Labels

ဒုတိယတကြိမ် ထုတ်ဝေခြင်း


ဦးနော်တီငယ် တို့ရဲ့ Tag ပိုစ့်လေးပါ။ Tag ပိုစ့်လေးရဲ့ အဓိပ္ပါယ်ကတော့ တင်ခဲ့ပြီတဲ့ ပိုစ့်တွေထဲက အဟောင်းတခုခုကို ပြန်ဖော်ပြဖို့ ကိုယ်အနှစ်သက်ဆုံး ပိုစ့်လေးကို ဖော်ပြဖို့ပါ။ ကျနော်ရဲ့ ဘလော့လေးမှာ ကျနော် အနှစ်သက်ဆုံးပိုစ့်လေး တပိုစ့်ကို တင်ပေးလိုက်ပါတယ်။ အားလုံးနှစ်သက်မယ်လို့ ထင်ပါတယ်။



မွန်မြတ်ကြပါစို့

အရာအားလုံး ပျောက်ဆုံးသွားသူတွေအတွက်
မျှော်လင့်ချက်ကလွဲလို့
နားခိုစရာ လောကငရဲပဲ ရှိတော့တာလား …။

မုန်တိုင်းဟာ
ကမူးရှူးတိုး ဆိုးသွမ်းဖျက်စီးတတ်တဲ့ သဘာဝနဲ့
ဘာမှမကျန်အောင် ၀ါးမြိုသွားလိုက်တာ
ရင်ဘတ်ဟောင်းလောင်း အလောင်းတွေ တန်းစီနေတဲ့
ဒို့ပြည်ပဲ ကျန်ခဲ့တယ် …။

စားစရာ မရှိတော့ဘူး လူလေးရေ …
အမေက ငိုနေပေမယ့် စားမယ့် ပါးစပ်ပေါက်လေးတွေ
ပျောက်ဆုံးခဲ့ …။

နေစရာမရှိတော့ဘူး လုံမရေ …
ပုံကျခွေလဲနေတဲ့ ရေထဲက အလောင်းလေးပဲ ကျန်ခဲ့ …။
ဆေးမရှိတော့ဘူး အဘရေ …
ငြိမ်သက်နေတဲ့ အဘ ရေတွေစိုပွလို့ ဘ၀ခြားတဲ့ အလောင်းပဲ
ရေစီးကြောင်းထဲ မျောခဲ့ …။

ဒီလိုဘ၀တွေနဲ့
ကူသူမဲ့ …
ကယ်သူမဲ့ …
ဆူဝေတဲ့ သောကပင်လယ်ဟာ
ရှင်သူများကို ၀ါးမြိုစပြုနေပြီလေ …။

နတ် သိကြား ဒေ၀တာ
များစွာသော တန်ခိုးရှင်များ ခင်ဗျား
မွဲတေတဲ့ ဘ၀များ ဘာမှားခဲ့ပါသလဲ …
မိသားစု ပျောက်ဆုံးသွားသူတွေအတွက်
မျက်ရည်နဲ့ သောက၊ ငတ်မွတ်မှုနဲ့ ရောဂါဆိုး
သင်တို့ဘယ်တန်ခိုးနဲ့ ဖန်ဆင်းခဲ့ကြပါသလဲ …။

ကဲ …
ဒို့ ပြည်သူ ဒို့ ကူကြစို့
ဘာပဲဖြစ်ဖြစ် ကျန်ရစ်သူတွေအတွက်
မျှော်လင့်ချက် အနန္တနဲ့ ဘ၀ဆက်ခွင့်အတွက် …။ ။


ဒီကဗျာလေးဟာ အကိုဖိုးဇေ (ခ) အကိုမြင့်ဇေ (ခ) ပွင့်သစ်(ကရိန်ကန်) ရဲ့ ကဗျာလေးပါ။ ကျနော် အကိုဖိုးဇေ ကိုမသိ၊ မရင်းနှီးခဲ့ပါဘူး ဒါပေမဲ့ သူရဲ့ ထိမိတဲ့ကဗျာလေးတွေကို နှစ်သက်ခဲ့ပါတယ်။ သူ့ရဲ့ဘလော့လေးဟာ အခုဆို ပြုပြင်မဲ့သူမရှိ ဖြစ်နေရပါပြီ။ သူဘလော့ရဲ့ about me မှာရေးထားတာလေးကို ဖတ်လိုက်ရတိုင်း ကျနော်ရင်မှာခုထက်ထိ ခံစားနေရဆဲပါ။
အကိုဖိုးဇေ ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းရင်း


မှတ်ချက်။ ။ ပုံကို Google မှ ယူပါသည်။

အဲ့မေ့တော့မလို့ ပြန် Tag ရဦးမှာပဲ ကံထူးသူတွေက အောက်ကလူတွေ ဖြစ်ပါကြောင်း စိတ်ဆိုးနဲ့ ချစ်လို့Tag တာ အားလုံးက Tag ခံထားရတယ်ဆိုတော့ ဒီလူတွေပဲ ကျန်တော့တာကိုးဗျာ.....

၁) ကလေးလေး
၂) ကိုကြယ်စင်မင်း (ရေးပြီး)
၃) မောင်စနေသား
၎) မောင်ရဲ (ရေးပြီး)
၅) ယမကာလုလင် (ရေးပြီး)
၆) ကိုဖြိုး (ရေးပြီး)
၇) ကန္တာရမိုးစက် (ရေးပြီး)
၈) ကီကီ (ရေးပြီး)

ကိုနေးတစ် (ရေးပြီး)
ဦးရှင်ကြီးကိုတော့ Tag တော့ပါဘူး သူက ဟီးးး အလုပ်တွေ ရှုပ်နေတာကိုးဗျ

ကဲတော်ပါပြီ ဒီလောက်ပဲ စိတ်ဆိုးကြနဲ့ ချစ်လို့ Tag တာ ဟွန့်




လေးစားလျက် တောင်ပေါ်သား

11 comments:

  1. အခုပြန်စဉ်းစား ခံစားချက်က အသစ်ပြန်ဖြစ်တယ် ..

    ReplyDelete
  2. အဟောင်းထဲက အကောင်းစားလေးပါလား...
    မေ့ထားချင်ပေမဲ့ တစ်ကယ် ဖြစ်ခဲ့တော့ မေ့မရဘူးပေါ့...

    ReplyDelete
  3. တောင်ပေါ်သားလေးရေ...

    အရမ်းကို ကျေးဇူးတင်ပါတယ်...
    ကျေနပ်ဖွယ်ကောင်းတဲ့ ကဗျာလေးကို ပြန်ဖတ်သူတိုင်း အသိအမှတ်ပြုကြမယ်ဆိုတာ...

    ဦးနော်..တီငယ်.. နဲ့ ညီမကလေးလေးတို့
    ယုံကြည်နေမိတယ်..

    ခင်မင်စွာ ချစ်ခြင်းအားဖြင့်...

    ReplyDelete
  4. ကြယ်ပြာApril 2, 2009 at 10:26 PM

    ကဗျာလေးထဲမှာ အနှေးပြကွက်တွေပြန်မြင်နေရတယ် .. ဒီကဗျာလေးတခါမှမဖတ်ဖူးဘူး ... ကျေးဇူးပါ ...

    ReplyDelete
  5. ဖူး... ဟူး.. တော်သေးတယ်... ဒီတစ်ခါတော့ Tag တာလွတ်သွားတယ်..။ ဘာပဲပြောပြော ကဗျာလေးကိုတော့ ခံစားရမိတယ်ဗျာ..။ စိတ်မကောင်းစရာတွေကိုလည်း မျက်လုံးထဲ ပြန်မြင်ယောင်မိပြန်ပါတယ်....

    ကျေးဇူးနော်.. အာလုံးအတွက်
    :D

    ReplyDelete
  6. ကဗျာလေးကိုထပ်တူခံစားသွားပါတယ်

    ReplyDelete
  7. အရာအားလုံး ပျောက်ဆုံးသွားသူတွေအတွက်
    မျှော်လင့်ချက်ကလွဲလို့
    နားခိုစရာ လောကငရဲပဲ ရှိတော့တာလား …။

    ထိတယ်ဗျာ။နာဂစ်ကိုကွက်ကွက်ကွင်းကွင်းမြင်သွားပါတယ်။
    လေးစားစွာဖြင့်
    ရဲဝင့်သူ

    ReplyDelete
  8. ကဗျာလေးတော်တော်ကောင်းတယ်---
    ပျော်ရွှင်ပါစေ--

    ReplyDelete
  9. ကြေကွဲခံစားသွားရတယ်...တုန်လှုပ်စရာလည်းကောင်းပါ့။

    ReplyDelete
  10. ကိုဖိုးဇေရဲ့ အဲဒီကဗျာကို သူတင်တုန်းက မဖတ်မိလိုက်ဘူး။ ညီလေး အခု ပြန်တင်ထားတော့ ပြန်ဖတ်ခွင့်၊ ခံစားခွင့်ရတယ်။ Tag game လေးမှာ အခုလို ကဗျာကောင်းလေး ကို ပြန်တင်ပေးတာကို ကျေးဇူးပါ။

    ReplyDelete
  11. ကဗျာကောင်းလေးပါပဲဗျာ ပိုင်ရှင်မရှိတော့ဘူး
    ဆိုတော့ နှမျောလှတယ်ဗျာ။

    ReplyDelete

Blogger Template by Clairvo