စည်းကမ်း
စည်းကမ်းဆိုတာ ဘာလဲ ကျနော်သေချာမသိပါဘူး။ လူသားတွေ ပြောနေတဲ့ စည်းကမ်းဆိုတာဘာလဲ။ ဘယ်အရာကိုလုပ်ရင် စည်းကမ်းရှိသည်ဟု ခေါ်သလဲ။ ကျနော်ဘ၀မှာ ကိုယ့်ဟာကိုယ် သေချာပြန်သုံးသပ်လိုက်တော့ စည်းကမ်းရှိသည်လဲ မဟုတ်၊ မရှိဘူးဟူသော လူမျိုးလဲမဟုတ်ဟု ကိုယ့်ဟာကိုယ် ထင်မြင်မိသည်။ အဲ...ပုံမှန်အားဖြင့် စာအုပ်များကို ဖတ်ပြီး ပြန်ပြီး နေရာတကျတော့ ပြန်ထားလေ့ရှိသည်။ အရာဝတ္ထုများကိုလဲ အသုံးပြုပြီးလျှင် သူရဲ့နဂိုနေရာလေးကို ပြန်တော့ထားတတ်တာများ၏။ ဒါပေမဲ့ တခါတလေ အလျင်လိုနေလို့ပဲ ဖြစ်ဖြစ်၊ တခါတလေ မေ့လျော့ပြီး ပြန်မထားဖြစ်တာတွေကလဲ အကြိမ်ပေါင်းများပေသည်။ ဤသို့ဆိုလျှင် ကျနော့်သည် စည်းကမ်းရှိသော လူသားတယောက်မဟုတ်တော့ပါပေ။
လူသားတိုင်းအတွက် စည်းကမ်းရှိခြင်းသည် ဆိုးကျိုးထက် ကောင်းကျိုးက သာပေမည်။ ကျနော်ခန့်မှန်းသော ရာခိုင်နှုန်းအားဖြင့် ပြောရလျှင် ၉၉% သည် ကောင်းကျိုးကို ခံစားရပေမည်။ ကျန်သော ၁% လောက်သာ လူအများ၏ ပြောဆိုကဲ့ရဲ့မူကို ခံစားရပေမည်။ ဤအတွက်လူသားတိုင်း စည်းကမ်းရှိလျှင် နှစ်သက်သဘောကျတတ်ပေမည်။ ကျနော့်ဘ၀အတွက်ကတော့ အပြင်သန့်ရှင်းနေရုံ ၊ စည်းကမ်းရှိနေသယောင်ယောင် လုပ်ပြနေရုံမျှဖြင့် ထိုသူသည် ကောင်းသောလူမဟုတ်ဟု ခံယူသည်။ အမှန်တကယ် ကျနော်တို့ မြန်မာလူမျိုးတိုင်း ပြုပြင်သင့်နေသည်မှာ အစွန်းရောက်နေသော ကျနော်တို့၏ စိတ်ဓါတ်ဟု ခံယူမိပြန်သည်။ တခြားလူမျိုးများကို သွားကြည့်ပြီး မပြောချင်။ ကျနော်သည် မြန်မာပြည်မှာမွေးဖွားလာသော မြန်မာနိုင်ငံသားစစ်စစ်တယောက်ဟု ကျနော်ခံယူသည်။ ထိုအတွက် ကျနော်တို့ မြန်မာလူမျိုးများကိုသာ ပြောချင်သည်။
ဤတွင် မြန်မာလူမျိုးဟု ကျနော်ဆိုလိုသည်မှာ ဗုဒ္ဓဘာသာဝင်တွေချည်းမဟုတ်ပေ။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှ ပေါက်သော၊ ရသော ထမင်း၊ရေကိုစားနေသော လူတိုင်းသည် မြန်မာလူမျိုးများဖြစ်ပေသည်။ သူတို့တွင် ကိုးကွယ်သော ဘာသာတရား ကွဲလွဲစွာ ရှိနေတော့လဲ သူတို့သည် ငြင်းဖွယ်ရာမရှိ မြန်မာလူမျိုးများသာ ဖြစ်ပေသည်။ ကျနော်မြင်မိသော သဘောသဘာဝအရ မြန်မာလူမျိုးများသည် စေတနာ၊မေတ္တာ အပြည့်ထားကြသည်။ သူများအခက်အခဲရှိလျှင် တတ်စွမ်းသလောက် ပေးဆပ်တတ်ကြသည်။ ကူညီတတ်ကြပေသည်။ ဒါပေမဲ့ ကျနော်တို့မြန်မာလူမျိုးများတွင် မကောင်းသော စိတ်ဓါတ်တခုကိုလဲ ထင်ရှားစွာ တွေ့ရပေဦးမည်။ ထိုအရာသည်ကား အပေါ်ယံပေါင်းသင်း၍ ကျနော်တို့၏ စိတ်ထဲတွင်က မနာလို မုန်းတီးခြင်းများ၊ တယောက်နဲ့တယောက် ပြိုင်ဆိုင်လိုမူများသည်ကား အထင်သားမြင်နေရပေမည်။
အပေါ်ယံပေါင်းသင်းဆက်ဆံသည်ကို လူသားတိုင်း ကြိုက်နှစ်သက်ကြပေသည်။ ကျနော်သည်လဲ ကြိုက်သည်။ စကားလုံး လှလှလေးများဖြင့် ပြောဆိုလာလျှင် ပုထုဇဉ်လူသားတိုင်း ခံစားနှစ်သက်ကြပေသည်။ ဒါပေမဲ့ လူတချို့သည် အပေါ်ယံကောင်းခြင်းကို ဆောင်၍ အတွင်းမသိစိတ်မှ ရန်စောင်နေတတ်ကြပေသည်။ ကျနော်တို့ မြန်မာစကားပုံတွင် "မင်းမှာ သစ္စာ လူမှာကတိ" ဆိုသော စကားပုံလေးတခုကိုအမှတ်ရမိသည်။ လူသားတိုင်း ကတိသစ္စာ ခိုင်မြဲနေလျှင် လောကမှာ လူဖြစ်ရခြင်းသည် သာ၍မြတ်ပေသည်။ လူတချို့သည် ကိုယ်တိုင်တောင် ကတိသေချာမပေးနိုင်၊ မသေချာသော စကားလုံးများဖြင့် ပြောတတ်ပြီး သူများအကြောင်းများကို ခရားရေလွှတ် ပြောတတ်ပြန်ပေသည်။ ထိုသို့ပြောနေစဉ်အတွင်း ငါသည်လဲ ကတိမတည်သော လူသားဖြစ်နေပါလားဟု မစဉ်းစားမတွေးတောတတ်ကြပေ။
လူတချို့သည် စိတ်ကိုအလိုလိုက် လွယ်တတ်ကြပေသည်။ ပြောပြီးသားကတိစကားကို အလွယ်တကူ မေ့တတ်ကြပြန်သည်။ ကိုယ့်အတွက်သာကြည့်ပြီး တပါးသူစိတ်ဆင်းရဲမှာ၊ အတိဒုက္ခရောက်သွားမှာကို မသိချင်ဟန်ဆောင် လုပ်တတ်ကြပြန်သည်။ ကိုယ်နာမည်လေးတခုရဖို့ အပေါ်ယံအများအမြင်မှာ သူရဲကောင်းဖြစ်ဖို့သာ သူတို့လိုလားကြသည်။ ထိုသူများအဖို့ သူတို့ပြန်ခံစားရချိန်တွင် မျက်ရည်ပေါက်ကြီးငယ်နဲ့ ဖြစ်နေရှာရသည်။ ဒါပေမဲ့သူတို့တွင် နောင်တရလားဆိုတော့ နောင်တဆိုတာ ဘယ်မှာရှာရမှန်းမသိအောင် ဖြစ်နေတတ်ပေသည်။ မှားပြီးရင်း မှားနေသော လူများဖြစ်သည်။
ကျနော်တို့အသက်အရွယ်အရ ကျနော်တို့သည် ကလေးဘ၀ကထက် အနဲနဲ့အများဆိုသလို တွေးတောမူတွေ ပိုများလာမည်။ မှန်ကန်သော ဆုံးဖြတ်ချက်တွေ ချတတ်လာမည်။ ထိုအတူ လူသားမပီသသော လူသားမဆန်သော အပြုအမူများကိုလဲ ကျနော်တို့ လုပ်ဆောင်လာကြသည်။ မိသားစုအတွက်၊ ကိုယ့်ဘ၀အတွက် ကိုယ့်ကိုကိုယ်ကြည့်ကာ အမှားများစွာကို ကျူးလွန်လာကြသည်။ တယောက်အပေါ်တယောက် ခေါင်းပုံဖြတ် အနိုင်ကျင့်လာတတ်ပေမည်။ တခါတလေများ အသက်က ကြီးလာသည်မှာ မှန်ပေမဲ့ လုပ်ရပ်တချို့သည် ကလေးကလားဆန်စွာ ပြုမူတတ်ပြန်ပေသည်။ ဘ၀မှာထိုသို့သော လူမျိုးများကို အဘယ်သို့ခေါ်မည်နည်း။ ကျနော်သေချာမသိပေ အမှန်တကယ်တော့ ကျနော်သည်လဲ ကတိတည်သော လူသားတယောက် မဟုတ်ပေ၊ ကျနော်သည်လဲ မှားယွင်းမူများစွာနဲ့ ရှေ့ကိုလျှောက်လှမ်းနေမိသော လူသားတွေထဲက လူသားတယောက်သာ ဖြစ်ပေသည်။ ဒါပေမဲ့ ကျနော်ဘ၀တွင် သူတပါးကို လှောင်ပြောင်လိုသောစိတ်၊ သတ္တိမရှိပဲ နောက်ကွယ်ကနေ ချောင်းရိုက်ချင်တဲ့ စိတ်ကတော့ စိုးစေ့မျှမရှိဟု ကျနော်ယုံကြည်ပါတယ်။ ဆက်ပါဦးမည်....
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
စိတ်ဓာတ်
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
ဘာတွေပေါက်ကွဲနေတာလဲဗျ။လူရယ်လို့ဖြစ်လာရင်လူတွေနဲ့ပေါင်းသင်းကြရမယ်။လူတွေနဲ့ပေါင်းသင်းရင်လူအမျိုးအမျိုးအထွေထွေနဲ့တွေ့ဆုံရမယ့်။အဲဒိအခါကျရင်ကိုယ်နဲ့မကိုက်တဲ့အတွေးအခေါ်အယူအဆလွှဲမှားမှုတွေအများကြီးတွေ့ရမယ့်။စိတ်မပျက်ပါနဲ့ကိုယ့်လူ။လောကကြီးမှာနေခွင့်ရတုန်းလေးပျော်ပျော်ပါးပါး(ခင်ဗျားပြောသလိုစည်းလေးကမ်းလေးနဲ့)နေကြည့်စမ်းပါဗျာ။
ReplyDeleteပေါ်ပေါ်ရေ
ReplyDeleteဖတ်ရတာ နားမလည်ပါလားကွယ်။
ဘာတွေဖြစ် :)
good luck,
ခင်မင်စွာဖြင့်
သီဟသစ်
တော်တော်များများ မှန်ပါတယ်။ ဒါပေမယ့် စိတ်လျှော့ပါ ကိုတောင်ပေါ်ရေ...
ReplyDeleteကိုတောင်ပေါ်သားရေ ဆက်မှာလေးကို မျှော်ပြီးစောင့်ဖတ်နေပါတယ်လို့........
ReplyDeleteညီလေးရေ
ReplyDeleteညီလေး ရေးတဲ့ သဘောကို မသိပင့်မဲ့
နားလည် သလိုလိုပါပဲကွာ။
ဖတ်ရတာ ကောင်းတယ် ညီ။
ဆက်ရေးပါအုံးလို့ အားပေးနေတယ်။
ကိုရီနို
ဟုတ်ပါတယ်..လူ့စိတ်ဆိုတာ မှန်းရခက်တယ်....
ReplyDeleteအပေါ်ယံချိုပြီးအတွင်းခါးနေရင်တော့ ရှောင်စရာပေါ့။
သူများကို ပြင်လို့မရတော့ ကိုယ်ကိုကိုယ်ပဲ ပြင်ရမှာပေါ ဦးပေါ်ရဲ့...
စိတ်လျှော့စိတ်လျှော့..ဘာတွေပေါက်ကွဲ နေတာလဲမသိ....
း))
"ထိုအရာသည်ကား အပေါ်ယံပေါင်းသင်း၍ ကျနော်တို့၏ စိတ်ထဲတွင်က မနာလို မုန်းတီးခြင်းများ၊ တယောက်နဲ့တယောက် ပြိုင်ဆိုင်လိုမူများသည်ကား အထင်သားမြင်နေရပေမည်။"
ReplyDeleteအဲသလိုရေးရသလား...
တည့်ထိုးကြီး...
းဝ)
မှန်တာပေါ့ ကိုတောင်ပေါ်.. ဒီမိုကရေစီလိုချင်နေတဲ့ မြန်မာလူမျိုးတွေဟာ သူတပါးစိတ်နေစိတ်ထားကိုတောင် ဒီမိုကရေစီမပေးတတ်တာ အရမ်းအံ့သြဖို့ကောင်းတယ်..ကိုယ့်ခံယူချက်နဲ့ကိုယ် လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို လိုက်ချောင်းစရာမလိုဘူး.. လူ့စည်းကမ်းဆိုတာ ပိုတန်ဖိုးကြီးတယ်ဗျာ.....
ReplyDeleteတောင်ပေါ်ရေ အိမ်မပြန်ချင်တော့ဘူးလား ဝေးး
ReplyDeleteဒါပဲပြောမယ်နော် ဟင်းးးး
ကောင်းတယ်ဗျာ ကိုတောင်ပေါ်သား
ReplyDeleteကိုတောင်ပေါ်သားပြောမှပဲ သတိရသွားတယ်
ငယ်ငယ်ကပေါ့ အပြင်ထွက်ဖို့ သူငယ်ချင်းကလာခေါ်တာ
နောက်ကျနေပြီးဆိုတော့လည်း လောတာပေါ့ အဲဒီအချိန်
မှာ ပုဆိုးလဲနေတုန်းအချိန်ဆိုတော့ ... ပုဆိုးလဲပြီးတာနဲ့ သိမ်းဖို့တောင်အချိန်မရလိုက်ဘူး ကွင်းလိုက်ကို လွှားကနဲ့ ကန်ထုတ်လိုက်တယ် ....
တိုက်ဆိုင်သွားလို့ပါ...။
ဆက်ပါအုံးကိုတောင်ပေါ်သားရေ
ပျင်းလို့ရှိရင်လည်း ကျွန်တော့်ဆီလာလည်လှည့်ပေါ့ဗျာ
အပျင်းပြေပေါ့..။
ခင်မင်စွာဖြင့်
စည်သူ။
အင်း
ReplyDeleteဒီလိုပါပဲ
လူအမျိုးမျိုး စိတ်အထွေထွေပေါ့
ဒီလူတွေထဲ ကိုယ်မပါအောင်နေဖို့ပဲ ကြိုးစားမိတယ် ..
ဒီလူ ဒီလိုစိတ်ထားရှိတယ် သိပြီးရင် ပေါင်းသင့် မပေါင်းသင့် ကိုယ့်စိတ်ထဲ စဉ်းစား ဆုံးဖြတ်လိုက်တာပါပဲ ..း)