲ့ဒီ အစ်ကိုကြီးကို

    ReplyDelete
  4. ကဗျာအတွက်ကျေးဇူးပါ.. သူ့အတွက် အားလုံးဝိုင်းဆုတောင်းပေးကြတာပေါ့.. သူကျန်းမာစေဖို့ သူ့စိတ်ဓာတ်တွေ ဆက်လက်ခိုင်မာနေဖို့.. သူ့နေ့ရက်တွေ အမြန်ဆုံး ပြန်ရစေဖို့..

    ReplyDelete
  5. (စာတခုထဲမှာဖတ်ဖူးခဲ့သလို) အမှန်တရားကို ချပြခဲ့တာ သူဟာ ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်းမဟုတ်ဘူး။ မျိုးဆက်သွေးတွေ ခန်းမသွားဘူးလေ။

    ReplyDelete

Blogger Template by Clairvo