Labels

ပြန်လည် မျှဝေခြင်း


အရင် တင်ဖူးခဲ့တဲ့ စာသားလေးတွေပါ။ ဖတ်ပြီး သဘောကျတာနဲ့ ပြန်တင်လိုက်တာပါ။ (ဆားချက်တယ်လို့ ပြောလဲ ရပါတယ်)


မည်သူ့ကိုမှ မည်သူ၏ လိုလားတောင့်တခြင်း မရှိပါစေနှင့်။

အချက်(၄)ချက်ပေါ်တွင် မာန်မာန မထားပါနှင့်။


(၁) ဥစ္စာပစ္စည်း
(၂) ရာထူးအဆင့်အတန်း
(၃) ရုပ်ရည်ချောမောလှပခြင်း
(၄) အင်အား

အချက်(၄)ချက်ပေါ်တွင် ကျင့်သုံးနိုင်အောင် ကြိုးစားပါ။


(၁) မည်သူ့ကိုမှ ဘုရားသခင်နှင့် တတန်းထဲ မထားလေနှင့်။
(၂) မည်သူ့ကိုမှ စိတ်ဒုက္ခ မပေးလေနှင့်။
(၃) အတင်း မပြောလေနှင့်။
(၄) မည်သူ တစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးများ ကိုယ်ကြောင့် မဆုံးရှုံးစေနှင့်။



ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။

အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။

လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ တမင်ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။

စာကြွင်း။ ။ကျနော် mail ထဲကို ရောက်လာတဲ့ စာတခုပါ... ဘ၀မှာ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘာမှမဟုတ်ပေမဲ့ သေချာဂရုစိုက်လုပ်နိုင်လားဆိုတာ့ မလုပ်နိုင်ကြပါဘူး။ လူဘ၀မှာ တော်တော်ကို လိုအပ်မယ်လို့ ထင်ပါတယ်။


လေးစားလျက် တောင်ပေါ်သား

14 comments:

  1. တကယ်ကို မှတ်သားစရာ အချက်အလက်တွေပါ..

    ReplyDelete
  2. မီးဖိုခန်းထဲက စာတွေမလား..

    ReplyDelete
  3. သီဟသစ်July 8, 2009 at 2:31 PM

    ဖတ်မှတ်သွားတယ်ကွယ်
    ချစ်သူသို့လေး ဆက်အုံး

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  4. ကိုတောင်ပေါ်သားရေ ကြိုဆိုပေးတာ ကျေးဇူးပါ။ ဒီပို့စ်လေးထဲက "အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်" ဆိုတဲ့စာကြောင်းလေးက အခုချိန်မှာ ကိုယ့်အတွက် အသုံးဝင်နေလို့ အသေအချာကြီးကို မှတ်သားသွားပါတယ်။

    ReplyDelete
  5. သေသေချာချာလေး မှတ်သွားပါတယ်။ ဆားချက်တယ်ဆိုပေမယ့် မဖတ်ရသေးတော့ အသစ်ပေါ့နော်။ ကျေးဇူးတင်ပါတယ်။ ခင်မင်လေးစားလျှက်
    ညီမလေး ပါးလုံး

    ReplyDelete
  6. သေသေချာချာ ဖတ်မှတ်သွားတယ်။
    တော်တယ် ကြီးတော်ရဲ့ တူလို့ မပြောရဘူး။ :)

    ReplyDelete
  7. စိုင်းစိုင်းလားရှိုးJuly 9, 2009 at 12:38 AM

    မှန်တယ်လို့ပဲ ပြောရမှာပဲ။ ဘ၀မှာ ဒဿန တွေကလည်း အများသားနော်...

    ReplyDelete
  8. လိုက်နာ ကျင့်သုံးနိုင်ဖို့ ကြိုးစားနေပါတယ် ..း)
    အဲဒီအတိုင်း ကျင့်သုံးနိုင်ပြီဆိုရင်တော့ စိတ်တွေ တော်တော် လွတ်လပ် ပေါ့ပါးနေမှာပဲ
    အမြဲနေနိုင်ဖို့ကလည်း မလွယ်သေးဘူးနော် ..း))

    ReplyDelete
  9. မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ တမင်ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

    ဒီစာသားလေးသဘောကျဆုံးပဲ။ တစ်ပုဒ်လုံးက မှတ်သားစရာတွေကြီးပါပဲ။ ကောင်း၏

    ခင်မင်ခြင်းနှင့်
    တလနွန်

    ReplyDelete
  10. Great post..Happen to visit your blog quite often because you write about Taunggyi and I miss Taunggyi too.Cheers..:)

    ReplyDelete
  11. မည်သူ့ကိုမှ မည်သူ၏ လိုလားတောင့်တခြင်း မရှိပါစေနှင့်။<--- အရမ်းမှန်တယ်.. ကြိုးစားနေတုန်းပဲး-)

    ReplyDelete
  12. မှတ်သားစရာပါပဲဗျာ။ =)

    ReplyDelete
  13. ပြောသာပြောတာပါဗျာ လူတွေက အဲဒီစည်းကမ်းချက်တွေနှင့် တခုမှ မလွတ်ကြပါဘူးဗျာ။

    ReplyDelete

Blogger Template by Clairvo