Labels

ချစ်သူသို့ ၎


မမျှတတဲ့ကံကြမ္မာရဲ့ ရိုက်ချက်တိုင်း
ငါအလူးအလဲနဲ့ ခံနိုင်ခဲ့တယ် ရုန်းထခဲ့တယ်
ဒါပေမဲ့ မင်းရဲ့ပျော့ပျောင်းတဲ့ ရိုက်ချက်လေးတခုကိုတော့
ငါမခံနိုင်ခဲ့ဘူးလေ အလူးအလဲနဲ့ ကျရှုံးခဲ့ရတယ်
ချစ်သူ.....

ဘ၀နှစ်ခုကို ပေါင်းစပ်ဖို့
ချစ်ခြင်းတွေလိုအပ်သလို သံယောဇဉ်တွေလည်း
လိုအပ်နေတယ်ဆိုတာ ငါယုံကြည်နေဆဲပါ
ဘာလို့များ မင်းမယုံကြည်ချင် ဟန်ဆောင်နေခဲ့တာလဲ
ချစ်သူ.....

ပျော်ရွှင်နေခဲ့တဲ့ ဟိုအချိန်တွေကို
တမြေ့မြေ့တွေးပြီး ခံစားနေရတာ
ယောင်ချာချာ တယောက်ထဲ အထီးကျန်နေခဲ့တာ
မင်းမသိချင်ဟန်ဆောင်နေတာလား
ချစ်သူ.....

မင်းအတွက် နှလုံးသားတခုကို အရင်းတည်လို့
အချစ်တခုကို ငါမွေးဖွားခဲ့ရတာပါ
လိုအပ်ချက်တိုင်းဟာ ငါ့အပြစ်တွေပဲလား
ငါကိုယ်တိုင်လဲ သေချာမသိခဲ့တော့ဘူး
ချစ်သူ.....

အချစ်အတွက် သတ္တိတွေ မွေးဖွားခဲ့တယ်တဲ့
ဘယ်စာဆိုက မိန့်ကြားခဲ့သလဲ
မင်းနဲ့ငါတို့ နှစ်ယောက်ကြားမှာ လိုအပ်ခဲ့တာ
အဲ့ဒီမိန့်ခွန်းလေး တခုတည်းပါ
ချစ်သူ......



လေးစားလျက် တောင်ပေါ်သား



13 comments:

  1. ပျော့ပျောင်းတဲ့ ရိုက်ချက်လေးက နှလုံးသားတည့်တည့်ကို ရိုက်မိသွားလို့လာ....

    မယုံကြည်တာမဟုတ်ပါဘူး

    ခံနိုင်ရည်ရှိမရှိ စမ်းသပ်နေတာပါ...


    ဟန်ဆောင်နေတာ မဟုတ်ပါဘူး

    ယောင်ချာချာနဲ့ အထီးကျန်တဲ့ ဘဝ ရှိတာချင်းတူနေတာကို နားလည်စေချင်တာပါ



    ပျော်နေတယ်မထင်ပါနဲ့..
    ဟန်ဆောင်နေတယ်မထင်ပါနဲ့..
    မသိချင်ယောင်ဆောင်နေတာမဟုတ်ပါဘူး...

    နေတတ်အောင်သင်ပေးနေတာပါ....

    ပေါ်ပေါ်ရေ... စိန် အရမ်းခံစားရပါတယ်...


    စိန်ဆုံးဖြတ်လိုက်ပါပီး... ပေါ်နဲ့ အမြန်ဆုံးနီးစပ်နိုင်ဖို့..
    ပေါ့်အနားကို အရောက်လာခဲ့မှာပါ
    စိတ်ဓာတ်တွေမကျနေပါနဲ့။။။။။။း))))



    ချစ်ခင်စွာဖြင့်

    ဖိုးစိန်း)

    ReplyDelete
  2. အဟေဟးးးး တစ်တောင် ရလိုက်သေးတယ် ဗျ

    ReplyDelete
  3. ကဗျာလေးကို ဘာမှမဝေဖန်ပဲ အေးဆေးပဲ ဖတ်ရူသွားတယ်ဗျို့

    ReplyDelete
  4. အရေးအသားပြေပြစ်တဲ့
    ကဗျာကောင်းတစ်ပုဒ်ပါရှင်
    ဆက်လက်အားပေးနေပါတယ်

    ReplyDelete
  5. ချစ်သူအတွက်ရေးထားတဲ့ကဗျာလေးကို
    မဆီမဆိုင် လာခံစားသွားပါတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  6. ချစ်သူ အတွက်တွေ များလှချည်လာ အချစ်မရှိတဲ့ အစ်ကို ကြီးက ရေးလှချီလာ အမယ် တွေ့နေပြီနဲ့တူတယ်... အဟက်အဟက်..
    ကြိုးစားထားနော်.. အဟက်

    ခင်မင်လျှက်
    အဆိပ်ခွက်

    ReplyDelete
  7. အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ

    ReplyDelete
  8. ညီလေး ပေါ်ပေါ်ရေ

    မအားလို့ ခုမှရောက်တယ်။ ခုလည်း အားလို့
    မဟုတ်ဘူး အိပ်ချင်နေပြီ။

    ချစ်သူ အတွက် ဆိုလို့ လာခဲ့တာ။

    ကောင်းလိုက်တဲ့ ရိုက်ချက် မိုက်တီးတောင်
    အရှူံးပေးရတော့မယ်ထင်တယ်။

    လောကကြီးမှာ အဆိုးနဲ့ အကောင်းဒွန်းတွဲနေတယ်။

    ညီလေးက အဆိုးပဲတွေးနေတော့ အကောင်း
    တွေကြီးပဲ ရမှာသေချာတယ်။(ချစ်သူ)

    အားပေးနေတယ် (၅) ကို မျှော်နေတယ်လို့တော့
    မပြောချင်တော့ဘူး။
    ရင်ထဲမှာ ရှိနေအုံးမယ် ဆိုရင်တော့
    ဖတ်ချင်သေးတယ် ညီ။

    ကိုရီနို

    ReplyDelete
  9. အင်း
    အဟမ်း အဟမ်း

    အိပ်ချင်ပြီ ဘာမှမပြောတော့ဘူး နောက်မှ လာပြောမယ်

    ReplyDelete
  10. သြော်
    ကိုဖိုးစိန်က အမြန်ဆုံးလာပါတော့မယ်တဲ့
    အားမငယ်နဲ့တော့နော် :P

    ReplyDelete
  11. ပျော်ရွှင်စွာ တသက်လုံးပေါင်းဖက်နိုင်ပါစေလို့ လာဆုတောင်းတယ်နော်။ အဆိပ်ခွက်အိမ်မှာတွေ့လိုက်လို့ အပြေးလာတာ။ နွေးနွေးရေ လှတယ်နော့။

    ReplyDelete
  12. အဟား တူတော်မောင်ရေ ဂျီးတော် မှားပကော့ ။။နွေးနွေးအိမ်နဲ့ မှားပြီ မန့်လိုက်တာ။ sorry ဗျို့.

    အဲ..တူတော်မောင်ကိုလဲ မြန်မြန်အဆင်ပြေပါတော့နော်။ ကြီးတော်လဲ အမွေတွေလက်ဖွဲ့ချင်နေပြီ။ :)

    ReplyDelete
  13. ပေါ်ပေါ်မှာ အချစ်မရှိဘူးလို့ ဘယ်သူပြောလဲ အဆိပ်ခွက်ရေ...ကို့ညီ အကြောင်းကိုသိတာပေါ့ကွ...သူကဗျာတွေဟာ သူ့ခံစားချက်တွေပဲလေ...ဟုတ်လားညီငယ်တောင်ပေါ်...

    ကဗျာတစ်ပုဒ်လုံးဟာ နှလုံးသားနဲ့ရေးထားတာမို့လို့ ဖတ်လို့ကောင်းတယ်...ခံစားရပါတယ်ဗျာ

    ReplyDelete

Blogger Template by Clairvo