ညီငယ် မင်းဂုဏ်ယူလိုက်စမ်းပါကွာ
ညီမှာ ပြည့်စုံမူဆိုတာ နဲပါးပေမဲ့
အောင်မြင်မူတွေ ယူနိုင်ပါသေးတယ်
ညီရဲ့ညှိုးငယ်နေတဲ့ မျက်ဝန်းတွေကြားမှာ
အောင်မြင်မူကို ဆာလောင်တောင့်တနေတဲ့
စွန်ရဲလိုသတ္တိတွေ ရှိနေတယ်ဆိုတာ
အကိုသိတယ် ညီရယ်
ညီရေ မင်းကိုများ တိုင်းပြည်မဲ့ တယောက်တဲ့လား
မင်းအခု အော်ဟစ်လိုက်စမ်းပါ
မင်းထက် ဥစ္စာဓနပြည်စုံပေမဲ့ စိတ်ဓါတ်နိမ့်ပါးတဲ့ လူငနွားတွေကိုပေါ့
အခု ညီ အောင်မြင်မူတွေနဲ့ ဆုတံဆိပ်တွေ ပိုက်လို့
ညီရေ မင်းကိုယ်မင်း ထိုင်းလူမျိုးလို့ ခံယူထားတယ်တဲ့လား
ဘယ်သူမှ မင်းကို အပြစ်မတင်ပါဘူး
လောကဒါဏ်ရဲ့ ရိုက်ခတ်မူတွေကို မင်းခံခဲ့ရတာ မနဲလှပါဘူးကွာ
မောင်သောင်းဒီ အတွက် ရည်ရွယ်ပါသည်။ စိတ်ဓါတ်တွေ အားမာန်အပြည့်နဲ့ ဆုတံဆိပ်ပိုက်ပြီးပြန်လာတဲ့ မောင်သောင်းဒီ၊ လူအများက နိုင်ငံမဲ့လို့ ပြောဆိုခံနေရတဲ့ မောင်သောင်းဒီ၊ မြန်မာတယောက်ဖြစ်ပေမဲ့ သူ့ကိုယ့်သူ ထိုင်းလူမျိုးလို့ ထင်မှတ်နေမိတဲ့ မောင်သောင်းဒီရဲ့ စိတ်ကို နားလည်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။
ဖတ်ချင်သေးတယ်ဆိုရင်တော့ဒီမှာ ဖတ်လိုက်ပါဦး. ခေါင်းစဉ်ကိုဖတ်ပြီးတော့ ရင်နာသွားဦးမယ်ဗျာ..
သတင်းကို ဒီက ရယူပါတယ်။
စာဖတ်သူများ မောင်သောင်းဒီရဲ့ မျက်လုံးလေးတွေကို သေချာကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးဗျာ... ဘယ်လောက်တောင် သူစိတ်အနာဖြစ်နေတယ်ဆိုတာ သိသာလွန်းလှပါတယ်။ ကျနော်တို့ မျိုးဆက်ကလေးငယ်တွေ ဒီလိုမျိုးတွေ ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ တွေးပြီး အမိတိုင်းပြည်အတွက်.................
လေးစားလျက် တောင်ပေါ်သား
ခံစားချက်ချင်းအတူတူပဲ။ ကျွန်တော်လဲအဲဒိညီကိုမြင်ဖူး ကတည်းကခင်ဗျားလိုပဲခံပြင်ဖူးတယ်၊ ခံစားဖူးတယ်။ သူလဲ.တနေ့တော့မြန်မာဆိုတာ.....
ReplyDeleteဒီသတင်းလေးကြားဖူးပါတယ် ဂျပန်နိုင်ငံမှာ စက္ကူအရုပ်ချိုးလေယာဉ်ပြိုင်ပွဲကို ထိုင်းနိုင်င့ ကိုယ်စားပြုပြီးပြိုင်တာ တတိယဆုရခဲ့တဲ့အတွက် အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့် မိဘတွေက ရှမ်းတိုင်းရင်းသားဖြစ်ပြီး ဘာဖြစ်လို့ သားသမီးတွေကို ထိုင်းနိုင်ငံသား ခံယူခိုင်းထားလဲဆိုတာတော့ နားမလည်နိုင်စရာပဲ သူ့အတွက် ခံစားရတယ်...မောင်သောင်ဒီရဲ့ အဖြစ်က ထိုင်းနိုင်ငံက သောင်းနဲ့ချီတဲ့ နိုင်ငံမဲ့ မြန်မာကလေးငယ်တွေရဲ့ ဘ၀ကို မီးမောင်းထိုးပြနေတာပါ။
ReplyDeleteWaing ရေ..
ReplyDeleteမိဘတွေက ရှမ်းတိုင်းရင်းသားဖြစ်တာ မှန်ပါတယ်။ ဒါပေမဲ့ သားသမီးတွေကို ထိုင်းနိုင်ငံသားအဖြစ် ခံယူခိုင်းထားလဲ ဆိုတဲ့ စကားလုံးမှာ မိဘတွေက သူ့သားသမီးကို နိုင်ငံသားအဖြစ်ခံယူခိုင်းတာ မဟုတ်ပါဘူး။ သူတို့ဟာ မြန်မာပြည်မှ မွေးပြီး မြန်မာပြည်မှ ကြီးလာတဲ့ လူတွေပါ။ အကြောင်းကြောင်းကြောင့် တိုင်းပြည်က ထွက်ခွာသွားပေမဲ့ သူတို့စိတ်ထဲမှာ မြန်မာလူမျိုးအဖြစ်ပဲ ရှိနေမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကလေးက ငယ်စဉ်ကတည်းက ထိုင်းမြေမှာ ကြီးလာတယ်။ သူ့ရဲ့ အပေါင်းအသင်းတွေကလဲ ထိုင်းလူမျိုးကလေးငယ်တွေသာ ဖြစ်မှာပဲ ဒီအတွက် ကလေးက သူ့ဟာသူ ထိုင်းလူမျိုးတယောက် လို့ ခံယူထားတာပါ။ မိဘတွေက ထိုင်းလူမျိုးအဖြစ် တမင်ခံယူခိုင်းတာမဟုတ်ပါဘူး။
လေးစားလျက်
တောင်ပေါ်သား
ပြီးတော့ သူ့ရဲ့နိုင်ငံကူးလက်မှတ်ကိစ္စတွေ
ReplyDeleteအတွက်ကြောင့်လည်းပါမှာပေါ့...
ဘယ်ပဲဖြစ်ဖြစ် ကိုယ့်မြေမှာမွေးတဲ့
ကိုယ့်မြေဇာတိ ကလေး
တစ်ယောက်အတွက် အခုလို အောင်မြင်မှု
တွေဆွတ်ခူးခဲ့တာကိုက ဝမ်းသာမိပါတယ်ဗျာ...
လူသားအားလုံးအေးချမ်းကြပါစေ
လူစိတ်မရှိကြတဲ့ ဟိုလူဂျီးတွေကြောင့်
ReplyDeleteမောင်သောင်းဒီလို မြန်မာတိုင်းရင်းသား မိဘနှစ်ပါးက မွေးလာတဲ့  မြန်မာပြည်ဘွား ကလေး လေးတွေ နိုင်ငံမဲ့ စာရင်း သွင်းခံခဲ့ ကြရပေမဲ့ ၊ ကိုယ့်လူမျိုးဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ ကြတာ ...အနေစုတ်ပေမဲ့  ရွှေထုတ်တဲ့ မြပုဝါ ဆိုတာ ကို
ဟိုဆန်ကုန်မြေလေး လူဂျီးတွေ ရဲ့  ရင်နှစ်သီးခြာ သားသမီးမြေးမြစ်တွေ သိစေချင်တယ် ...
ဒီအကြောင်းကို ပန်းချီ ကိုဟန်လေး ပုံဆွဲ ထားတာလေး ရှိတယ် ..
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1842:2009-09-21-10-01-16&catid=7:cartoon&Itemid=4
အဲ့ ဒီ မှာ ပြထားတဲ့ ကာတွန်းလေးလဲ အဓိပ္ပါယ် ပြည့်စုံတယ်..
သွားကြည့်ကြပါနော် ။။။
(ကြော်ငြာ ဝင်ခြင်း မဟုတ်ပါ )
္တတင်ပြပုံ အရမ်းကို ကောင်းပါတယ် ကိုတောင်ပေါ်သားရေ..
ReplyDeleteပျော်ရွှင်ပါစေဗျာ..
ဘာပြောရမှန်းမသိဘူး... ဖတ်ပြီးတာ ကြာပြီ။ ဘာရေးရမလဲ စဉ်းစားမရ... :) ရင်ထဲ ဂုဏ်လဲယူပါရဲ့၊ စိတ်လဲ မကောင်းပါ။ :(
ReplyDeleteပြောချင်တော့ပါဘူး...
ဒေါ်မေသူတို့ လေအိုးမကွဲ နိုင် ပါးစပ်ကလေး ဇစ်တပ်ပြန်သွားပါကြောင်းးးးးးးး တူ...နယ်...တူ...နယ်... ဗြောင်... :)
ဗွီဒီယိုလေးကြည့်ရတာ အသံပြတ်တောင်း ပြတ်တောင်း ဖြစ်ပြီးမကြားရလို့ ရိတ်ဖမ်း သံဖမ်းပဲ နားလည်တယ်ကိုတောင်ပေါ်သား ရေ ... ဒါပေမယ့် ဂုဏ်ယူဝမ်းမြောက်သလို စိတ်ထဲ လည်းမကောင်းဘူးဗျာ ..... ကျေးဇူးဗျ မျှဝေတဲ့အတွက် ....
ReplyDeleteနိုင်ငံမဲ့ ဆိုတဲ့ အသုံးအနှုန်းအတွက် အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်နိုင်ငံဖွား တစ်ယောက်ကို အခြားနိုင်ငံက ဝမ်းပန်တသာ တန်ဖိုးထားပြီး လက်ခံပေးတာကိုတော့ ဝမ်းမြောက်မိတယ်။
ReplyDeleteညီငယ် မောင်းသောင်းဒီလို မွှေးသော ပန်းများ ဒီထက်မက ပွင့်ပြီး လန်းနိုင်ြကပါစေဗျာ။
ခင်မင်ခြင်းများစွာနှင့်
တလနွန်
ကြည့်လို့မရဘူးနော် ..း(
ReplyDeleteဖတ်ပြီး စိတ်မကောင်းဘူး
ဟင်းးးးးးးးးးးးးး
သက်ပြင်းပဲ ထပ်ခါ ထပ်ခါ ချသွားတော့တယ် ....
မြန်မာတွေက မညံ့ဘူး
မတုံး တုံးအောင် လုပ်ခံနေရတာ
ဖတ်ရှူခံစားသွားပါတယ် ပေါ်ရေ...
ReplyDeleteဒီလိုပဲ
ဖြစ်တတ်ပါတယ်...
ခုလိုဂုဏ်ပြုတင်ပြပေးတဲ့ ပေါ်ကိုလဲ လေးစားတယ်
ချစ်တဲ့
စိန်
အားကျသွားပါတယ်ရှင်
ReplyDeleteမိုးခါးပြောတဲ့ "မတုံးတုံးအောင် အလုပ်ခံနေရတာ" ဆိုတဲ့စကား တကယ်ထိတယ်...
ReplyDeleteလူမျိုးနဲ့ မျိုးဆက်နဲ့ ချီပြီး အလုပ်ခံနေရတာ...
အာဏာရှင်စနစ် မြန်မာမြေပေါ်က ပျောက်ကွယ်ဖို့ အဓိက လိုအပ်နေပြီ...
ကိုတောင်ပေါ်သား video ကြည့်၍မရပါ ထစ်နေပါတယ်
ReplyDeleteမမိုးခါး ပြောတဲ့စကား ကို သိပ်ကြိုက်ပါတယ် မတုံးတုံးအောင် လုပ်ခံနေရတာ တဲ့ သိတယ်မလား တော်တဲ့လူတွေကို မြန်မာနိုင်ငံက အလိုမရှိတာလေ ကဲပါလေ ပြောနေရင်လဲ အာညောင်းရုံအပြင် ဘာမှတတ်နိုင်တာလဲ မဟုတ်ဘူး
ဟင်းးးးးးးးးးး လို့သာ သက်ပြင်းရှည်ကြီးကို ချရင်း
ဘိုင် တာ့တာ
မြန်မာလူမျိုးမဟုတ်ဘူးလို့ ပြောရမယ်ထင်တယ်ဗျ။ ထိုင်းတွေကိုလဲ ရှမ်းတွေလို့ပဲ ခေါ်ကြတယ်မဟုတ်လား။ ဆိုတော့ ထိုင်းမြေဖက်က ရှမ်းတွေက ထိုင်းလူမျိုးဖြစ်သွားကြတာပေါ့။ သူလဲ ထိုင်းမြေမှာ ကြီးပြီး တရားဝင်မဟုတ်ပေမဲ့ ထိုင်းဖြစ်နေတာပေါ့ဗျာ။ သူ့မိဘတွေကတော့ မြန်မာပြည်မှာကြီးခဲ့တော့ မြန်မာလို့ပဲ ယူဆကြမှာပေါ့။ မြန်မာလူမျိုးကမွေးတော့ မြန်မာပဲလို့ ပြောလို့လဲရသပေါ့။ ခွိခွိ ကိုယ့်ဘာသာ လည်နေပြီ။
ReplyDeleteသူ့လိုလူမျိုးကတော့ ဖြေရှင်းရမယ့်နည်းလမ်းကတစ်မျိုး.....
ReplyDeleteအခွင့်အရေးတွေ မျှော်ကိုးပြီး ဒုက္ခသည်စခန်း ဒုက္ခသည်စခန်း ဖြစ်နေတာတွေက တစ်မျိုး
ကောင်းပါတယ်လို့ပဲပြောပါရစေတော့။
ReplyDeleteမြန်မာပြည်မှာ ဆိုရင်တောင် လူသိနိုင်တဲ့
ဒီလိုအခွင့်အရေးမျိုးရမှာ မဟုတ်ဘူး။
ခုတော့ ထင်ပေါ်လို့ စင်တော့က ကောက်လိုက်တယ်လို့ပဲမှတ်ပါတယ်။
ဒါနဲ့ စကားမစပ် စက်ကူးစွန် ပြိုင်ပွဲဆိုတာ ကြားဖူးလို့လားဗျာ။
ခင်တဲ့
ကိုရီနို
ကလူသစ်-
ReplyDeleteအကိုရေ ကျနော်ကတော့ သူတို့ကို မြန်မာလူမျိုးလို့ သတ်မှတ်မိတယ်။ ကျနော်ဆိုလိုတာက ဗမာလူမျိုးကို မဟုတ်ပါဘူး။ မြန်မာပြည်မှာမွေးတဲ့ လူတိုင်းဟာ မြန်မာလူမျိုးပါပဲ။ ဘာသာအယူအဆတွေသာ ကွဲပြားခြားနားသွားမယ်။ ဒါဟာ ငြင်းမရပါဘူး။ တခုပြောစရာ ရှိတာက ဒီကလေးဟာ ထိုင်းမြေ(နယ်စပ်)မှာမွေးပြီး အဲမှာကြီးပြင်းလာတာပါပဲ။ ဒီတော့ အဲ့ပတ်ဝန်းကျင်အတိုင်းပဲ သွားမယ်လို့ ကျနော်တော့ ယူဆမိပါတယ်။
ကိုရီနို -
စက္ကူစွန်လွတ်ပြိုင်ပွဲဆိုတာ တခြားနိုင်ငံတွေမှာ ခေတ်မစားပါဘူး။ စက္ကူနဲ့ ပတ်သက်ရင် ဂျပန်နိုင်ငံမှာ အရမ်းခေတ်စားပါတယ်။ တကယ်တမ်း ကျနော်တို့နိုင်ငံမှာ အဲ့လိုပြိုင်ပွဲ ရှိရင်တော့ ကျနော်လဲ ပထမရလောက်မယ်ထင်ပါရဲ့ အဟေးးးး ကျနော်လဲ ငယ်ငယ်တုန်းက စွန်လုပ်လွတ်တာ အရမ်းတော်တယ်နော့်
လေးစားလျက်
တောင်ပေါ်သား
နေ့အိပ်မက် -
ReplyDeleteထောက်ပြသွားတာမှန်ပါတယ်။ အများစုက တိုင်းပြည်ကို မကောင်းပြောပြီး နိုင်ငံရေးခိုလှုံသွားကြတာများပါတယ်။ ဒါပေမဲ့ ဒါဟာ လူ့အခွင့်အရေးတခုပါပဲ။ လက်ရှိ မြန်မာပြည် ပြင်ပမှာ အထူးသဖြင့် တိုင်းရင်းသား မျိုးနွယ်စုတွေဟာ အကြောင်းအမျိုးမျိုးနဲ့ မွေးရပ်မြေကို စွန့်ခွာလာနေကြပါတယ်။ တကယ်၍ သူတို့နေရာမှာ ကျနော်တို့ဆိုလဲ ဒီအတိုင်းပဲ ဆက်သွားမိမှာပါ။ လူတိုင်းဟာ တိုးတက်ကောင်းမွန်ချင်နေကြတာပါပဲ။ ဒါပေမဲ့ အဲ့လိုမဟုတ်တဲ့ မြန်မာတွေ သောင်း၊သိန်းဂဏန်းနဲ့ ချီပြီး အမှိုက်ပုံတွေမှာနေရတာကတော့ မြန်မာလူမျိုးတယောက် (ဗမာမဟုတ်)ဖြစ်တဲ့ ကျနော်တို့ ရင်နာရပါတယ်။ ဘယ်သူမဆို ကိုယ့်ဆွေမျိုးအရင်းမဟုတ်တောင်မှ တိုင်းပြည်ထဲက လူအချင်းချင်းကောင်းစားစေချင်တာပါပဲ
လေးစားလျက်
တောင်ပေါ်သား
ဘယ်လိုပဲ ဖြစ်ဖြစ် သူဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေ အတွက် စိတ်မကောင်းပါဘူး..ဒါပေမယ့် မြန်မာ ဟာ မြန်မာပါပဲ...ဂုဏ်ယူမိပါတယ်...
ReplyDeleteကိုတောင်ရေ... အဲလိုမျိုး တိုင်းပြည်ရဲ့ ကြယ်ပွင့်လေးတွေ တခြားမှာ သွားပွင့်နေတာ ကျတော့ ဆုံးရှုံးမှုတခုလို့ မမြင်တာဟာ ရှက်တက်မယ်ဆို..... ................။
ReplyDeleteတနေ့တော့ ကျနော်တို့ အားလုံး အမိမြန်မာ ပြည်မှာ အတူဆုံစည်းပြီး ပျော်ရွှင်ကြမှာ ကို စိတ်ကူးနဲ့ပဲ ရူးရတော့မလို ဖြစ်နေပြီဗျာ....။