Labels

လွတ်လပ်မူတွေ နဲ့ အမေ


လင်းရောင်ခြည် ထွန်းလင်းတဲ့ဒီမနက်
ကျနော်တမ်းတမိတာ တခုပဲရှိခဲ့တယ် အမေ
ဒီနေ့လေးမှာ လောကရဲ့ သဘာဝလေအေးတွေ
အမေတ၀ကြီး ရူရှိုက်နိုင်ပါစေလို့ပေါ့

ရှင်သန်နေတဲ့ ဒီသက်တမ်းတလျှောက်
အမေကျနော့်တို့အတွက် အကုန်လုပ်ပေးခဲ့ပြီးပြီလေ
အမေ့ရဲ့ စူးရှတဲ့ ပြတ်သားတဲ့ဒီအသံတွေ
မမီခဲ့တဲ့ ကျနော်တို့လို ကလေးငယ်တွေ
နောက်တကြိမ် လွတ်လပ်စွာပြန်ကြားချင်နေမိတယ် အမေ

ဒါဘယ်သူ့အပြစ်လဲ သေချာစဉ်းစားကြည့်တော့
တကယ့်အမှားဆုံးတရားခံဟာ ကျနော်တို့ပါပဲ အမေ
လိုချင်တာကို မရမက မလုပ်တတ်တဲ့
အလွယ်တကူ အရှုံးပေးတတ်တဲ့ ကျနော်တို့ရဲ့
ခေတ်သစ် မြန်မာသွေးတွေကြောင့်ပါ အမေ

နေရာလေးများ မရခင်တော့ အချိန်တိုင်း အော်ဟစ်လို့ပေါ့
သာယာမက်မောဖွယ်ကောင်းတဲ့ နေရာလေးများရရင်တော့
အော်ဟစ်ခဲ့တဲ့ စကားလုံးတွေတောင် မေ့သွားတတ်တဲ့
အမေ့ကို သတိရမူတွေ ပျောက်ဆုံးနေတတ်တဲ့
ကျနော်တို့လို သားမိုက်တွေရဲ့ အပြစ်တွေပါ အမေ

ခုဒီမနက်ခင်းလေးမှာ ကျနော်တွေးနေမိတယ်အမေ
အမေဘာဆက်ဖြစ်မလဲ ဘာတွေ အနစ်နာဆက်ခံရဦးမလဲ
အမေ ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
ဒီသားမိုက် ကျနော်တို့တွေ ခုထက်ထိ
ဒီတွင်းဆိုးထဲကနေ မကျော်လွှားနိုင်သေးဘူးအမေ..
ဒါဘယ်သူအပြစ်လဲ တကယ်တော့ ကျနော့်တို့ အပြစ်တွေပါ အမေ..


လေးစားလျက် တောင်ပေါ်သား

13 comments:

  1. အမေ့အတွက် ကဗျာလေးကို လာဖတ်သွားပါတယ်.. စိတ်ထဲမှာ ရှုပ်ထွေးနေလို့ ဘာပြောရမှန်းတော့မသိခဲ့ပါဘူး.. ကိုတောင်ပေါ် ကျန်းမာပါစေ...

    ReplyDelete
  2. အခုမှပဲ ပေါ်လာတော့တယ် တောင်ပေါ်ရယ်။

    အမေ ကဗျာလေးကို ရင်နဲ့ခံစားပြီး ဖတ်သွားတယ်နော်။ ဒါမေမယ့် မရောင်လည်း ဘယ်လို အားပေးရမှန်းမသိတော့ဘူး။ အမေ့ကိုတော့ အရမ်းသတိရသွားတယ်။
    ပျော်ရွင်ပါစေ။

    ခင်တဲ့ မရောင်

    ReplyDelete
  3. မှန်လိုက်တာ ..အမေ စတေးခံနေရတာ အလကားလိုပဲ တခါတခါ ထင်မိတယ် .ကျန်တဲ.လူတွေက ကိုယ်နဲ.မဆိုင်သလိုပဲ .

    ReplyDelete
  4. အပြစ်တွေ ...
    ကြေအောင်ဆပ်ကြပါ .....

    ReplyDelete
  5. အင်း
    ဆရာပြောသလိုပါပဲ။
    ကျနော်တို့ မျိုးဆက်သစ်တွေရဲ့ သွေးတွေက ဘာတွေဘယ်လို ရောကုန်လဲ မသိပါဘူးဗျာ။ ဒို့ဗမာအစည်းအရုံးခေတ်က ခြေဖ၀ါးကကျတဲ့ သဲမှုန်လောက်ကိုတောင် မှီကိုမမှီတော့တာ။
    တွေးမိရင် ခံပြင်းရတယ်။

    ReplyDelete
  6. ရင်နာနာနဲ့ခံစားပါတယ်။စိတ်နာနာနဲ့ကျုံးဝါးလို့ပဲရပါတယ်။တချိန်တော့လုပ်သင့်လုပ်ထိုက်တာတွေလုပ်ရတော့မှာပါ။စကားမစပ်...ရက်ချိန်းပြောင်းလိုက်တယ်ကြားတယ်ဗျ

    ReplyDelete
  7. ဒီလိုအချိန်မှာ ဒီလိုစာမျိုး များများလိုအပ်တယ် ထင်မိတယ်...

    ReplyDelete
  8. မှန်ပါတယ်...
    ဘယ်လိုပြောရမှန်းကိုမသိပါဘူးဗျာ

    လေးစားစွာဖြင့်
    စည်သူ။

    ReplyDelete
  9. ညီလေးပေါ်ပေါ်ရေ

    အမေကဗျာလေးကို လေးလေးစားစားဖတ်သွားပါတယ်

    ခင်မင်စွာဖြင့်
    သီဟသစ်

    စကားမစပ် သီချင်းတွေက စကားပြောနေတယ်

    ReplyDelete
  10. ကိုယ်တိုင် လွတ်လပ်တဲ့ဘ၀မှာ နေဘူးမှ မလွတ်မလပ်နဲ့ ကိုယ်ကျိုးမကြည့်ပဲ အနစ်နာခံသူတွေကို ချီးကျူးမိတယ် ..
    အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ

    ReplyDelete
  11. လွတ်လပ်တဲ့ အရသာကို အားလုံးခံစားနိုင်စေဖို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  12. ကဗျာလေး ရည်းညွှန်းတာ ကောင်းတယ်ဗျို့... တအားကြိုက်သွားပြီ.. ကိုယ်တိုင်လဲ တာဝန်းမကျေသေပါလား ဆိုတာ ခံစားမိပါတယ်..

    ကဗျာကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေ...။

    ReplyDelete

Blogger Template by Clairvo