ကျနော်ခေါင်းထဲရောက်နေတဲ့ အရာလေးတွေကို ထုတ်ဖော်ပြတာပါ။ အမြင်မတူရင်၊ သဘောထားမတိုက်ဆိုင်ရင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိပါတယ်။ ဘယ်သူတဦးတယောက်ကိုမှ မရည်ရွယ်ပါဘူး အားလုံးနားလည်ခွင့်လွတ်မယ်လို့ မျှော်လင့်ပါတယ်
၁)
အချစ်ဆိုတာကို လူတွေဟာ အဓိပွါယ်မျိုးစုံနဲ့ သတ်မှတ်ကြပါတယ်.. တချို့ကတော့ အချစ်ဟာ ပေးဆပ်ခြင်းတဲ့.. တချို့ကတော့ အချစ်ဟာ ရယူခြင်းတဲ့.. တချို့အသဲကွဲဖူးတဲ့လူတွေကြတော့ အချစ်ဟာ ကြောက်စရာကောင်းတယ်တဲ့ သြော် အချစ်နဲ့ အဆင်ပြေတဲ့လူတချို့ကတော့ အချစ်ဟာ ချိုမြိန်ပါတယ်တဲ့.. ဒါတွေဟာ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အချစ်ဟာလဲ ကိုယ်ခံစားခဲ့ရသမျှအပေါ် မူတည်ပြီးတော့ ပြောင်းလဲတတ်တယ်ပါတယ်။
တချို့လူတွေက ကျနော်ကို ပြောကြပါတယ်.. အသဲမာတယ် ၊ ချစ်တတ်တဲ့ နှလုံးသားမရှိဘူး ကိုယ်ကျိုးအတွက်ကြည့်တယ်တဲ့ ဒါတွေဟာ တဖက်သားအမြင်တွေပေါ့ ဒါပေမဲ့ ကျနော်တို့ ကိုယ်မဟုတ်တဲ့ တခြားတယောက်က ကိုယ်အပေါ် ဒီလိုမြင်နေပြီဆိုရင် ကျနော်တို့ ကိုယ့်ဟာကိုယ် ပြန်လည် သေချာစဉ်းစား သုံးသပ်သင့်ပြီလို့ ကျနော်မြင်ပါတယ် ကျနော်လဲ သေချာသုံးသပ်ကြည့်ပါတယ်။ ကျနော်ကတော့ ကိုယ့်ကိုကိုယ် အဲလို မမြင်မိပါဘူး :P တချို့အရာတွေဟာ လူတိုင်းသိအောင် လိုက်ပြောရမဲ့ အရာတွေ မဟုတ်သလို လူတိုင်းသိအောင်ပြောလဲ အလားကားပါပဲ………
၂)
ဘ၀မှာ လူတွေဟာ မှားတတ်ကြပါတယ် ဒါပေမဲ့ ဒီအမှားတွေကို မှားလို့မှားမှန်းမသိကြပါဘူး ကျနော်အမြင်ပြောရရင်တော့ ဒါဟာလူဖြစ်ရှုံးတာလို့ မြင်ပါတယ်။ တကယ်ရ်ျများ ကျနော်တို့ မှားမှန်းသိခဲ့ရင် အဲဒီအမှားကို လက်ခံရပါမယ် ဘယ်လိုမှ မဖြစ်နိုင်တဲ့၊ ရှေ့ဆက်လို့ မရတဲ့အရာတခုကို ရူးမိုက်စွာလက်ခံပြီး ရှေ့တိုးမယ်ဆိုရင် ဒါဟာ မသိလို့မှားတာထက် ပိုဆိုးတဲ့ သိရက်နဲ့ မှားနေတာပါ။ ဒါကို လူမိုက်လို့တောင် ခေါ်လို့ရမယ်လို့ထင်ပါတယ်။ လူမိုက်ဆိုတဲ့စကားလုံးဟာ ဆိုးသွမ်း မူးယစ်ပြီး နေမှ မဟုတ်ပါဘူး.. အမှားကို သိရက်နဲ့ အမှန်ကို မပြင်နိုင်တာလဲ လူမိုက်ပါပဲ………
၃)
ဘ၀မှာ ငွေဆိုတာအထိုက်အလျှောက် အရေးပါ ပါတယ်။ ဒါပေမဲ့ ဒီငွေဟာ ကျနော်တို့ကို ကောင်းကျိုးပေးနိုင်လား ၊ ဆိုးကျိုးပေးနိုင်လား ပြောရခက်ပါတယ် ဒါတွေဟာ ကျနော်တို့ ခံယူတဲ့စိတ်ဓါတ်ပေါ်မူတည်ပြီး အဆုံးအဖြတ်ပေးမှာပါ…. လူတချို့ဟာ ငွေနောက်လိုက်ပြီး မှားယွင်းနေတတ်တယ် ဒါဟာ လူတိုင်းမှာ ဖြစ်တတ်တဲ့ အကြောင်းလေးတွေပါ… ကျနော်လဲ တချိန်မှာ မှားခဲ့မှာပါပဲ.. ဒီငွေကြောင့် လူတွေရဲ့ စိတ်ဓါတ်တွေ ပျက်ဆီးခဲ့ရတယ်.. ဒီငွေကြောင့် လူတွေ ပျက်စီးသွားကြတယ်…….
၎)
ဘ၀မှာ လူသားဆန်ဆန် နေထိုင်မူက ဘယ်လောက်အရေးပါသလဲ… ကျနော်တို့ သေချာစဉ်းစားသင့်ပါတယ် လူတဦးရဲ့ အခက်အခဲကို ကူညီသင့်သလို တဖက်သားရဲ့စိတ်ဓါတ်ကိုလဲ နားလည်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ ကျနော်မြင်ပါတယ် ဒီမှာသူငယ်ချင်းဆိုတဲ့ စကားလုံးဟာ တော်တော်ကို အသုံးဝင်ပါတယ် ဘ၀မှာ သူငယ်ချင်း အပေါင်းအသင်းမရှိရင်လဲ ဒီလူဟာ ပြည့်စုံတဲ့ လူမူနေထိုင်မူကို မရနိုင်ဘူးလို့ ကျနော်ခံယူပါတယ်.. ကျနော်ဆိုတဲ့ကောင်ကတော့ မိဘကလွှဲရင် သူငယ်ချင်းက အဓိကပါ.. သူငယ်ချင်းတွေနဲ့ နေရတာစိတ်ချမ်းသာပါတယ်.. ကိုယ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြောပြလို့ရတယ်.. သူရဲ့အခက်အခဲတွေကို ကိုယ်က တဆင့်ပြန်ခံစားပေးမယ် ဒါဟာ ဘယ်လောက်သာယာဖွယ်ကောင်းတဲ့ အပြုအမူတွေလဲဗျာ………
၅)
အခုတလော ဘလော့လောကကြီး ဂရိုက်ထနေတယ်လို့ထင်ပါတယ် အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ ဘလော့ဂါတွေမှာ စောင့်ထိန်းရမဲ့ ၀တ္တရားလေးတွေ လျှော့နေကြတာပါ…
အားလုံးလဲ သိနေလောက်ပါပြီ ကိုယ့်ဘလော့မှာ သူများစာတွေ၊ ပုံတွေ တင်ချင်တယ်ဆို မူရင်းပိုင်ရှင်ဆီမှာ ခွင့်တောင်းရမှာပါ။ ဘလော့မှာ ဥပဒေဆိုတာမရှိပါဘူး ကိုယ်ကြိုက်တာလုပ်လို့ရပါတယ် ဒါပေမဲ့ ဒါဟာလူလောကကြီးမှာ နေတဲ့ လူတွေအတွက် စောင့်ထိန်းသင့်တဲ့ ၀တ္တရားလေးတွေပါ။ ဒီလိုမလုပ်လို့ တရားစွဲလို့ရလား လာမမေးပါနဲ့ ကျနော်တို့ မြန်မာတွေပါ လူတိုင်းဟာ အကြင်နာတရားရှိပါတယ် ဘာသာမရွေးပါဘူး မြန်မာလို့ပြောလိုက်ရင် လူတိုင်းနီးပါးဟာ တပါးသူ ဒုက္ခရောက်မှာ မလိုလားကြပါဘူး
နောက်တချက်က Forward Mail ပို့တဲ့အကြောင်းအရာလေးတွေပေါ့။ ကိုယ်ကကြိုက်လို့ မျှဝေတာ အပြစ်မဟုတ်ပါဘူး ဒါဝမ်းတောင်သာသင့်ပါတယ်။ ဒါပေမဲ့ Forward Mail ပို့တဲ့ ညီအကိုအမတွေတခုလောက် တောင်းဆိုချင်ပါတယ် ဒီလိုမေးလ်တွေ ပို့ချင်တယ်ဆို မူရင်းရေးသားသူရဲ့ နာမည်၊ website link လေးတော့ထည့်ပေးသင့်ပါတယ်။ အခုဖြစ်တာအများစုက ဒီ Forward Mail မေးလ်လေးက ကိုယ်ဆီရောက်လာတယ် ကိုယ်ကကြိုက်လွန်းလို့ ဘလော့ပေါ် လှမ်းတင်တယ် ဒါပေမဲ့ မူရင်းရေးသားသူရဲ့ နာမည်၊လင့်တွေ မရှိတော့ မပေးဖြစ်ဘူး မပေးဖြစ်တော့ မူရင်းရေးသားသူနဲ့ ကွိုင်တွေတက်ရောပေါ့ အားလုံးမြန်မာတွေပါ.. ကျနော်တို့ စည်းလုံးဖို့ လိုနေပါတယ် ဘလော့ဂါတွေရော၊ စာဖတ်ပရိသတ်တွေကော အားလုံး စည်းလုံးမယ်ဆိုရင် ဘယ်လောက်ပျော်ရွှင်ဖွယ်ကောင်းမလဲဗျာ………….
အဲကျနော်တခုပြန်ကြားရတာလေးပါ ကိုယ်ကြိုက်လို့ ကိုယ်ပို့တာ ဘယ်သူကိုမှ ခွင့်တောင်းစရာ မလိုဘူးလို့ ပြောတဲ့ လူတွေရယ် ၊ ကိုယ်ကြိုက်လို့ ကိုယ်ဘလော့မှာတင်မယ် ကိုယ့်ဘလော့ ကိုယ်ကြိုက်တာလုပ်မယ် ဂရုစိုက်စရာမလိုဘူး၊ဲ့ ဘာလုပ်ချင်သလဲဆိုတဲ့ လူတွေရယ်… သူတို့ကို ကျနော်တို့ဘာမှ လုပ်လို့မရပါဘူးဗျာ… ဒါပေမဲ့ ဒါဟာ သူတို့ကိုယ်တိုင်ဖော်ပြတဲ့ သူတို့ရဲ့ဘ၀ပေါ်မှာ ရပ်တည်ချက်လေးတွေဆိုတာတော့ ငြင်းစရာမလိုတော့ပါဘူး……….
ဘယ်သူကိုမှ စာလာဖတ်ဖို့ခေါ်နေတာမဟုတ်ဘူးဆိုတဲ့ လူတွေရောဗျာ တကယ်ရော ဒီလိုစိတ်ထားနိုင်လို့လား ကျနော်တို့ဘလော့ဂါတွေ မြတ်နိုးတာ တယောက်နဲ့တယောက် အပြန်အလှန် comment လေးပေးတာ၊ Cbox မှာ နှုတ်ခွန်းဆက်တာလေးကော မပါတော့ဘူးလား… တကယ်ရ်ျများ အဲလို စိတ်မထားဘူးဆိုရင်တော့ ဘလော့ပေါ်မှာ ရေးစရာတေင် မလိုဘူးထင်တာပဲ :P တယောက်ထဲ စာအုပ်တအုပ်ဝယ်ပြီးတော့ ရေးပြီးသိမ်းထားသင့်တာပေါ့နော့် ဒါဆို ဘယ်သူမှလဲ လာမအော်တော့သလို ဘယ်စာဖတ်ပရိသတ်မှလဲ လာတော့မှာ မဟုတ်ပါဘူးဗျာ…
အခုတလော ကျနော်မြင်နေ၊တွေ့နေ၊ကြားနေရတာလေးတွေ ရေးလိုက်တာပါ.. ကိုယ်ဘလော့မှာ ကိုယ်ကြိုက်တာတင်တယ်လို့တော့ မထင်လိုက်ပါနဲ့ အားလုံး နားလည်နိုင်ပါစေလို့………
Labels
- Blog (470)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2008
(190)
-
▼
December
(30)
- နှစ်တနှစ်ကို ပြန်တွေးကြည့်ခြင်း
- နှစ်တနှစ်ကို ပြန်တွေးကြည့်ခြင်း
- စိတ်ကူးယဉ်ကြည့်ခြင်း
- စိတ်ကူးယဉ်ကြည့်ခြင်း
- စိတ္တဇ
- စိတ္တဇ
- အပန်းပြေသော ဟာသလေးများ (၄)
- !!!!!!!!!MERRY CHRISTMAS!!!!!!
- အပန်းပြေသော ဟာသလေးများ (၄)
- !!!!!!!!!MERRY CHRISTMAS!!!!!!
- ကဲဘောလုံးပွဲတွေ အလကားကြည့်ကြမယ်
- တောင်းပန်ခြင်း
- ကဲဘောလုံးပွဲတွေ အလကားကြည့်ကြမယ်
- တောင်းပန်ခြင်း
- မျောလွင့်နေတဲ့ ဒီအတွေး
- မျောလွင့်နေတဲ့ ဒီအတွေး
- ရင်ဆိုင်ကြပါစို့
- ရင်ဆိုင်ကြပါစို့
- အဆင်ပြေရင်တော့ ဖြေသွားစေချင်တယ်
- အဆင်ပြေရင်တော့ ဖြေသွားစေချင်တယ်
- အိမ် နှင့် လမ်း
- အိမ် နှင့် လမ်း
- စင်ကာပူIC အမှတ်တရ
- စင်ကာပူIC အမှတ်တရ
- ကာရန်မဲ့
- ကာရန်မဲ့
- ဆားချက်ခြင်း
- ဆားချက်ခြင်း
- နှစ်ကူး အတွေးများ
- နှစ်ကူး အတွေးများ
-
▼
December
(30)
Powered by Blogger.
မှန်ပါတယ်..အကိုရေ
ReplyDeleteဘရားသာရေ..
ReplyDeleteကိုယ်တို့လဲ အိမ်မှာ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးပြော ဖြစ်နေကြတယ်လေ။
Forward Mail ပို့တဲ့ကိစ္စ..အဲဒါတော်တော်လေးဆိုးတယ်။ ဘယ်သူမဆိုပေါ့..ဟင်းကောင်းစာရရင် ချစ်တဲ့ သူကို သတိရတယ်ဆိုသလိုပေါ့ကွာ။ ဒါပေမဲ့ forward mail တော်တော်များများဟာ ရေးသူ မပါ. ဘယ်လင့်က ယူတယ်ဆိုတာကို မပြောပဲ စာချည်းသက်သက် ပဲရောက်တက်ကြတယ်လေ။ အဲဒါမကောင်းတာပါ။ ကိုယ်လဲ အရမ်းကြိုက်တဲ့ ပို့စ် တွေကို forward လုပ်ဖူးပါတယ်။ ဒါပေမဲ့ ရေးတဲ့သူနာမည်ကို စာလုံးကြီးနဲ့ ရေးပြီး blog link ကိုလဲထည့်ပေးလိုက်တယ်။
“ဘယ်သူကိုမှ စာလာဖတ်ဖို့ခေါ်နေတာမဟုတ်ဘူးဆိုတဲ့ လူတွေရောဗျာ တကယ်ရော ဒီလိုစိတ်ထားနိုင်လို့လား” ကိုယ်ကတော့ မထားနိုင်ဘူးဗျို့ ..ကိုယ်အိမ်လာတဲ့သူ ကိုယ်ချစ်တဲ့ သူတွေဆီသွားလည်ရင် လင့်ထားခဲ့တယ်. ကိုယ်ဖန်တီးမှုကို သူတို့လေးတွေ ဘာပြောမလဲ ဘာဝေဖန်မလဲလို့ပေါ.ကွန်မန့်တွေ အများကြီးရတဲ့ အခါဆို ဘလော့ရေးရတာ ပျော်လို့ပေါ့ကွာ..
ဘလော့ ရပ်ဝန်းကြီး အေးချမ်း ပျော်ရွှင်စေချင်ပါတယ်…
မောင်လေး စိုးမင်းထိုက်ရေ...
ReplyDeleteညာဘက် ညာဘက်... (right right...)
မှန်၏... မှန်၏...
မှန်တယ်ဗျာ.. ကိုတောင်ပေါ်သား
ReplyDeleteတောင်ပေါ်သားကတော့ ပြောလိုက်ရင် ရှင်းရှင်းပဲ ... ဟုတ်တယ် တစ်ခါတစ်လေ ဘာသာပြန်တာတွေတောင်ထပ်ကုန်ပြီ .... အင်း မူရင်းကလည်း အင်တာနက်ကပဲရကြတာကိုး .... ဘာဖြစ်ဖြစ် လက်ခံလိုက်ရမှာပဲဗျာ .... ဘလော့ဂ်ကိုးဗျနော် ....
ReplyDeleteတောင်ပေါ်သားလေးရဲ့အတွေးတွေအရေးတွေက
ReplyDeleteမှတ်သားလောက်ပါပေတယ်။
လိုရင်းတိုရှင်းပြောရရင်တော့ဗျာ....
ReplyDeleteအချစ်ဆိုတာ... ကာယကံရှင်ပေါ်မှာမူတည်ပါတယ်။
အမှားဆိုတာ.... ဘယ်သူမှမကင်းပါဘူး။မမှားသောရှေ့နေ၊မသေ
သောဆေးသမားတဲ့
ငွေဆိုတာ.... မြွေလိုပဲ ကိုင်တွယ်အသုံးချတတ်ဖို့ပဲလိုတယ်၊ မကိုင်တွယ်တတ်ရင်တော့ ပြန်ပေါက်ခံရမယ်။
လူသားဆန်ဆန်နေတတ်တယ်ဆိုတာ......
မိတ်ဆွေသင်၏နာရေးကို သင်၏မိတ်ဆွေက
သူ၏၀မ်းနာတာလောက်ဂရုမစိုက်ပါ။
ဘလော့မှာ သူများစာကို ကိုယ့်စာလိုတင်တာတော့....... လေကုန်ရုံပဲရှိမယ် ဒိလိုလုပ်နေတာဟာ
အခုမှမဟုတ်ရှေးပဝေသနီကာလထဲက စာမှ
မဟုတ်၊သီချင်း၊ရုပ်ရှင်အားလုံးလဲ ကူးချခံရနေတာပါပဲ အဲဒီအထဲ ကျနော်လဲပါတယ် ဟိဟိ
မောင်လေးရဲ့ အတွေလေးတွေဖတ်သွားပါတယ်.
ReplyDeleteကောင်ပါ၏။ မှတ်သားသွားပါတယ်။