Labels

လွမ်းနေမိဆဲပါ


ဒီအချိန်ဆို ကျနော့်မွေးရပ်မြေမှာ
မြူခိုးတွေဝေနေတဲ့ အချိန်လေးပေါ့
အေးချမ်းလှတဲ့ လေနုလေးတွေကြားမှာ
ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားခဲ့တဲ့
ရင်ခုန်ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်တွေးရင် လွမ်းနေမိဆဲပါ.......

မိုးနှောင်းလို့ ဆောင်းအ၀င်
မြူခိုးတွေမှိုင်းနေတဲ့ လမ်းငယ်လေးတွေ
ဘာတွေဘယ်လိုပြောင်းပြောင်း ထာဝရတည်ရှိနေမဲ့
မြင့်မားလှတဲ့ ရှမ်းတောင်တန်းကြီးတွေ
ရင်ထဲမှာ အမြဲလိုလို လွမ်းနေမိဆဲပါ........

ရင်ကိုဆူပွက်စေတဲ့ ရှမ်းအိုးစည်၊ဗုံမောင်းသံတွေ
ဘယ်အချိန်ကြည့်ကြည့် မရိုးပဲလှပစေမဲ့ ရိုးရာမီးပုံတွေ
ဖော်ရွေခင်မင်တတ်တဲ့ သူငယ်ချင်းတသိုက်
ရိုးသားလှတဲ့ ဒို့မြို့သူ၊ မြို့သားတွေ
အမြဲကို တမ်းတ လွမ်းနေမိဆဲပါ.......

လက်ရှိတော့လည်း ယုံကြည်ချက်တွေ မှုန်ဝါးလို့
ပျော်ရွှင်မူတွေ ကွယ်ပျောက်နေဆဲ
အကျဉ်းထောင်မကျတကျ အခန်းလေးထောင့်လေးထဲမှာ
တယောက်ထဲ အထီးကျန်ဘ၀ကို ဆက်လျှောက်ရင်
ပိုင်ဆိုင်တာဆိုလို့ ဒီလက်တော့စ်လေးတလုံး
ဘယ်တော့မှမမေ့ မွေးရပ်မြေကို ထာဝရ လွမ်းနေမိဆဲပါ.......




လေးစားလျက် တောင်ပေါ်သား

8 comments:

  1. ပြန်ချင်ပါတယ်ဆိုနေ သူကလာလာ ဆွပေးနေတယ်။ ဟွန်း

    ReplyDelete
  2. ကိုတောင်ပေါ်သား မွေးရပ်ကို လွမ်းနေပြီပေါ့

    ReplyDelete
  3. နာ့လဲအိမ်ကိုလွမ်းနေတာ တောင်ပေါ်ရေ
    တို့တွေ ဘယ်တို့များမှ ကိုယ်နေချင်တဲ့မွေးရပ်မြေမှာ နေထိုင်ခွင့်ရနိုင်မလဲ........

    ReplyDelete
  4. စိုင်းစိုင်းလားရှိုးSeptember 17, 2009 at 1:03 PM

    ဟောင်းဟတ်ဆူ ဆိုတဲ့ စကားသံလေးတွေ ချယ်ရီပန်းနဲ့ အတူ ဖူးလိုက် ပွင့်လိုက်နဲ့ အဝေးက လွင့်ပျံ့လာတဲ့ နောင်ပိန်နောင် အသံသဲ့သဲ့လေးက ငါ့သိဥာဉ်ကို ရှမ်းရိုးမက ချောက်ကမ်းပါးထဲ တွန်းချလိုက်သလိုပဲ ဟာကနဲ နဲ့...................

    ReplyDelete
  5. ခင်ဗျားကဗျာတွေမဖတ်ချင်ဘူး။ဖတ်ရင်တောင်ကြီးနဲ့ရှမ်းပြည် ကိုပြန်ပြန်လွမ်းလွမ်းနေရတယ်။ဒါတောင်ကျွန်တော်က၄နှစ်လောက်ပဲနေခဲ့လို့။အဲဒိမြေမှာမွေးခဲ့တဲ့သူတွေ အတွက်တော့စာနာပါတယ်ဗျာ။ နှိပ်စက်ပတောင်ပေါ်သားရယ် ဟ ဟ.

    ReplyDelete
  6. သံလွင်ဟီးရိုးကတော့ ၀န်ခံသွားပါလား
    ကူညီပေးလိုက်ပါဦး

    ကိုလူထွေးကြီးကလည်း လွမ်းနေပါတယ်ဆို ပိုသတိရအောင် လုပ်သွားသေးတယ်နော်
    :D

    လွမ်းပါ လွမ်းပါ .. :P

    ReplyDelete
  7. ကိုတောင်ပေါ်ရေ...အခြေနေရ မိသားစုနဲ့ ခဏဝေးနေကြရပေမဲ့...အလွမ်းဆိုတာ ရင်မှ ဖြစ်တည်ရာ ဝေဒနာဆိုတော့...ခဏခဏ လွမ်းဖို့ တော့ မတွေးနဲ့ ပေါ့လေ...ကြာရင် လွမ်းနာကျမှာ စိုးလို့ ..:P

    ReplyDelete
  8. လွမ်းလို့ကောင်းတုန်းပဲလား... ကဗျာလေးခံစားသွားပါတယ်ဗျာ

    ReplyDelete

Blogger Template by Clairvo