Labels

အမှတ်တရ တနင်္ဂနွေ


အဖွင့်စကားပြောရရင် ဒီပိုစ့်လေးကို တင်ချင်နေတာ အူကိုယားနေတာပဲ။ တနင်္ဂနွေညကတည်းက ရေးထားတာလေ.. ဘယ်သူကမှ မတင်သေးတော့ ကျနော် အရင်တင်လိုက်ရင် ထောင်းခံရမှာစိုးလို့ ငြိမ်နေတာ။ ခုတော့ ရှေ့ကလူတွေ တင်ထားပြီဆိုတော့ ရဲရဲဝင့်ဝင့် ထုတ်ကြွားရတာပေါ့။ စနေနေ့က ညပိုင်းဘောပွဲကြည့်ကောင်းကောင်းနဲ့ ကြည့်လိုက်တာ တနင်္ဂနွေ မနက်ကြတော့ မထနိုင်ဖြစ်နေတာပါ။ ကျနော်က အိပ်ရင် ဖုန်းကို Vibrating လုပ်ထားတော့ တကွီကွီနဲ့ ဖုန်းက လှုပ်နေတာသိပါတယ်။ ဒါပေမဲ့ မထချင်တာကြောင့် ဒီအတိုင်းငြိမ်နေလိုက်တာ... နေ့လည် ၁၂နာရီကျော်မှ ဖုန်းကို ကြည့်လိုက်တော့ ကိုအဆိပ်ခွက်ပေါ့ ဖုန်းကခေါ်နေတာ အခေါက်ပေါင်း ၁၀ ခေါက်မကဘူး။ မမေတ္တာရောင်ပြန်ကလဲ ပါသေးတယ်။ သူတို့ကို ပြန်ဖုန်းဆက်ကြည့်တော့ ဘယ်သူက အစဖော်တယ်မသိဘူး ရုပ်ရှင်သွားကြည့်မယ်တဲ့.... ဒါနဲ့ ကျနော်ကိစ္စလေးရှိလို့ မလိုက်နိုင်ဘူးလို့ ငြင်းတာတောင် မရလို့ လိုက်ခဲ့ရတာပေါ့ဗျာ... ပြန်စဉ်းစားကြည့်တော့ ဒီနေ့က အမေများနေ့လေ... ဒီတော့ အမေကို အဝေးကနေ မပြုစုနိုင်တော့ ဒီမှာရှိတဲ့ ဘလော့ဂါမမတွေကို အမေသဖွယ် သဘောထားကာ မောင်တောင်ပေါ်လဲ ကဲလိုက်ရပါတယ်ဗျာ...

အမှန်အတိုင်းဝန်ခံပါတယ်။ စင်ကာပူကိုရောက်တဲ့ အချိန်ကစလို့ ဒီတခေါက် ရုပ်ရှင်ကြည့်တာပါဆို အားလုံးစုစုပေါင်း (၁)ခေါက်ပဲ ရှိပါသေးတယ်။ သူငယ်ချင်းအပေါင်းအသင်းက အဲလိုကြိုက်တာ ရုပ်ရှင်ကို.. တကယ်တမ်း ရုပ်ရှင်ကြည့်ရတာ အားမရပါဘူး.. ပုံမှန်ဆို အိမ်မှာပဲ ကျနော်ကြည့်နေကြ Tom365 ကနေ Download လုပ်ပြီး ကြည့်တာကမှ ပိုအဆင်ပြေပါတယ်။ စားချင်တာ ထစား၊ ထရမှာပျင်းရင် အိပ်ရာထဲမှာ လှဲပြီးဖြစ်ဖြစ် ပက်လက်လေးပဲဖြစ်ဖြစ် ကြည့်လို့ရတယ်လေ.... ဒါပေမဲ့ ဒီတနင်္ဂနွေကတော့ ဘလော့ဂါတွေ (ဟီးးးးး ၈ ယောက်ထဲ)က ကိုတောင်ပေါ်ကို မြင်ဖူးချင်လှပါချည်းရဲ့ဆိုတာက တကြောင်း.. တောင်ပေါ်သားကလဲ ဘလော့ဂါတွေကို မရက်စက်ချင်တာကတကြောင်း ဒီလိုနဲက အကြောင်းအကြောင်းတွေနဲ့ စုံမှတ်ဖြစ်ရာ ဖဦးထုပ်များစုဝေးရာ (အဲယောင်လို့ ဘလော့ဂါများ စုဝေးရာ)Orchard ကိုရောက်ခဲ့ပါတယ်။

အစီအစဉ်ကတော့ ကောင်းသလားမမေးနဲ့.. ပထမဆုံး ကျနော့်ကို ချိန်းတာက Aug Mo Kio ပြီးတော့ Orchard ဖြစ်သွားလေရောဗျာ တော်တော်လေး နီးပါတယ် အဟား.. Orchard ရောက်တော့ ရုပ်ရှင်ရုံရှိရာ Somerset ကိုခြေလျှင်လျှောက်ရပါသေးတယ်။ နာရီအကောင်းစားပတ်ပြီး အချိန်မှားနေတဲ့ လူကလဲ ရှိပါသေးတယ် မပြောတော့ဘူး ဘယ်သူဆိုတာ. ဒီလိုနဲ့ ဘလော့ဂါတွေဆိုတဲ့ လူတွေဆုံမိကြတယ်ဆိုပါစို့... ကိုဖိုးဂျယ် ဖုန်းခေါ်တယ်နော့် နောက်မှ မခေါ်ဘူးမပြောနဲ့ ဖုန်းက မကိုင်ဘူးရယ်.... အရေးပေါ်ကိစ္စဖြစ်လာတော့ ကျနော်လဲ အားလုံးကို ဖုန်းမဆက်နိုင်တာ ခွင့်လွှတ်ကြပါဗျို့... ကျနော်တို့တွေ့ခဲ့တဲ့ ဘလော့ဂါတွေကတော့....

၁) ဦးရှင်ကြီး
၂) ကိုReenoemann
၃) ကိုဂျပန်ကောင်လေး
၎) ကိုအဆိပ်ခွက်
၅) မမေတ္တာရောင်ပြန်
၆) မမိုးခါး
၇) မကြယ်ဖြူစင်
၈) တောင်ပေါ်သား

တို့ဖြစ်ပါတယ်။ နောက်ပြီး ကိုဂျပန်ကောင်လေး နဲ့အတူ ဘလော့ဂါစိတ်ပြင်းထန်တဲ့ အကို (၂) ယောက်လဲ ပါပါသေးတယ်။ သူတို့လဲ မကြာခင်အချိန်အတွင်း ဘလော့ကင်းကြပါတော့မယ်ခင်ဗျာ.. အားလုံး ၀ိုင်းပြီး ကြိုဆိုကြတာပေါ့ ဝေးးးးးးးးးးးးး အဲ နောက်ပြီး မကြယ်ဖြူစင် နဲ့အတူ သူရဲ့ ညီမလေးတယောက်ပါလာပါသေးတယ်။ အားလုံးပေါင်းလိုက်ရင်တော့ (၁၁)ယောက် ၁၁မီးငြိမ်းတာပေါ့နော့်။ ကျနော်ထင်ထားတဲ့အတိုင်းပါပဲ ဘလော့ဂါတွေအားလုံး စိတ်ရင်းစေတနာကောင်းကြပါတယ်။ တကယ့်ကို ဖော်ရွှေတာတွေ့ရပါတယ်။ ကျန်တဲ့ အသိုင်းအ၀ိုင်းတွေမှာ ကျနော်တို့ ဘလော့ဂါတွေလို စိတ်ဓါတ်မျိုး သိပ်မတွေ့ရပါဘူး။ ဒီလိုနဲ့ ကျနော်တို့ Orchard ကနေ Somerset ကိုရထားစီးရပါသေးတယ်။ အကြောင်းက ရုပ်ရှင်ရုံက Orchard နဲ့မနီးဘူး Somerset နဲ့နီးတယ်လို့ပြောပါတယ်။ စီစဉ်တာကောင်းတယ်ပြောပါတယ်။ ပြီးမှ ရုပ်ရှင်ရုံ ရှိရာပေါ့နော့်....
ရုပ်ရှင်ကားနံမယ်က Taken တဲ့၊ မိဘမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးပါ။ ဖခင်တယောက်ရဲ့ သမီးအပေါ်ထားတဲ့ မေတ္တာကို ဖော်ပြထားတဲ့ အက်ရှင်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးက ကောင်းပါတယ်။ ဒါပေမဲ့ ဇာတ်ရှိန်ကို အရမ်းကြီးမြင့်ပြီး ဇာတ်သိမ်းသွားတယ်လို့ မြင်မိပါတယ်။ ဇာတ်လမ်းတခုလုံး တဒိုင်းဒိုင်း တဒုန်းဒုန်းနဲ့ ကောင်းနေပါရော... အသဲငယ်တဲ့ဆိုတဲ့ မမိုးခါးတော့ ဘယ်လိုနေတယ်မသိဘူး... မကြယ်ဖြူစင် ကတော့ သေနတ်တခါပစ်ရင် မမေတ္တာရောင်ပြန် ကို တံတောင်နဲ့ တချက်တွတ်တယ်လို့ ပြောပါတယ် (ဟီးးးး ဖွတာ ငါဟဲ့ တောင်ပေါ်သား)....

ရုပ်ရှင်လဲပြီးရော ပြန်ထွက်လာတော့ ကိုဂျပန်ကောင်လေး ပျောက်လို့ လိုက်ရှာရပါသေးတယ်။ တကယ်တော့ အချင်းချင်းနားလည်မူလွှဲနေကြတာ ဟီးးးးး (ရှက်ဖို့ကောင်းပါ့)။ ပြီးတော့ ရုပ်ရှင်ရုံရှေ့မှာ အမှတ်တရ ဒီပုံလေး ရိုက်ဖြစ်ပါတယ်။

ဦးရှင်ကြီး၊ ကိုရီနိုမန်၊ တောင်ပေါ်သား၊ ကြယ်ဖြူစင်၊ မိုးခါး၊ မေတ္တာရောင်ပြန်၊ အဆိပ်ခွက်၊ ဂျပန်ကောင်လေး

၁၁ ယောက်မှာ ရိုက်တာက ၁ယောက်နော်။ ရေမနေနဲ့ (၁၀)ယောက်ပဲ ရှိတယ်။ အချိန်ကို ကြည့်လိုက်တော့ ညနေ ၃း၄၀ ကျော်ပေါ့။ ဒီလိုနဲ့ ကျနော်တို့ စကားလေးအေးဆေး ပြောလို့ရမဲ့ Vivo City ကိုသွားကြပါတယ်။ တကယ်တော့ စကားမပြောကြပါဘူး မိန်းကလေးတွေ သဘာဝ ဓါတ်ပုံရိုက် ပဲများပဲ လုပ်ဖြစ်ကြပါတယ်။



ကျနော်တောင်ပေါ်ပြောတာ လွန်မလွန် အောက်က ပုံတွေတာ ရှုစားသွားကြပေတော့ဗျာ... Vivo City မှာ Snap Shot ပုံလေး ၃ ပုံလောက် ရသေးတယ်ဗျ မတင်ပေးတော့ဘူးနော် လိုချင်ရင် တောင်ပေါ်ကိုဆက်သွယ်ပေါ့... ပဲများ အဲယောင်လို့ ဓါတ်ပုံတွေ ရိုက်ပြီးတော့ အစားကြီးသော မိန်းကလေးများမှာ အောက်ဆုံးထပ်က စားသောက်ဆိုင်မှာ ပုံပါအတိုင်းစားကြလေသတည်း...........


ဒီထဲမှာ ဆိုက်ပရပ်စ် ကနေ ၀င်ကဲတဲ့ ဘလော့ဂါမင်းသားတယောက် ပါတယ်နော့် ကြည့်ဦးသေချာ.. ဘူတူလဲဟ...



လေးစားလျက် တောင်ပေါ်သား


18 comments:

  1. တောင်ပေါ်ရေကျနော် အရင်မန့်သွားတယ်နော် ... ပျော်ပါတယ် အဲဒီနေ့တုန်းက .... နောက်လဲ အဲလိုမျိုးနောက်တစ်ခေါက် ထပ်ဆုံ ချင်သေးပါတယ်

    ခင်မင်လျှက်
    အဆိပ်ခွက်

    ReplyDelete
  2. အဆိတ်ခွက်က နေပါအုံးတဲ့ သူနံပါတ် တစ်မန့်ချင်တယ်ဆိုလို့ စောင့်နေတာ။ အင်း .. စင်္ကာပူလို့မပြောရဘူး မန့်တာတောင် Q (တန်းစီ) စနစ်နဲ့နော်။
    ဟီး ကိုတောင်ပေါ် ဒီပိုစ့်လေးအတွက် ကျေးဇူးပါနော်။ အရမ်းကို ပျော်စရာ အမှတ်တရနေ့လေးပါ။ ခဏခဏ ဆုံချင်ပါတယ်။

    ခင်မင်လေးစားလျှက်
    မေတ္တာရောင်ပြန်

    ReplyDelete
  3. အဟေး..........
    ပျော်စရာကြီးနော်........
    နောက်လည်း ဆုံကြဦးမယ်လေနော်........

    ReplyDelete
  4. ဟဟဟ...
    လုပ်ပြန်ပြီ.. အဟင့်.. အဟင့်..
    သွားဦးမယ်တဲ့..သွားကြဦးမယ်တဲ့...
    ဟွန့်..ဒီတခါအသိမပေးလို့ကတော့ တွေ့မယ်..
    အားလုံးကိုအကျေနပ်ဖူး.. အကျေနပ်ဖူး...
    ဟွန့်.. ။

    ReplyDelete
  5. ဟေ့... ပျော်စရာကြီး။ နောက်တစ်ခါ တို့ကိုလည်းခေါ်ဦး။

    ReplyDelete
  6. ကိုပေါ်ပေါ်ကို
    ၁.မနာလိုဘူး
    ၂.မနာလိုဘူး
    ၃.မနာလိုဘူး
    ၄.မကျေနပ်ဖူး
    ၅.လုံးဝကိုမကျေနပ်တာ
    ဟွင့် ပြောတော့ မသွားချင်ဘူးတဲ့ စိတ်ချမ်းသာအောင်သွားမယ်ပြောတာတဲ့
    ပြီးတော့ ဘာတဲ့မကြီးရောင်ပြန်ကပြောတယ်
    တက်ကစီနဲ့ကိုမမှီမှာကြောက်လို့အပြေးလာတာတဲ့
    ကိုကိုပေါ်ညာ
    ကိုကိုပေါ်ညာ
    ပြီးတော့ဓာတ်ပုံလေးတစ်ပုံနဲ့အစားထိုးပြီးနှစ်သိမ့်လိုက်တယ်ပေါ့
    ရပါတယ်
    ပြောလို့ပြောတာမဟုတ်
    ဆိုက်ပရပ်စ်ကဘလောဂါမင်းသားချောချောလေကဘယ်သူလဲ
    တော်တော်ချော တော်တော်ခန့်ပါလားနော့်
    ကိုပေါ်အတိုင်းပဲ
    အဟီးးး
    ချစ်ခင်စွာဖြင့်
    ဖိုးစိန်

    ReplyDelete
  7. အား
    မျက်လုံးမှိတ်တဲ့ပုံတွေပါထည့်ထားလားမသိဘူး ..
    ရိုက်နေမှန်းသိရင် လူမြင်ကောင်းအောင်စားပါတယ် .. ခုတော့ ..း(

    ReplyDelete
  8. တကယ်ပျော်စရာကောင်းတဲ့ ဘလော့ညီအကို မောင်နှမတွေပါပဲ.. ကျွန်တော်လာရင်လည်း ဒီလို ဆုံချင်ပါတယ်ဗျာ..

    ပျော်စရာဓါတ်ပုံတွေကို ကြည့်ရူ့သွားခဲ့ပါတယ်...

    ReplyDelete
  9. ရေးထားတာကတော့ မသွားချင်သလိုလို ဘာလိုလိုနဲ့..
    ပြီးတော့ တက္ကစီနဲ့ သွားတာဆို.. တီဝါ သတင်းကြားတာ
    တော့...း)

    ဖိုးစိန်ကတော့ လိုက်ပြီး မနာလိုဖြစ်နေတာ...
    တီဝါတို့ စလုံးလာရင် သူလည်းလိုက်မယ်တဲ့... အဟတ်.

    ပျော်ရွှင်ကြပါစေ.

    ReplyDelete
  10. တောင်ပေါ် ရေ မန့်တာနောက်ကျ လို ဆေားရီးပါကွာ။
    ခဏခဏ ဆုံချင်ပါသေးတယ်ဗျာ။

    ခင်တဲ့
    ရီနိုမာန်

    ReplyDelete
  11. ဖိုးချိန်လိုပဲ မနာလိုဘူးနော် ဟွန်းးးးးးးးးး(.....)
    ကဲထားကြဦးပေါ့ နာ့အလှည့်ရောက်မှကြွားပစ်မယ် ဟွင်းဟွင်း

    ReplyDelete
  12. မနာလိုတာ လုံးဝကိုမနာလိုတာ ဟွန်း ကတောင်ပေါ် မွတ်ဆိတ် မကျေနပ်ဖူးဗျ ကိုဖိုးစိန်ပုံတော့တင်တယ်
    သဘောက သူ့ ပဲ ရှိတယ်ပေါ့လေ
    လုံးလုံးကိုမကျေနပ်ဖူး နင့်တို့ ပုံတော့ တင်ပါ
    မဆိုင်တဲ့ နာ့ယောက်ဖပုံကိုတင်တယ်
    နင့်တော့နော်သိမယ်
    တောင်ကြီးေ၇ာက်မှ တဇီးထီဆိုင် ခေါ်ပြီးရစ်မယ်

    ReplyDelete
  13. ဘယ်သူတွေလဲဗျ။ ပုံတွေနဲ့လူ မတွဲမိဘူး။ ပြောပြပါအုံးဗျ။ သိတာတော့ ခပ်ချောချော တစ်ယောက်ပဲသိတယ်။ ဘယ်သူလဲဆိုတော…..။ မုန့်ဝယ်ကျွေးနော် . ..မြှောက်ပြောတာမဟုတ်ပါဘူး

    ReplyDelete
  14. ပျော်စရာကြီး.. ဒီလိုများများပျော်နိုင်ကြပါစေ.... :)

    ReplyDelete
  15. မောင်မျိုးMay 12, 2009 at 7:51 PM

    ပျော်စရာကြီး။။။

    မတွေ့ဖူးတဲ့ သူတွေလည်း တောင်ပေါ်သားကျေးဇူးနဲ့ တွေ့ဖူးသွားပြီး မိုးခါး က မော်ဒယ်လိုပဲကေား)

    ReplyDelete
  16. ဆလိုက်ရှိုးအခုမှကြည့်ဖြစ်တယ် တောင်ပေါ်သားရေ.
    ဒါနဲ့ ဟိုဆိုက်ပရပ်ကကောင်လေးက ဘာဝင်ရှုတ်တာ
    တုန်း.....း)

    ReplyDelete
  17. နောက်တခါသွားရင်ပြော ကျနော်လဲ လိုက်မယ်
    ဗျို့

    ReplyDelete
  18. အဟင့် အဟင့် တားတားယေးက ဖုန်းပြောင်း ထားတာလေ sms ပို့ထားတာဂျီးကို
    ဒါပေမဲ့ ၁၀ ရက်နေ့က သွားတာလား
    ၁၁ ရက်နေ့ သွားတာလား
    ဒါဆို အားဝူးဂျ
    တားတားယေးက အလုပ်ထဲရောက်နေတာ
    အခု လောလောဆယ်တော့ စနေနေ့လောက်ထိ အားမယ် ထင်တာပဲ အလုပ် ပေါ်လာ မပေါ်လာ မသိသေးဘူး။
    ပျော်ရွှင်စရာကြီးပေါ့

    ReplyDelete

Blogger Template by Clairvo