
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့အဆိုးရွားဆုံး ကပ်ရောဂါအဆင့် ၆ အထိ သတ်မှတ်ခံထားရပြီ ဖြစ်တဲ့ ၀က်တုတ်ကွေးရောဂါခေါ် A/ H1N1 ရောဂါဟာ တစ်ကမ္ဘာလုံးကို ချိန်းခြောက်နေတဲ့ ကပ်ရောဂါဖြစ်လာပြီ ဖြစ်ကာ မြန်မာနိုင်ငံကိုပါ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြည်တွင်းရှိ ပြည်သူအချို့ကတော့ ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားနေပြီ ဖြစ်ပေမဲ့ အချို့ အထိအတွေ့ နည်းသူတွေကတော့ ဒီရောဂါကို သာမန်ရောဂါဆန်း တစ်ခုအဖြစ် ရှုမြင်နေသေးပြီး ကာကွယ်မှုတွေ နည်းနေသေးတာကို တွေ့ရှိနေရပါတယ်။ လူတုတ်ကွေး/ ၀က်တုတ်ကွေး ရောဂါနှင့် ပတ်သက်ပြီး Mutdfan.com မှ အယ်ဒီတာအဖွဲ့ရဲ့ အကူအညီ တောင်း မေတ္တာရပ်ခံမှုအရ Mutdfan.com မှာ ဘောလုံးသတင်း ရေးသားနေသူ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ ဆရာဝန်တစ်ယောက် အနေနဲ့ ကျမ်းမာရေး ဆောင်းပါး ရေးသားပေးဖို့ မေတ္တာရပ်ခံလာခဲ့တဲ့အခါမှာ ဆရာဝန်ပေါက်စလေး ကျွန်တော်ဟာ ရေးသားဖို့ တွန့်ဆုတ် နေခဲ့ပေမဲ့ "ပြည်သူများအတွက် အရေးကြီးသော ကပ်ရောဂါဆိုးတစ်ခုကို ကြိုတင်ကာကွယ်နိုင်စေရေး အတွက် တစ်ဖက်တလမ်းမှု ကူညီရာ ရောက်စေရန်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှာဖွေ ပြုစု တင်ပြလိုက်ရပါတယ်။
ဝက်တုပ်ကွေးဟု လူသိများနေသော လူတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ အချက်အလက်များ
၁. ရောဂါ စတင်ဖြစ်ပွါးပုံသမိုင်း
swine flu (သို့မဟုတ်) H1N1 ဆိုပြီး ယခုနာမည်ကြီးနေတဲ့ လူတုပ်ကွေးရောဂါ က type A influenza ဗိုင်းရပ်ကြောင့်ဖြစ်တာပါ။ ဝက်တွေမှာဖြစ်တဲ့ ဝက်တုပ်ကွေးရောဂါဟာ ရှိနေခဲ့တာကြာပါပြီ။ ဒါပေမယ့်လည်း ယခုဘက်နှစ်ပိုင်းတွေမှာ ဖြစ်ပွါးမှုမရှိခြင်းကြောင့် လူသိနည်းရခြင်းဖြစ်တယ်။ ပထမဆုံး ဝက်တုပ်ကွေးနှင့်ဆင်တူသော လူတုပ်ကွေး ကပ်ရောဂါကြီးမှာ ၁၉၁၈ တွင် စပိန်တုပ်ကွေးဟု နာမည်ကြီးခဲ့သော “Spanish flu" ပဲဖြစ်ပါတယ်။ လူသန်းပေါင်း ၅၀ ခန့်ကိုကူးစက်ခဲ့သော ကပ်ရောဂါဆိုးကြီးပဲဖြစ်တယ်။ နောက်ပိုင်းမှာ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၈ တို့တွင်လည်း ဖြစ်ပွါးခဲ့ပါတယ်။ ယခုနှစ်နောက်ပိုင်း အနီးစပ်ဆုံးကိုပြောရမယ်ဆိုရင်တော့ ၂၀၀၇ခုနှစ် ဖိလစ်ပိုင်မှာ ဝက်တွေမှာဖြစ်ပွါးခဲ့တာပဲဖြစ်ပါတယ်။ အချို့သော ပညာရှင်များ၏ သုံးသပ်ချက်အရ အာရှတိုက် နှင့် ဥရောပတိုက်မှ ငှက်များ၊ လူများတွင် ပါသော ကြက်ငှက်တုပ်ကွေးဗိုင်းရပ် နှင့် မြောက်အမေရိကတိုက်ရှိ ဝက်များမှ ဗိုင်းရပ်ပိုးများ ပေါင်းစပ်ပြီး ယခုကဲ့သို့ ဗိုင်းရပ်ပိုးသစ်တစ်မျိုး အဖြစ်ဆင့်ကဲဖြစ်လာရခြင်းဟု သိရှိရသော်လည်း ထို အဆိုကို မှန်မမှန် ကောက်ချက်ယူရန် ခဲယဉ်းပါသည်။ မည်သို့ပင်ဆိုစေကာမူ လူတုပ်ကွေးရောဂါသည် ကျွန်တော်တို့ နိုင်ငံကိုခြိမ်းခြောက်လာပြီဖြစ်သည်။
၂. ရောဂါဖြစ်ပွါးစေသော ဗိုင်းရပ်အကြောင်း
လူတုပ်ကွေးရောဂါကို ဖြစ်ပွါးစေသောဗိုင်းရပ်မှာ H1N1 ဗိုင်းရပ်ဖြစ်သည်ဟု ကျွန်တော်တင်ပြပြီးဖြစ်သည်။ ယခု ထိုဗိုင်းရပ်အကြောင်း ကျွန်တော်သိရှိသမျှ ပြောပြချင်ပါသည်။ type A influenza ဗိုင်းရပ်တွင် မျိုးကွဲများ များစွာရှိပါသည်။ ထိုမျိုးကွဲများကို ဗိုင်းရပ်၏အပြင်ဘက်မျက်နှာပြင်တွင်ရှိသော antigen ၂ခုဖြစ်သော H နှင့် N ပေါ်တွင် မူတည်၍ ဆုံးဖြတ်သည်။ ယခု ဖြစ်ပွါးနေသော တုပ်ကွေးဗိုင်းရပ်မှာ H1N1 ဖြစ်သည်။ ထို H1N1 ဗိုင်းရပ် ၏ဗီဇမှာလည်း အမြဲပင်ပြောင်းလဲနေတတ်သောကြောင့် H1N1 မျိုးကွဲပေါင်များစွာရှိသည်။ ထို့ကြောင့် နှစ်စဉ် မျိုးကွဲအသစ်များကိုကာကွယ်သော တုပ်ကွေးရောဂါကာကွယ်ဆေးသစ်များ ထုတ်လုပ်နေရခြင်းဖြစ်သည်။ ဝက်၏ အသက်ရှုလမ်းကြောင်းတွင် လူ၊ ငှက် တုပ်ေ
nN95 mask သုံးရမယ်မှန်း သိဘူး... တခါသုံးတွေပဲ အိမ်က ကြိုမှာထားတာ.. တပ်လည်းမ တပ်ပါဘူး... ဒီတိုင်းသိမ်းထားတာ...(ခုတော့ ရန်ကုန်ကို ပြန်ပို့ရမလိုဖြစ်နေပြီ)
ReplyDeleteဒီပိုစ့်လေး အတွက် ကျေးဇူးတင်ပါတယ်...။ မသိသေးတာတွေကို လဲသိသွားပြီး...သတိထားရတာပေါ့..။ အမ်အာတီတွေထဲမှာ တစ်ချို့ mask တွေတပ်တာတော့ တွေ့တယ်...။ ကိုယ်တိုင်တော့ မတပ်ချင်သေးဘူး...း)
ReplyDeleteအင်း..မနက်မနက်.. ရုံးသွားရာလမ်းမှာ မျက်နှာဖုံးကြီးနဲ့ ဟင့်..တယောက်ထဲ ဟိုက ကွက်ကြည့် ဒီကကွက်ကြည့်..း(.. ဒီမှာ ဘာလို့ ဘယ်သူမှ မတပ်ကြတာတုန်း....
ReplyDeleteတူတော်မောင်ရေ..ကောင်းတယ်။ ကျေးဇူးပါ။ ကြီးဒေါ်သေချာမှတ်သားသွားတယ်။ ကြောက်တယ်ဟ။
ReplyDeleteသေချာဖတ်သွားတယ် တောင်ပေါ်သားရေ.. ကျေးဇူးပဲ.. :)
ReplyDeleteတောင်ပေါ်သားလေးရေ
ReplyDeleteဖတ်မှတ်သွားတယ်နော်
ခင်မင်လျက်
Hi guys, I apologise for the possible off-tobic but would anyone be able to recommend a good cheap web hosting company? I’m using a free one atm but it requires i have ads on my site which i don’t want. Thanks for any help.
ReplyDelete