Labels

အမှောင်

စိတ်ညစ်တွေ ဖုံးနေတဲ့
ဒီအမှောင်ကို မုန်းတယ်

သူရဲကောင်းတွေ ဒုက္ခရောက်စေတဲ့
ဒီအမှောင်ကို မုန်းတယ်

ရိုးသားတဲ့သူတွေကို ဖျက်စီးခဲ့ကြတဲ့
ဒီအမှောင်ကို မုန်းတယ်

မတရားကြီးစိုးမူကို ကာကွယ်ပေးတဲ့
ဒီအမှောင်ကို မုန်းတယ်

မိန်းမပျိုလေးတွေ ဘ၀ပျက်ခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

တောသူတောင်သားတွေ သေခဲ့ရတဲ့
ဒီအမှောင်ကို မုန်းတယ်

လူဘ၀ တသက်လုံး မကြောက်မရွံ့
ရဲဝင့်စွာ အမှောင်ထဲမှာ နေတဲ့
လူတွေအတွက် ငါဂုဏ်ယူတယ်

ဘာပဲပြောပြော ဒီအမှောင်…...
ဒီအမှောင်ကြီးကို မုန်းတယ်

ဘယ်သူတွေ ဘယ်လောက်မုန်းမုန်း
ဒီအမှောင်ကို တွယ်တာနေတဲ့
လူတွေတော့ ရှိသေးတယ်

ငါတို့အားလုံး အမှောင်ပျောက်လို့
အလင်းလာမဲ့ အချိန်ကို စောင့်နေကြတယ်



တောင်ပေါ်သား

11 comments:

  1. အမှောင်လွန်ရင် အလင်းလာလိမ့်မပေါ့ သီးခံစောင့်နော်

    ReplyDelete
  2. ငါလဲအမောင်တော့ အတော်ကြောက်တယ်

    ReplyDelete
  3. အမှောင်ကင်းဝေး အလင်းရောက်ပါစေ..

    ReplyDelete
  4. တို့တစ်ဦးချင်းစီဟာဖယောင်းတိုင်မီးလေးတွေပါဘဲ။
    ညီညီညာညာဝိုင်းထွန်းညှိလိုက်ရင် အမှောင်ပျောက်
    ပြီးအလင်းရောက်လာမှာပါတောင်ပေါ်သားလေးရေ။

    ReplyDelete
  5. ရှင်ရဲထွတ်- အမှောင်လွန်ပြီး အလင်းလာမှာကို စောင့်နေပါတယ်ဗျာ

    Apprenticeship - ဒီအမှောင်ကို ကျနော်တို့ ကြောက်စရာမလိုဘူးထင်တယ်နော့် တနေ့ အလင်းလာမှာပါ

    Dream - ကျေးဇူးပါဗျာ

    Dr.Nyan - ကျေဇူးတင်တယ်အကိုရေ ကျနော်တို့ဟာ တကယ်တမ်းတော့ ဖယောင်းတိုင် လိုပါပဲ မညီညာတာတွေ ဆိုးနေတာပါ

    ReplyDelete
  6. အမှောင်လွန်ပြီ အလင်းနေ့တွေ တစ်နေ့တော့ ရောက်လာမှာပါဗျာ။ အဲဒီနေ့ကို ကျတော်တို့ စောင်နေကြတာပေါ့

    ReplyDelete
  7. ကောင်းကင်ကိုကတော့ သူ့ကဗျာတပုဒ်ထဲမှာ ကြယ်တွေပြိုင်တူလင်းဖို့လိုတယ် လို့ရေးခဲ့တယ်။ အလင်းကို ထွန်းညှိဖို့ ကြိုးစားကြတာပေါ့။

    ReplyDelete
  8. ကိုတောင်ပေါ်သားရေ.. အမှောင်ပြီးရင် အလင်းက ကျိန်းသေရောက်လာမှာ..
    အဲဒါလည်းအမှန်တရား တစ်ခုပဲ.. ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေ နဲ့စောင့်နေဖို့ပဲလိုတာပါ။

    အခုမှ ကွန်မန့်ပေးလို့ရတယ်..ကွန်ပျူတာကလဲ လူအတိုင်းပဲလေ တစ်ခုမဟုတ် တစ်ခုဖြစ်နေတာ..

    ReplyDelete
  9. အမှောင်ဆိုလို့...တောင်ပေါ်သားကို..ကဗျာဆရာစောမင်းဝေရဲ့ကဗျာလေးဝေငလိုက်ပါတယ်...သူကဟာသဆန်ဆန်ဒီလိုရေးထားတယ်...

    `အရူးမတောင်
    လင်ကောင်မပေါ်ဘဲ
    ကလေးနှစ်ယောက်ရပေါ့...။ ။´

    သူ့ကဗျာခေါင်းစီးကလည်းအမှောင်တဲ့...။

    ကိုတောင်ပေါ်သားအောင်မြင်ပါစေ...

    ခင်မင်လျက်...
    နွေသူရ

    ReplyDelete
  10. ကိုတောင် ဘာကိုဆိုလိုချင်လဲတော့မသိဘူး ဒါပေမဲ့နားလည်လိုက်တာကတော့
    ဒီအမှောင်ခွင်းဖို့ ကျနော်တို့အားလုံးမှာတာဝန်ရှိတယ်။ ဒါပေမဲ့ဗျာ စည်းလုံးမှု
    မရှိရင်တော့ အမှောင်ကတော့ အမြဲကြီးစိုးနေမှာပဲဗျ

    ReplyDelete
  11. ကိုပုလု၊ မခေါင်ခေါင်-ကျနော်တို့ အလင်းလာမဲ့ အချိန်ကို စောင့်ကြတာပေါ့ဗျာ.. ဒါပေမဲ့ ပန်ဒိုရာ ပြောသလို အလင်းကို ထွန်းညှိဖို့တော့လိုမယ်ထင်တယ်နော့်

    ပျံသန်းခြင်းရပ်ဝန်း- ကဗျာလေးအတွက် ကျေးဇူးအထူးတင်ပါတယ်နော့်

    အိမ်- အမှန်ပါပဲ အိမ်ရေ ကျနော်တို့ စည်းလုံးမှ အလင်းဆိုတာ ကောင်းကောင်းရမှာကိုး

    comment များအတွက် အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ

    ReplyDelete

Blogger Template by Clairvo