Labels

စင်ကာပူIC အမှတ်တရ

(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရဲ့ ညီအကို မောင်နှမတွေနဲ့ တူတူသွားကဲဖြစ်ပါတယ်….. ဈေးကတော့ နဲနဲများတာ ဟီးးးး


ပွဲကို စတင်ချိန် ၆း၃၀ လောက်ပြောထားလို့ ကျနော်တို့အုပ်စုလဲ IC ရဲ့ မူအတိုင်းထင်ပြီး ၆ နာရီကျော်လောက်မှာ စထွက်ခဲ့ပါတယ်… ကျနော်တို့ ရောက်သွားတော့ ၆ နာရီ၃၀မိနစ် ကျော်လောက် ရှိပါပြီ ဒါပေမဲ့ ပွဲစဖြစ်တာကတော့ ၇ နာရီကျော်လောက်မှပါ။ စတိတ်ရှိုးစင်လေးရဲ့ အဆင်အပြင်ကတော့ ကြည့်ရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ၀င်ရောက်ချင်းမှာပဲ အဆင်မပြေတာကတော့ ပွဲစီစဉ်သူတွေပါ။ သူတို့လဲ သူတို့လုပ်ရတဲ့ အတိုင်းအတာတခုကို အောင်မြင်စွာ ပြုလုပ်ပေးခဲ့တာပါပဲ။ ဒါပေမဲ့ ပရိသတ်တယောက်အနေနဲ့ ကြည့်လိုက်ရင်တော့ သိပ်အဆင်မပြေပါဘူး။ ပေးရတဲ့ လက်မှတ်ဖိုးနဲ့ ကြည့်ရတာကတော့ အဆင်မပြေပါဘူး။ခုံတွေက အစီအစဉ်မကျသလို တော်တော်ကို စိတ်ပျက်စရာကောင်းပါတယ်။

IC ရဲ့ သဘာဝမို့လို့ တက်သစ်စ လူငယ်တွေကို အရင်ဆုံး မိတ်ဆက်ပေးပြီး သီချင်းဆိုစေပါတယ်။ ကျနော်က သီချင်းတွေ သိပ်ခံစားတတ်လေ့ မရှိတော့ သိပ်မသိပါဘူး မှတ်မိရသလောက်ကတော့ နောနော် ကအရင် သီဆိုပါတယ်။ သီချင်းတွေကတော့ မမှတ်မိတော့ဘူးဗျာ နောနော် ပြီးတော့ Lလွန်းဝါ၊ Rဇာနည် ၊ ဇော်ပိုင်၊ ၀ိုင်းဝိုင်း၊ မျိုးကြီး၊ အငဲတို့ အစီအစဉ်လိုက် သီဆို ဖျော်ဖြေပေးကြတာကို တွေ့ရပါတယ်။ ကိုအငဲ ပြောသွားတာလေး တခုတော့ မှတ်မိပါတယ်။ ကိုချစ်စမ်းမောင် ရှိလို့ ကမ္ဘာတလွှား လိုက်ဖျော်ဖြေတာ အားငယ်စရာမရှိဘူးတဲ့။ အမှန်ပါပဲ ကိုချစ်ရဲ့တီးခတ်မူဟာ ဂီတကို ရူးမိုက်စွာ မခံစားတတ်တဲ့ ကျနော်လို လူမျိုးတောင် မြန်မာတွေအစား ဂုဏ်ယူမိပါတယ်။ ကျနော်တို့ မြန်မာတွေ ဘယ်သူမှ မညံ့ဘူးဆိုတာ မြင်ရပါတယ် တချို့လူတွေကလွဲလို့ပေါ့ဗျာ ဟက် ဟက် (ကိုရန်အောင်နားက ငှားသုံးလိုက်ပါတယ်)


ဒီရှိုးပွဲမှာ တွေ့ရတာကတော့ ပရိသတ်အားပါပဲ။ အားကျစရာ ရွှေမြန်မာတွေ Hall တခုလုံး နီးပါးအပြည့်ပါပဲ အားလုံးက သက်ဆိုင်ရာ အလုပ်တွေမှာ စိတ်ဖိစီးမူတွေကို ခဏလောက်မေ့ပြီး ဘ၀အမောတွေကိုပစ်လို့ လာရောက် စိတ်အပန်းဖြေကြတာကို တွေ့ခဲ့ရပါတယ်။ မြင်တာကို ဝေဖန်ရရင်တော့ လာရောက်တဲ့ လူတွေထဲမှာ တချို့လူတွေက လွန်တာထက် မူးရူးပြီး ကဲနေတာကိုတွေ့ရပါတယ်… IC ရှိုးတို့သဘာဝ လူငယ်တွေ ကကြပျော်ကြတာ လက်ခံနိုင်စရာပဲါ။ ဒါပေမဲ့ သူများနိုင်ငံမှာ မူးရှုးပြီး ခုံတွေကို ရိုက်ချိုးပြီး သောင်းကျန်းတာကတော့ လက်ခံစရာမရှိပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာတားတာတောင် မူးရှုးပြီး မြန်မာသိက္ခာကျအောင် လုပ်နေသေးတာတွေ တွေ့ရပါတယ်။





သူတပါးနိုင်ငံမှာ အမြဲတမ်း စိတ်ဖိစိမူတွေများနေတာ အခုလို အချိန်မျိုးမှာစိတ်လွတ်ပေါ့ပါးပြီး အပန်းဖြေတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာတွေ စိတ်ကို ထိန်းဖို့ လိုနေပါသေးတယ်လို့ ကျနော်ထင်တယ်။ စကားမစပ် မြန်မာဘောလုံးအသင်းလဲ ဒုံးရင်းက ဒုံးရင်း ရှုံးပြန်ဖြစ်သွားပြန်ပါပြီဗျာ… ဘယ်တော့မှ နိုင်ပွဲရမလဲ မသိပါဘူး သြော် ကိုယ့်တိုင်းပြည်မှာတော့ ဖလားရတာ တော်သေးတယ် ပြောရမယ်နော့်..... တနေ့နေ့ပေါ့ဗျာ ပြန်လာမှာပေါ့

အဲ ဓါတ်ပုံများကို ကျနော်ကိုယ်တိုင် ရိုက်ထားပါကြောင်း

9 comments:

  1. မိုက်တယ်ဗျာ...တားတားဘတ်ဂျတ်ထိခိုက်နေလို့မသွားလိုက်ရဝူး...

    ReplyDelete
  2. စိုင်းစိုင်းလားရှိုးDecember 13, 2008 at 4:09 AM

    အဟေး...........
    မသွားဖြစ်ဘူးကွာ...
    တောင်ပေါ်သားရေ တချို့က ဒီလိုပဲကွ.
    အရှည်မကြည့်ဘူး မစဉ်းစားဘူး ခက်တယ်..

    ReplyDelete
  3. ဟုတ်တယ် အကိုရေ ကျတော်လဲ
    ကျန်းမာရေးညံ့နေလို့ မသွားလိုက်ဖူး။
    သွားချင်တာ တပိုင်းသေနေတာပဲ
    ပျော်ရွှင်ပါစေ

    ReplyDelete
  4. ဟားဗျာ.. အားကျတ်ဗျာ ကျနော် အိုင်စီပွဲကို
    ကြည့်ချင်တာဗျ။တခါမှ ကြည့်ဖို့ အကြောင်း မတိုက်ခဲ့ဘူးဗျာ။

    ReplyDelete
  5. ကြည့်ချင်တာ.. ၂ ပိုင်းကိုသေလို့.. လက်မှတ်ဈေးကြီး လို့မကြည့်ခဲ့ရဘူး..
    စိတ်နာတယ်.. သူတို့ကတော့ ပျော်လို့..
    တော်တော် rock ခဲ့တယ်ပေါ့လေ .ကိုတောင်ပေါ်သား.. :P

    ReplyDelete
  6. ကျတော်ကတော့ သွားဘူး။ အိမ်က အကုန်သွားတယ်။ ကျတော်ပဲကျန်ခဲတယ်။ because i m not ic crazy.

    ReplyDelete
  7. IC ရိုးမကြည့်ရတာကြာနေပြီ.. အဲ့ဒီလို live ကြည့်ချင်တာ... ကျေးဇူးပါ..။

    ReplyDelete
  8. နာကတော့ အလုပ်ရှိလို့ မကြည့်လိုက်ရဘူး.. ကြည့်ချင်တယ်.. ရှိုးပွဲတွေမှာ ဘေးလူ အနှောင့်အယှက်ဖြစ်အောင်လုပ်တာတော့ အောက်တန်းကျလွန်းတယ်.. သူတို့ကိုယ်သူတို့ ဟုတ်လှပြီထင်နေလားမှမသိတာ.. အဲဒိလူက သူ့ဓာတ်ပုံ တောင်ပေါ်သားရိုက်မှန်းသိရင်တော့.. မလွယ်ဘူး.. သတိထားနေပေတော့.. ဟား... ဟား.... မြန်မာဘောပွဲအကြောင်းကောင်းကောင်းမသိပေမဲ့.. နိုင်ငံတကာကလဲ မြန်မာဆိုနှိမ်ချင်တာက များများပါ.. ဒိုင်ကစ ကိုယ်တွေကို ကြည့်မရပဲ နှိမ်ချင်တာလဲပါမယ်ထင်ပါတယ်.. ပြဿနာတွေဖြစ်တာတော့သိတယ်.. ဘာတွေဖြစ်မှန်းတော့မသိဘူး.. youtube မှာ ကွန်မန့်တွေနဲ့ မြန်မာနဲ့ စလုံးတွေ ရန်ဖြစ်နေတာတွေ့တယ်.. စလုံးတွေက ဘောပွဲနဲ့မဆိုင်တဲ့ လူမျိုးရေးနှိမ်ချမှုတွေ.. သူတို့နိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေကို စော်ကားထားတယ်.. ၀င်မပြောတော့ဘူး.. ၁ကြောင်းဖတ်တာတောင် ဒီလောက်ဒေါသထွက်နေရတာ.. ဥပက္ခာပဲ ပြုနေလိုက်တယ်.. အိမ်ခေါင်မိုး မလုံလို့ တစက်မိတ်မိုးယိုခံနေရတာ မတတ်နိုင်ဘူးလေ...

    ReplyDelete
  9. အလုပ်က off ယူလို့မရလို ticket ဝယ်ထားပီးမှမကြည့်လိုက်ရတာ တောင်ပေါ်သားဆီမှာဝင်ကြည့်သွားပါတယ်။

    ReplyDelete

Blogger Template by Clairvo