အမ မငုံက Tag ပြန်ပါတယ်။ ဒါက ဒီလိုရှိတယ်တဲ့ (ဘာက ဘာကိုရှိတာလဲတော့ ကျနော် သေချာမသိပါ)။ ဘ၀မှာ လွှဲခဲ့တဲ့အရာတွေ ရှိသလို ပြင်သင့်တဲ့ အရာတွေလဲ ရှိပါတယ်။ ဒါလေးတွေကို ရေးခိုင်းလိုက်တာပါ။ ကျနော်ဘ၀မှာ လွဲခဲ့တဲ့ အရာတွေလဲ အတော်များများရှိခဲ့ပါတယ်။ ဒီလိုပဲ ပြင်သင့်ပင်မဲ့ မပြင်နိုင်ခဲ့ပဲ စိတ်အလိုလိုက်မိခဲ့တာတွေလဲ အများကြီးပါ။ ကဲ လေ့လာ ဝေဖန်သွားပေတော့ဗျာ....း)
၁)စိတ်ဓါတ်
ပထမဆုံး ကျနော်ရဲ့ စိတ်ဓါတ်ပါ။ အရာရာကို ကိုယ်လုပ်ချင်တာ ကိုယ်မှန်မယ်ထင်ရင် လုပ်တတ်တဲ့ အကျင့်တခုပါ။ ဒါလေးက တခါတလေ ကောင်းလှပေမဲ့ အမြဲတမ်းတော့ လူအသိုင်းအ၀ိုင်းထဲမှာ နေမယ်ဆိုရင် အဆင်ပြေလှတယ်မဟုတ်ပါဘူး။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင် လုပ်ယူနေဆဲပါ။ တခါတလေ ကျနော်ရဲ့ စကားပြောတွေဟာ သူငယ်ချင်းတွေရဲ့ နားမှာအ၀င်ဆိုးစေပါတယ်။ ဒါဟာလဲ ပြင်သင့်တဲ့ အချက်တခုပါ။ ဘုကန့်လန့်လဲ လုပ်တတ်ပါသေးတယ်။ ငယ်ငယ်တုန်းကဆို ပိုဆိုးပါတယ်။ အဖွားအိမ် သွားလည်လို့ ထမင်းစားနေရင် ဦးလေးက စနေရင် ကျနော် စိတ်တိုလာရင် ထမင်းစားပွဲတခုလုံးကို မှောက်ချလိုက်တတ်တာပါ။ ပန်းကန်တွေဆို အဝေးကို ပစ်ထုတ်လိုက်တာပါ။ (ခု အဲ့ဒီ ဦးလေးလဲ ဆုံးသွားပါပြီ ဘ၀မှာ အမှတ်တရ အနေနဲ့ ကျန်နေဆဲပါ)
၂)အိပ်ချိန်
ကျနော် ဒီမှာ တခေါက် ရေးခဲ့ဖူးပါတယ်။ ကျနော်ရဲ့ အကျင့်လေးတွေကိုပေါ့။ တခါတလေ အတော့်ကို ဆိုးပါတယ်။ အိပ်ချိန်ကို ပုံမှန်မထားတတ်ပါဘူး။ ဥပမာ အလုပ်မရှိတဲ့ သောကြာ၊စနေ ညတွေဆို ကျနော် မိုးလင်းမှ အိပ်ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ထတော့ နေ့လည်ပိုင်းလောက်မှ ထဖြစ်ပါတယ်။ တခါတလေ ကျနော်ကြိုက်တဲ့ ဘောလုံးပွဲတွေ လာရင်တော့ ကျနော် တညလုံး မအိပ်ပဲ စောင့်ကြည့်တတ်ပါတယ်။ ပြီးမှ သူငယ်ချင်းတွေကို မနက်နိုးပေးဖို့ အကူအညီ တောင်းရပေါင်းလဲ မနဲပါဘူး။ အလုပ်နောက်ကျတာလဲ မနဲတော့ပါဘူး
၃)စကားပြောခြင်း
ကျနော်နဲ့ ရင်းနှီးရင် ခင်မင်ရင် ကျနော်အရမ်းစတတ် နောက်တတ်တာပါ။ အစကောင်းလို့ အနောက်ကောင်းလို့ သူငယ်ချင်း အချင်းချင်း စိတ်ကောက်ကြပေါင်းလဲ မနဲတော့ပါဘူး။ ကျနော်ပါးစပ်က တခါတလေ အတည်ပေါက်နဲ့ လျှောက်ပြောတတ်တာပါ။ အများစုကတော့ တကယ်အတည်ပါ။ ပုံမှန်ဆို မစတတ်ပါဘူး၊ အရမ်းခင်တဲ့ ကျနော့်သူငယ်ချင်းတွေကိုတော့ စဖြစ်ပါတယ်။ ဟိုတလောကပဲ ကျနော်အလုပ် ပြုတ်သွားပြီလို့ စလိုက်တာ ကျနော်သူငယ်ချင်းတွေ ကျနော်အတွက် စိတ်မကောင်းဖြစ်သွားကြရပါတယ်။ အဟီးးး အဲလိုစတာပါ။ (ဒါမှ ကျနော်ကို ဘယ်လောက်ခင်လဲ ဆိုတာ သိမှာပေါ့နော့်)
၎)အပေါင်းအသင်းခင်မင်ခြင်း
လိုအပ်သည်ထက် အပေါင်းအသင်းကို ပိုမို ခင်တွယ်တတ်ပါတယ်။ ကိုယ်မလုပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အရာတွေကို အပေါင်းအသင်းနဲ့ တွေ့ရင် သူတို့ လုပ်ခိုင်းရင် အားနာနာနဲ့ လုပ်တတ်ပါတယ်။ တခါတလေ သူငယ်ချင်းတွေ ဘီယာသောက်နေရင် ကျနော်မသောက်ပဲ နေတတ်ပါတယ်။ နောက်ဆုံး သူတို့က မရမက တိုက်ရင်တော့ သောက်ဖြစ်သွားတတ်ပါတယ်။ ရေကို ချွေတာတာပါ။ အပေါင်းအသင်းခင်တွယ်မူကြောင့် လက်ရှိချိန်ထိ ချစ်သူ မရှိတော့တာပါ။ (ကြော်ငြာဝင်တာပါ အဟီး) ချစ်သူထက် သူငယ်ချင်းအပေါင်းအသင်းရဲ့ ကိစ္စ အရေးတွေကို ဦးစားပေးတတ်လို့ ရင်ကွဲရပါတယ်။ (ရင်ကွဲ=သရက်သီး ကို ပြောတာပါ)။ ခုချိန်ထိတော့ မပြင်နိုင်သေးပါ။ ပြင်ဖို့လဲ စိတ်ကူးက လုံးဝမရှိပါ။ အဟက် ဟက် (ကိုရန်အောင် ရီနည်းလေး ငှါးသုံးပါတယ်) ဘ၀မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေရတာကို ဘာနဲ့မှ မလဲနိုင်သေးပါ။
ကျနော် ဘယ်သူ့ကိုမှ မTag တော့ပါဘူးနော့်။ တော်ကြာ ၀ဠ်ကြွေးတွေ လည်နေမယ် အဟား.......
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
ဒါက..ဒီလိုရှိတယ်
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Blog Archive
-
▼
2009
(236)
-
▼
May
(32)
- နားပါဦးမည်
- နားပါဦးမည်
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ခြင်္သေ့
- အမှတ်တရ နာမည်လေး
- ဥပဒေ
- ဥပဒေ
- ထားခဲ့ဖူးသော ရည်းစားများ
- ထားခဲ့ဖူးသော ရည်းစားများ
- ChAmPiOns
- ChAmPiOns
- ဇင်ဘာဘွေ
- ဇင်ဘာဘွေ
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- လိုအပ်ချက် နဲ့ အလိုအပ်ဆုံး
- အမှတ်တရ တနင်္ဂနွေ
- အမှတ်တရ တနင်္ဂနွေ
- အမေ
- အမေ
- ရင်ထဲက တက္ကသိုလ်
- ရင်ထဲက တက္ကသိုလ်
- အတန်းပညာ
- အတန်းပညာ
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- တို့ဟူးနွေး
- ဒါက..ဒီလိုရှိတယ်
- ၀ိုင်တခွက်
- ၀ိုင်တခွက်
-
▼
May
(32)
Powered by Blogger.
အဟေး........
ReplyDeleteဟုတ်တယ် အဲအတိုင်းပဲ သူပြောတာ အမှန်တွေ
ဒီတစ်ခါလည်းအကျင့်တွေတူနေပြန်ပြီး
ReplyDeleteအပျိုကြီးဆီကိုကော်ပီကူးပီးပေးလိုက်တော့မယ်
အဟီးး
ပိုစ့်လေးငှားပါလာဗျာ
ဒီတစ်ခါလည်းအကျင့်တွေတူနေပြန်ပြီး
ReplyDeleteအပျိုကြီးဆီကိုကော်ပီကူးပီးပေးလိုက်တော့မယ်
အဟီးး
ပိုစ့်လေးငှားပါလာဗျာ
ဆရာပေါ်ကတော့ အတည်ပေါက်နဲ့လျှောက်ပြောနေပြန်ပါပြီ။ တကယ်ဟုတ်မဟုတ်၊ ရန်ကုန်ကို လှမ်းမေဦးမှ။ အဟိ။
ReplyDeleteလာဖတ်သွားတယ် တောင်ပေါ်သားရေ..
ReplyDeleteအဟတ်ဟတ် ဟားးးး အဲဒါ အေသွေးတွေရဲ့အမူအကျင့်တွေလေ.. ကူချထားတယ်ထင်ရအောင်နီးစပ်လှပါပေတယ်... :P
တီဝါကိုတော့ ဦးဥာဏ်ကပြောတယ်.
“ ပြန်မပြောနားမထောင် လူ့ဂွစာကောင်”တဲ့.ဟဟ အဲဒါဆောင်ပုဒ်အသစ် သေခြာမှတ်ထား.... :D
ဟဟ ကိုတောင်ပေါ်သား..
ReplyDeleteလာဖတ်သွားပါတယ်ဗျာ..
ဟဟ.. အေသွေးချင်းတူလို့နဲ့တူတယ်..
ကိုတောင်ပေါ်သားရေးထားတာကိုတောင် ကျတော်ပြန်ကူးလိုက်ချင်တယ်.. အဟီး..
ဘိုင့်နော်..။
ထမင်းစားပွဲမှောက်ချတယ်တဲ့ ဆိုးတဲ့ကိုတောင်ပေါ်သားကြီးပဲ ဟား၂
ReplyDeleteစိတ်ဓာတ်တွေကို မှတ်သားသွားပါတယ်..
လူတိုင်းကတော့ အဲလိုပဲ တစ်ခုမဟုတ်တစ်ခုတော့ ပြင်စရာ အမြဲရှိနေမှာပဲ... အိပ်တဲ့ ကိစ္စကတော့ နေ့အိပ်မက်နဲ့ တော်တော့်ကို တူတာ... ညသုံးလေးနာရီမှအိပ်ပြီး မနက်ဆို နေ့လည်၂နာရီ၃နာရီလောက်မှ ထတာလေ.... :P
ReplyDeleteဟ ဟ တောင်ပေါ်ကို အိမ်ထမင်းစားပါမစ် ပိတ်ပါတယ် အကျင့်ဟောင်းပျောက်မှ ပြန်စဉ်းစားပါမယ်
ReplyDeleteအလုပ်မရှိရင် မအိပ်ဘူးဆိုလို့ အရက်သောက်ရင်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ
အရက်ဆိုင်မှာဘောလုံးပွဲကြည့်ပြီး သောက်မယ်လေ
စတာ နောက်တာတော့ တွေ့ မှ ဘယ်သူ့ ကပိုသာလည်းဆိုတာ ကြည့်တာပေါ့
အပေါင်းအသင်းခင်တာတော့ ငါ့ထက်ပိုမယ်မထင် အဟတ်
နာ့မှအရက်ဆိုင်တစ်ကာနဲ့ သိတာ
တောင်ကြီးမှာအရက်ဆိုင် တိုင်းနာ့နဲ့ မသိတာမချိ အဟိ
ပြီးတော့အကြွေးယူလွန်းလို့ လူတိုင်းဝိုင်းဝိုင်းလည်လို့ အဟား
အဟမ်း..အေသွေးသမားချင်းတူနေပြန်ပြီ။ ကျေးဇူးပါ Tag ထားတာလေး ဖြေပေးလို့။ ဖတ်ရင်းနဲ့ ကြောက်လာတယ်:)) ထမင်းဖိတ်မကျွေးတော့ဘူးနော်။
ReplyDeleteအပေါင်းအသင်းခင်တဲ့  ကျောင်းဆရာရေ ။ ခင်မင်လို့ ထမင်းစား ဖိတ်ပါတယ် ။ ပဲပုပ် နဲ့ ငပိ ရောမွှေချက်လေး ။ စားပွဲတော့မရှိဘူး ။ မတ်တပ်ရပ်ပြီး buffet ပုံစံလေးနဲ့  ။ အဲဒါမှ မှောက်ချင်နေရင်တော့ ဒယ်အိုးလွတ်တွေ ချပေးထားမယ်လေ ။တခါတည်း ဆေးပြီး မှောက်ထားခဲ့ ပေးနော့ ။
ReplyDeleteဟ ဟ ဟုတ်ပါတယ် ဟုတ်ပါတယ်။
ReplyDeleteကျန်တဲ့အကျင့်လေးတွေတော့မပြောတော့ပါဘူး။
ဖွတယ်ထင်မှာစိုးလို့ ..
ဟား ဟား ဟေ့လူ နောက်အပတ်ဘယ်သွားမှာလဲ