Labels

တွေးမိတွေးရာ

အခုတလော စိတ်ညစ်စရာတွေ များနေတယ်ဗျာ စိတ်က တော်တော်ကို ဖိစီးမူ များနေလေရဲ့ ... အလုပ်မှာလဲ အလုပ်မှာမလို့ သူငယ်ချင်းတွေနဲ့ တွေ့တော့လဲ သူတို့ရဲ့ ဒုက္ခတွေ ကြားနေရတာ စိတ်ချမ်းသာစရာ တခုမှ မတွေ့မိပါဘူးဗျာ.. အခုလဲ ထပ်ကြားလိုက်ရပြန်တယ် ကမ္ဘာစီးပွားရေး ဂရိုက်က စလုံးကိုလဲ အနဲအများတော့ ထိခိုက်တယ်ဆိုတာ တွေ့နေရပြီလေ.. သူငယ်ချင်းနှစ်ယောက်ကတော့ အလုပ်ကနေ ထုတ်ပယ်ချင်း ခံလိုက်ရတယ်ဗျာ ကြားရတာ စိတ်မကောင်းဘူး.. ဒီကိုရောက်နေတဲ့ အလုပ်လာရှာတဲ့ မြန်မာတွေလဲ တော်တော်ကို ဒုက္ခ ရောက်နေတယ်လို့ ကြားတယ်ဗျာ..

မြန်မာပြည်က ဒီလာမဲ့ သူငယ်ချင်း၊ မိတ်ဆွေ အားလုံး ဖြစ်နိုင်ရင် အခုစလုံးကို မလာစေချင်ဘူးဗျာ... ကျနော်က ဒီလိုပြောပြန်ရင်လဲ ကျနော်အပေါ်တမျိုးမြင်ကြပြန်ဦးမယ် ဒီလာတော့ အလုပ်မရရင် သူတို့ပဲ ဒုက္ခရောက်မှာလေ ကျနော် တကယ်စိတ်ညစ်တယ်ဗျာ... ဒီက အခြေအနေကို ကြည့်နေပြီး စိတ်ညစ်စရာ နောက်တခုထပ်တိုးလာပြန်ပြီ.. ဒီမှာ လာတက်နေတဲ့ ပညာသင်မြန်မာကျောင်းသူ၊ကျောင်းသားတွေလဲ အလုပ်တွေခက်နေလေရဲ့ မိဘက ထောက်ပံ့နိုင်တယ်ဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့ဗျာ မိဘကလဲ အဆင်မပြေရင် သူတို့လေတွေလဲ ဒုက္ခရောက်နေရပြန်မှာပေါ့.... သူတို့အလုပ်တွေခက်တာကလဲ ဒီစီးပွားရေး ဂရိုက်ပေါ့လေ...

အခုဆို ကျနော်တို့ မြန်မာပြည်ကြီးကော ဘယ်လို နေနေကြလဲမသိဘူးနော့် နဂိုထဲက စီးပွါးရေး မကောင်းပါဘူးဆို အခုလက်ရှိအတိုင်းဆို ပိုလို့တာဆိုးတော့မယ်ဗျာ.. ကျနော်တို့လဲ ဘာမှ မကူညီနိုင်ပါလားဗျာ.. အခုဆို ဖတ်လိုက်တဲ့ သတင်းတွေကလဲ စိတ်မကောင်းစရာတွေပဲဗျာ... စဉ်းစားကြပါဦး ငွေလိုလို့ လူသတ်လိုက်ရတာနဲ့ ရွှေဆိုင်ဖောက်ပြေးတာနဲ့ တနေ့တနေ့ မြန်မာသတင်းတွေ ဖတ်ရတာလဲ စိတ်မကောင်းစရာတွေချည်းပါပဲ... ကျနော်တို့ မြန်မာတွေရဲ့ စိတ်ကတော့ ချီးကျူးရပါ့မယ် ဟားဟား ကိုယ်တိုင်က ထမင်းနပ်မှန်နေရင် ဘယ်သူတွေ ဘာဖြစ်ဖြစ် မသိသလိုနေတတ်လေရဲ့ ဒီက စလုံးရောက် မြန်မာသူငယ်ချင်းတွေကတော့ ပြောပါ့ဗျာ.. အဖြူကောင်တွေတော်တော်ကို ချီးကျူးဖို့ကောင်းတယ်တဲ့ မှန်သင့်သလောက်တော့ မှန်ပါတယ်.. သူတို့က သူတို့ အရေး မဟုတ်ရင် ဘယ်သူကိုမှ ညှာတာထောက်ထားတာ မရှိဘူးလေ.

အခုဒီအကျင့်ဆိုးတွေ ကျနော်တို့ မြန်မာတွေကို ကူးစက်လာပါပြီ.. အခုဆို တိုင်းပြည်တွင်းမှာ ငတ်တဲ့လူ ငတ် သေတဲ့လူသေ ဒါပေမဲ့ ကိုယ်ထမင်းပုံမှန် စားနေရတော့ ဒါတွေကို ဂရုတောင် မစိုက်တော့ပါဘူး.. ကျနော် အပါ့အ၀င်ပေါ့လေ.. တကယ်ကျေးရွာတွေမှာ ထမင်းမစားနိုင်လို့ ငတ်နေကြတာတွေ ရှိပါတယ် ဒါပေမဲ့ သူတို့လဲ မနက်အိပ်ရာထကတည်းက လုပ်နေတာပဲ ဘာကြောင့်ဒီလို ငတ်နေကြရတာလဲ စိတ်ညစ်တယ်ဗျာ... ဘာမှကို လုပ်ချင်စိတ်မရှိအောင် ဖြစ်နေတယ်... ဒါတွေဟာ တဦးတယောက်ရဲ့ စိတ်ဓါတ်နဲ့ ဆိုင်လား တနိုင်ငံလုံး ပြုပြင်ရမဲ့ စိတ်တွေလား မသိတော့ပါဘူး.. ကျနော် လဲ ဘာတွေ ရေးနေမှန်းကို မသိတော့ဘူး စိတ်ညစ်ညစ်နဲ့ ရေးချင်တာရေးလိုက်တာပါ အမှားပါသွားရင်တော့ အားလုံး ခွင့်လွှတ်ပေးဗျာ...

8 comments:

  1. စင်ကာပူမှာ တော်တော် ဆိုးနေတယ်လို့ ကြားနေကြတယ်။

    ReplyDelete
  2. စလုံးမှာ အဆင်မပြေဘူး ကြားနေရတယ်။ အဆင်ပြေပါစေဗျာ

    ReplyDelete
  3. မောင်လေး တောင်ပေါ်သားရေ...
    ကြားရတဲ့ သတင်းတွေကလည်း စိတ်မကောင်းစရာတွေပါပဲ... :(
    အားလုံး အဆင်ပြေကြပါစေ...

    ReplyDelete
  4. ကြယ်စင်မင်းNovember 19, 2008 at 9:57 PM

    စလုံးမှာ အဆင်မပြေတာ ကြားရတော့ မနေ့ကသွားလိုက်တဲ့ သူငယ်ချင်းအတွက် စိတ်လေးတယ်.. အလုပ်အကိုင်တွေ ရှာလို့ရပါ့မလားလို့...။ ကျွန်တော်တို့ ဂ မှာဆိုရင် တစ်ချို့ကားပစ္စည်းထုတ်တဲ့စက်ရုံတွေမှာဆို.. တချို့ကားပစ္စည်းတွေထုတ်တဲ့စက်တွေကို ပိတ်ထားပြီး အလုပ်သမားတွေကိုလည်း အလုပ်ထုတ်လိုက်တယ်.. တရက်ထဲ အယောက် ၇၀ကျော်လောက်ကိုဖြုတ်လိုက်တယ်.. စိတ်မကောင်စရာတွေဘဲ ကြားနေရတယ်...

    သြော်.. ကမ္ဘာ့စီးပွားရေးဂရိုက်နော်.. ကြောက်ဖို့ကောင်းပါတယ်...
    အားလုံးအဆင်ပြေကြပါစေလို့ အားလုံးနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်...

    ReplyDelete
  5. ဟုတ်တယ်ဗျာ...ကိုကြီးတောင်ပေါ်သားရေ...ကျနော်လည်းတစ်နေ့တစ်နေ့
    ဒီအကြောင်းစဉ်းစားလိုက်နဲ့စာကျက်လိုက်နဲ့တော်တော်ကြီးကိုညစ်နေတယ်ဗျ.
    global recession ကကျနော်တို့ graduate ဖြစ်တဲ့အချိန်ကျမှာလာဖြစ်ရတယ်
    လို့...ဒီပုံနဲ့ဆိုနောက်တစ်လကျနော်အလုပ်ဘယ်လိုရှာရမှာလဲ...တွေးလေညစ်
    လေပဲဗျာ...ဗြဲ

    ReplyDelete
  6. ကိုဟန်လင်းထွန်း-- ဆိုးတာကတော့ ဒီလိုပဲပေါ့ ကျနော်တို့ မြန်မာတွေ အတွက်တော့ ဆုတောင်းရမှာပေါ့ဗျာ

    မသက်တန့် ကိုဝင်းဇော် - - ကျေးဇူးအထူးတင်ပါတယ်

    ကြယ်စင်မင်း၊ ညီသံလွင်-- အစစအရာရာ အဆင်ပြေမှာပါဗျာ လိုတာရှိရင် ကျနော်ကို ဆက်သွယ်နိုင်ပါတယ်နော့်

    ReplyDelete
  7. ဒိလိုပဲကိုတောင်ရေ ဖြစ်သမျှအကြောင်းအကောင်းချည်းပဲမှတ်လိုက်ပေါ့ဗျာ
    ဘာမှမလုပ်ပဲ ထိုင်ပြီးစိတ်ညစ်နေအလကားပဲဗျ ဒီတော့ ကိုတောင်ရေဖြေတွေးလိုက်ပါဗျာ။

    ReplyDelete
  8. မြန်မာပြည်အကြောင်းကတော့ ပြောနေရင်တစ်ထောင့်တစ်ညပုံပြင်ထက်ရှည်လိမ့်မယ်ဗျ။
    ခက်တယ်ဗျာ.......... ကျနော်မြင်တာပြောပြရင်လဲ အနှောင့်အသွား
    မလွတ်ဖြစ်ပြီး ၀ိုင်းဆဲကြမှာဗျ
    မပြောတာပဲကောင်းပါတယ်ဗျာ

    ReplyDelete

Blogger Template by Clairvo