၁၉ ဇူလိုင်။ ကျနော်တို့ တိုင်းပြည်မှာဆို ဒီအချိန် မိုးလေးတွေ တဖွဲဖွဲနဲ့ပေါ့။ ဒီလိုနေ့မျိုးမှာ ကျနော်တို့ မြန်မာပြည်သူတွေတိုင်း မမေ့သင့်တဲ့ ရက်လေးပါ။ အာဇာနည်နေ့တဲ့။ မြန်မာပြည် သမိုင်းမှာ အဆိုးဝါးဆုံး ဖြစ်ပျက်ခဲ့တဲ့ ရက်လေးတရက် ဘယ်လောက်ကြေကွဲ ၀မ်းနည်းစရာတွေ ဖြစ်ခဲ့မလဲ ကိုယ်တိုင်မကြုံတွေ့ခဲ့ပေမဲ့ ဘ၀မှာ မြန်မာလူမျိုးဖြစ်ရတဲ့ မြန်မာပြည်သူတွေတိုင်း မေ့မရတဲ့ နေ့လေးတရက်ပါ။ အာဇာနည်ဆိုတာ ဘာလဲ။ ကျနော်သိသော အာဇာနည်ဆိုတာ တိုင်းပြည်အတွက် မိသားစုအတွက် ရှေ့က မားမားမတ်မတ် မှန်သောလမ်းကို ပြသပေးတဲ့လူတွေအတွက် ဂုဏ်ယူရတဲ့နေ့လေးတရက်ပေါ့။ ဒါအာဇာနည်တွေလေ။ မြန်မာလူမျိုးဖြစ်ရတဲ့အတွက် ကျနော် ဂုဏ်ယူမဆုံးပါဘူး ကျနော်တို့ တိုင်းပြည်ပေါ်မှာ အသက်တွေ ပေးပြီး သွေးချွေးကျတဲ့အထိ တိုင်းပြည်ကို ချစ်တဲ့လူတွေ ရှိတဲ့အတွက် ကျနော် ဂုဏ်ယူမဆုံးခဲ့ပါဘူး။
ဒီလို အာဇာနည်မျိုးမှာ ကျဆုံးလေသော ခေါင်းဆောင်များကို သူတို့ရဲ့ ချစ်သောမိသားစုတွေက သူတို့အတွက် ဆုတောင်း ကန်တော့ ချင်နေကြမှာပါပဲ။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ စစ်တပ်တခုဖြစ်လာအောင် ဖန်တီးပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိသားစုဝင် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းကြည်ကတော့ လက်ရှိအချိန်မှာ ဖခင်အတွက်အဝေးတနေရာကနေ လှမ်းပြီး ဆုတောင်းပေးနေရတဲ့ ဘ၀လေးပါ။ ဘယ်လောက်များ ကြေကွဲဝမ်းနည်းစရာကောင်းလဲ။ ကျနော်တို့လို ပြည်ပရောက်လူတွေတိုင်း ဂုဏ်ယူစရာ အဖြစ်လေးတွေတော့ ရှိနေပါသေးတယ်။ ဒါဟာ ဘာလဲဆိုရင် ကျနော်တို့မြန်မာပြည်ကနေ ကုလသမဂ္ဂ အတွင်းရေးမှူး ဦးသန့်လိုလူမျိုးတွေ၊ တိုင်းပြည်အတွက် ကိုယ်ကျိုးမရှိ အနှစ်နာခံတတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးတွေ၊ မိသားစုကို ခွဲပြီး ချစ်သော ပြည်သူတွေအတွက် လွတ်လပ်မျှတတဲ့ အရသာကို ခံစားရအောင် လက်ရှိအချိန်ထိ ကြိုးစားနေတဲ့ အမျိုးသမီး သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးတွေ ရှိတာ ကျနော် ဂုဏ်ယူမဆုံးပါဘူး။ တကမ္ဘာလုံးက မြန်မာပြည်ဆိုတာ ဘယ်နေရာမယ်မှန်းမသိပေမဲ့ ဘားမား၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်လို့ဆိုလိုက်ရင် တကမ္ဘာလုံး သိကြပါတယ်။ ဒီအတွက် ဂုဏ်ယူပါတယ်။
ခုနောင်လား နောင်သားတွေ ဒီလိုရက်မျိုးကို အာဇာနည်နေ့ဆိုတာလောက်ပဲ သိလောက်ဦးမယ်ထင်ပါရဲ့။ တကယ်တမ်းကျနော်ဆိုတဲ့ ကောင်ကလဲ ဘာဆိုဘာမှ မဟုတ်ရပါဘူး။ ဒါပေမဲ့ ကျနော်သိတာ ကျနော်တိုင်းပြည်ကို ချစ်တယ်။ ကျနော်တို့လို အဝေးတနေရာရောက်နေမှ လက်ရှိအချိန်မှာ ဘယ်လောက်ထိ ကွာဟနေတယ်ဆိုတာတွေ သိလာရတာပါ။ အရမ်းဝမ်းနည်းမိပါတယ်။ ဒီလိုမျိုး တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သွားတဲ့ သူရဲကောင်း အာဇာနည်တွေကို သတိမရရင် ကျနော်တို့ တိုင်းပြည်မှာ လူဖြစ်ရတာ မြန်မာဖြစ်ရတာ မတန်ပါဘူး။ ကျနော်တို့ကို ကျနော်တို့ မြန်မာလို့ ပြောမနေပါတော့နဲ့။ ဒါဟာ နိုင်ငံရေး လုပ်တာမဟုတ်။ တိုင်းပြည်ကို အသက်ပေးသွားတဲ့ သူရဲကောင်းအာဇာနည်တွေကို လေးစား ဂုဏ်ပြုခြင်းပါ။
အောက်မှာ ကျနော်ဘလော့လေးပေါ်မှာ တင်ထားပေးတဲ့ ဖိုင်လေးကို ကျနော် ပြန်တင်ထားပေးပါတယ်။ အားလုံး အမှတ်ရသွားအောင် ဘာပဲဖြစ်ဖြစ် မြန်မာတွေထဲမှာ အတ္တကြီးတဲ့၊ ကိုယ့်အတွက်ကိုယ် ကြည့်တတ်တဲ့၊ တိုင်းပြည်ကို မချစ်တဲ့ လူမျိုးတွေ ရှိတဲ့အထဲမှာမှ တိုင်းပြည်ကို ချစ်တဲ့ ဘ၀တခုလုံးပေးဆပ်ခဲ့တဲ့ လူသားတွေ ရှိသေးတဲ့ဆိုတာ သိရရင်၊ ကျနော်တို့ တိုင်းပြည်ကိုချစ်တဲ့ အသက်ပေးခဲ့တဲ့ အာဇာနည်တွေ ၊ လက်ရှိ အသက်ပေးဆောင်ရွက်နေတဲ့ လူတွေ အတွက် ကျနော်တို့ ဆုတောင်း မေတ္တာလေးများ ပို့ပေးနိုင်ခဲ့မယ်ဆိုရင် ကျနော် ကျေနပ်ပါတယ်။
ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
ဗိုလ်ချုပ် အောင်ဆန်း ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။
ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။
သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခ
Labels
- Blog (470)
၁၉ ဇူလိုင် မမေ့နိုင်
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
ဂုဏ်ယူစရာတောင်ပေါ်သားတွေက ဇူလိုင် ၁၉မှာ ကျဆုံးခဲ့ရတာကို တကယ် ရင်နာမိတယ်ကွာ...
ReplyDeleteအာဇာနည် ခေါင်းဆောင်ကြီးတွေ ကိုအလေးပြုသွားပါတယ်။
ReplyDeleteစုစည်းတင်ပြပေးတဲ့ ကိုတောင်ပေါ်သား ကိုလည်းကျေးဇူးတင်ကြောင်းပါဗျာ။
ပိုစ့်ကို ကော်ပီလည်း ကူးသွားပါတယ်။
လာဖတ်ရင်းနဲ့ကျဆုံးလေပြီးသော
ReplyDeleteအာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ
အတူတူ အလေးပြုသွားပါတယ်...
ReplyDeleteကျဆုံးလေသော ခေါင်းဆောင်များ၏ ဂုဏ်နှင့် ကြွေကွဲခြင်း၊ သတိရစေခြင်း၊ လေးစားခြင်း အကြောင်းအရာများအား တင်ပြသွားသော ညီလေး စိုးမင်းထိုက်ကိုလည်း ကျေးဇူးတင်ပါတယ်။
ReplyDeleteကျဆုံးသွားခဲ့ရတဲ့ ခေါင်းဆောင်များအတွက်တော့ ဖြေဆည်လို့မရတဲ့ ခံစားမှုနဲ့ လေးမြတ်စွာ ဂါဝရ ပြုခဲ့ပါတယ်။ ခေါင်းဆောင်ကြီးများ မြင့်မြတ်တဲ့ ဘုံဘ၀မှာ ငြိမ်းချမ်းစွာ အနားယူနေနိုင်ပါစေ။
ဒီလိုစုစည်းပြီး ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်.. ဒီနေ့မှာ အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုရအောင်ပါ...
ReplyDeleteအခုလိုစုစည်းတင်ပြပေးတာ ကျေးဇူးတင်ပါတယ် ကိုတောင်ပေါ်သားရေ..။ ကျန်တာတော့ ဘာမှမပြောတော့ပါဘူး အားလုံးအသိပါပဲ..။
ReplyDeleteခင်မင်စွာဖြင့်
စည်သူ။
ဗိုလ်ချုပ်နဲ့တကွ အာဇာနည်တွေကို လာရောက်အလေးပြုတာပါ။
ReplyDeleteကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်များ အကြောင်းကို လာဖတ်သွားပါတယ် ကိုတောင်ပေါ်သားရေ။ ၁၉ ဇူလိုင်က မမေ့သင့်တဲ့ နေ့တစ်နေ့ပါပဲ။
ReplyDeleteအာဇာနည်အပေါင်းရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံဖေါ်ပြထားတာ ကောင်းပါတယ် ကိုတောင်ပေါ်သားရေ... လာရောက်အလေးပြုသွားပါတယ်
ReplyDeleteအမြဲအမှတ်ရနေမယ့် နေ့လေးတစ်ခုပါပဲ...
ReplyDeleteသိပြီးသားပေမယ့် ဂုဏ်ယူစွာနဲ့ ဖတ်သွားပါ၏။ =)
ReplyDeleteစုစည်းတင်ပြပေးသော ကိုတောင်ပေါ်သားကို ကျေးဇူးတင်ပါတယ်ရှင်
ReplyDeleteလူသာသေမည် နာမည်ဘယ်တော့မှ မသေတဲ့ အာဇာနည်မျိုးတွေပါ။ လေးစားအားကျမိတယ်ဗျာ။
ReplyDeleteလေးစားပါတယ်ရှင်.... အားပေးပါတယ်... :-)
ReplyDelete