စစ်ပွဲ... စစ်ပွဲဆိုသော စကားလုံးကို ကျနော်မုန်းတီးသည်။ ရွံ့ရှာစက်ဆုပ်သည်။ စစ်ဟုဆိုလိုက်လျှင် ဘယ်စစ်မှမကောင်းပေ။ တရားသောစစ်ပွဲဖြစ်သည်ဖြစ်စေ မတရားသောစစ်ပွဲဖြစ်သည်ဖြစ်စေ ကျနော်မုန်းတီးသည်။ စစ်ပွဲတပွဲ ဖြစ်တည်ဖို့ ဘယ်အရာတွေပေးဆပ်ခဲ့ကြရသလဲ တွေးကြည့်လျှင် အရာအားလုံးသည် တရားမျှတမူမရှိသောအရာတွေသာ ဖြစ်လာပေလိမ့်မည်။ ကျနော်တို့ လက်ခုပ်တီးသလိုပင် လက်ခုပ်တီးသည်ဆိုတာ လက်နှစ်ဖက် ပေါင်းဆုံမှ တီးလို့ရသည်။ မဟုတ်လျှင် အသံထွက်လာမည်မဟုတ်ပေ.. ဒီတော့ စစ်ပွဲဆိုသည်မှာလဲ နှစ်ဦးနှစ်ဖက်လုံး အညှိုးအာဂတတွေကြောင့် ဖြစ်လာရသည်။ တကယ့်ကြားထဲက မြေဇာပင်ဖြစ်ရသည်က ပြည်သူတွေသာဖြစ်ပေသည်။ သူတို့၏ စိတ်ထဲတွင် အနိုင်ရလိုမူတွေသာ ကြီးစိုးနေပေသည်။ ကျနော်တို့လိုပြည်သူတွေ ဒုက္ခရောက်၊ စားရမဲ့ဘ၀ရောက်နေရသည်ကို သူတို့ ထည့်မစဉ်းစားတတ်ပေ။ တကယ်၍များ ဒီလိုပြည်သူတွေထဲမှာ သူတို့လေးစားချစ်ခင်ရတဲ့ မိဘတွေ၊သားသမီးတွေ မပါဘူးဟု သူတို့တွေးထင်နေသလော....
စစ်ပွဲတပွဲ ဖြစ်လာရတဲ့ အကြောင်းရင်းတရားများစွာ ရှိနေပေလိမ့်မည်။ မိမိအုပ်ချုပ်သည့်နေရာဒေသကို တပါးသူများက မတရားကြီးစိုးလာ၍လဲ ဖြစ်နိုင်သည်။ ဒါမှမဟုတ် မိမိတို့ သူများနယ်မြေကို မတရားသိမ်းပိုက်ချင်၍လဲ ဖြစ်နိုင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်ပွဲတခုဖြစ်ပြီဆိုလျှင် တိုင်းပြည်သည်လဲ အနဲနှင့်အများဆိုတလို ထိခိုက်နိုင်ပေသည်။ စစ်ပွဲတပွဲဖြစ်လာပြီဆိုလျှင် ဘယ်သူဖက်က မှားသည်၊မှန်သည်ဟု ခွဲခြားဆုံးဖြတ်၍ မရနိုင်ပေ။ လူတိုင်းသည် မှန်သည်ထင်၍ လုပ်နေကြခြင်းသာဖြစ်သည်။ အယူအဆလွဲမှားရင် လွဲမှားနေပေမဲ့ သူတို့ခံယူချက်သည်သာ အမှန်ဟုသုံးသပ်ခံယူသည်။ ထို့အတွက် ဘယ်သူကတော့ မှားသည်၊မှန်သည်ဟု ခွဲခြားဖို့ ခဲယဉ်းပေလိမ့်သည်။ အာဖဂန်လို နိုင်ငံမျိုးတွင်လဲ အစွန်းရောက်လူသားတချို့၏ အယူအဆလွဲမှားမူကြောင့် နေ့စဉ်လို အသေခံဗုံးကွဲမူတွေ ဖြစ်နေကြရသည်။ ထိုကိစ္စတွင် လူအများက အသေခံဗုံးခွဲသူများကို မှားယွင်းသည်ဟု မြင်ကြပေလိမ့်မည်။ ဒါပေမဲ့ သူတို့အယူတွင်တော့ သူတို့ယုံကြည်ရာသူတို့လုပ်သွားသည်ဟု ခံယူနေမည်သာ ဖြစ်ပေသည်။ ဒီတော့ ဘယ်သူ့အပြစ်ရှိလဲ ပြောရခက်သည်။ တကယ်ဒုက္ခရောက်ရသည်ကတော့ ပြည်သူပြည်သားတွေသာဖြစ်ပေသည်။
သတင်းနားထောင်တော့လဲ စစ်ပွဲသတင်းတွေသာ များနေသည်။ ဘာကြောင့် ငြိမ်းချမ်းရေးကို ဦးမတည်ပဲ လက်နက်အားကိုးနေကြသလဲ စဉ်းစားမရဖြစ်နေမိသည်။ ဂျပန်နိုင်ငံရဲ့ HEROSHIMA အဖြစ်အပျက်ရဲ့အနိစ္စမြင်ကွင်းတွေ၊ အီရတ်စစ်ပွဲရဲ့ မြင်ကွင်းတွေ ဒါတွေကိုသူတို့ မသိချင် ဟန်ဆောင်၍များ တိုက်ခိုက်နေကြသလော... HEROSHIMA အနုမြူဗုံးကြောင့် လက်ရှိအချိန်ထိ ရောဂါခံစားခဲ့ရတဲ့ ပြည်သူတွေက ထုနဲ့ဒေး.. ယခုလဲ ကြားနေရပြန်သည် ကျနော်တို့တိုင်းပြည်တွင် ကိုးကန့်နှင့် လက်ရှိအစိုးရ ဦးစီးသော စစ်တပ်ဆိုတာနဲ့ ဖြစ်ပျက်နေကြသည်။ ဒီတော့ ဘယ်သူနစ်နာလဲ ပြည်သူတွေသာ နစ်နာသည်။ အခြေခိုင်စ စီးပွါးရေးတွေ ပျက်စီးသည်။ အိုးအိမ်မဲ့ဖြစ်ရသည်။ သားသမီး မိဘဆွေမျိုးတွေ အသက်ဆုံးရှုံးရသည်။ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေ မိဘမဲ့ဖြစ်ရမည်။ ဒီကလေးငယ်တွေကို ဘယ်သူဘယ်လိုကြည့်ရှု စောင့်ရှောက်မလဲ....
သူတို့လေးအရွယ်ဟာ မိသားစု စုံစုံလင်လင်နဲ့ မိဘရဲ့ အရိပ်အောက်မှာအေးချမ်းစွာ ခိုလှုံနေရမဲ့ အချိန်။ ယခုကျနော်တို့ တိုင်းပြည်မှာနေကြတဲ့ ပြည်သူပြည်သားတွေ ဒီလိုစစ်ပွဲကြောင့်ဘယ်လောက်ဒုက္ခရောက်နေပြီလဲ။ ထိုင်းနယ်စပ်မှာ အမှိုက်ပုံကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေရသူများကို မြင်နေရသည်။ သူတို့လေးတွေရဲ့ အနာဂတ်က ဘယ်လောက်ထိများ ကြီးထွားနိုင်ပါဦးမလဲ အဲ့ထဲမှာနေ အိမ်ထောင်ပြု ကလေးမွေး ဒါနဲ့ မျိုးဆက်တခုလုံး အဲ့လိုဖြစ်ရပေဦးမည်။ ရောဂါပေါင်းစုံ၊ အနံ့ပေါင်းစုံနဲ့ အမှိုက်တွေထဲ ၀မ်းရေတခုအတွက် အဲ့လောက် ရုန်းကန်နေရသည်။ ကျနော်တို့ တိုင်းပြည်က ပြည်သူတွေ အဲ့လောက်ဒုက္ခရောက်နေရသည်။ ဒါကို အရေးမစိုက် တရားသည်၊မတရားသည်ဟုမတွေး တယောက်နဲ့တယောက် ရန်စောင်တိုက်ပွဲတွေ ဖြစ်နေကြသည်။
အရွယ်မရောက်သေးသူတွေ စစ်မြေပြင်မှာ မြေဇာပင် ဖြစ်နေရသည်။ နိုင်ငံတကာမှာ အရွယ်မရောက်သေးသူများကို စစ်တပ်ထဲ ၀င်ခွင့်မပေးတဲ့ ဥပဒေရှိသည်။ ဒါပေမဲ့ ဒီပြဿနာသည် နိုင်ငံတကာမှာ ဖြစ်နေမြဲ၊ ဆက်၍လဲ ဖြစ်နေဆဲဖြစ်သည်။ ဒါသည်ဘာကိုပြသလဲဆိုသောအခါ တိုင်းပြည်ကိုအုပ်ချုပ်သောသူတို့သည် သူတို့၏ကျေးဇူးရှင် ပြည်သူတွေကို မလေးစားသော၊ သိက္ခာမရှိသောအလုပ်ကိုလုပ်နေသည်ဟု ပြသနေသည်။ ဘာကြောင့် အရွယ်မရောက်သေးသူတွေကို စစ်တပ်ထဲခေါ်ဆောင်ရလဲ ကျနော်မတွေးတတ်၊ ကလေးငယ်တွေမှာ ပညာလဲကောင်းစွာ မသင်ရသေး၊ အမှားအမှန်လဲ သေချာပိုင်းခြားစွာ မသုံးသပ်နိုင်သေးသောအချိန်တွင် ဒီကလေးငယ်တွေရဲ့ ဦးနှောက်တွေထဲကို မှန်တာကော၊မှားတာတွေကော အတင်းအဓ္ဓမ ရိုက်သွင်းပေးလိုက်လျှင် ဒီကလေးငယ်တွေရဲ့ စိတ်ထဲတွင် တယူသန်စိတ်သာ ၀င်နေပေမည်။ ဘာကိုမှ နားမလည် နောက်ဆုံး အဆုံးစွန် ပြောရလျှင် မစင်ကို ထမင်းဟုပြောကျွေးလျှင်တောင် စားနိုင်သည့်စိတ်ဓါတ်ဖြစ်သွားပေမည်။ ဒါကိုပဲ လိုချင်လို့ လုပ်ဆောင်သည်လားးးးးးးး ဒီကိစ္စသည် နိုင်ငံတကာမှာ ဖြစ်နေသည် ကုလသမဂ္ဂလဲ မကယ်နိုင်တင်သေးပေ......
တကယ်၍များ လူသားတိုင်းသည် လူသားဆန်သည့်စိတ်ဓါတ်မျိုး မွေးမြူကြမည်ဆိုလျှင် ကျနော့်တို့နေထိုင်သော ကမ္ဘာကြီးသည် သာယာမူတွေနဲ့သာ ပြည့်နေပေမည်။ စစ်ဆိုတာမရှိ တယောက်နဲ့တယောက် ငြိမ်းချမ်းစွာလက်တွဲနိုင်ပေမည်။ ဤကဲ့သို့ ဖြစ်တည်လာရန် အဘယ်ကြောင့်ခက်ခဲနေသလဲ.. ထိုကဲ့သို့ ငြိမ်းချမ်းသောကမ္ဘာကြီး ဖြစ်လာဖို့ ဘာတွေ လုပ်ဆောင်ဖို့လိုသလဲ.. တကယ်တော့ တခုထဲသာလိုအပ်ပါတယ်... အဲ့ဒါလေးက ကျနော်တို့စိတ်ဓါတ်လေးကို ပြင်လိုက်ယုံပါပဲ.. ဘာသာတရားအနေနဲ့ကြည့်မယ်ဆိုလဲ (တခြားဘာသာဝင်တွေကို ရှုံ့ချစရာမလိုပဲ)အစွန်းရောက်စွာမကြည့်ရှုပဲ၊ အာဏာတွေ၊ တစ်ဦးကောင်းဖြစ်ဖို့တွေကို ရူးမိုက်စွာမစွဲကိုင်ထားပဲ လူကို လူတယောက်လို မြင်တတ်ဖို့ပါပဲ.. ကိုယ်လုပ်လိုက်တဲ့ အဖြစ်လေးတွေဟာ ကိုယ့်ဆီကိုယ်လဲ တချိန်ပြန်လာမယ်ဆိုတာ၊ သူ့နေရာမှာ ငါ ဒါမှမဟုတ် ငါမိသားစုသာအဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ဆိုတဲ့ အတွေးလေးတွေသာရှိခဲ့ရင်ဖြင့် ကျနော်တို့လိုအပ်နေတဲ့အရာတွေ၊ ငြိမ်းချမ်းမူတွေ မလွှဲမသွေ ရလာမှာပါ... တကယ့်ကို အတွေးလေးတချက်ထဲပါဗျာ............
အားလုံးသော ပြည်သူပြည်သားများ အသက်အိုးအိမ်မြဲပြီး မိသားစုနဲ့မကွဲမကွာ အဆင်ပြေ ချောမွေ့ပါစေလို့ ဆုတောင်းပေးလျက်ပါ....
မှတ်ချက်။ ။ ပုံလေးကို Google ကယူပါတယ်။း)
လေးစားလျက် တောင်ပေါ်သား
Labels
- Blog (470)
အတွေးလေးတခုသာ
Subscribe to:
Post Comments (Atom)
Pages
Popular Posts
-
ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအော...
-
(၇-၁၂-၂၀၀၈) တနင်္ဂနွေလေးမှာ စင်ကာပူရောက် မြန်မာများ အလွမ်းပြေ IC Show ပွဲလေး ကျင်းပဖြစ်ပါတယ်။ ဒီ Show လေးကို ကျနော် မောင်တောင်ပေါ်သားလဲ ကျနော်ရ...
-
ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကား...
-
အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေ...
-
ကျနော်ဘလော့လေးကို Blogspot မှ WordPress ကို ပြောင်းထားပါတယ်။ အားလုံးပဲ အလည်လာမယ်ဆို အရင်အတိုင်း http://www.soeminhtike.com ကို လာလို့ရပါတယ်...
-
ဟီးးးး အခုလိုရေးလိုက်လို့ ကျနော်ကို ခရစ်ယာန်ဘာသာဝင်လို့ မထင်နဲ့ဦးနော့် ကျနော်တို့ ဘလော့ညီအကိုမောင်နှမများထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ ပါမှာဖြစ်...
-
မြန်မာ Chatter များအတွက် အထူးသတိပေးချက် Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် s...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)
Powered by Blogger.
တစ်ကွာ
ReplyDeleteတစ်ကွာ
ReplyDeleteအဲ့လိုဆိုတော့
ReplyDeleteအချစ်တပွဲ သာနွှဲလိုက်ချင်ပါသည် ..
စစ်ပွဲ တရာ တော့ ကွမ်းယာ ဆိုင်မှာ သွားသွင်း လိုက်ပါမည် ။။
ရမယ်မို့ လား ကျောင်းဆရာ ရေ ။။
ဟေးးးးး ၁ ကွ
အမ် လက်လွန်သွားပြီ
ReplyDeleteသုံး နော်
အဲ.. လျှာရှည်နေတာနဲ့  ငမူး လက်ဦးသွားပါရော့လားးးး
ReplyDeleteအမ် လေးဖြစ်သွားတာဟ
ReplyDeleteမထူးပါဘူး အမားရေ စိတ်တော့မကောင်းဘူးသိလား
ငါးလေးထပ်ယူလိုက်တယ်
အမ် မရပြန်ဘူး မထူးပါဘူး ခုနှစ်ပေါ့
ReplyDeleteလက်ကီးဆဲဗင်းလေးပေါ့
ဟေးးးးးးး ငမူးးးးး
ReplyDeleteဆင်းလာ အောက်ကို ..
ခွေ့  ပလိုက်မှာ နော် ..
ဘူးးးးးးး
အဟက် နာတို့  ၂ယောက်ဘဲ သောင်းကျန်းသူ ဖြစ်နေဘီပေါ့ ကွယ်
ReplyDeleteလာလေ ... မိုက်တယ်ဆို တာ လွယ်ပါတယ်..
ReplyDeleteအချစ်ရော .. စစ်ရော .. တရာ တယ်..
အဲ... တရားတယ်
ကဲကဲ ကတောင်ပေါ်ရေ စစ်ဆိုတာ ဘယ်စစ်မှမကောင်းဘူး
ReplyDeleteခေါင်းဆောင်တဲ့အပိုင်းလို့ ထင်ပါတယ်
ဦးဆောင်တဲ့လူက ခေါင်းရှိတယ်ဆိုရင်
စာနာမယ် ၊ ညှာတာမယ် ၊ ပြည်သူ့ ကိုချစ်တယ်ဆိုရင်
ပြည်သူ့ အကျိုးကြည့်မှာပေါ့
တစ်ကိုယ်ကောင်းဆန်ပြီး ငါ့စိုင်းငါ့မြင်းဘယ်ရောက်ရောက်ဆိုလို့ ကတော့
မောင်ရင်ငတေမိုက်ကန်းသည်ထက် ဆိုးတယ်
ပြောလည်း မသိသလိုနေတဲ့လူတွေများတော့
ပြောရတဲ့လူပဲ မောတာပဲအဖတ်တင်တယ်
သူ့ တို့ ကလှုပ်လှုပ်တောင်မလှုပ်တာ
မောတယ် ကတောင်ပေါ်ရယ်
ရေလေးတစ်ခွက်တိုက်ပါအုန်းပြောရတာမောလှပြီ
လာတယ်လေ အမား
ReplyDeleteခွေ့ မယ် လား နင်ဂျိုရောရှိလို့ လားးD
ဘယ်ရောက်သွားသလည်းအမား
ReplyDeleteဂျိုပြန်တပ်နေတာလား အဟတ်
ကတောင်ပေါ်နင့်ရောဂျိုသွေးထားတယ်မလား
ခွေ့ ရအောင် မညှာတာ တဲ့ ခေါင်းဆောင်တွေကို
ဟုတ်တယ် စစ်ပွဲဆိုတာ ဘယ်စစ်ပွဲမှ
ReplyDeleteမကောင်းဘူး ပြည်သူတွေပဲ
ထိခိုက်နစ်နာရတယ် ကိုတောင်ပေါ်ရေ
ခင်တဲ့
ရန်ကုန်သား
အချစ်နဲ့စစ်မှာ မတရားတာမရှိတဲ့ ...
ReplyDeleteနှစ်ခုလုံးဟာတစ်ဖက်သက်ဆန်သည်။
အစွန်းရောက်လွန်မှုများသည်။
ချစ်သူနဲ့ကွေကွင်းသူတွေကိုသနားမိသလို
စစ်မြေပြင်ကမြေစာပင်လေးတွေကိုလည်း
ကိုယ်ချင်းစာမိသည်...
ငြိမ်းချမ်းရေးဟာအကောင်းဆုံးသာ
ဟုတ်တယ်ဗျာ....
ReplyDeleteဘာဖြစ်ဖြစ်လေ လူတွေက ကိုလုပ်တာ အကောင်းပဲလို့ မြင်တတ်တဲ့သူက ခပ်များများ..
သူများဘာလုပ်လုပ်.. ငါ့ထက်ကောင်းသွားရင် မနာလိုတတ်တာလည်း လူ့သဘာဝဖြစ်..
ငါ့ထက်တော်သွားရင်တော့ ဝမ်းသာသူက ခပ်ရှားရှား
စစ်မှာက တရားတာမရှိပါဘူး..
တရားသော စစ်ပွဲတစ်ခုဆိုရင် ထိခိုက်နစ်နာစရာမရှိပါဘူး..
စကားနဲ့ စစ်ထိုးမယ်ဆိုရင်တော့
တရားးတယ်လို့ ဆိုနိုင်ပါတယ်..
ဒါတောင် 100% မဖြစ်နိုင်ဘူး..
အဲဒီလို မတရားမှုတွေနဲ့ အနိုင်လိုချင်မှုတွေကြောင့်
မတတ်နိုင်တဲ့ လောဘတွေကြောင့် ခေတ်ကြီးက ဆိုးသည်ထက် ဆိုးရွားလာတာပါ..
ခေတ်က တိုးတက်လာတယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ လူ့အကျင့်စရိုက်တွေက ဆုတ်ယုတ်လာပါတယ်..
အဲဒါတချို့တွေကြောင့် အခုလိုဖြစ်တယ်လို့ ထင်တာပဲ ကိုတောင်ပေါ်သားရေ..
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။
စစ်ဆိုတာကို မကြားချင်ဘူး မမြင်ချင်ဘူး ..
ReplyDeleteဟင်းးးးးးးးးးးးးးးးးးးးးးးးးး
အသိဥာဏ်လေးနဲ့ တရားသဖြင့်လေး မတွေးတောနိုင်ကြဘူးလား မသိဘူးနော် ....
((((( စစ် )))))
ReplyDeleteမြူတွေဆိုင်းတဲ့ ရှမ်းတောင်တန်းဟာ >> ယမ်းငွေ့တွေ လှိုင်းထလို့ >> ဘယ်တော့မှများ.........
အော် ငါ့နှယ် လူတွေများလွန်းလို့ ဘယ်သူမှန်းတောင် မသိတဲ့ဘဝ ဟိဟိ နောက် အောက်ဆုံးရောက်မှ တောင်ပေါ်သားဆိုတာ မြင်မှ ဟိဟိ တောင်ပေါ်သား ဘလော့ဂ်မှန်းတိတယ် ဟဲဟဲ အဲလိုလေ သိတယ်မလား ဟားဟားးးးးးး
ReplyDeleteအဲ ဖတ်သွားတယ်နော် သိရားးးးးးး ရို့
အတွေးလေးတချက်တွေးတတ်ဖို့ ဆိုတာကလဲ အသိဥာဏ်ရှိမှဖြစ်တယ် ထင်တာပဲ။
ReplyDeleteဖတ်သွားပါတယ်။
အတွေးလေးတခုကို လာဖတ်သွားတယ်၊ အားပေးလျက်။
ReplyDeleteကတောင်... လူတိုင်းမှာ လောဘ၊ဒေါသ၊မောဟတွေဖုံးလွှမ်းနေကြတာပါ။ အဲဒီထဲမှာမှ ဦးနှောက်မရှိတဲ့သူတွေပါ ပါလာတော့ လူတွေဒုက္ခရောက်ကုန်ကြတာပါ။ ဦးနှောက်မရှိ၊ လောဘကလဲကြီး ဒေါသကလဲကြီး မောဟတွေလဲဖုံးလွှမ်းနေတော့ ဘယ်လိုပြောမလဲ မြင်းကို ဂျိုတပ်ပေးလိုက်သလိုဖြစ်ပြီး လုပ်ချင်တာတွေ စိတ်ထဲထင်ရာတွေ လျှောက်လုပ်ကုန်တာပါပဲဗျာ...။ ဖတ်ရင်း စိတ်ညစ်မိတယ်ဗျာ.... တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ အပြောလွယ်သလောက် ရဖို့ အင်မတန်မှ ခဲယဉ်းတယ်ဗျ။ ဘာလို့ဆိုတော့ လူတိုင်းက လောဘသားတွေကိုးဗျ နော..။
ReplyDeleteစစ်ပွဲဆို ဘယ်စစ်ပွဲမှ မကောင်းတာ အပေါ်က မမကီ နဲ့ ကိုခိလောက်တို့ သက်သေဘဲ။
ReplyDeleteစစ် ဆိုတာကို မကြားချင်ဘူးးးးးးးး
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ReplyDeleteပန်းပွင့်တွေ ဆုတောင်းနေ
ဆိုတဲ့ ကိုငှက်ရဲ့ သီချင်းလေး သတိရသွားပါတယ် ပေါ်ပေါ်ရေ
ခင်မင်စွာဖြင့်
သီဟသစ်
စစ်ပွဲကို လိုလားသူက လူနည်းစု၊ စစ်ပွဲကို မလိုလားသူက လူအများစု။ ဒါပေမဲ့ သမိုင်းတိုင်းမှာ စစ်ပွဲတွေက ရှိနေခဲ့တယ်ဗျာ။
ReplyDeleteချစ်သောကမ္ဘာမြေ ငြိမ်းချမ်းစေဖို့ဆိုတာ.....
တောင်ပေါ်သားရေ.. စာတွေ တသီကြီးဖတ်သွားပါတယ်... စစ်ပွဲကြားမှာ.. ပြေးလွား ရုံးကန် မနေဖူးပေမယ့်.. ငယ်ငယ်က ပေါ်တာလာဆွဲလို့ အဖေ နွားတင်းကုတ်အပေါ်တက်တက်ပုန်းရတာတော့ မှတ်မိနေသေးတယ်..ဘယ်သူ ဘာဖြစ်တယ် ညာဖြစ်တယ် မပြောချင်ပါဘူး.. လူသားအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ကြပါစေလို့.. ထပ်ဆင့်ဆုတောင်းပါတယ်.. အတ္တနဲ့ဆုတောင်းလိုက်မယ်..အထူးသဖြင့် မြန်မာပြည်သူ မြန်မာပြည်သားအားလုံး အေးချမ်းပါစေ.....
ReplyDeleteဆန်းဝင်း (ကျောက်ပန်းတောင်း)