ဦးနော်တီငယ် တို့ရဲ့ Tag ပိုစ့်လေးပါ။ Tag ပိုစ့်လေးရဲ့ အဓိပ္ပါယ်ကတော့ တင်ခဲ့ပြီတဲ့ ပိုစ့်တွေထဲက အဟောင်းတခုခုကို ပြန်ဖော်ပြဖို့ ကိုယ်အနှစ်သက်ဆုံး ပိုစ့်လေးကို ဖော်ပြဖို့ပါ။ ကျနော်ရဲ့ ဘလော့လေးမှာ ကျနော် အနှစ်သက်ဆုံးပိုစ့်လေး တပိုစ့်ကို တင်ပေးလိုက်ပါတယ်။ အားလုံးနှစ်သက်မယ်လို့ ထင်ပါတယ်။
အရာအားလုံး ပျောက်ဆုံးသွားသူတွေအတွက်
မျှော်လင့်ချက်ကလွဲလို့
နားခိုစရာ လောကငရဲပဲ ရှိတော့တာလား …။
မုန်တိုင်းဟာ
ကမူးရှူးတိုး ဆိုးသွမ်းဖျက်စီးတတ်တဲ့ သဘာဝနဲ့
ဘာမှမကျန်အောင် ၀ါးမြိုသွားလိုက်တာ
ရင်ဘတ်ဟောင်းလောင်း အလောင်းတွေ တန်းစီနေတဲ့
ဒို့ပြည်ပဲ ကျန်ခဲ့တယ် …။
စားစရာ မရှိတော့ဘူး လူလေးရေ …
အမေက ငိုနေပေမယ့် စားမယ့် ပါးစပ်ပေါက်လေးတွေ
ပျောက်ဆုံးခဲ့ …။
နေစရာမရှိတော့ဘူး လုံမရေ …
ပုံကျခွေလဲနေတဲ့ ရေထဲက အလောင်းလေးပဲ ကျန်ခဲ့ …။
ဆေးမရှိတော့ဘူး အဘရေ …
ငြိမ်သက်နေတဲ့ အဘ ရေတွေစိုပွလို့ ဘ၀ခြားတဲ့ အလောင်းပဲ
ရေစီးကြောင်းထဲ မျောခဲ့ …။
ဒီလိုဘ၀တွေနဲ့
ကူသူမဲ့ …
ကယ်သူမဲ့ …
ဆူဝေတဲ့ သောကပင်လယ်ဟာ
ရှင်သူများကို ၀ါးမြိုစပြုနေပြီလေ …။
နတ် သိကြား ဒေ၀တာ
များစွာသော တန်ခိုးရှင်များ ခင်ဗျား
မွဲတေတဲ့ ဘ၀များ ဘာမှားခဲ့ပါသလဲ …
မိသားစု ပျောက်ဆုံးသွားသူတွေအတွက်
မျက်ရည်နဲ့ သောက၊ ငတ်မွတ်မှုနဲ့ ရောဂါဆိုး
သင်တို့ဘယ်တန်ခိုးနဲ့ ဖန်ဆင်းခဲ့ကြပါသလဲ …။
ကဲ …
ဒို့ ပြည်သူ ဒို့ ကူကြစို့
ဘာပဲဖြစ်ဖြစ် ကျန်ရစ်သူတွေအတွက်
မျှော်လင့်ချက် အနန္တနဲ့ ဘ၀ဆက်ခွင့်အတွက် …။ ။
ဒီကဗျာလေးဟာ အကိုဖိုးဇေ (ခ) အကိုမြင့်ဇေ (ခ) ပွင့်သစ်(ကရိန်ကန်) ရဲ့ ကဗျာလေးပါ။ ကျနော် အကိုဖိုးဇေ ကိုမသိ၊ မရင်းနှီးခဲ့ပါဘူး ဒါပေမဲ့ သူရဲ့ ထိမိတဲ့ကဗျာလေးတွေကို နှစ်သက်ခဲ့ပါတယ်။ သူ့ရဲ့ဘလော့လေးဟာ အခုဆို ပြုပြင်မဲ့သူမရှိ ဖြစ်နေရပါပြီ။ သူဘလော့ရဲ့ about me မှာရေးထားတာလေးကို ဖတ်လိုက်ရတိုင်း ကျနော်ရင်မှာခုထက်ထိ ခံစားနေရဆဲပါ။
အကိုဖိုးဇေ ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းရင်း
မှတ်ချက်။ ။ ပုံကို Google မှ ယူပါသည်။
အဲ့မေ့တော့မလို့ ပြန် Tag ရဦးမှာပဲ ကံထူးသူတွေက အောက်ကလူတွေ ဖြစ်ပါကြောင်း စိတ်ဆိုးနဲ့ ချစ်လို့Tag တာ အားလုံးက Tag ခံထားရတယ်ဆိုတော့ ဒီလူတွေပဲ ကျန်တော့တာကိုးဗျာ.....
၁) ကလေးလေး
၂) ကိုကြယ်စင်မင်း (ရေးပြီး)
၃) မောင်စနေသား
၎) မောင်ရဲ (ရေးပြီး)
၅) ယမကာလုလင် (ရေးပြီး)
၆) ကိုဖြိုး (ရေးပြီး)
၇) ကန္တာရမိုးစက် (ရေးပြီး)
၈) ကီကီ (ရေးပြီး)
ကိုနေးတစ် (ရေးပြီး)
ဦးရှင်ကြီးကိုတော့ Tag တော့ပါဘူး သူက ဟီးးး အလုပ်တွေ ရှုပ်နေတာကိုးဗျ
ကဲတော်ပါပြီ ဒီလောက်ပဲ စိတ်ဆိုးကြနဲ့ ချစ်လို့ Tag တာ ဟွန့်
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
ဒုတိယတကြိမ် ထုတ်ဝေခြင်း
မွန်မြတ်ကြပါစို့
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
April
(28)
- အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်
- အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်
- သို့ အမေ
- သို့ အမေ
- မြို့ပျက်အလွန်
- မြို့ပျက်အလွန်
- ကျနော် ကျောင်းဆရာ (၂)
- ကျနော် ကျောင်းဆရာ (၂)
- ကြော်ငြာ (၁)
- ကြော်ငြာ (၁)
- For Rapid Share Download
- For Rapid Share Download
- နာမည်ကြီး ထမင်းငတ်
- နာမည်ကြီး ထမင်းငတ်
- သတိပေးချက် (မုန်တိုင်း)
- သတိပေးချက် (မုန်တိုင်း)
- သင်္ကြန်အမှတ်တရ
- သင်္ကြန်အမှတ်တရ
- စိတ်ကူးယဉ် အိပ်မက်
- စိတ်ကူးယဉ် အိပ်မက်
- သက်တန့်
- သက်တန့်
- ဆိုရိုးစကား
- ဆိုရိုးစကား
- ဒုတိယတကြိမ် ထုတ်ဝေခြင်း
- ဒုတိယတကြိမ် ထုတ်ဝေခြင်း
- အကြော်
- အကြော်
-
▼
April
(28)
Powered by Blogger.
အခုပြန်စဉ်းစား ခံစားချက်က အသစ်ပြန်ဖြစ်တယ် ..
ReplyDeleteအဟောင်းထဲက အကောင်းစားလေးပါလား...
ReplyDeleteမေ့ထားချင်ပေမဲ့ တစ်ကယ် ဖြစ်ခဲ့တော့ မေ့မရဘူးပေါ့...
တောင်ပေါ်သားလေးရေ...
ReplyDeleteအရမ်းကို ကျေးဇူးတင်ပါတယ်...
ကျေနပ်ဖွယ်ကောင်းတဲ့ ကဗျာလေးကို ပြန်ဖတ်သူတိုင်း အသိအမှတ်ပြုကြမယ်ဆိုတာ...
ဦးနော်..တီငယ်.. နဲ့ ညီမကလေးလေးတို့
ယုံကြည်နေမိတယ်..
ခင်မင်စွာ ချစ်ခြင်းအားဖြင့်...
ကဗျာလေးထဲမှာ အနှေးပြကွက်တွေပြန်မြင်နေရတယ် .. ဒီကဗျာလေးတခါမှမဖတ်ဖူးဘူး ... ကျေးဇူးပါ ...
ReplyDeleteဖူး... ဟူး.. တော်သေးတယ်... ဒီတစ်ခါတော့ Tag တာလွတ်သွားတယ်..။ ဘာပဲပြောပြော ကဗျာလေးကိုတော့ ခံစားရမိတယ်ဗျာ..။ စိတ်မကောင်းစရာတွေကိုလည်း မျက်လုံးထဲ ပြန်မြင်ယောင်မိပြန်ပါတယ်....
ReplyDeleteကျေးဇူးနော်.. အာလုံးအတွက်
:D
ကဗျာလေးကိုထပ်တူခံစားသွားပါတယ်
ReplyDeleteအရာအားလုံး ပျောက်ဆုံးသွားသူတွေအတွက်
ReplyDeleteမျှော်လင့်ချက်ကလွဲလို့
နားခိုစရာ လောကငရဲပဲ ရှိတော့တာလား …။
ထိတယ်ဗျာ။နာဂစ်ကိုကွက်ကွက်ကွင်းကွင်းမြင်သွားပါတယ်။
လေးစားစွာဖြင့်
ရဲဝင့်သူ
ကဗျာလေးတော်တော်ကောင်းတယ်---
ReplyDeleteပျော်ရွှင်ပါစေ--
ကြေကွဲခံစားသွားရတယ်...တုန်လှုပ်စရာလည်းကောင်းပါ့။
ReplyDeleteကိုဖိုးဇေရဲ့ အဲဒီကဗျာကို သူတင်တုန်းက မဖတ်မိလိုက်ဘူး။ ညီလေး အခု ပြန်တင်ထားတော့ ပြန်ဖတ်ခွင့်၊ ခံစားခွင့်ရတယ်။ Tag game လေးမှာ အခုလို ကဗျာကောင်းလေး ကို ပြန်တင်ပေးတာကို ကျေးဇူးပါ။
ReplyDeleteကဗျာကောင်းလေးပါပဲဗျာ ပိုင်ရှင်မရှိတော့ဘူး
ReplyDeleteဆိုတော့ နှမျောလှတယ်ဗျာ။