Labels

ကျေးဇူးပါ မေမေ


အမေ ကျနော်ဘ၀မှာ မရှိမဖြစ်သောလူတယောက်၊ ဘ၀ရဲ့ အစိတ်အပိုင်းတွေတခုထဲက မပါမဖြစ်လူတယောက်။ ကျနော်ဘ၀မှာ တချို့လူတွေလို အလွန်ကိုခက်ခဲကြမ်းတမ်းတဲ့ ဘ၀တွေကို မရင်ဆိုင်ခဲ့ဖူးသလို အရာရာကိုလူအများနှင့်ယှဉ်လာရင်လဲ နိမ့်ကျမူတွေ မရှိအောင် ပေးနိုင်တာ အမေပါ။ ဒီလူလောကကြီးမှာ ဘာလိုလိုနဲ့ ဖြတ်သန်းလာခဲ့ရတာ နှစ်ပေါင်းတောင် မနဲလှတော့ပါဘူး။ လက်ရှိအချိန်မှာ အရာရာမပြည့်စုံသေးပေမဲ့ တချိန်မှာတော့ ကျနော်မျှော်လင့်ထားသလို အမေ့ကို သက်တောင့်သက်သာလေး ထားနိုင်အောင် ကျနော်ကြိုးစားပါ့မယ်အမေ။ ဟိုလွန်ခဲ့တဲ့ ဆယ်ကျော်သက်တုန်းကထိ ကျနော်မွေးနေ့ဆိုတာကို မသိခဲ့ရိုးအမှန်ပါ။ ကိုယ့်ရဲ့မွေးနေ့လေးကို အမှတ်တရ မလုပ်တတ်ခဲ့သလို ပေါ့ပေါ့ပါးပါးနေခဲ့ဖူးပါတယ်။ အမှတ်တရ အဖြစ်မွေးနေ့လေးကို စတင်ဖန်တီးပေးခဲ့တာကတော့ ရန်ကုန်က ကျနော်ရဲ့ ချစ်လှစွာသော ညီမလေးတွေပေါ့။

တကယ်တမ်း ကျနော် လူလောကထဲကို ၀င်လာတယ်ဆိုတာနဲ့ ကျနော်ဘ၀မှာ ဖခင်ဆိုတဲ့ စကားလုံးကို ရှာဖို့ခက်ခဲခဲ့ပါတယ်။ ကျနော်လူလောကထဲကို ၀င်လာတာနဲ့ ကျနော့်ကို နွေးထွေးစွာ ပွေ့ဖက်ကြိုဆိုတာက အမေပါ။ အမေ့ရဲ့ ပြုစုယုယမူတွေကြောင့် ကျနော် ကြီးပြင်းလာခဲ့ပါတယ်။ စီးပွါးရေးအတွက် အမေတယောက်ထဲ သွေး၊ချွေးတွေ ကျနော်တို့မောင်နှမ နှစ်ယောက်အတွက် ကျခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အမေ့ဆီက မောတယ်၊ ပင်ပန်းတယ်ဆိုတာကို တခါမှ ကျနော်မကြားခဲ့ပါဘူး။ တကယ်တော့ ကျနော်အမေရဲ့ စိတ်ဓာတ်က မိန်းကလေးပေမဲ့ မာကျောပါတယ်။ သနားတတ်တာလဲ သူ့လောက် မရှိပါဘူး။ စိတ်ဓာတ်က ခိုင်မာလှပါတယ်။ ကျနော့်တို့ အမှားတခုခုလုပ်မိပြီးဆိုရင် အမေပြောနေကြ စကားလေးတခွန်း ရှိပါတယ်။ ငါက ဘယ်သူလုပ်စာမှ ထိုင်စားနေမှာမဟုတ်ဘူးတဲ့ ။ ကျနော့်အမေရဲ့ ချစ်စရာ စကားလေးပါ။

မိဘမေတ္တာဆိုတာ ဘယ်လိုမှ နှိုင်းယှဉ်လို့မရလောက်အောင် ကြီးမားလှပါတယ်။ ကျနော်တို့ အခုကိုယ့်ဘ၀လမ်းကြောင်းပေါ် ကိုယ်တိုင်လျှောက်နေရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ ဒီလိုမျိုး တယောက်စာတောင် ပြည့်စုံအောင် မရှာနိုင်ပေမဲ့ မိဘဆိုတဲ့ အဖေ၊အမေတွေကတော့ သားသမီးဘယ်နှစ်ယောက် ရှိနေပါစေ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတတ်ပါတယ်။ တခါတလေ အမေ့စကားတွေကို နားမထောင်ခဲ့မိတဲ့ အဖြစ်တွေကို တွေးမိပြီး တယောက်ထဲ အရှက်ရနေမိသလို ကိုယ့်ဟာကိုယ်လဲ အပြစ်တင်မိပါတယ်။ တံငါနားနီးတော့ တံငါ၊ မုဆိုးနားနီးတော့ မုဆိုးတဲ့ စကားပုံလေး ရှိပါတယ်။ ကျနော်နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်မှာ မကောင်းတဲ့ အရာတွေ အများကြီး ရှိခဲ့ပေမဲ့ ကျနော့်အမေရဲ့ ပြုပြင် ဆုံးမမူကြောင့် ကျနော် အခုလိုလက်ရှိအနေအထားအတိုင်း နေနိုင်ခဲ့ပါတယ်။

http://assets.myflashfetish.com/swf/mp3/mff-stick.swf
MusicPlaylist
MySpace Playlist at MixPod.com





အခုအချိန်ထိ အမေဟာ ကျနော်စိတ်ထဲမှာ မိန်းမအပီသဆုံး၊ မိဘတာဝန်အကျေပွန်ဆုံး လူတယောက်ပါပဲ။ လျှပ်လီပေါ်လီ အနေအထိုင်တွေကို အမေမနှစ်သက်သလို အမကိုလဲ မိန်းကလေးတန်မဲ့ အိမ်တကာလျှောက်လည်တတ်တဲ့ အကျင့်တွေကိုလဲ အမေမနှစ်သက်ပါဘူး။ စကားဆိုတာကို ပြတ်ပြတ်သားသား ပြောတတ်သလို ဆုံးဖြတ်ပြီးသား အရာတခုကိုလဲ အမေဘယ်တော့မှ နောက်မဆုံးတတ်ခဲ့ပါဘူးအမေ။ နောက်ကျနော်ဘ၀မှာ ကျနော်အမေ့အပြင် အရေးအကြီးဆုံး ကျေးဇူးရှင်ကတော့ အမေ့ရဲ့မောင် ကျနော့်ဦးလေးပါပဲ။ ကျနော်အမြင်တော့ ကျနော့်ဦးလေးဟာ ကျနော်တို့မောင်နှမ နှစ်

9 comments:

  1. ဒီလို့မှတ်မှတ်ရရလေးလုပ်တတ်တာကို လေးစားမိပါတယ်။

    ReplyDelete
  2. Happy Birthday ပါကိုတောင်ပေါ်သား
    မွေးနေ့မှာ အမေ့ကျေးဇူးကို သတိတရနဲ့ရေးသားဖော်ပြတဲ့ အတွက် ရှေ့ဆက်ရမယ့်လမ်းတွေမှာ အခက်အခဲမရှိပဲ ဘ၀ကို အဆင်ပြေပြေနဲ့ ကျော်ဖြတ်နိုင်မှာသေချာပါတယ်ရှင်
    ပျော်ရွင်ပါစေ :)
    ဧရာဝတီစာကြည့်တိုက်

    ReplyDelete
  3. Happy Birthday တောင်ပေါ်
    မိဘကျေးဇူးသိတတ်တဲ့သားလိမ္မာလေး
    ဆထက်တပိုးအောင်မြင်မှာသေချာပါတယ်။
    မိဘဆိုတဲ့မိနဲ့ဘထဲက ကျေးဇူးပိုကြီးတာက မိခင်လေ
    အသက်နဲ့ရင်း ၉လလွယ် ၁၀ လဖွားခဲ့ရတဲ့ မိခင်ကို
    သိတတ်တဲ့ တောင်ပေါ်
    တိုတို ၁၀ ဘီလီယံပေါက်ပါစေဗျာ.............းP

    ReplyDelete
  4. Happy Birthday ပါ ကိုတောင်ပေါ်သား....
    အမေ့ကျေးဇူးသိတတ်တဲ့ သားလိမ္မာ ဘ၀တစ်လျှောက်လုံး အောင်မြင်မှုတွေနဲ့ အဆင်ပြေမှာပါ...

    ခင်တဲ့
    စိမ်း

    ReplyDelete
  5. happy birthday ညီ

    ခုချိန်မှာ အမေ့ရဲ့ ရင်ခွင်ထဲမှာ ခွေပြီးနေချင်နေမိတယ် ညီရာ။


    ချစ်တဲ့ ကိုရီနို

    ReplyDelete
  6. အမေဆိုတဲ့ အသံကြားရင် ရင်ထဲမှာ ဘာနဲပမှမတူအောင် ခံစားရပါတယ်ဗျာ.. အဝေးရောက်သား၊ သမီးများ အတွက်လဲ ကိုယ်ချင်းစားပါတယ်။ နောင်နှစ်တွေမှာ အမေနဲပ အတူ မွေးနေ့ကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေဗျာ..။

    ReplyDelete
  7. မွေးနေ့မှာ ပျော်ရွှင်ပါစေ တောင်ပေါ်သားရေ...။

    လိုချင်တဲ့ဆန္ဒတွေ အမြန်ဆုံး ပြည့်ပါစေနော်....။

    ReplyDelete
  8. ကြယ်ပြာOctober 16, 2009 at 7:42 PM

    တောင်ပေါ်သားရေ ... ဒီစာလေးဖတ်ပြီး အမေ့ကျေးဇူးကိုအမှတ်ရတဲ့၊ ကျေးဇူးတင်ထိုက်သူတွေကို အမှတ်ရတတ်သူတစ်ယောက်ရယ်လို့ အသိအမှတ်ပြုမိပါတယ် ... မိဘအတွက် သားကောင်းတစ်ယောက် အမြဲတမ်းဖြစ်ပါစေလို့ဆုတောင်းပေးပါတယ် ....

    ReplyDelete
  9. မွေးနေ့မှသည် ပျော်ရွင်ချမ်းမြေ့ပါစေ။

    ReplyDelete

Blogger Template by Clairvo