Labels

မျောလွင့်နေတဲ့ ဒီအတွေး

ခြောက်သွေ့နေတဲ့ ငါ့နှလုံးသားကို
တဖန်ပြန်လန်းဆန်းအောင် မင်းလေးလုပ်ခဲ့တယ်
တခေါင်ယံညနက်တွေမှာ
မင်းဆီက အပြုံးလေးတွေ ငါတမ်းတခဲ့မိပြီ
မင်းအသံကို ကြားရချိန်မှာ
အရူးတယောက်လို ထခုန်ခဲ့မိတဲ့ ငါ့အဖြစ်
အခုချိန်မှာများ ငါ့အနား
မင်းမရှိတော့ရင် ဘာတွေဖြစ်လာမလဲ
ငါ့ကိုငါတောင် ပြန်မတွေးရဲပါဘူးကွာ။

ကြယ်တွေတောင် တောက်ပနေတာ
ဖိုးလမင်းကတော့ ပြုံးလို့ရယ်လို့
ငါ့ကိုများ လှောင်ရယ်နေသလား
မှောင်လွန်းတဲ့ အခန်းကျဉ်းလေးထဲမှာ
ကိုယ့်ခြေလက်တောင် ကိုယ်မမြင်ရတဲ့ဘဝ
ခြောက်ခြားစရာ ဒီညတွေမှာ
မင်းလေးတာ အဖော်ပြုပေးရင်
ငါဆိုတဲ့ကောင် ဘာကိုမှ ကြောက်မှာ မဟုတ်ဘူး။

မိုက်ရူးရဲဆန်တဲ့ အကျင့်ဆိုးတွေ
ဒါတွေကို ငါဖျောက်ဖို့ ကြိုးစားလဲ လွဲနေတုန်းပေါ့
တခါတလေများ စိတ်ကိုအလိုလိုက်လို့
အမှားပေါင်းတထောင် လုပ်ခဲ့တဲ့ငါ
အားနေရင် မွေးရပ်ကို တမ်းတတဲ့ကောင်
အတိတ်ကို အခါခါ ပြန်နိုးတတ်တဲ့လူတယောက်ပေါ့
အခုတော့ အနာဂတ်ဆိုတာ
သူများပြောမှ ရေးရေးလေး သိလာတဲ့ကောင်
အခုထိ မင်းကတော့ မိုက်တုန်း ဆိုးတုန်း။။။။။။။။။။။။။။။။။။။။။


တောင်ပေါ်သား

5 comments:

  1. အဟ .. ကဗျာလေးက ကောင်းတယ်..ရင်ထဲကလာတဲ့ ရင်တွင်းဖြစ်(မောင်မျိုးမဟုတ်ပါ)တွေနဲ့တူတယ်။
    အရူးတစ်ယောက်လိုတော့ ထမခုန်နဲ့နော် ညီရေ....

    ReplyDelete
  2. စိုင်းစိုင်းလားရှိုးDecember 19, 2008 at 10:06 AM

    ဟဲ့ ငမိုက်သား.... သွားမြဲလမ်းသို့ သွားစေ...

    ReplyDelete
  3. အတွေးတွေ မျောနေပြန်ပြီလား..
    သူ့အရှိန်နဲ့သူလွှတ်ထားလိုက် ကိုတောင်ပေါ်သား.. :)

    ReplyDelete
  4. အကိုရေ ကျတော်တော့ သူများပြောပြတာတောင်
    အနာဂတ်ဆိုတာ ရေးရေးလေးမမြင်သေးဘူးဗျ
    အကိုထက် မိုက်တဲ့လူတွေပီလား
    မတွေ.ရင် ဒီမှာကြည့်ပါ။

    ReplyDelete
  5. မမိုက်နဲ့ မဆိုးတော့နဲ့
    အသက်တွေလည်း ရလာပါပြီး)

    ReplyDelete

Blogger Template by Clairvo